ရဲဂျီးဘဲမြီး ဇွဲကြီးဆွဲတီး cop
သစ်ထူးလွင်ဆိုက်မှာ ဒီနေ့ဘာဖတ်ရလဲဆိုတော့ ပုသိမ်မှာ တိုင်းအစိုးရ ရံပုံငွေအတွက်ဆိုပြီး ယာဉ်ထိန်းရဲတွေ အားကြိုးမာန်တက် ပိုက်ပိုက်ရှာနေကြတဲ့ သတင်းပါ။ အပြည့်အစုံကိုတော့ ဒီနေရာကနေ ဖတ်ရှုနိုင်ပါတယ်။ မြူနီစပယ်လို ဒေသအုပ်ချုပ်ရေးအဖွဲ့များ ဘတ်ဂျက်မရှိဘူးဆိုရင် အလွယ်ထွက်ပေါက်ရှာ နည်းက ဥပဒေချိုးဖောက်သူများကို ငွေဒဏ်တပ်၊ အချို့သော လိုင်စင်ကြေးများတိုးမြှင့်၊ အစိုးရပိုင် ရွှေ့ပြောင်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဥစ္စာများ ရောင်းချ၊ ငှားရမ်း စသဖြင့် ညှစ်လို့ရတဲ့ နေရာပေါင်းစုံ ရှာကြံရပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့ မြူနီစပယ် ငွေချေးစာချုပ်များ ရောင်းပြီး ငွေရှာတယ်။ လုံးဝ ပိုက်ဆံပြတ်သွားလို့ ပြိုလဲရင်တော့ ဖက်ဒရယ်အစိုးရ ဝင်ကယ်ပေါ့နော်။ ဒါမျိုး မရှိမဟုတ် သို့ပေမဲ့ ဖြစ်ခဲတယ်။
ဆက်နွယ်လို့ စကားလုံးကြီးသွားပေမဲ့ ရေးချင်တာ နေ့စဉ်ဓူဝ ကြုံနေတဲ့ ယဉ်စည်းကမ်း ငွေဒဏ် ပြသနာပါ။ လိုကယ်အစိုးရ ဒီလိုငွေရှာတာ လုပ်ပိုင်ခွင့် အတွင်းဖြစ်လို့ မတရားဘူးဆိုရန် ခက်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ မြို့ဂျီးပြဂျီးတွေမှာလည်း အလားတူပဲ လုပ်ကြတာပဲ။ စည်းကမ်းဖောက်တဲ့ မော်တော်ယဉ်၊ မြူနီစပါယ်ဥပဒေ (ဥပမာ – စည်းကမ်းတကျ အမှိုက်မစွန့်ပစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကျန်းမာရေး စည်းမျဉ်းဥပဒေများ မလိုက်နာ) မလိုက်နာသူများကို ပိုမိုအားစိုက်ရှာပြီး တရားရုံးတင် ဒဏ်ငွေဆောင်စေတာပါ။ ဥပဒေပြဌာန်းချက် ကြပ်မတ်ပြီးသားဖြစ်၊ လုပ်ထုံးလုပ်နည်းလည်း မချိုးဖောက်ရ၊ ဆိုင်ရာကောင်စီ အစိုးရများလည်း ဝင်ငွေတိုးလို့ (အဖမ်းခံရသူကတော့ အီတာပေါ့လေ) လုပ်ကောင်းတယ်လို့ ယူဆနိုင်တယ်။
အရေးကြီးတာ လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။ ဖမ်းဆီးရုံးတင် ငွေဒဏ်တပ်ယုံနဲ့ မလုံလောက်တာ ရဲဂျီးများ သတိပြုပါ။ ဥပဒေဆိုတာ တာဝန်ရှိသူကို လုပ်ပိုင်ယူခွင့် ပေးသလို အရေးယူခံရသူအတွက် အယူခံပိုင်ခွင့်လည်း ပြဌာန်းထားတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဒဏ်ငွေအတပ်ခံရသူက မကျေနပ်ရင် အင်တာနက်ကနေ အကျိုးသင့် အကြောင်းသင့် တလအတွင်း လျောက်လဲပိုင်ခွင့်ရှိတယ်။ အယူခံ တရားသူဂျီးကနေ တင်ပြလာတဲ့ သက်သေ အထောက်အထားများကို စစ်ဆေးကြည့်ရှုပြီး ချမှတ်ငွေဒဏ်ကို ပြောင်းလဲပြင်ဆင် ပယ်ဖျက် လုပ်ပေးရတယ်။ အထက်မှာ ဆိုခဲ့သလို ဒေသဆိုင်ရာ အစိုးရများ ဘိုင်ပြတ်တဲ့အခါ လုပ်ပိုင်ခွင့်ရှိတဲ့ အောက်ခြေအဖွဲ့များကို နင်းကန်ဖိအားပေးတတ်တာမို့ အလွန်အကျွံ မဖြစ်အောင် အတားအဆီး လုပ်ပေးထားတာ။ သူ့အလိုလိုတော့ ဖြစ်လာတယ် မထင်ဘူး၊ (ဖြစ်ခဲ့လည်း သိပ်အလေးပေး ခဲ့မည်မထင်) ပြည်သူလူထု ဝိုင်းဆဲမှ အပြန်အလှန် စစ်ဆေးထိန်းညှိမှုစနစ် အားကောင်းလာတာ။
လိုကယ်အစိုးရတွေက ရဲတွေကို စွတ်ပိုက်ဆံရှာခိုင်း၊ တဦးကို အမှုဘယ်နှစ်ခု တင်ပေးရမယ်၊ စခန်းတခုကို ဘယ်နှစ်သိန်း ရှာပေးပါ စသဖြင့် ဖိခိုင်းတဲ့အခါ အရမ်းကာရော ဖြစ်တတ်တယ်။ မြန်မာပြည်လိုမျိုးမှာတော့ ရဲတွေကို ကိုယ့်အတွက် ဂွင်ရှာဖို့ လမ်းထွင်ပေးလိုက်သလို ပိုဆိုးသွားစေတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလည်း ရဲတွေဒီလိုပဲ ကျဉ်းထဲကြပ်ထဲကြုံတယ်။ ကားနဲ့ဘာနဲ့ ဟန်ပန်တကျ ပတ္တရောင်လှည့်ရဲတွေ သိပ်အခက်အခဲ မကြုံရပေမဲ့ ယဉ်စည်းကမ်းအတွက် ခြေလျင်ပတ္တရောင်လှည့် ဒဏ်ငွေချလံဖြတ်တဲ့ ရဲများဆို လူပုံအလယ် ပက်ပက်စက်စက် အဆဲခံရ အလှောင်ခံရတယ်။ ဒီမှာလည်း ဒီလိုပဲ ယဉ်ထိန်းရဲဆို အကောင်းမြင်သူနည်းတယ်။ သိသလောက် အဲလိုရဲမျိုးဆို ဘယ်သူမှ မလုပ်ချင်ဘူး။ အထက် ဖိအားပေး ပိုက်ဆံရှာချိန်မျိုးဆို သာဆိုးတယ်။ သူတို့မှာလည်း ကိုတာ ကိုယ်စီနဲ့၊ အမှုပြည့်အောင် ရှာရတာပဲ။ နို့မို့ရင် ပြုတ်မှာကိုး ဒါမှမဟုတ်လဲ နှစ်ကုန်လို့ အကဲဖြတ်မှတ်တမ်းမှာ မှင်နီအတား ခံရမှာပေါ့။ ဒီတော့ နည်းနည်းလေး မငြိနဲ့ လာထားပဲ။ လူမှုရေးငဲ့ညှာမှု လိုတိုးပိုလျော့ မသက်ညှာနိုင်တော့ဘူး၊ ကမာ္ဘမီးလောင် သားကောင်ချနင်း ဆိုတဲ့စကား ရှိသားပဲ။
ချလံအဖြတ်ခံရရင် ရဲကိုဝအောင်ဆဲ (ဆဲတတ်ဖို့တော့ လိုတာပေါ့နော်)၊ ပြီးတော့ အထောက်အထား ဓာတ်ပုံ၊ လူသက်သေ ရှာပြီး အင်တာနက်ကနေ သနားအောင် အယူခံဝင်ပေါ့။ အပြစ်ကတော့ ရှာရင် လူတိုင်းဘယ်လွတ် မလဲဗျာ၊ ရှာရင် သမဒဂျီးလည်း မိမှာပဲ၊ ရဲဂျုပ်ကျီးလည်း ဖောက်တာပဲ၊ ဖမ်းသူကိုယ်တိုင်ရော ကင်းနိုင်ပါ့မလား။ ဥပဒေကို ကြပ်မတ်ထိန်းချုပ်ဖို့ ရှုဒေါင့်တခုထဲက တရားသေ ဆုပ်ကိုင်မထားရဘူး၊ လှုပ်သာလူးသာ လိုက်လျော ညီထွေ ဖြစ်စေတဲ့ ကိရိယာတခုအဖြစ် မြင်ပေးသင့်တယ်။ ကိုယ်ချင်းစာစိတ်နဲ့ပဲ ကြည့်လိုက်ဗျာ၊ ဥပမာ – ကိုယ့် သားသမီး ယာဉ်တိုက်မှုဖြစ်လို့ လူသေသွားရင် စိတ်လိုက်မာန်ပါနဲ့ ထောင်တန်းချပစ်မှာလား၊ ခလေးပဲ မသိလို့ ပထမဦးဆုံး ဖြစ်တာ ဘာညာနဲ့ တတ်နိုင်သမျှ လျော့အောင် လုပ်ကြမှာပေါ့။ အယူခံရုံးဒေါ် ရောက်လာတဲ့အခါ မိမိကိုယ်တိုင် ဆိုရင်ရောဆိုတဲ့ အသိလေးနဲ့ ပြန်ထိန်းပေးရတယ်။ အကျိုးဆက်အားဖြင့် မကျေမနပ် ဖြစ်မှုများ လျော့ကျစေတယ်။ ရဲများအနေနဲ့လည်း သတ်မှတ်ချက်ပြည့်မှီ၊ ဒေသအစိုးရအဖွဲ့ အနေနဲ့လည်း ထိုက်သင့်တဲ့ ဝင်ငွေရ၊ တရားဥပဒေပိုင်းမှာလည်း တိုးတက်မှု ဖြစ်လာမယ်။
အယူခံစနစ် အရေးကြီးတယ်။ ထားတယ်ဆိုလို့ တော်အိလျော်အိ လူကြားကောင်းယုံ မရဘူး၊ စေတနာပါပါနဲ့ အဆင်ပြေ အပန်းမကြီးအောင် လုပ်ပေမထားလို့ကတော့ နောက်ထပ် ဂွင်တဂွင် ဖန်တီးပေးတာနဲ့ အတူတူပဲ။ နည်းပညာပိုင်းအရ၊ ဝန်ထမ်းအင်အား၊ လုပ်ငန်းကျွမ်းကျင်မှု ဖြစ်နိုင်ခြေ ရှိသလား၊ မရှိရင် အခြားဘယ်နည်းလမ်း သုံးငွေရှာမလဲ။ ဖမ်းဗျာ ဒဏ်ငွေသိပ်မများနဲ့၊ ဖမ်းဗျာ ရလာတဲ့ငွေ အလေအလွင့် ယိုပေါက်မရှိစေနဲ့၊ ဘယ်လိုရ ဘယ်လောက်ရဆိုတာ ပွင့်လင်းမြင်သာမှု အပြည့်အဝရှိ၊ မဖမ်းခင် လုံလုံလောက်လောက် အသိပညာပေးမှုလုပ်၊ ရှာဖွေကြံဆ နည်းလမ်း ရပါတယ်။
9 comments
uncle gyi
October 4, 2012 at 9:37 am
ကိုကြောင်ကြီးဒီနေရာမှာခင်ဗျားနဲ့ကျွန်တော်အမြင်နဲနဲလွဲသွားပြီ
ဥပမာဗျာဆိုင်ကယ်စီးရင်ဦးထုပ်ဆောင်းရမယ်
ဒါကိုဆိုင်ကယ်စီးသူတိုင်းသိတယ်မသိဖူးလို့မပြောပါနဲ့
နောက်ထပ်တမျိုး
ဆိုင်ကယ်တွေလမ်းပြောင်းပြန်မောင်းကြတာ
တလမ်းမောင်းမှန်းမသိလို့ဝင်မိသူနဲ့သိသိကြီးနဲ့ဝင်မိသူဘယ်သူပိုများမယ်ထင်သလဲ
ဆိုင်ကယ်လမ်းရှိတယ်ဝင်မစီးပဲကားလမ်းပေါ်တက်မောင်းတယ်
အတွေးလွန်သွားလို့ကားကွယ်သွားလို့မဝင်မိသူတွေလည်းရှိပါတယ်
အဲသလိုအဲသလိုသိသိကြီးနဲ့ဥပဒေကိုမလေးစားမလိုက်နာသူတွေကို
ပညာဘယ်လိုပေးမလဲဘယ်နှစ်ခါပေးမလဲ
လွယ်မလိုနဲ့အတော်ခက်ပါတယ်
ကျွန်တော့တဦးထဲအမြင်နဲ့ပြောရရင်ဖမ်းတာဖမ်းပါ
ဒါဏ်ရိုက်တာရိုက်ပါ
အရေးကြီးတာကအဲဒီအပေါ်မှီပြီးမလုပ်စားသွားဖို့
ရရှိဒါဏ်ကြေးတွေစာရင်းနဲ့အင်းနဲ့ထင်သာမြင်သာရှိဖို့
ပြည်သူအကျိုးပြုတွေမှာတကယ်သုံးဖို့
သိတယ်မဟုတ်လားဒါဏ်ရိုက်ပြီးမှဘယ်စာရင်းသုံးမှန်းမသိပဲပျောက်သွားတာတွေမဖြစ်ဖို့
လိုတယ်လို့ထင်ပါတယ်ဗျာ
surmi
October 4, 2012 at 10:03 am
ကိုယ်တိုင်ဆောင်ခဲ ့ဖူးတဲ့ဒဏ်ကြေးကတော ့
လမ်းစည်းကမ်းမလိုက်နာလို ့ တရားသူကြီးရှေ ့မှာ ၅၀ဝ ကျပ်ဆောင်ရပါတယ်
အဲ တယက ရံပုံငွေက ၃၀၀ဝ ကျပ်ပါ
စစ်အစိုးရလက်ထက်မှာပါ ခုလည်း သိပ်မထူးသေးဘူးထင်ပါတယ်
အများစုကတော ့နိုင်ငံတော်ကိုမရောက်တာပါ ။
စိန်ဗိုက်ဗိုက်
October 4, 2012 at 11:05 am
ရွာထဲက အမတ်တွေ ဒီကိစ္စကို အကြေအလည်ဆွေးနွေးပေးကြပါ
အကျိုးရလာဒ်ကို ကြုပ် ဆောင့်ကျိနေပါ့မယ်
အူးကျောင်ကျီး စာသံပေသံရေးတာ ဖတ်ရခဲသမို ့ သေချာ ဖက်ခဲ့ပါဒယ်
မောင်ပေ
October 4, 2012 at 11:38 am
ပြောချင်တာကတော့ ပွင့်လင်းမြင်သာ နှစ်ဦးနှစ်ဖက်ကျေနပ်စွာ အမှုဆိုင်ကြမယ့်နေ့ကြရင် ပြန်လာပြီး ယင်ထိန်းရဲလုပ်ချင်တယ်ပေါ့လေ
ယာဉ်ထိန်းရဲတွေရဲ့ဘဝက တွေးကြည့်ရင် တော်တော်လေး သနားစရာကောင်းသလို အင်မတန်မှဝင်ငွေကောင်းတဲ့ဘဝဗျ
Shwe Ei
October 4, 2012 at 12:15 pm
ရန်ကုန်မှာမြင်းကျားမကူးလို့ဖမ်းရင်တောင် တနေရာထဲမှာတလလုံးထိုင်ဖမ်းအုံး တယောက်မက ၂ယောက်မက မိကိုမိတယ်ဗျ။ ဒဏ်ကြေးက ၂၀၀ဝတဲ့ ချလံမှာတော့ ဂလောက်မဟုတ်ဝူးလို့ပြောကြတာဘဲ။ ဆိုတော့ ရှာလို့ရတဲ့ငွေက စာရွက်ထဲကအတိုင်း အတိ အကျတော့ နိုင်ငံတော်ပိုင် ငွေထဲကို ရောက်မယ်မှတ်တယ်။ ပါးစပ်နဲ့ပိုတောင်းလိုက်တာ သာ မရောက်မှာလေ။ ဟုတ်ဝူးလား အူးကြောင် :bar:
ကိုပေါက်(မန္တလေး)
October 4, 2012 at 1:02 pm
ချလံဖြတ်လို့ဆောင်ရင် အားလုံးနိုင်ငံတော်ဆီကိုရောက်ကောင်းရောက်မယ်.
ကိုယ်ကတော့ အတိအကျကုန်သွားမယ်။
(ကိုယ်မှားတာကိုယ်ခံပေါ့)
အဲညှိနိုင်းလို့ရမယ် ရတယ်ဆိုရင်
အထက်တစ်ဝက်အောက်တစ်ဝက်
(ကိုယ်မှားတာကို်ယ်အပြည့်မခံရဘူးပေါ့)
ကြိုက်တဲ့လမ်းရွေးနိုင်ပါ၏။
ရဲစည်
October 4, 2012 at 6:05 pm
ရဲဂျီး
ဖြဲတီး
အကဲကြီး
မလွှဲပီး
မနည်းညီး
တလွဲကြီး
အူးကြောင်ကို အားကျလို့ အီလိုရေးလိုက်ပါတယ်
အထက်က ဆြာဆိန်ဘိုက် ပြောသလို ဖတ်ရခဲလို့ ..
အမှန်အကန်လည်း မှန်နေသမို့ သေချာ လေ့မှတ် သွားပါကြောင်း
ဦး ကျောက်ခဲ
October 5, 2012 at 9:43 am
ကိုကြောင်
လုံလုံလောက်လောက် အသိပညာပေးမှု လုပ်ထားပါရဲ့နဲ့ ဥပဒေ ကို ချိုးဖောက်မိတယ်ဆိုရင်တော့၊ သင့်တင့် တဲ့ “ဒဏ်ကြေး” ကို “တရားဝင်” ပေးဆောင်တာ အကောင်းဆုံးလို့ ထင်ပါတယ်။
“ညှိ” တယ် ဆိုတာကြီး ရှိနေသေးရင်တော့၊ “ဂွင်” တစ်ခုဆိုတာက လွဲလို့ တိုင်းပြည် တိုးတက်ဖို့ မမြင်ပါ …..
char too lan
October 5, 2012 at 3:23 pm
ပြည့်ဇုံဘာဒယ် ပြည့်ဇုံဘာဒယ် ဗွီဒီယိုဖိုင်လေးရော မထဲ့တော့ဘူးလား 😀