Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စမတ် ရီးဇားစာ

ムラカミOctober 11, 20121min66817

ဒီမယ် ခင်ကုမုဒြာလွင်
ကိုယ့်အခြစ်ဟာ တဖြည်းဖြည်းထွားလာတဲ့ ဆမ်မဆောင်း ဖုန်း လို ကြာလေ ကြီးမားကျယ်ပျံ့လာလေလေပါပဲ။

မင်းကိုမျှော်ရတာ ကိုယ့်လည်ပင်းတောင် အသစ်ထွက်တဲ့ ပန်းသီး ဖုန်းလို ရှည်လာပါရောလား ..။

ကိုယ်မင်းကို ဘလက်ဘယ်ရီ လို တသက်တကယ် အတည်ကြံတာပါ။ ကိုယ့်အခြစ်က

ရှာ့ပ် က ထုတ်တဲ့ ဖုန်းတွေလို ရေစိမ်ခံပါတယ်ကွယ်။

ဟွဝေ လို ခနနေ ပျက်ပြယ်သွားမယ့် မေတ္တာမျိုး မဟုတ်ရပါဘူးကွယ့်။

မင်းဘေးမှာ အိပ်တီစီ လို သိပ်ပြီတီတီ ပြောတတ်တဲ့ ကောင်မျိုးတွေ

ရှိလာမှာ စိုးတယ်ကွယ်။ သည်တော့လည်း မော်တော်ရိုလာလို

ပျော်ပျော်ကိုယ်ဟာ ဘယ်နေနိုင်တော့မလိမ့်တုန်း….။

ကိုယ့်အချစ်က အယ်လ်တီအီး တက္ကနော်လော်ဂျီ လို ဝေးဝေးကနေလည်း လိုင်းဆွဲအား ကောင်းပါတယ်ကွယ် ..။

အန်အက်ဖ်စီ လို အနီးအနားကပ်မှ ပလီတတ်တာ မျိုး မဟုတ်တာ နားလည်စေချင်ပါရဲ့ ..။

ဆိုနီဖုန်း ကင်မလာ ဘယ်လောက်ကောင်းကောင်း ပန်းသီးကို မဖြိုနိုင်သလို

မင်းဘေးက သိပ်တော်ပါတယ် ဆိုတဲ့ ချာတိတ်တွေကိုလည်း ကိုယ် မမှုပါဘူးကွယ့်…။

မင်းသာ သူချစ်-အတု တွေ ပေါတဲ့ ဖူဂျစ်ဆု လို ဖုန်းမျိုး မရွေးမိပါစေနဲ့ ဆုတောင်းပါတယ်ကွယ်…။

တကယ်တော့ ကိုယ်ဟာ နိုကီယာ ရဲ့ ပြတင်းပေါက်ဖုန်းလို မင်းတယောက် သုံးဖို့ အတွက်ဆို

အရာရာ ကတ်စတမ်မိုက်ဇ် ပေးချင်သူရယ်ပါ။ ဒဲလ်စတိ ဖုန်းလို အမြဲသတိ သုံးပြီး ဆက်ဆံစရာ မလိုပါဘူးကွယ်။

ကိုယ်မင်းကို သတိရတဲ့ စက္ကန့် တွေကိုသာ ထိုင်ရေတွက်ကြည့်မယ် ဆိုရင် ပလေးစတိုးက အပ္ပလီအန္နတ္တ ထက် သာမယ်

ထင်ပါရဲ့ ..။ ကိုယ့်အချစ်တွေကို မင်းရာနှုန်းပြည့် ပိုင်ပါတယ်ကွယ် ကတ်သီးကတ်သတ် အမြစ်တူးစရာ ထောင်ဖောက်စရာမလိုပါဘူး။

မင်းအတွက်ဆိုရင် ကိုယ့် ကာနဲလ် ကို ဖွင့်ထားပေးပြီးသားပါ။ ပန်နာဆိုးနစ်ဖုန်း တွေ မီးဖိုချောင် လျှပ်စစ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်သလို

မင်းအတွက်ဆိုရင် ကိုယ်ဟာ အချက်အပြုတ်ကအစ အရာရာ လုပ်ပေးလိုသူပါ။

မယုံဘူးလား ခင်ကုမုဒြာလွင် …

ဘာလဲ အလုပ်တာဝန်တွေရော အိမ်မှုကိစ္စပါ ၂မျိုးစလုံးတော့ ကျုပ်မလုပ်နိုင်လောက်ဘူးလို့ တော့ အထင်မမှားစေချင်ဘူးကွယ်။

ဘာကြောင့်လဲဆိုတော့ .. ကိုယ့်ပရော်ဆက်ဆာက ဒျူဝယ်ကိုးလ် မို့လို့ပါ။

အနံကြီးပြီး ကွင်းကျယ်တဲ့ စက္ကရင် ဗြက်ပြဲတွေလို စိတ်မကူးစေချင်ဘူးကွယ်။ ကိုယ့်အချစ်သည်သာ

၁၆း၉ ဖူးလိအိပ်ချ်ဒီ အပြည့်ထွက်သလို စစ်မှန်တိကျတာပါ။

ဒီမယ် ခင်ကုမုဒြာလွင်

သီချင်းဆိုပြမယ် နားထောင်မလား ဟင်င်င်င်င်။ ဒေါက်တာဒွေး ဟဒ်ဖုန်း ကထွက်တဲ့ တေးသံလို

ပီသကြည်မြ ပါစေရမယ်ကွယ်။ ပန်းသီးဖုန်းပေါ် နိဖော်စပိ မောင်းသလို ပျော်ရွှင် ရင်ခုန် ရပါစေမယ်ကွယ်။

မင်းအချစ်တွေ တင်ထားဖို့အတွက် ကိုယ့် ကလောက် က အန်လစ်မစ်တက်ပါ ကွယ့် ..။

အပေါ်ယံတွေ အလွန်လှတဲ့ နက်ကဆက် ဖုန်းလို ကောင်တွေနဲ့ ကျုပ်ကို မယှဉ်ထိုးပါနဲ့ကွယ်။

ဒရော့ပ်တက်စ် လုပ်လိုက်တာနဲ့ ကိုယ်ဘယ်လောက် အကြမ်းခံတယ်ဆိုတာ သိမှာပါနော..။

ဒါနဲ့ စကားမစပ် .. ဘယ်တော့ မင်း စလော့ ထဲ ကိုယ့် ဆင်းမ်ကတ် လေး လာစိုက်ရမလဲ ဟင်င်င်င်င်င်င်။

(အပျော်ရေးတာပါဗျာ..)

ဟီဟိ … လစ်ပီ

ဒက်ဂလောက်…ဒက်ဂလောက်…

17 comments

  • surmi

    October 11, 2012 at 2:32 pm

    ဆင်းမ် ကဒ်ကို လိုသလိုဖြတ်ညှပ် ခံနိုင်တဲ ့နေ ့ လာစိုက်ပါတဲ ့ ဟေ ့!!!!!!!!!!!!

  • Mon Kit

    October 11, 2012 at 2:45 pm

    ဟယ်…. ဖုန်းအမျိုးအစားတွေ စုံပလုံ စိနေဒါဘဲ…
    တော်ထှာ…
    :kwi:

  • kai

    October 11, 2012 at 2:48 pm

    ဟွဝေ က.. လုံခြုံရေးပြဿနာရှိလို့.. ယူအက်စ်မှာ.. ပေးမရောင်းဖို့လုပ်နေတယ်တဲ့..
    ဆိုတော့..

    “ဝိုင်ဖိုင်”လို မိချင်တာမိတာနဲ့..အင်တာနက်တက်.. “ဟွဝေ”လို.. ခိုးကြောင်ခိုးဝှက်.. မေတ္တာကိုဖြတ်ခုတ်ပြီး.. အလစ်သုတ်ဖို့တော့.. မလုပ်နဲ့မောင်ရင်..
    “ဂေါ်ရီလာမှန်”လို.. ခိုင်မြဲနိုင်မှ.. :kwi:

    • လယ်ထွန်Z

      October 12, 2012 at 7:05 am

      ဟွဝေနဲ့ ဇီးထီအီး က ချိုင်းနိ အစိုးရ နောက်က ပါလို့ ဆို …
      သိပါဝူးဗျာ ..အန်းနီးဝေး အန်းဒွိုက်တေ အားလုံးကတော့
      စကျူရတီ အစ်ရှူး ..မကင်းတာအမှန်..

      လက်တလောတော့ ဟောဒါလေး ကြွေနေသဗျ..ကြည့်ပြီးသွားပြီထင်ပါ့..

      http://www.youtube.com/watch?v=WlsahuZ_4oM

      ပြောပါတယ် မားကတ္တင်း= မက်ဂျစ် ပါဆို

      :harr:

  • Rose Minn

    October 11, 2012 at 3:07 pm

    ဆမ်ဆောင်း လို အချိန် မနှောင်း ခင်။ နက်ကဆက် နဲ့ အပြတ်သတ်လိုက် ပြီး။ မော်တာ ရိုလာ လို တော်တော် ကြာကြာ ကြိုးစား ရင်း။ ဆိုနီ နဲ့ ဆို အပျိုတကယ် ကြည်မှာပါ ကိုဂီ။ ကြိုးစား ပါ။ ကြိုးစား ပါ။ ဝှီးချဲ ဘဝက လွတ်အောင်။ ဟိဟိ

  • Thu Wai

    October 11, 2012 at 3:15 pm

    LG & Lenovo kyan thae tae

  • R Ga

    October 11, 2012 at 3:31 pm

    မင်းအတွက် ဆို ဂီ အချစ်က ကတ်ရီတာ လိုပါပဲ… ဘယ်လိုဆိုဒ်ပဲလာလာ ။ ဆန့်အောင် ပြင်ဆင်ထားပါတယ်။ အဟိ

  • ကြောင်ဝတုတ်

    October 11, 2012 at 3:33 pm

    ဂီဂီရေ…
    နင့်ရဲ့ နာနိုဆင်းကဒ်လေးကို သူ့ရဲ့ပုံမှာစလော့မှာ ထည့်လို့မရကြောင်း အကြောင်းပြန်လာပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ကြည်ဆောင်း

    October 11, 2012 at 3:44 pm

    ခင်ကုမုဒြာလွင် …..?
    အိသဒ္ဒါမိုး ဟုတ်တော့ဘူးလား ….. :bar:
    အော် ငါ့နှယ် …ခေတ်များရယ်နောက်ကျခဲ့ပေါ့ ..
    မြန်မာပြည်ကဆင်းကဒ်က ဖုန်းတိုင်းနဲ့အဆင်မပြေဘူးတဲ့ …
    ဆင်းကဒ်စိုက်ချင်ရင်ဖုန်းသေချာရွေးခဲ့တဲ့ …
    :harr:

  • Shwe Ei

    October 11, 2012 at 3:57 pm

    ခင်ကုမုဒလာလွင်လေးက ရှင်ခုချက်ချင်းလာပြင်လို့ ပေါသွားပါတယ် ဂီစိန်။
    စလော့ပျက်နေလို့တဲ့ ခိခိ။ :harr:

  • char too lan

    October 11, 2012 at 4:39 pm

    ကိုဖက်ကက်ကို ပေးဒဲ့ရီဇား စာလား ???

  • ရဲစည်

    October 11, 2012 at 4:48 pm

    အပေါ်ယံတွေ အလွန်လှတဲ့ နက်ကဆက် ဖုန်းလို ကောင်တွေနဲ့ ကျုပ်ကို မယှဉ်ထိုးပါနဲ့ကွယ်။
    ဟင်း…ဟင်း..င်း
    ဆော်ဂါးဒါ
    ဆော်ဂါးဒါ
    နင်တို့လို အေးလေကျုံ့လေ ဆင်းကဒ်တွေကို အထင်မကြီးဘူးဟေ့….

    နက်ဆက်နဲ့ နဂါး မလှည့်ဇားဂေါင်းဘူးတဲ့ဟေ့
    ပုံ/ တောင်ပြုန်းက အောင်ဂတုန်း

  • Shwe Tike Soe

    October 12, 2012 at 3:35 pm

    ဟွန်. သူ.ဆင်းကဒ်ကဖြင့် ၁သိန်းတန်ကဒ်ကြီး
    များတို.က ၁၅သိန်းတန် နာနိုဆင်းကဒ်မှ အဆိုက်ခံမှာနော်.. ဟွန်. လူဆိုး…………. :kwi: :kwi:

  • pooch

    October 14, 2012 at 2:34 pm

    ဆမ်ဆောင်းက ဂလက်ဆီ နုတ်ကြီး အသစ်ကြော်ငြာတာ တွေ့သလိုပဲ လင့်တော့ မမှတ်မိတော့ဘူး။
    သူ့ထက်ကဲ ရွှေပြည်စိုးတွေ ချည်းပဲ ။ နည်းပညာတွေ ဒုံးပျံစီးပြီး သွားနေသလားတောင် မှတ်တယ်။ 🙄

  • ကြက်အူလှည့်

    June 14, 2013 at 10:44 pm

    ဟားဟား.
    ခုနေပြန်ဖတ် ရီရသေးတုန်း. ကွိကွိ.

    နောင်တချိန် ခေတ်တခေတ်ကို သရော်တဲ့ သမိုင်းနောက်ခံသရော်စာဖြစ်လာမာ.
    ဟီဟိ

  • ဝင့်ပြုံးမြင့်

    June 15, 2013 at 12:04 am

    အန် … တေမယ် တေမယ် စောင့်နေ။
    ခေတ်ကို သရော်တဲ့စာ တစ်ပုဒ်လာမယ် စောင့်နေ။ မကြာခင်လာမည် မျှော်. ခွိခွိ။

Leave a Reply