ညနေခင်းလေးများ …………………



















“ညနေခင်းတိမ်……………..”
ဟိုးလွန်ခဲ့သောဆယ်စုနှစ်ကာလတွေတုံးက ကျနော်ဘဝမှာညနေခင်းဆည်းဆာဆိုတာ
ကို်ယ်နဲ့မသက်ဆိုင်သလိုပါဘဲ။
ညနေခြောက်နာရီ 7နာရီထိ လမ်းတကာကိုဆိုင်ကယ်တစ်စီးနဲ့သွားလို့ပိုက်ဆံတွေလိုက်သိမ်း၊
ပြီးတာနဲ့ အထပ်ခိုးလေးပေါ်မှာစာရင်းတွေလုပ်လို့ ည8နာရီကိုးနာရီထိနွေမိုးဆောင်းကုန်လွန်ခဲ့ရပါတယ်။
2009ခုနှစ်နောက်ပိုင်းမှာတော့ အလုပ်ကလူလည်းများလာတော့ စောစောသိမ်းဖြစ်။
အဲတော့အချိန်အားလေးတွေထွက်လာတော့ညနေခင်းရဲ့ရသလေးကိုခံစားခွင့်ရလို့လာပါတယ်။
နောက်ဓါတ်ပုံရိုက်ဖြစ်လာတဲ့အခါမှာ လှပတဲ့ဆည်းဆာညနေခင်းလေးတွေကို ရိုက်ဖြစ်လာပါတယ်။
ဒါပေမယ့်လည်း ညနေခင်းဆိုတာ ထက် မနက်ခင်းကိုပိုလက်ဆော့ဖြစ်ပါတယ်။
အခုပုံလေးတွေကတော့
အောင်ပင်လယ်ညနေခင်း
ဧရာဝတီမြစ်ညနေခင်း၊
ကန်တော်ကြီးမြောက်ဘက်ခြမ်းကညနေခင်းလေးတွေကိုရိုက်ဖြစ်တာများပါတယ်။
တစ်ရက်ကတော့ တောင်သမန်အင်းဘက်ကိုညနေစောင်းအရောက် ထူးထူးခြားခြားရိုက်ဖြစ်ပါသေးတယ်။
လှတာမလှတာအပထား ကျနော်အတွက်ရခဲ တဲ့ညနေခင်းလေးတွေကို အားပေးလိုက်ကြပါအုံး။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(2-10-2012)
20 comments
TTNU
October 11, 2012 at 11:11 am
ငါအရင်ကွ။
(ညနေချိန် ဆည်းဆာကိုရောက်ရင်ကွယ်၊ မောင်ကြီးတွေးကာလွမ်းမိတယ်)
မောင်ကြည်တိုး။
😀
ကိုပေါက်(မန္တလေး)
October 11, 2012 at 12:31 pm
မာမီရေ
မာမီကသာ အစောဆုံးရောက်လာတာ မာမီဆီကိုတော့ ကိုပေါက်က အမြဲနောက်ကျရောက်တယ်နော်။
မာမီ ရေ ဒီသီချင်းလေးကို ကျနော်လဲနှစ်သက်ပါ၏။
သီချင်းနာမယ်က မေ့နေပြီ ။
သိရင်ပြောပေးပါအုံး ကျနော် ပြန်ရှာပြီးကူးမယ် မာမီဆီကိုပို့ပေးမယ်။
ညနေခင်းလေးတွေက လွမ်းစရာလေးတွေပါ မာမီရေ။
ဓါတ်ပုံကောင်းကောင်းလေး ရအောင် ကြိုးစားနေချိန်လေးက အတော်ကို စိတ်ချမ်းသာစရာ
ကောင်းတဲ့အချိန်လေးလို့ ခံယူထားတဲ့အတွက်
ကျနော်ဓါတ်ပုံတွေဘဲ များများရိုက်တော့မယ်။
aye.kk
October 11, 2012 at 11:43 am
ကိုပေါက်ကျေးဇူးပါ။
အပြာရောင်မိုးသားကောင်းကင်တွေကိုအရမ်းနှစ်သက်တဲသူမို ့ပါ။။
ကိုပေါက်(မန္တလေး)
October 11, 2012 at 12:32 pm
မမအေးရေ နောက်နေ့ မှာ ရှမ်းတောင်က တိမ်ပြာပြာတွေတင်ပေးမယ်နော်။
မမအေးက အပြာရောင်ကောင်ကင်ကို နှစ်သက်တယ်ဆိုလို့…………………….
aye.kk
October 11, 2012 at 12:42 pm
ကျေးဇူးနော်။
ကြည်ဆောင်း
October 11, 2012 at 2:27 pm
တောင်သမန်ညနေခင်းလေးကလှချက် …
တိမ်လေးက ရေနဂါးလေးနဲ့ခပ်ဆင်ဆင် (ကိုယ့်အထင်နဲ့ကိုယ်)
တိမ်တောက်နေတာလေးကလဲ လှမှလှ..
we R one
October 11, 2012 at 3:27 pm
နေညိုချိန် ငါတို့ဝေးရပြီ…။ လွမ်းလိုက်တာ..။ ဓါတ်ပုံတွေကို ကြည့်ပြီး ဘာလွမ်းလို့လွမ်းမှန်း မသိဘူး………..:D
Ma Ei
October 11, 2012 at 4:58 pm
ကိုပေါက် ရဲ့ ညနေခင်းလေးများကိုကြည့်ပြီး
လွမ်းသွားလို့ တစ်ကယ့် ညနေခင်းလေးကို
အချိန်ပေးလိုက်ပါဦးမယ်…
ကိုပေါက်(မန္တလေး)
October 11, 2012 at 5:06 pm
ညနေချိန်က လွမ်းစရာကောင်းပေမယ့် ကျနော်ကတော့နှစ်သက်ပါတယ်
ဒီတော့ လှတိုင်း ရိုက်မိပါတယ်
လုံမလေး မွန်မွန်
October 11, 2012 at 5:20 pm
လေးပေါက်ရေ..
ကြည့်ကြည့်ပြီး ပြန်သွားရတာ အားနာလာပြီ… 🙂
တောင်သမန်ညနေခင်းက တိမ်က တစ်မျိုးလေးနော်…
မောင်ပေ
October 11, 2012 at 6:59 pm
၂
၆
၁၄
၁၇
အဲဒီ့၄ပုံတော်တော်မိုက်တယ်ဗျို ့.. ကြိုက်တယ်ဗျာ
ကိုပေါက်(မန္တလေး)
October 11, 2012 at 10:48 pm
မောင်ပေ မာကလာဆောင်ရင် ဓါတ်ပုံလက်ဖွဲ့မယ်ကွာမကောင်းဘူးလား
မောင်ပေ
October 12, 2012 at 7:49 pm
လုံးဝ မကောင်းပါဘူး…ဗျို ့
အဲဒီ အဆို ကို လုံးဝ ကင်ဆယ်ပါတယ်
aemoshu
October 11, 2012 at 11:41 pm
အောင်မလေး လှချက် လေးပေါက်ရယ် … တကယ့်ကို pro ပီသပါပေတယ် …
အဲလိုအဲလို အရောင်တွေကို အရမ်းကြိုက်တယ် …
ကိုပေါက်(မန္တလေး)
October 12, 2012 at 9:54 am
aemoshu ရေ
မပရိုပါဘူးဗျာ ဝါသနာရှင်သက်သက်ပါ။
လူကောင်ဝဝ ကင်မရာပေါက်စနနဲ့လက်ဆော့နေတဲ့သူပါ.
aemoshu
October 13, 2012 at 5:50 pm
အောင်မလေး မပရိုလို့သာပဲ လေးပေါက်ရယ် ….
Mobile
October 12, 2012 at 6:14 pm
ညနေမှာ ထန်းရေနဲ့
မန်းမြေမှာ အပန်းဖြေဖို့
စိတ်ကူးလေးရလိုက်သဗျ
ကျနော် Computer ထဲမှာလဲ
Wallpaper တွေလိုနေတာနဲ့တော့ ကွက်တိပဲ
မဟာရာဇာ အံစာတုံး
October 12, 2012 at 6:53 pm
ခုလို တိမ်ရောင်တွေ တောက်ပနေတဲ့
)
ညနေခင်းလေးတွေကို မြင်မိတိုင်းမှာ
ဟိုယခင်က ချစ်သူနဲ့အတူ ကြည်နူးခဲ့ဖူးတဲ့
ညနေခင်းတွေကို ပြန်သတိရမိတယ် …
(ဟုတ်တာ၊ မဟုတ်တာ အပထား၊ လူအထင်ကြီးလည်း နည်းရိုးလား ..
Hnin Hnin
October 13, 2012 at 3:16 pm
ပုံလေးတွေက အရောင်စုံပြီး အကုန်လှတယ်..အကုန်ကြိုက်..၅ နဲ့ ရ ကတော့
စာမဖတ်ခင် ဟိုတယ်ဝင်းထဲက စေတီလေးများလားလို့..ရန်ကုန်လေဆိပ်နားက
ဟိုတယ်ထဲမှာလည်း အဲဒီလို စေတီလေးတည်ထားတာ မြင်ဖူးထားလို့လေ….
ရွှေ ကြည်
October 13, 2012 at 4:10 pm
လေးပေါက် 5 နဲ့ 16 ကိုကြိုက်တယ်ဗျို့ အပြာရောင်အရမ်းများတာရွှေကြည်ကမကြိုက်တတ်ဘူး..။
လေးပေါက်လက်ရည်တွေတက်လာတာတော့ အမှန်ပဲဗျ။