အဖျက်ခံရရှာသောငြမ်း
ဘုရားစေတီ၊ အဆောက်အဦးကြီးများ တည်ဆောက်ပြီးလျှင် ပထမဆုံးအဖျက်ခံရသည်မှာ “ ငြမ်း ” ဖြစ်သည်။
အဆောက်အဦး ဖြစ်မြောက်ရန်အတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာလည်း “ ငြမ်း ” ပင်ဖြစ်သည်။ ဦးတင်ဝင်းအား
“ ငြမ်း ” ဖြင် ့ခိုင်းနှိုင်းချင်ပါသည် ။ ကျောင်းအုပ်ဆရာကြီး တစ်ဦးကို “ ငြမ်း ” နှင် ့ခိုင်းနှိုင်းမိခြင်းမှာ ရိုင်းမည်ဖြစ်သော်
လည်း အကြောင်းအကျိုးတိုင်ဆိုင်နေသောကြောင့် ဖြစ်သည် ။
ကျွန်တော်တို ့ မိုင်းယု ( ၁၀၅ ) မိုင်ကျေးရွာသို ့ အလယ်တန်းကျောင်းအုပ်တာဝန်ဖြင့် ဆရာကြီး ဦးတင်ဝင်း ရောက်ရှိ
လာသည်မှာ ၂၀၁၀-ခုနှစ်ကုန်ပိုင်းလောက်က ဖြစ်သည် ။ အလွန်ဝေးလံသော ချင်းတောင်တန်းတွင် ( ၄ ) နှစ်တာ
တာဝန်ထမ်းဆောင်ခဲ့ပြီးမှ ကျွန်တော်တို ့ရွာကျောင်းသို ့ ပြောင်းရွှေ ့လာသည်ဟု သိရပါသည် ။ ဆရာကြီး၏ ထူးခြား
ချက်မှာ မိမိတာဝန်ကျရာဒေသကို ဖွံ ့ဖြိုးတိုးတက်စေလိုသော စေတနာထက်သန်ခြင်းပင်ဖြစ်၏ ။ ဤနေရာတွင်
ဆရာကြီးရောက်လာပြီးမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို တင်ပြလိုပါသည် ။
ကျွန်တော်တို ့ကျေင်းတွင် ဆရာကြီးမရောက်လာမီက E ပုံသဏ္ဌာန် နံရံကပ်စာသင်ဆောင်ဟောင်းကြီး တစ်ခုနှင့်
စာသင်ခန်း ( ၄ ) ခန်းပါ ထရံဆောင်ဟောင်းကြီး တခုသာရှိပါသည် ။ ဆရာကြီးရောက်ရှိပြီး မကြာမှပင်
ပေ ( ၁၂ဝ x ၃ဝ ) စာသင်တိုက်ဆောင်ကြီး နှစ်ဆောင် စတင်ဆောက်ခုပ်သည်ကို တွေ ့ရပါသည် ။
အခြားဆောင်ရွက်မှုတခုမှာလည်း အလွန်မွန်မြက်လှပါသည် ။ ၂၀၁၁- ၁၂ ပညာသင်နှစ်တွင် အခြားမြို ့များသို ့
သွားကာ ပညာသင်ယူနိုင်စွမ်းမရှိသည့် အထက်တန်းကျောင်းသား/ ကျောင်းသူများ မိမိရွာကျောင်း၌ပင်
အထက်တန်းပညာဆက်လက်သင်ယူနိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည် ။ ပန်ဆိုင်း-ကြူကုတ်အခြေခံ
ပညာအထက်တန်းကျောင်း၏ နဝမတန်းနှင့် ဒသမတန်း အတန်းခွဲအဖြစ် ဖွင့်လှစ်ပေးနိုင်မှုကြောင့်
ဆင်းရဲသားမိဘပြည်သူများအနေဖြင့်လည်း အလွန်ဝမ်းသာကြည်နူးကြရပါသည် ။ ဒသမတန်းကျောင်းသား
( ၁၃ ) ယောက်ဖြေဆိုရာ ( ၄ ) ယောက် အောင်မြင်သဖြင့် အောင်ချက်ကို ( ၃၀. ၇ )ရာခိုင်နူန်း ရှိပါသည် ။
၂၀၁၂-၁၃ ယခုစာသင်နှစ်တွင်မူ နဝမတန်း ( ၄၅ ) ယောက်နှင့် ဒသမတန်း ( ၃၁ ) ယောက်အထိကျောင်းသား
ဦးရေတက်လာပါသည် ။ သို ့သော်လည်း အတန်းခွဲအဖြစ် မည်သည့် အ- ထ- က ကျောင်းကမျှ လက်မခံဖြစ်
နေသည်ဟု ကြားသိရသဖြင့် ကျွန်တော်နှင့်တကွ ကျောင်းသားမိဘအားလုံး ပူပန်သောကရောက်ကြရပါသည် ။
နောက်ဆုံးတွင် ဆရာကြီး၏ အသနားခံတင်ပြမူ ၊ စွမ်းစွမ်းတမံကြိုးစားမူတို ့ကြောင့် မူဆယ်မြို ့ ၊ အမှတ် ( ၂ )
အခြေခံပညာအထက်တန်းကျောင်း၏ အတန်းခွဲအဖြစ် ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည် ။ မကြာမီတွင်လည်း
အထက်တန်းကျောင်းခွဲဖြစ်မည်ဟု ကြားသိရပြန်ပါသည် ။ယခုဆိုလျှင် စာသင်ဆောင်အသစ်ကြီး ( ၂ )ဆောင်
ပြီးစီးပြီဖြစ်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေကြပါပြီ ။ ထို ့ကြောင့် ကျွန်တော်တို ့
မိုင်းယု ( ၁၀၅ )မိုင် တစ်ရွာလုံးကလည်း ဆရာကြီး ဦးတင်ဝင်းအပေါ် ကျေးဇူးတင်၍ မကုန်နိုင် ၊
လေးစားကြည်ညို၍ မဝနိုင် ဖြစ်ကြရပါသည် ။
ဤသို ့တရွာလုံး ပျော်ရွှင်ပီတိဖြစ်နေကြစဉ်မှာပင် မထင်မှတ်သည့် သတင်းတစ်ခုကို မမျှော်လင့်ပဲ ကြားလိုက်
ရပါသည် ။ “ ဆရာကြီး ဦးတင်ဝင်းအား အလယ်တန်းကျောင်းအုပ်မှ အထက်တန်းပြဆရာအဖြစ် ရာထူးလျောချကာ
ဟိုပန်မြို ့နယ် ၊ ပန်လုံ အ – ထ – က သို ့ ပြောင်းရွှေ ့ရမည် ” တဲ့ ။ ကြားရသော်လည်း မယုံနိုင်ပါ ။ သို ့သော်
သတင်းကား အမှန်ပင်ဖြစ်နေပါသည် ။ ထို ့ကြောင့် ကျွှန်တော်တို ့မိုင်းယု ( ၁၀၅ )မိုင် ရွာသူရွာသားများ ကြေကွဲ
ဝမ်းနည်း ကြရပါသည် ။
ရပ်ရွာဖွံ ့ဖြိုးရေးအတွက် ဆောင်ရွက်သော ဆရာကြီး ၊ ကျောင်းသားကျောင်းသူအာလုံးအပေါ် မေတ္တာဖြင့်
သွန်သင်၍ ထူးချွန်စေလိုသော ဆရာကြီး ၊ လက်အောက်ဝန်ထမ်းများ အားလုံးအပေါ် သနားဂရုဏာစိတ်ဖြင့်
နွေးထွေးစွာလက်တွဲသော ဆရာကြီး—-အားမည်သည့်အတွက် ရာထူးလျောချရပါသနည်း ။ လုံးဝ နားမလည်နိုင်ပါ ။
ပြောစရာတစ်ခုတော့ရှိသည် ။ ဒုတိယကျောင်းဆောင်သစ်ကြီး ဆောက်လုပ်အပြီးတွင် ကြွေးတင်နေသည့်
ကိစ္စဖြစ်၏ ။ ဤကြွေးမြီအတွက် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များက ကျောင်းဖွင့်စတွင် ကျောင်းသား
မိဘများထံမှ အလှူငွေကောက်ခံရန် ညှိနှိုုင်းဆုံးဖြတ်သည်ကို ဆရာကြီးမှ ခွင့်ပြုမိခဲ့ခြင်းဖြစ်ပါသည် ။ ဤကိစ္စ၏
အခြေအမြစ်အကြောင်းရင်းမှန်ကို မေးမြန်းစုံစမ်းခြင်းမပြုဘဲ တစ်စုံတစ်ဦးက Internet သို ့ သတင်းအဖြစ်
တင်လိုက်သည့်အတွက် ဆရာကြီးအား စစ်ဆေးခြင်း ခံရလေတော့သည် ။ ပြည်နယ်စစ်ဆေးရေးများ လာရောက်
စစ်ဆေးစဉ်ကလည်း ကျောင်းအကျိုးတော်ဆောင်များကိုယ်တိုင်က မိမိတို ့လုပ်ရက်သာဖြစ်ကြောင်း ဝန်ခံကြပြီး
ဖြစ်ပါသည် ။ ၎င်းအလှူခံရရှိငွေကိုလည်း မိဘများထံသို ့ ပြန်လည်ပေးအပ်ပြီး ဖြစ်ပါသည် ။
ဤသို ့ဆိုလျှင် ဆရာကြီး ဦးတင်ဝင်း ရာထူးလျောချခံရဖြင်း၏ အပြစ်ကား အဘယ်နည်း ။ နှစ်ရှည်လများ
ပညာရေးဌာနတွင် ကျရာနေရာ၌ တာဝန်ကျေပြွန်စွာထမ်းဆောင်ခဲ့သူ ၊အလွန်ဝေးလံသီခေါင်သည့် ချင်းပြည်နယ်
တွင်ပင် အပင်ပန်းခံ၍ ( ၄ )နှစ်တာဝန်ထမ်းဆောင်ခဲ ့သူ ၊ ရောက်ရာဒေသတိုင်း၏ ပညာရေးဖွံ ့ဖြိုးမှုလုပ်ငန်းများ
ကိုဆောင်ရွက်ခဲ့သူ ၊ ယခု ရာထူးလျောချခြင်း အမိန် ့စာမရောက်မီအထိ မည်သည့်ပြစ်ချက်မှ မရှိခဲ ့ဘူးသူ ——-
ဆရာကြီး ဦးတင်ဝင်းခမျာ မည်သို ့ခံစားရရှာမည်နည်း ။ အမှန်တရားလုပ်ပါလျက် စွဲချက်တင် အပြစ်ပေးလျှင်လည်
း “ အပြစ် ” ကိုဖော်ပြသင့်ပါသည် ။ ဘာမျှမသိရဘဲ ရာထူးလျောအမိန် ့စာ ရောက်လာခြင်းကား တရားနည်းလမ်း
ကျသည်ဟုမထင်ပါ ။
အမှန်တရားဖြင့် အများကောင်းကျိုးကို ဆောင်ရွက်သူဝန်ထမ်းကောင်းများအတွက် ရရှိသော ဆုလာဘ်ကား
သိက္ခာကျ ၊ ဘဝနာ ရသည်ဆိုပ်လျှင် နောက်နောင် ဝန်ထမ်းကောင်းများ ပေါ်ပေါက်ပါဦးမည်လော ။
သို ့ပါ၍ ဝန်ထမ်းတစ်ဦး အပြစ် ရှိ / မရှိ ကို အချိန်ယူ၍ တိကျမှန်ကန်စွာ လေ့လာသုံးသပ်ပြီးမှ မျှတသည့်
ဆုံးဖြတ်ချက် ချစေလိုကြောင်း တင်ပြလိုက်ရပါသည် ။
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ဟိုပန်မြို ့နယ် ၊ ပန်လူံ အ – ထ – က သို ့ ပြောင်းရွှေ ့သွားရရှာသော ဆရာကြီး
ဦးတင်ဝင်းအားလည်း အလွန်ပင် တမ်းတသတိရနေမိပါတော့သည် ။
ရွာသားတစ်ဦး
မိုင်းယု ( ၁၀၅)မိုင်ကျေးရွာမူဆယ်မြို ့နယ်
ရှမ်းပြည်နယ်မြောက်ပိုင်း
သူငယ်ချင်းတစ်ယောက်ထံမှ ကူးယူဖော်ပြလိုက်ပါသည်
7 comments
ကိုပေါက်(မန္တလေး)
October 4, 2012 at 2:53 pm
(ခြေအမြစ်အကြောင်းရင်းမှန်ကို မေးမြန်းစုံစမ်းခြင်းမပြုဘဲ တစ်စုံတစ်ဦးက Internet သို ့ သတင်းအဖြစ်
တင်လိုက်သည့်အတွက် ဆရာကြီးအား စစ်ဆေးခြင်း ခံရလေတော့သည် ။)
အဲဒါ အသားထဲကလောက်ထွက်လို့ ဖြစ်လာတာဘဲဗျ။
အဲဒီလောက်တွေကို အရင်ရှင်းရမယ်/
candle .
October 4, 2012 at 3:14 pm
တချို ့သော အမှန်တရားကိုမြတ်နိုးပြီး ဂါဝရတရားလက်ကိုင်ထားနိုင်တဲ့ ကျောင်းသားမိဘတွေဘက်ကလဲ အခြေအမြစ်အကြောင်းရင်းမှန်ကို သက်ဆိုင်ရာသို ့တင်ပြသင့်ပါတယ်..
မှတ်ချက်. ( ကိုယ်ချင်းစာတရားလေးနဲ ့ပေါ့လေ )….
shwe pont
October 4, 2012 at 3:56 pm
ဒီအဖြစ်အပျက်မျိုးက အစိုးရဝန်ထမ်းလောကမှာ မဆန်းတော့ဘူးလို ့ပြောရမလားတောင်မသိတော့ပါဘူး။
ကျွန်မဖေဖေလဲ လွန်ခဲ့သောဆယ်စုနှစ်တခုကျော်က အဖျက်ခံရသော ငြမ်း တခုပါပဲ။
ဒီဆရာကြီးက ရာထူးလျော့ခံခဲ့ရပေမဲ့။ ကျွန်မအဖေကတော့ အနှစ် ၂ဝ ကျော် လုပ်သက်ကနေ စွန် ့ခွာခဲ့ရ တာပါ။ အဲဒီနောက်ပိုင်းမှာ ကျွန်မဖေဖေဟာ ပုဂ္ဂလိကလုပ်ငန်းမှာပဲ ဆက်လက်ရှင်သန်ခဲ့တာ ဒီနေ ့အထိပါပဲ။
စိတ်နာစရာအကောင်းဆုံးကတော့ လာစစ်တဲ့ အဖွဲ ့ကို ကျွန်မဖေဖေက သူလုပ်တာမှန်ခဲ့တယ်ဆိုပြီး စစ်ဆေးတဲ့သူတွေကို လာဘ်ငွေအဖြစ် တစ်ကျပ်မှမပေးခဲ့တဲ့အတွက် အထက်က အဆုံးစွန်ထိလုပ်ခဲ့တာပါပဲ။ ကျွန်မမေမေကပေးလိုက်ဖို ့တိုက်တွန်းခဲ့ပေမဲ့ ခေါင်းမာတဲ့ဖေဖေကလုံးဝလက်မခံခဲ့ပါဘူး။ ပုဂ္ဂလိက လုပ်ငန်းခွင် မှာဆက်အောင်မြင်နေတဲ့ ကျွန်မဖေဖေကိုမြင်တော့၊ ချောက်ချခဲ့သူတွေက ပြောသေးတယ်။ သူတို ့ကြောင့် ပိုမြင့်တဲ့နေရာရောက်သွားသတဲ့။ သူတို ့ကိုတောင် ကျေးဇူးတင်ရမယ်ဆိုပဲ။ ကောင်းစေလို တဲ့စေတနာနဲ ့လုပ်ခဲ့တာမျိုးမဟုတ်တော့ အဲဒီလူတွေကို ကျေးဇူးမတင်နိုင်ခဲ့ပါဘူး။ စိတ်ဒဏ်ရာတွေက အများကြီးလေ။ ဝဋ်ကြွေးတခု ကျေသွားတယ်ပဲသဘောထားပါတယ်။ အဲဒီဟာ ကျွန်မတို ့မောင်နှမ ဘွဲ ့ရပြီး၊ အစိုးရအလုပ်ကို ဝင်မယ်ဆိုတဲ့ စိတ်ကူးလုံးဝမရှိခဲ့ရတဲ့ အကြောင်းရင်း တရပ်ပေါ့။
မောင်ပေ
October 4, 2012 at 4:16 pm
မရွှေပုံ့အဖေအကြောင်း ဖတ်ပြီးဒေါသဖြစ်မိသလို
အမှန်ဘက်ကနေ ရဲရဲရင့်ရင့်ရပ်တည်ခဲ့ခြင်းကို အားကျမိပါတယ်
Fall Guy
October 4, 2012 at 7:27 pm
ရန်ကုန်ကဆရာမကြီးအဖြစ်နဲ့ ခပ်ဆင်ဆင်ပါ။
ကျောင်းသားမိဘထောက်ခံရင်တော့လက်မှတ်တွေစုပြီးစာတင်ရင်တနည်းတဖုံဖြစ်လာနိုင်တယ်……။
ရွာသားတဦး ဆိုရုံနဲ့တော့ရနိုင်မယ်မထင်…။
uncle gyi
October 5, 2012 at 5:03 pm
ကိုယ်ဖြစ်ချင်တာတိုးတက်စေချင်တာစတဲ့စေတနာတွေကနေရာတိုင်းအချိန်တိုင်း
ထားလို့မရပါဖူးကာလံဒေသကြည့်လုပ်မှရတာပါ
အန်ကယ်တို့လည်းကျောင်းအကျိုးတော်ဆောင်လုပ်ခဲ့ဖူးတာပဲ
ငွေလည်းလိုက်ကောက်ခဲ့ဖူးတာပဲ
ဒါပေမဲ့ရပ်ကွက်ကကောင်းခဲ့တော့အခုလိုအချွန်နဲ့မသူမတွေ့လို့ဘာမှမဖြစ်ခဲ့ပါဖူး
ဆရာကြီးတွေဆရာမကြီးတွေလည်းဘာမှမဖြစ်ခဲ့ပါဖူး
ပြုခဲ့ဖူးတဲ့ကုသိုလ်တွေကြောင့်လို့ထင်ပါတယ်
လုံမလေး မွန်မွန်
October 9, 2012 at 3:20 pm
လုံမတို့ မြို့မှာလည်း အဲဒီလိုမျိုးတွေ ကြုံရပါတယ်။ မြို့ကို တိုးတက်အောင် စေတနာနဲ့ လုပ်ပေးတဲ့သူတွေက မမြဲဘဲ မြို့ခံလူထုရဲ့ ပိုက်ဆံကို သဲ့ယူတဲ့သူတွေသာ မြဲနေတတ်တာပါ…ဘာကို ဘယ်လို ပြောရမှန်းတောင် မသိပါဘူး…ကောင်းတဲ့သူဆို တစ်ခုမဟုတ် တစ်ခု ပြဿနာရှာခံရပြီး ပြောင်းသွားရတတ်ပါတယ်… ဆရာကြီးလည်း ဝဋ်ရှိလို့ ခံရတယ်လို့ပဲ မှတ်စေချင်ပါတယ်.. ကိုယ့်ရဲ့မှန်ကန်တဲ့စေတနာက တစ်ချိန်မှာ ပြန်အကျိုးပေးပါလိမ့်မယ်…