အစ္စလာမ်သာသနာ ပြန့်ပွားမှာကို ကြောက်ရွံ့စိုးရိမ်တဲ့ အာဏာရှင် ဦးနေဝင်းကြီးဟာ အစ္စလာမ်သာသနာဝင် တို့ကို နိုင်ငံသား တိုင်းရင်းသား အခွင့်အရေး မရနိုင်ဘို့ ရည်ရွယ်ချက်နဲ့ ၁၉၈၂ ခုနှစ် လူဝင်မှု ဥပေဒကို တစ် ကိုယ်တော် အမိန့်အာဏာနဲ့ ပြဌာန်း ခဲ့ပါတယ်။

ဥပဒေ တစ်ရပ်ကို ပြဌာန်းလို့ အဲ့ဒီ ဥပဒေဟာ နိုင်ငံတော်တစ်ခုလုံးမှာ ရှိတဲ့ လူသားအားလုံးအပေါ်မှာ

တန်းတူ ညီမျှ သက်ရောက်မှု ရှိရင်- မြန်မာမွတ်ဆလင်များ အနေနဲ့ သဘောမတူညီစရာ အကြောင်းမရှိပါ။မြန်မာနိုင်ငံထဲကို အင်္ဂလိပ် ကိုလိုနီခေတ်ကမှ ဝင်လာခဲ့တဲ့ အိန္ဒိယမျိုးနွယ် သို့မဟုတ် အိန္ဒိယ ကပြား မွတ်ဆလင် များ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ဥပဒေတစ်ရပ် ဖြစ်လို့ အပြစ်ဆိုနေစရာ အကြောင်းမရှိပါ။ ဒါပေမယ့်- အဲ့ဒီ ဥပဒေဟာ မွတ်ဆလင်မှအပ အခြား ဘယ်လူမျိုးကိုမှ မသက်ရောက်တဲ့ အပြင်- မွတ်ဆလင် မှန်ရင်၊ မြန်မာနိုင်ငံမှာ ဘုရင်မင်းအဆက်ဆက် နေထိုင်ခစားခဲ့သူ များကိုပင်- စီစစ်မှု မရှိဘဲ ၁၈၂၄ နောက်ပိုင်းမှ ဝင်လာသူများ အဖြစ် သတ်မှတ်လိုက်ပါတော့တယ်။

အစ္စလာမ်သာသနာအပေါ် အတိုက်အခံလို့ ယူဆထားတဲ့ မြန်မာဗုဒ္ဓဘာသာ- ဘာသာရေးခေါင်းဆောင်များနဲ့ ခရစ်ယာန်များ ကလည်း မွတ်ဆလင်ကို အနှိမ်ခံ လူမျိုးအဖြစ် ခွဲခြား သတ်မှတ်ပစ်လိုက်တာကို နှလုံးတွေ့ လိုလားခဲ့ပါတယ်။

အထူးသဖြင့် မွတ်ဆလင် လူများစု နေထိုင်ရာ ရခိုင်ဒေသမှာ ဥပဒေဟာ လုံးဝ တစ်ဘက်စောင်းနင်း ဖြစ်ခဲ့ ပါတယ်။ ရခိုင်မျိုးနွယ် မွတ်ဆလင်များ၊ ကမန်များ- ကိုပင် လုံးဝ နိုင်ငံခြားသား ကုလား အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ တိုင်းရင်းသား စာရင်းမှာ ဘယ်လို ဖေါ်ပြဖေါ်ပြ- စာရွက်ပေါ်မှာသာ ဖေါ်ပြထားပြီး- ပြုမူဆက်ဆံရေးမှာ လုံးဝ တစ်ဘက်စောင်းနင်း ဖြစ်နေတယ်ဆိုတာ လူတိုင်းသိ မြင်နေတဲ့ ကိစ္စရပ်သာ ဖြစ်ပါတယ်။ ကမန်လူမျိုးစုကို တိုင်းရင်းသား အဖြစ်ဖေါ်ပြပေမယ့်- ကမန်ကိုလည်း ကုလားလို့ သတ်မှတ် ထားခဲ့တယ်။ သံတွဲမြို့နယ်မှာ ရှိတဲ့ ရခိုင်လူမျိုးစု မွတ်ဆလင်များကိုလည်း အတင်းအဓမ္မ- ကမန် အဖြစ်ခံယူစေခဲ့တယ်။ ရခိုင်လူ မျိုးမှာ အစ္စလာမ် သာသနာဝင် ဆိုတာ မရှိဘူး- ဒါကြောင့် မွတ်ဆလင်မှန်ရင် ဘင်္ဂလီဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ကမန် ဖြစ်စေရ မယ်လို့ အတင်း သတ်မှတ်ခဲ့ပါတယ်။ ရခိုင်မွတ်ဆလင်ဟာ ကမန် မဟုတ်သလို၊ ရိုဟင်ဂျာဟာလည်း ဘင်္ဂလီ မဟုတ်ပါ။ ဒါကို လည်း နားပင်းချင်ဟန်၊ မျက်လုံးကန်းချင်ဟန် ဆောင်နေဆဲပါ။

ဥပဒေဟာ တစ်ကယ်မျှတတယ် ဆိုရင်၊ ရခိုင်ပြည် မြောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ ဘင်္ဂလီ ဗုဒ္ဓဘာသာ အဝကျွန်းသား များနဲ့ အနောက်သားများ ကိစ္စကိုလည်း တိတိကျကျ ဆောင်ရွက်ရပါမယ်။- ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုလုံး (ရမ်းဗြဲ ရဲ့ မြောက်ပိုင်းဒေသ တစ်ခုလုံး)မှာ ရှိတဲ့ ရခိုင်လူမျိုးခံယူထားတဲ့ ဗုဒ္ဓဘာသာများရဲ့ ၇၅ ရာနှုန်းဟာလည်း- ရခိုင်ကို အင်္ဂလိပ် သိမ်း ပြီး ၁၈၂၄ နောက်ပိုင်းမှ ဘင်္ဂလားပြည်က ခေါ်လာတဲ့ အစားထိုး ရခိုင်များ ဖြစ်တယ် ဆိုတာကိုလည်း တိတိကျကျ ဖေါ်ထုတ်ရပါ မယ်။

ရခိုင်ဒေသကို ဗမာဘုရင် ဘိုးတော်မောင်းဝိုင်း သိမ်းပိုက်တော့- ဗမာတပ်မတော်ဟာ ရခိုင်လူမျိုးများကို မျိုးပြုတ် သတ်ဖြတ်ခဲ့ပါ တယ်။ ဒါကို ရခိုင် ရာဇဝင်သစ်ကျမ်းမှာ-

ရခိုင်ပြည် ကျွန်သက် အနှစ် (၂၂၇) နှစ် ကြာသောအခါ မြန်မာကျူးကျော်စစ်ကို (၄၅) ရက်ကြာကြာ ခုခံတိုက်ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော် မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။ မြန်မာများသည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော် ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ရခိုင်တပြည်လုံး ဖူးဖူးရောင်သော လူသေကောင်များဖြင့် ပြန့်ကြဲလျှက်ရှိခဲ့သည်။ အသတ်ခံခဲ့ရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူအလောင်း” ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်။ ဂဏန်းသချင်္ာအလို (၇) သန်းကျော်သည်။ မြန်မာများ သတ်ဖြတ်ခဲ့သည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရေတက် ရေကျသောအခါ သောင်ပြင်တွင်အစုလိုက်အပြုံလိုက်ချည်းနှောင်၍ သတ်ခဲ့သောကြောင့် ရေအကျတွင် ဖြူနီသော အလောင်း ကောင်များကို မြင်ရသောကြောင့် ပေါက်ဖဲ့ရွာ (မန်အောင်၊) လက်များကို ဖြတ်၍ တောင်နှယ်ပုံထား သောကြောင့် လက်ပုံတောင် (မာန်အောင်)၊ ရေကန်တွင် လူအပြည့်သတ်၍ ပုံထားသောကြောင့် သီဘေးကန် (သေဘေးကန်) (ပေါက်တော)၊ ကလေးငယ်များကို ရေကျရေတက်ချိန်တွင် ခြံလှောင်၍သတ်ခဲ့သောကြောင့် ခြံလှောင်ချောင်း (မာန်အောင်)၊ ခြံပြင် (မောင် တော)၊ သွေးချောင်း (တောင်ကုတ်)၊ လူ့အသားတစ်များကို ခုတ်ဖြတ်၍ပုံထားသောကြောင့် အသားပုံရွာ (ပုဏ္ဏားကျွန်း) စသည့်စသည့်ဖြင့် နာမည်တွင်ခဲ့သည်။

နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်မျိုးတုံးအောင် သတ်ဖြတ်ခဲ့သည်။ မာန်အောင်မြို့ တမြို့တည်းတွင် အသတ်ခံခဲ့ ရသည်ကို မှတ် တမ်းတင်ထားသည်မှာ “လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏၊ မယွန်းထိုခါ၊ သီကုန်ပါ၏၊ သိမ်းကာယူက၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိန်း မကို၊ ရွီကြလီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင်ခါ၊ ကြောက်ဖွယ်သာတည်း” ဟူ၍ ဖြစ်သည်။

(၁၈၂၆) ခုနှစ် ဗြိတိသျှလက်အောက် ကျရောက်ရသောအခါ မြန်မာလက်အောက် နှစ် (၄၀) ငရဲစခန်းသည် တခန်းရပ်ခဲ့သည်။ ကျူးကျော်သူမြန်မာများကိုမောင်းထုတ်၍ အင်္ဂလိပ်တို့က တဖန်အုပ်ချုပ်သည်။ သို့သော် အင်္ဂလိပ်အုပ်ချုပ်ချိန်တွင် ရခိုင်ပြည်၌ လူမကျန်တော့ပေ။ ရခိုင်နိုင်ငံတော်တခုလုံးသည် သုသာန်တစပြင်ပမာ တောကြီးမျက်မဲ ဖြစ်နေလေတော့သည်။ အင်္ဂလိပ် အကာအကွယ်ကြောင့် သေကံမရောက်သတ်မပျောက်ပဲ ရခိုင်တချို့ ဘင်္ဂလားနယ်တွင် ကျန်ရစ်သည်။ ထိုသူများ ထဲမှ (၅) သောင်းခန်ကို ပြန်ခေါ်ယူ၍ ရခိုင်ပြည်၌ ပြန်လည်နေရာချထားပေးခဲ့သည်။

ထိုမျိုးပြုတ် သတ်ပွဲကြီး အကြောင်းကို ၁၈၂၄ ခု ဗမာများ ရခိုင်ကို သိမ်းပြီး ရခိုင်မှ ထွက်ပြေးသွားခဲ့ပြီး ရာမူး (ပန်းဝါ)၌ ရဲအရာရှိ အဖြစ် ထမ်းဆောင်ခဲ့ သော ဟိန္ဒူဘာသာဝင် Puran Bisungri ကလည်းမှတ်တမ်း တင်ထား ကြောင်း ရခိုင်သမိုင်းပညာရှင် ချမ်းအေး ကိုယ်တိုင်က ဝန်ခံထားပါတယ်။

ဖေါ်ပြပါ သမိုင်းဟာ ရိုဟင်ဂျာများက ရခိုင်ဗုဒ္ဓဘာသာများ အပေါ်မနာလို မုန်းတီးပြီး ဖန်တီးထားတဲ့ သမိုင်း မဟုတ်ပါ။ ရခိုင်ဗုဒ္ဓဘာသာများကိုယ်တိုင် ပြုစုတင်ပြထားတဲ့ သမိုင်း ဖြစ်ပါတယ်။ ဒီသမိုင်းအရ- ၁၈၂၄ ခုနှစ်မှာ ရခိုင်ကို အင်္ဂလိပ်က သိမ်းတော့- ရခိုင်ပြည်မှာ ရခိုင်လူမျိုးဟူ၍ မရှိတော့ပါ။ (ယုတ္တိဗေဒအရ ဆင်ခြင်ရင်တော့ ဗမာစစ်တပ်များ မရောက်နိုင် မပေါက်နိုင်တဲ့ တောကြားတောင်ကြားမှာ အနည်းငယ် ပုန်းကွယ် နေခဲ့နိုင်ပါ တယ်။)- ဒီရခိုင်သမိုင်းအရ- ဗမာတပ်များဟာ ရခိုင်ပြည်ရှိ အခြားသော လူမျိုးများ (မြို၊ ဒိုင်းနက်၊ ကမန်၊ မရ်မာ ကီး၊ ရိုဟင်ဂျာ (ရခိုင်မွတ်ဆလင်)များကို သတ်ခဲ့ကြောင်း နှိပ်ကွပ်မောင်းထုတ်ခဲ့ကြောင်း ဖေါ်ပြထားခြင်း မရှိပါ။ ဒါကြောင့် ရခိုင်ဗုဒ္ဓဘာသာမှအပ အခြားလူမျိုးများ ရခိုင်ပြည်မှာ မျိုးပြုတ်ခဲ့ခြင်း မရှိဘဲ- ရှိဆဲ ရှိနေခဲ့တဲ့ အဓိပ္ပါယ် ကို ပေးပါတယ်။

မျိုးပြုတ်သွားတဲ့ ရခိုင်လူမျိုးများ နေရာမှာ အင်္ဂလိပ်တို့က ၁၈၂၄ ခု နောက်ပိုင်းမှာ ဘင်္ဂလီဗုဒ္ဓဘာသာများကို ခေါ်ယူ အစားထိုးပြီး- ရခိုင်အတုနဲ့ ရခိုင်ပြည်ကို ထူထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။

ဒါဟာ- ဒီနေ့ ရှိနေတဲ့ ရခိုင်ဗုဒ္ဓဘာသာများရဲ့ သမိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီတော့ – ဒီရခိုင်ဗုဒ္ဓဘာသာဆိုတဲ့ လူမျိုးကိုရော ၁၈၂၄ ဥပဒေနဲ့ တစ်ကယ်စီစစ်ပေးဘို့ လိုပါမယ်။

About ရဲမာန်ဝင်း

has written 2 post in this Website..