Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ ၆

မနေ့ညက အရီးခင်လတ် ရဲ့ ဂဏန်းများနှင့် ကခုန်ခြင်း ကိုဖတ်ပြီး ကိုယ့်နာမည် ပါမလား ပါမလားလိုက်ရှာတယ်.. မပါမှန်းလဲသိပါတယ် ဟီးဟီး ထီမထိုးပဲ ပေါက်ချင်တဲ့ စိတ်ကတော့ အပြည့်ရှိ တယ် ပြောရမယ်.. တစ်ပုဒ် တင်တဲ့ အထဲ မှာတောင်မပါ.. ဘယ်ပါမလဲ တင်မှမတင်ဘဲ.. နောက်ဆုံးတော့ မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး ထဲမှာ တွေ့ မိတော့မှပဲ တော်ပါသေးရဲ့ ဆိုလိုက်မိသဗျို့.. အင်း တော်ပါသေးရဲ့ active ဖြစ်နေတဲ့ ၂.၂% ထဲမှာ တွဲလောင်းလေး ပါသွားသေးလို့..

အရီးကတော့ ဒါ့ထက် ပိုပြီး active ဖြစ်စေချင်ပုံပါပဲ.. တာဝန် မကျေ တဲ့ ရွာသား တော့ဖြစ်နေပြီ.. ဘယ့်နှာလုပ်ရပါ့.. သူကြီးတို့ကိုလဲ အားရှိစေချင်တယ်.. အရီးတို့ကိုလဲ ကျေနပ်စေချင်တယ်.. ခက်တာက ကျွန်ုပ်ကလဲ စာရေးဖို့သာပြင်းတာ ..စာဖတ်က မသန်ဘူးဂျ… မှတ်ချက်ပေး ရင်လဲ ပေါက်ကရသာပေးတတ်တာမို့.. အင်းခက်ကပီ..

ကျွန်ုပ် ကလဲ အရေးသမားမဟုတ် အပြသမားဆိုတော့..အင်း.. ကျွန်ုပ်ရဲ့ ဂန္ဓာရီခရီးရှည်ကြီးကို ထပ်ပြီး တင်ဆက်ရတာပေါ့ဗျာ..

——————-ဒန်တန့်တန်———————-

အခုတင်ပြချင်တာကတော့ ဗမာလူမျိူးတိုင်း အသွားသင့်ဆုံးနေရာဖြစ်တဲ့ ပုဂံ ပြည်ရဲ့   မှတ်တမ်းလေး တွေကို ခွဲပြီး ပြချင်ပါတယ်.. ဘာလို့ တစ်ခါတည်း မပြတာလဲ ဆိုတော့ post များများရအောင်ပေါ့ အရီးကအဲလိုပြောတာကိုး ဟိ.. နောက်တာပါကွယ်.. ကျွန်ုပ် ပြချင်တဲ့ ဓာတ်သေတွေက များလွန်းလို့ပါ.. အဲ့ဒါကြောင့် အတွဲ တွေ အမှတ်တွေ ခွဲလိုက်တာပါ.. အင်းလျှောက်ရေးနေတာနဲ့ တော်တော် များသွားပြီး.. ကဲကဲ ပြန်စလိုက်တာပေါ့နော်

ပုဂံပြည်ဟာ ၁၀၄၄-၁၀၇ရ အနော်ရထာမင်းစော တက်ခဲ့တဲ့ အချိန်ကစပြီး ဘာညာဘာညာပေါ့ကွယ် .. သမိုင်းထဲမှာ ရှာဖတ်ပေါ့နော်..

ပုဂံမှာ ထင်ရှားတဲ့ နေရာတွေကတော့

၁.

၂.

၃.

၄.

၅.

၆.

၇.

၈.

အဲဒါတွေပေါ့ကွယ်.. ဟီဟိ..

ပုဂံကိုသွားမယ်ဆိုရင်တော့ အောင်မင်္ဂလာ အဝေးပြေးကနေပြီး ကားစီးရပါတယ်ကွယ်.. ( မှတ်သားစရာ ) ရန်ကုန်ကနေ ၅း၃ဝ ထွက်ပြီး ညောင်ဦးကို မနက် ၃း၃ဝ လောက်ဆိုရောက်ပါတယ်.. တည်းခိုမယ်ဆိုရင်တော့ ညောင်ဦး မှာ တည်းတာ ပိုကောင်းပါတယ်.. ကားဂိတ်နဲ့မနီးမဝေးမှာ ဟိုတယ်တွေ၊ ဂတ်ဟောက်တွေ ပေါပါတယ်.. လည်မယ်ဆိုရင်တော့ အဲဒီဂိတ်မှာ ကားလေးတွေ ငှားလို့ရပါတယ်.. စွယ်တော်လေးဆူ နဲ့ ပုပ္ပါးကို တစ်ရက် လည်နိုင်ပါတယ်.. ဘာကိုဘယ်လိုသွားမယ် ဆိုတဲ့ အစီအစဉ်ကတော့ ကားသမားတွေ စီစဉ်တဲ့ အတိုင်း သွားလိုက်တာ အကောင်းဆုံးပါပဲ.. ကားတစ်ခါတည်းပါသွားတဲ့ သူတွေအတွက်တော့ ဂိုက်တစ်ယောက် လောက် ငှားတာ ပို ကောင်းပါတယ်..

စားတာသောက်တာကတော့ ဘူဖေးဆိုင်တွေရှိပါတယ်.. လှိုင်လှိုင်ဖြိူးတို့ နုဝါ တို့ဆိုတာ နာမည်ကြီးပါတယ်.ဟင်းပွဲ ၁၅ ပွဲ ၂ဝ ပွဲလောက် ချပါတယ်.. ထမင်းဟင်း ကြိုက်သလောက် စား လို့ရပါတယ်..

နောက်အရေးကြီးဆုံးတစ်ခုက ဝိတ်လျော့တဲ့ ကိစ္စပါ.. ဝိတ်လျော့ဖို့ နေရာမရှိပါဘူး.. ယောက်ျားလေးတွေ အတွက် ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေ တယ်ထင်ရပေမယ့်.. လှည့်လိုက်တဲ့ နေရာတိုင်းမှာ ဘုရားတွေဆိုတော့ သိပ် အဆင်အပြေပါဘူး.. toilet ရှိတဲ့နေရာတွေတော့ရှိပါတယ်.. မသန့်တာများ ပါတယ်.. ဒီတော့ စမထွက်ခင် ရှင်းခဲ့တာပိုကောင်းပါတယ်..

ခုနကပြောခဲ့တဲ့အတိုင်း တစ်ရက်က စွယ်တော်လေးဆူ နဲ့ ပုပ္ပါးကို လည်၊ နောက်ရက်တွေက ပုဂံ ကိုလည်း စုစုပေါင်း ၃ ရက်ဆို လုံလောက်ပါ တယ်.. အေးအေးဆေးဆေး နားချင်တယ်ဆိုရင်တော့ တမျိုူးပေါ့..

ဓာတ်သေ ရိုက်ချင်တယ်ဆိုရင်တော့ မြင်းလှည်း၊ စက်ဘီး နဲ့လည်တာ သင့်တော်ပါတယ်.. ပင်တော့ ပင်ပန်းပါလိမ့်မယ်.. ကားနဲ့ကျတော့ အကွက် အကွင်းတွေ့ဖို့ ခက်ပါတယ်.. ဆိုင်ကယ် နဲ့ကတော့ အကောင်းဆုံးပါပဲ.. ဒါပေမယ့် ပုဂံမှာ က ဆိုင်ကယ် ငှားဖို့မလွယ်ပါဘူး..

နေထွက်တာရိုက်ချင်တယ်ဆိုရင်တော့ မနက် ၄ နာရီလောက်ထပြီး ရွှေဆံတော်၊ ဘူးလည်သီး ကနေရိုက်နိုင်ပါတယ်. .မီးငြိမ်းကုန်းက အရမ်းကောင်းပေမယ့် ခုတက်လို့ မရတော့ပါဘူး.. နောက်ကျရင် နေရာမရ နိုင်လောက်အောင် တစ်ချို့ရာသီတွေမှာ လူများပါတယ်.. တခြားနေရာများ သိတဲ့သူရှိရင် မန့်ပေးစေချင်ပါတယ်.. ကျွန်တော်ကတော့ ဒါပဲသိပါတယ်..

နေဝင်တာကတော့ ရွှေဆံတော်၊ ပြဿဒါး ဘုရားကနေ ရိုက်နိုင်ပါတယ်.. ပြဿဒါးဘုရားက နဲနဲလှမ်းပါတယ်.. မြင်းလှည်း စက်ဘီး နဲ့ဆိုရင် ၄ နာရီလောက် ဆိုသွားသင့်ပါပြီ.. ပြဿဒါး ဘုရားကတော့ ကျယ်ပါတယ်.. ရွှေဆံတော် ကဆိုရင်တော့ မိုးချူပ်သွားရင် သဗ္ဗညု၊ အာနန္ဒာ၊ အလိုတော်ပြည့် ဘုရားတွေရဲ့ Night Scene ကိုလှမ်းရိုက် နိုင်ပါတယ်..

ညရောက်ပြီဆိုရင်တော့ ညောင်ဦးမှာ တည်တယ်ဆိုရင် ရွှေဆည်းခုံကို သွားဖူးနိုင်ပြီး၊ ပုဂံ မြို့သစ်မှာတည်းတယ် ဆိုရင်တော့ လောကနန္ဒာဘုရား ကိုဖူးရင်း ဧရာဝတီမြစ်ကမ်းဘေးမှာ လေညှင်းခံနိုင်ပါတယ်.. ပုဂံ မြို့ဟောင်းမှာ တည်းတယ် ဆိုရင်တော့ ဘူးဘုရား ဖူးရင်း ဧရာဝတီမြစ်ကမ်းဘေးမှာ လေညှင်းခံနိုင်ပါတယ်..

 ရွှေဆည်းခုံဘုရားကတော့ တစ်ခါဖူးပြီးရင် ၃ ခါပုဂံကို ပြန်ရောက်ပါသတဲ့.. ဆြာအုပ် လဲ စ ရောက်ရောက် ချင်းက နောက်လာချင်ဇောနဲ့ အားရပါးရ ဖူးလိုက်တာ ဆုတောင်းပြည့်ချက်က ၆ ကြိမ်မြောက်ရောက်ပြီးသွားပါဂျောင်း… ပထမ အကြိမ်ရောက်တုန်းကပုံတွေရယ်၊ တတိယ အကြိမ်ရောက်တုန်းကပုံတွေကတော့ ဟက်ဒစ်ကြွသွားတဲ့ အထဲ ပါသွားတာကြောင့် မပြနိုင်တော့ပါ.. ယခုတင်ပြမဲ့ ဓာတ်သေများကတော့ ဆြာအုပ် ဒုတိယ အကြိမ် ၂၀၀ရ ခုနှစ် ရောက်တုန်းက ဖူဂျီ ၆၅၀၀၊ ပလိုဆူးမား ကင်မလာ လေးနဲ့ ရိုက်ခဲ့တဲ့ ဓာတ်သေများ ဖြစ်ပါတယ်.. မရောက် ဖူးသေးတဲ့ ရွာသူ/သားများ အတွက် နေရာ စုံလင်အောင်ထည့်ထားပေးပါတယ်. နောက် ရောက်ခဲ့တဲ့ ပုံတွေကို ထပ်ပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်..

 အောက်မှာ မြေပုံကို ဖော်ပြပေးထားပါတယ်

Bagan MAP, Click to enlage
တူရင်းတောင် ( စွယ်တော် ၄ ဆူ)
တန့်ကြည့်တောင် ( စွယ်တော် ၄ ဆူ)
ရွှေဆည်းခုံ
လောကနန္ဒာ  ( စွယ်တော် ၄ ဆူ)

 

thabanyu
Thabanyu
thabanyu
Sularmani
ရွှေဆည်းခုံ

 

Shwesantaw
Sein Nyat Nyi Ama
Pyatthadar
Nanpaya
Mya Kan (beside of Tuyinn Taung)
Manuhar Temple

 

Manuhar tha pate
Manuhar Buddha Image
Manuhar Buddha Image

 

Htilominlo
Damayarzaka
Damayangyi
ငှက်ပစ်တောင်
Kyan Sit Thar Pagoda
Arnandar Temple
Arnandar Temple
One of the four standing Buddha Images inside of Arnandar Temple
One of the four standing Buddha Images inside of Arnandar Temple
One of the four standing Buddha Images inside of Arnandar Temple

၄ ဆူမှာ ဒီမှာ ဘုရားတစ်ဆူ ရိုက်ဖို့ကျန်ခဲ့ပါတယ်

The Sprit Guard in front of standing Buddha, inside Arnandar temple

 

Alotawpyae

Ayarwaddy River
Ayarwaddy River
Tharabar Gate

 

 

ပုဂံအကြောင်းကို မိုချိုရဲ့ ပိုစ်တွေမှာ ထပ်ဖတ်ကြည့်နိုင်ပါဂျောင်း..

ပုဂံ ဘုရားဖူး သွားကြမယ် (မြန် မာပြည် ရဲ့ အလှတရားများ)

ပုဂံ ဘုရား ဖူး သွားကြ မယ်။ ( လွမ်း မော စရာ ပုဂံ ရဲ့ အလှ အပ များ)

ပုဂံ ဘုရား ဖူး သွားကြ မယ်….(အပိုင်း ၃ အပြီး ။) (လှတဲ့ ပုဂံ ပြည်)

 

 

10 comments

  • Moe Z

    October 11, 2012 at 11:42 am

    သာဓုပါဗျာ ဘုရားဖူးလမ်းညွှန်နဲ့ ပုံတွေအတွက်
    (အထူးသဖြင့် ရန်ကုန်ကနေ ပုဂံကို အဝေးပြေးကနေသွားလို့ရတယ်ဆိုတာလေး ၊ အစကသိဘူးရယ်) :mrgreen:
    သဗ္ဗညုဘုရားပုံလေးကို အနှစ်သက်ဆုံးပါပဲ
    အားလုံးလိုလို ကူးယူသွားပါကြောင်း ..

    • ဂန္ဓာရီ ဆြာအုပ်

      October 11, 2012 at 5:37 pm

      ကူးပါဗျား..ကူးပါ..ဖရီး ..ဖရီး

  • မောင်ပေ

    October 11, 2012 at 12:23 pm

    ဒီပို ့စ်လေးထဲကို ဝင်လိုက်တော့
    ဘုရားစုံလဲဖူးရလို ့စိတ်ကြည်နူးမိတယ်ဗျာ
    နောက်ပြီး.. ခရီးစဉ်အနဲကျဉ်းပါ သိရတော့ သွားမယ့်လူများအတွက် ရှယ်ပေါ့
    သာဓုပါဗျား

  • amatmin

    October 11, 2012 at 12:39 pm

    ကျုပ်လည်း သဗ္ဗညု ဘုရားပုံလေး ကြိုက်သဗျ..
    ဒါနဲ့ ဆိုင်ကယ်ငှားလို့ရအောင်.ဆြာအုပ်ပြောပေးလို့ ရတယ်ဆို.. 🙂
    တည်းခိုစရိတ်လည်း သက်သာအောင်လုပ်ပေးနိုင်တယ်ဆို.. 😛

  • အရင်ဆုံးအနေနဲ့ အခုလိုဘုရားတွေဖူးပြီး ဧရာဝတီမြစ်အလှကိုကြည့်လိုက်ရတာ အရမ်းကို ကျေးဇူးတင်ပါတယ်လို့…

    မြကန်ကိုမြင်ပြီး မြကန်သာကဗျာလေးကိုတောင် သတိရသွားတယ်…
    တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်

    (တိတော့ဝူး..အစလေး ထပ်ဖော်ပေးတဲ့သူရှိရင်ကောင်းမယ်.. 🙂 )

    စကားမစပ်ပြောရရင်တော့… ရွှေစည်းခုံ လို့ ရေးရတာလား မသိဘူးနော်… 🙂

    • amatmin

      October 11, 2012 at 2:41 pm

      အစတင်မက တပုဒ်လုံး ပြန်ဖော်ပေးလိုက်ပါတယ် နော့ 🙂

      မြကန်သာ

      မြကန်သာ
      တောင်ကျချောင်းတေး၊ရေဝင်ပြေးလှည့်
      ရေအေးကြည်စွာ၊ကန်ပိုင်မာလျှက်
      ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည်
      ဘုံဝတိ ံသာ၊နန္ဒာပေလော..
      တူစွဟုတ္တာ။

      • ဂန္ဓာရီ ဆြာအုပ်

        October 11, 2012 at 5:35 pm

        အမတ်မင်းတို့ကတော့ တော်ချက်

  • စွယ်တော် လေးဆူကို
    တစ်မနက်တည်း ဖူးနိုင်ရင် …
    ဆုတောင်းတိုင်း ပြည့်တတ်တယ်တဲ့ …
    … ဂိုက် ပြောဒါ ကြားဖူးဒါဘာ ….
    ခုဓာတ်သေတွေ အတွက်တော့ ဆာဓုဘာ ချာအုပ် ခညာ ..

  • Ma Ei

    October 11, 2012 at 4:44 pm

    ပုဂံ ကို ကိုယ့်အစီစဉ်နဲ့ရော Package Tour အဖွဲ့နဲ့ရော
    ခဏခဏရောက်ဖူးပေမဲ့ ပြသဒါးဘုရားကို
    တစ်ခါမှ မရောက်ဖူးဘူးရယ်…
    နောက်တစ်ခေါက်တော့
    ရောက်အောင်သွားပါဦးမယ်…
    ပုံလေးတွေ လှတယ်…

Leave a Reply