Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Facebook မှပုံဟုတက်လာ တတ်သော Virus လင့်အကြောင်း (အထူးဆောင်းပါး)

ရွှေအိမ်စည်October 11, 20124min57417
Facebook မှပုံဟုတက်လာ တတ်သော Virus လင့်အကြောင်း (အထူးဆောင်းပါး)

 

မင်္ဂလာပါမည်သူမဆို ကူးယူလက်ဆင့်ကမ်းနိုင်သည် ။

ကျွန်တော်တို့ ပညာရှင်တွေ မဟုတ်ကျပေမယ့် သိသင့်တဲ့အခါ အမှန်တစ်ကယ် သတိထားမိတဲ့အခါ မျိုးမှာ တတ်နိုင်သလောက်ကြိုးစား ရေးသားသတိပေး ခဲ့တာတွေရှိပါတယ် ။ ခုခဲ သိသင့်လို့ ရေးသားပေးရပါတယ် ။

လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော် ဧဒင်မှာ ယခု ဘလော့လိုမျိုး ” Gtalk Virus ” ဆိုတဲ့ ဘလော့လေးတစ်ခုကို အဖွဲ့ဝင် ၂၀၀ဝ ကျော်တုန်းက တင်ပေးခဲ့ဘူးပါတယ် ။ ယခုလည်း အလားတူ Virus လေးတွေ့မိတော့ အဖွဲ့သားများ သာမက အင်တာနက်က Communication လို့ခေါ်တဲ့ Messenger and Talk (ဥပမာ – Gtalk , Yahoo Messenger , Window Live Messenger , facebook , စသဖြင့် သုံးနေသူတွေအားလုံးသိအောင် ကျွန်တော် ရေးသားပေးခြင်းဖြစ်ပါတယ် ။

ပထမဆုံး “Link” ဆိုတာ ကို တော်တော်များများသိကြပါတယ် . Link ကို မြန်မာလို ပြန်လျှင်တော့ ချိတ် ၊ အချိတ်အဆက် ဟု အဓိပါယ်ရပြီး အသိပေးလိုသောနေရာသို့ နေရာသို့ရောက်အောင် တင်ပေးသော အင်တာနက်စာမျက်နှာ ညွှန်းကို Link လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ် ။

ဥပမာ ၊ http://www.xxxxxxxxxx.com/profiles/blog/show?id=4347155%3ABlogPost%…

http://www.xxxxxxxxxx.com/profiles/blogs/4347155:BlogPost:5064922#c

စသဖြင့် သူငယ်ချင်းတစ်ယောက်ယောက်ကို ကြည့်စေချင် ၊ သိစေချင်လို့ လမ်းညွှန်တဲ့ အထက်ပါ စာကြောင်းများကို လင့် ( Link ) လို့တာ တော်တော်များများသိကြပါတယ် ၊ မသိတဲ့သူအတွက်လည်းသိအောင် ရှင်းပြခြင်းပါ ….

အထက်ပါ လင့်မှာ Virus နေနိုင်သလားလို့မေးရင် မနေနိုင်ပါဘူးလို့ဖြေရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ သူက စာလုံးတွေသာဖြစ်လို့ Virus နေလို့မရတာ အားလုံးသိကြပါတယ် ။

တစ်ကယ်တမ်း VIRUS နေနိုင်တာက အဲ့လိုလင့်တွေက ပို့ပေးလိုက်တဲ့ အင်တာနက်စာမျက်နှာတစ်ခုခုမှာတော့ VIRUS ရှိနေနိုင်ပါတယ် ။ဒါကို Web Security လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာက တဆင့်လာတဲ့ Virus ကို ကာကွယ်ပေးမယ့် Anti-Virus တစ်ခုခုမတင်ထားပါက ထိုသို့သော စာမျက်နှာများတွင် ဖန်တီးသူ Cracker , Hacker များလက်ဆော့ထားတဲ့ Virus ဝင်ရောက်နိုင်ပါတယ် ။ ဒါဆို အင်တာနက်စာမျက်နှာမှာ Virus ရှိနိုင်သလားမေးလျှင် ဖြေရမှာက ဟုတ်ကဲ့ ရှိနိုင်ပါတယ် ခင်ဗျာ ။

ဘယ်လို မျိုးဝင်လာသလဲ ?

တစ်ယောက်ယောက်က ရည်ရွယ်ပြီး ပေးပို့ထားတဲ့ လင့်တွေမှတဆင့် ရောက်သွားတဲ့ စာမျက်နှာကို ရောက်သွားပါက Virus ဝင်ပါတယ် ။ သို့ကြောင့် မိမိ မကလစ်မီ သေချာစွာ စိစစ်တတ်ဖို့ လိုအပ်ပါတယ် ….

ဘယ်လိုစိစစ်မလဲ ?

အောက်ပါလင့်ကို လုံးဝမကစ်ပဲ ကြည့်ပါ ( အောက်ပါလင့်သည် Virus ဖြင့်ဖန်တီးထားသော စာမျက်နှာလင့်ဖြစ်သည် )(လုံးဝမကလစ်ပါနှင့်)

http://www.sirco.fr/album.php?Facebook.com-IMG216267.JPG

 

ယခု အထပ်ပါလင့်မှာ ပါတဲ့ စာလုံးတွေကို သေချာကြည့်ပါ ၊ပထမဆုံး သင်တွေ့နိုင်တာက Http://www.sirco.fr/ ဖြစ်ပြီး နောက်မှ facebook.com ဆိုတာကို တွေ့ရပါလိမ့်မယ် ဒါကြောင့် အထက်ပါလင့်ဟာ Facebook မဟုတ်မှန်း သင်စစ်နိုင်ပါတယ် ။ ထပ်မံပြီ Album.php? ဆိုတာတွေ့နိုင်ပါတယ် ။ ထိုစာလုံးက .php? ကသင့်ကိုဒုက္ခပေးမယ့် စာမျက်နှာရဲ့ အဓိက တရားခံပင်ဖြစ်ပါတယ် ။ ဒါကြောင့် အထက်ပါလင့်မှာ Php နှင့်ဖန်တီးထားသော Virus ရှိနေတယ်ဆိုတာ သတိထားရမှာဖြစ်ပါတယ်ခင်ဗျာ ။

ထိုလင့်ကို ကလစ်လိုက်မိပါက မိမိအသုံးပြုနေသော Php နှင့် Java Language ဖြင့် Run သော Application များဖြစ်သည့် Gtalk , Yahoo Messenger , Window Live MMessenger , Facebook .. စသည်တို့မှ မိမိသူငယ်ချင်းများထံ အလိုလျှောက် Virus လင့်များကို ရိုက်တင်သွားမည်ဖြစ်ပါတယ် … ဒါဆို မသိနားမလည်သော သင့်သူငယ်များပါ မသိပဲ ထိုလင့်များကို ကလစ်လိုက်ပါက Virus ကူးခံရမည်ဖြစ်ပါတယ်ခင်ဗျာ ……

ယနေ့ အများဆုံးသော Virus ရှိသည့်စာမျက်နှာကိုရောက်မည့် လင့်များတွင် php , zip , exe , apk , စသဖြင့်စာလုံးများပါဝင်လာမည်ကို အင်တာနက် အသုံးပြုသူများ အထူးသတိထားရန် အရေးကြီးပါတယ် ..

တစ်ကယ်တမ်း မိမိတို့ သိသော Social Network များ ဟုတ်မဟုတ်ကို ထိုလင့်များ၏ ပထမ စာလုံးများကို သတိထားဖတ်ရှု့သင့်ပါတယ် ။ ထိုအပြင် ထိုလင့်အများစုမှာ Photo , Video များပါလို့ လှည့်စားတတ်တာကို တွေ့ရမည်ဖြစ်ပါတယ် .. အောက်ပါလင့်များသည်လည်း Virus ပါသော နမူနာလင့်များဖြစ်ပါတယ်ခင်ဗျာ လေ့လာကြည့်ပါ … ။ (လုံးဝမကလစ်ပါနှင့်)

၁. http://p15.safephotoblog.com:84/users/184/PartyPic012.JPG.zip

 

၂. http://www.sirco.fr/album.php?Facebook.com-IMG959472.JPG

 

အထက်ပါ လင့် ၂ ခုမှာ .php နှင့် .zip ဆိုတာ တွေ့ရမည် ဖြစ်ပါတယ် ။ ဒါဆို အဖွဲ့သားများ သိရမှာက သင့်ကို ဒုက္ခပေးမည့် လင့်ဆိုတာ သိထားဖို့လိုပါတယ်ခင်ဗျား …….

ဆက်လက်ပြီး ထိုလင့်များသည် လင့်ချည်း သက်သက် တက်လာမည် မဟုတ်ပဲ အသုံးပြုနေသူများစိတ်ဝင်စားရန်

Did you know I was planning on moving next month?

 

Here is a picture of the new place, what do you think?

 

The special photos for u.

Hahaha see fotos .

စသဖြင့် စိတ်ဝင်စားရန် ဆွဲဆောင်ထားသောစာသားများပြီးမှ ရေးသားထားလေ့ရှိပြီး ကလစ်ပါက သင့်ကွန်ပျူတာကို Format မချမချင်း ဒုက္ခပေးမည့် Virus ဝင်လာမည်ဖြစ်ပါကြောင်း အဖွဲ့သားများ သိပြီးသားသူလည်း သူငယ်ချင်းများကို လက်ဆင့်ကမ်းနိုင်ရန် နှင့် မသိသေးသူများ သတိထားရှောင်ရှားနိုင်ရန် ယနေ့ လူပြောများပြီး အဖြေမရ လိပ်ပတ်မလည်သော Facebook Virus , Gtalk Virus ဟုခေါ်ဆိုကြသည့် Virus များအကြောင်း နောက်တစ်ကြိမ် ပြန်လည်ရေးသားပေးရပါတယ် ။

လေးစားလျှက်

KOMYO

ဥယျာဉ်မှူး

www.edinooyin.com

17 comments

  • the best

    October 11, 2012 at 5:38 pm

    ဖတ်သင့်ဖတ်ထိုက်၊ မှတ်သင့်မှတ်ထိုက်တဲ့ အကြောင်းအရာလေးပါ။
    ကိုယ်သိသလို အများသိစေချင်တဲ့ စေတနာ၊
    အများဒုက္ခရောက်မှာ စိုးရိမ်တတ်တဲ့စေတနာကိုလေးစားမိပါတယ်။

  • Tun Tun

    October 11, 2012 at 6:24 pm

    ကျေးဇူးပါ

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    October 11, 2012 at 7:06 pm

    ကျေးဇူးဘဲဗျာ ကိုအိမ်စည်ကြီး
    http://www.sirco.fr/album.php?Facebook.com-IMG216267.JPG
    http://p15.safephotoblog.com:84/users/184/PartyPic012.JPG.zip
    http://www.sirco.fr/album.php?Facebook.com-IMG959472.JPG
    ကိုအိမ်စည်ကြီးပြောတဲ့ အဲ့ဒါကြီးသုံးခုကို ကျုပ် လုံးဝမနှိပ်ကြည့်ဘူးနော် ( လိုက်မနှိပ်ဂျနဲ့နော် 👿 )
    ဒါပေမယ့် နှိပ်ကြည့်ခြင်ဒယ်

  • မောင်ပေ

    October 11, 2012 at 7:24 pm

    ဖေ့ဘုတ်ကို သုံးတဲ့ အမျိုးသမီးများကတော့ ဘယ်လိုကဏ္ဍမျိုးတွေကို လိုက်ရှာ လိုက်ဖတ် လိုက်ကြည့်ကြမလဲ ဆိုတာ မသိရပေမယ့်
    အမျိုးသားတော်တော်များများကတော့
    နံပါတ် ၁ သတင်းဌာနများရဲ ့ပေ့ချ်များ
    ၂ စေတန် ၊ မောင်ဖိုးဉာဏ် ၊ မောင်လူဆိုး
    နဲ ့
    ဆယ်လီဘီတီ တွေ ရဲ ့ဖန်းပေ့တွေ
    ကိုသာ အကြည့်များပါကြောင်း

    • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

      October 11, 2012 at 8:52 pm

      ဒေါက်တာဘွဲ့ရထားတဲ့လူရဲ့ဆိုဒ်ရောမပါဘူးယားအူးယေး

      • ဒေါက်တာအောင်ပုနဲ့
        ပလော်ပက်စာ ကြောင်ကြီး ဆိုက်တွေကိုတော့
        ဝင်ကြည့်တယ် ဆိုလားပဲ .. 🙄 :harr:

  • aanyar thar

    October 11, 2012 at 8:36 pm

    ဂျီတော့ မှာ…HAHA PHOTO ဗိုင်းရပ်စ်လေးလည်း..သတိ့ထားကြပါဦး..ကို့အကောင့်ထဲက သူငယ်ချင်းမှာ ရှိ့နေပြီဆို..တစ်ခြားသူငယ်ချင်းတွေစီကိုလည်း အော်တို လိုက်ပို့တယ်..သူငယ်ချင်းက ပုံပို့တယ်ထင်ပြီး..ဖွင့်လိုက်ရင်..သွားပြီ..ဒါလေးတွေပေါ့ဗျာ.. is this your ex? HAHA http://bit.ly/wIcmC4?Facebook.com-IMG252627.JPG
    hehe foto 😛 http://bit.ly/xSLdZ4?Facebook.com-IMG591077.JPG
    hehe foto 😛 http://bit.ly/xSLdZ4?Facebook.com-IMG048411.JPG
    hehe foto 😛 http://bit.ly/zE75ib?Facebook.com-IMG9386076.JPG

  • uncle gyi

    October 11, 2012 at 11:20 pm

    အခုလိုစေတနာထားပြီးတင်ပြပေးတာကျေးဇူးပါကွယ်
    မဟုတ်ဦးတို့လိုအူတူတူအတတတွေကနှိပ်မိအုန်းမယ်

  • Guest

    October 12, 2012 at 12:06 pm

    သတိလည်းပေး… ဖြေဆေးလေးလည်း ရေးပါအုံးဂျ..
    ကျေးဇူး..။

    • ဦး ဂျစ်

      October 12, 2012 at 2:21 pm

      ဖြေဆေးကတော့ ကျုပ်အထင် ဆိုင်ပို့ရမယ် ထင်တာပဲ …၊
      :harr:

  • နေ ့သစ်/ ဘဝသစ်

    October 12, 2012 at 1:05 pm

    မသိတာလေးတွေ သိလိုက်ရလို့ အရမ်းကျေးဇူးတင်ပါတယ်။

  • မနှိပ်ပါနဲ့ ဆိုရင် နှိပ်ပစ်လိုက်ချင်တာ
    လူ့သဘာဝပါ …
    အဲ့ဂလိုမို့ ကျုပ်လည်း နှိပ်လိုက်မိတယ် ..
    ဟယ် … တွားပါပီ .. ဗိုင်းရပ်စ်တွေ ပြန့်ကုန်ပီ …
    … စိတ်ကူးထဲ နှိပ်ကြည့်လိုက်တာပါ …. :mrgreen:

    မနှိပ်စေချင်ရင်လည်း လင့်ခ် ကို လင့်ခ် အနေနဲ့ မပေးဘဲ
    ကာလာလေးပဲ တင်လိုက်သင့်ပါတယ် ခင်ဗျ ..
    ဒါလေး ပြောချင်တာပါ …

  • Alpha Vanishing

    October 12, 2012 at 5:03 pm

    တချို ့သော လူတွေဟာ တခုုသော Video ကိုု လိုုက်ကြည့်ချင်သော ဇောဖြင့် Facebookတွင် ဖွင့်ဖိုု ့ကြိုးစားရာမှာ သူတိုု ့ရဲ ့ Access Token ကိုု ပေးမိကြပါတယ်၊

    အဲဒီလင့်ကတော့ အောက်ပါနိုုင်ငံများမှ IP များနှင့် ဖွင့်လျှင် ဘာမှ မဖြစ်နိုင်ပါ၊

    MY, ID, AE, PH, RU, TR, AL, NP, BR, BE, PK, AP, MP, EG, HK, KR, SG, UN

    ဘာဖြစ်လိုု ့လဲဆိုုတော့ အဲဒီနိုုင်ငံများက ဝင်ရောက်ကြည့်ရူပါက Google ကိုု Redire
    ct ပေးထား ပါလိုု ့ပါ၊ အဲဒီနိုုင်ငံမှ များမှ အပ ကျန်နိုုင်ငံများကိုု အဓိက ထိရောက်ရန် လုုပ်ဆောင်ချင်လိုု ့ပါ၊

    Access Token ကိုု ရရိုုပါက သင်ရဲ ့အကောင့်ကိုု Password မပါဘဲ အဲဒီအချိန်အတိုုးအတွင်း သုုံးလိုု ့လွယ်ကူပါတယ်၊ တကယ်လိုု ့ သူများက သင့်ရဲ ့ Access Token ကိုု ရရှိသွားသည်ဟုုထင်လျှင် Password ကိုု ချိန်းခြင်းဖြင့် ကာကွယ်နိုုင်ပါတယ်၊

    သူတိုု ့ရဲ ့လုုပ်ပုုံ နဲ ့ ရည်ရွယ်ချက်
    ============

    ဗီဒီယိုုအတုုကြီးဓါတ်ပုုံကိုု နိုုပ်ကြည့်ပါက သူတိုု ့အတုုလုုပ်ထားတဲ့ Video page ကိုု ရောက်သွားအောင်လုုပ်ထားပါတယ်။ ပြီးတော့ အဲဒီနေရာမှာ Access Token ကိုု ရအောင်တောင်းသွားပါလိမ့်မယ်၊ မသိတဲ့ သူတွေ ဗီဒီယိုု ကြည့်ချင်ကသော လူတွေကတော့ သတိထားမိမှာ မဟုုတ်ပါဘူး၊ အလောတကြီး လျှောက်ကလိ သွားပါက သင့်ရဲ ့ Access Token ကိုု သူတိုု ့ကိုု ပေးသလိုုဖြစ်သွားပါလိမ့်မယ်၊

    (ခြင်းချက် = ကျနော်ပြောခဲ ့တဲ့ နိုုင်ငံတွေက သာ ကြည့်မယ်ဆိုုရင် Google ကိုုဘဲရောက်သွားပါလိမ့်မယ်)။ Access Token ရသွားတဲ့နောက်ပိုုင်း သင် Wall ပေါ်တွင် Viral ဖြစ်သွားအောင် အဲဒီ Video ကိုု အော်တိုု Share လုုပ်သွားပါလိမ့်မယ်၊

    ပြီးနောက် နောက်ထပ် စာမျက်နာတခုုဖြစ်တဲ ့နေရာကိုု ရောက်သွားအောင်လုုပ်ပါလိမ့်မယ်၊ အဲဒီ စာမျက်နှာမှာ Survey လုုပ်ခိုုင်းပါလိမ့်မယ်၊ သူတိုု ့က လူတိုုင်းကိုု Survey များများရရှိပါက သူတိုု ့ Referral Incentive များများရအောင် လုုပ်ထားတာပါ။ ဒီလိုု လူတွေ ငွေများများရအောင် Viral ဖြစ်နိုုင်သော နည်းကိုု သုုံးပြီး လူတိုုင်းကိုု Survey လုုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါသည်၊

    ရှင်းရှင်းပြောရရင် Survey Scam ဘဲဖြစ်ပါတယ် ခင်ညာ။ တခြားသော Site ကိုု သွားပြီး Facebook Access Grant ပေးတဲ့သူတွေ အတွက် သင်ခန်းစာပေါ့ဗျာ။

  • kai

    October 13, 2012 at 12:28 am

    မနေ့ကဖေ့ဘုတ်မှာ.. ကောင်မလေး ဘိချ်မှာဘာလုပ်တယ်ဆိုလား.. ဗီဒီယိုလင်ခ်တွေ့လို့.. ကလစ်လုပ်တာ..
    ပုံကောင်းကောင်းမြင်ရအောင်.. Flash Player တခုအင်စတောလုပ်ခိုင်းတယ်..။ အောက်မှာ.. Youtube အမှတ်အသားကလည်းပါသေး..။
    ကောင်မလေးပုံက.. ဘီကီနီ ၂ ပိစ်မို့..ဒီလောက်လေးနဲ့များ.. တော်ပါပြီ..။ မကြည့်တော့ဘူးလုပ်လိုက်တာ.. ကံကောင်းသွားပုံရတယ်..။
    အာဟိ.. :kwi:

  • P chogyi

    October 15, 2012 at 12:35 pm

    facebook မှာ happy birthday ဆိုတဲ့ ဗိုင်းရပ်စ်တက်နေလို့။
    ဘယ်လိုဖြေရှင်းရမလဲ ကူညီပါဦး။

Leave a Reply