အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်သော ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း စင်္ကာပူအရောင်းပွဲတော် (6th & 7th Oct, 2012)
အရစ်ကျငွေပေးချေစနစ်ဖြင့် ဝယ်ယူနိုင်သော ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း စင်္ကာပူအရောင်းပွဲတော် (6th & 7th Oct, 2012)
တန်ဖိုး၏ ၁၀% သာ ပေးချေရန်လိုအပ်ပြီး ကာလရှည် အရစ်ကျပေးချေနိုင်သော အခွင့်အလမ်း
ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်း စင်္ကာပူအရောင်းပွဲတော်သို့ ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
နေ့ရက် ။ ။ အောက်တိုဘာ ၆ ၊ ၂၀၁၂ (စနေနေ့) နှင့် အောက်တိုဘာ ရ ၊ ၂၀၁၂ (တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် ၁ဝးဝဝ နာရီ မှ ညနေ ၅းဝဝ နာရီ အထိ
နေရာ ။ ။ Grand Park City Hall, Coleman Room
10 Coleman Street, Singapore 179809 (ပင်နင်စူလာပလာဇာနှင့်ဘေးချင်းကပ်)
အသေးစိတ်သိရှိလိုပါက +65 9879 5007 / 8112 5939 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
11 comments
the best
October 5, 2012 at 5:02 pm
ကမ္ဘောဇဘဏ်က စင်္ကာပူအရောင်းပွဲတော်မှာ
တန်ဖိုး၏ ၁၀% သာ ပေးချေပြီး
ကာလရှည် အရစ်ကျပေးချေနိုင်သော အခွင့်အလမ်းသာ လုပ်မယ်ဆိုရင်
တစ်ရက်ထဲနဲ ့ အကုန်ရောင်းကုန်မလားမသိဘူး
Good™
October 5, 2012 at 5:23 pm
ပေါချောင်ကောင်း ဆိုရင် အမှန်တကယ် နေထိုင်မဲ့ သူ လက်ထဲ ရောက် ပါ့ မလား။
thandwethar
October 5, 2012 at 9:07 pm
ပေါလည်း ပေါ ချောင်လဲချောင် ဆိုရင် ဘယ်ကောင်းတော့မှာလဲ အကိုလေး ဂွတ် ၊
:kwi:
Good™
October 6, 2012 at 10:12 am
ဝယ်သူ တွေ အတွက် အရမ်းတန် နေ ရင် အမှန်တကယ် နေထိုင်မဲ့ သူ လက်ထဲ ရောက် ပါ့ မလား လို့ ပြောချင် တာပါ ခင်ဗျာ။ မှားတာရှိ ဝန္တာမိပါ နော်။
ကိုရင်မောင်
October 6, 2012 at 9:02 am
the best ရေ ကမ္ဘောဇဘဏ်ရဲ့ အခြေအနေလေးလဲ
အပြင်လောကရဲ့ကြားတဲ့သတင်းလေးများသိယင်ပြောပြပါအုံး..
ခုရက်ထဲ သတင်းတွေထဲမှာတွေ့နေရလို့…….
manawphyulay
October 6, 2012 at 11:32 am
မဟုတ်ဘူးဆိုတာ ရှင်းပြထားတာတော့ တွေ့ရတယ် လေးလေးရင်မောင်ရေ…
myanmarcitizen
October 6, 2012 at 3:39 pm
အဲ့ဒီလိုမျိုးပဲ ဖြစ်စေချင်ပါတယ် မနောဖြူလေးရေ။
kai
October 7, 2012 at 7:58 am
ယူအက်စ်မှာ.. ဒီလိုအရောင်းပွဲတော်လုပ်မယ်ဆိုရင်.. တော်တော်ရောင်းရမှာ..။
ကြော်ငြာထည့်လေ…
အဲ.. ထည့်ဖို့ ပြောပေးလေ..
ကော်မရှင် ၁ဝရာခိုင်နှုန်းရမယ်..။
ဦးဦးပါလေရာ
October 7, 2012 at 11:37 am
ဆန္ဒမစောပါနဲ့သူကြီး
ဈေးနှုံးလေး အရင်စုံစမ်းပါဦး
kai
October 7, 2012 at 12:39 pm
ဝန်ကြီးဦးစိုးသိန်းကတော့.. မြန်မာ့အိမ်မြေဈေးကွက်က.. နယူးယောက်လောက်ဖြစ်နေတာမို့.. ဆွဲချပေးမယ်လို့.. နယူးယောက်ရောက်တုံး ပြောသွားတယ်..
အခုလောက်ဆို.. ပလန်င်တွေဆွဲနေလောက်ပြီ..
ပြောမရဘူးနော..
ကားဈေးဆို.. သူတို့လုပ်ထည့်လိုက်တာ.. ကားကနဲ့ပဲ..
သတိ..အသိပေးတာပါ.. :kwi:
မောင်သုည
October 7, 2012 at 11:52 pm
အနိမ့်ဆုံး အခန်းက သိန်း(၅၀၀)ပါ၊၂၀%အရင်ပေးရပါ့မယ်၊ကျန်ငွေကို အရစ်ကျ (၅)နှစ်ဆပ်ရပါ့မယ်…၊
ကျနော်တို့ သူကြီးလည်း ခရိုနီ သူကြီးဖြစ်တော့မယ်ထင်တယ်…