တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂


















တောင်ခိုး အုံ့ဆိုင်း မြင်လေတိုင်းမိူင်းဝေဝေ…………………….၂
ဒီတစ်ခေါက် တောင်ကြီးသွားတဲ့ခရီးကတော့ အဆင်မပြေမူ့များစွာနဲ့လို့ပြောရမယ်ထင်ပါတယ်။
ကားက ည ရှစ်နာရီထွက်မယ်ဆိုတော့ ခုနှစ်နာရီလောက်အိမ်ကထွက်။
လမ်းမှာကားပိတ်တော့ ခုနှစ်နာရီခွဲခါနီးမှရောက်ပါတယ်။
ကားနားရောက်တော့ ရှစ်နာရီမတ်တင်း။
ကိုယ်ကသာစိတ်တွေပူပြီးအပြေးအလွှားသွားရတယ် ကားပေါ်တက်လို့မရသေး။
မေးကြည့်တော့မှ ကားဘီးပေါက်နေပါသတဲ့။
လမ်းဘေးမှာ စောင့်ရပ်ရင်း ကြည့်လိုက်တဲ့အခါသူတို့လဲတဲ့စပယ်ယာဘီးကလဲ ခပ်နွမ်းနွမ်း။
ကျနော်သာအရောက်နောက်ကျလို့တက်မရ ကားပေါ်မှာနေရာယူတဲ့သူကယူပြီးသားပါ။
ကားကရှစ်နာရီကျော်တာတောင်ပြင်လို့မပြီးသေးပါဘူး။
စိတ်ထဲကနေ မေးနေတဲ့မေးခွန်းကတော့
“မင်းတို့နောက်ကျရင်သာခရီးသည်ကစောင့်ရတာ ခရီးသည်နောက်ကျရင် မင်းတို့စောင့်ပါမလား”
ရှစ်နာရီခွဲတိတိမှာမှ ကားထွက်ပါတယ်။
နာရီဝက်တိတိတောင်နောက်ကျပါတယ်။
နောက်ည11နာရီလောက်မှာ မိတ္ထီလာနားက ဆိုင်တစ်ဆိုင်မှာထမင်းစားနား။
ပြန်ထွက်လာပြီးသိပ်မကြာခင်တစ်နေရာမှာ ကားထိုးရပ်ပါတယ်။
အစကတော့ ဖွင့်ထားတဲ့ မြန်မာကားထိုင်ကြည့်နေရင်း က ကားအောက်ကိုဆင်းကြည့်တော့မှာ ကားဘီးဖြုတ်နေတာကိုမြင်ရပါတယ်။
စပယ်ယာဘီးကထပ်ပေါက်တာပါတဲ့။
ကားဆရာက မကျေမနပ်နဲ့ပြောလိုက်တာကတော့
“ဘယ်လိုလူတွေပါလာလို့ ကားဘီးပေါက်တာလဲမသိဘူူး။
ဒါမျုးိတစ်ခါမှ မကြုံဘူး ဘူးပေါင်ကွာ”
ဒီစကားကြားတော့ စိတ်ထဲမှာရီချင်မိပါတယ်။
ကားဘီးတွေကို မထွက်ခင်ကြိုတင်စစ်ရမှာ စပယ်ယာဘီးကို ခရီးမထွက်ခင်စစ်ဆေးရမှာသူ့တိုတာဝန်ပါ။
ကိုယ့်တာဝန်မကျေတာကို သူများကို အပြစ်လွှဲချ။
တရားကျစရာ။
ညတစ်နာရီထိုးခါနီးလောက်မှ ကားပြင်ပြိးပါတယ်။
ပုံမှန် မနက်လေးနာရီဆိုက်တဲ့ကားက မနက်ခြောက်နာရီထိုးခါနီးမှဆိုက်ပါတယ်။
အဲတော့ကျနော်လမ်းမလျောက်ဖြစ်တော့ပါဘူး။
နောက်နေ့မနက်မှာတော့ စွယ်တော်ဘုရားဘက်ကိုလမ်းလျောက်ခဲ့ပါတယ်။
မြို့တောင်ဘက်ခြမ်းပေ့ါ။
မနက်ငါးနာရီခွဲအာရုံတက်စ မလင်းတလင်း။
လျောက်လာရင်း ကအရှေ့ဘက်တောင်တန်းတွေကိုကြည့်မိတော့ မိုးနှင်းမူန်တွေနဲ့ ဆိုင်းဆို့အုံ့မိူင်း။
အဲဒါနဲ့ အနောက်မြို့ပါတ်လမ်းကတောင်ပေါ်ကိုတက်ဘို့ဆုံးဖြတ်မိတာနဲ့အောက်ဖက်ကိုဆင်းလိုက်ပါတယ်။
တောင်ပေါ်သွားတဲ့ဘုရားနားရောက်ခါနီးမှာ မိုးတစ်ဖွဲဖွဲကျလာပါတယ်။
တကယ်ကျနော်တက်သွားမိတဲ့နေရာက ဘုရားမဟုတ်ဘဲစာသင်တိုက်ဖြစ်နေပါတယ်။
အထက်စောင်းတန်းအတိုင်းတက်ကြည့်ပေမယ့် အပေါ်စီးမြင်ကွင်းကမလှ။
ဒါနဲ့ဘဲအောက်ပြန်ဆင်းလာခဲ့ပါတယ်။
ပန်းခြံရှိတဲ့လမ်းဘက်ကိုပြန်လာပြီး ပန်းခြံထဲကိုဝင် လင့်စင်လေးပေါ်တက်ပြီး
တောင်ခိုးမြူခိုးတွေနဲ့အုံ့မိူင်းနေတဲ့တောင်တန်းကြီးနဲ့တောင်ချွန်းကို လက်ဆော့။
ဒါပေမယ့်စိတ်တိုင်းမကျ သစ်ပင်တွေနဲ့ကွယ်နေပါတယ်။
တည်းခိုးခန်းပြန်ရောက်ချိန်မှာတော့ အစောင့်ကလေးတွေကို ခေါ်ပြီး တည်းခိုခန်းအပေါ်ခေါင်မိုးကိုတက်ခဲ့ပါတယ်။
အဲဒီအပေါ်ရောက်တော့ စိတ်ထဲမှာကျေနပ်မိပါတယ်။
သိပ်မကျယ်ပြန့်ပေမယ့် ကျနော်လိုချင်တဲ့
တောင်ခိုုးတွေနဲ့မိူင်းဝေအုံ့ဆိုင်းနေတဲ့ ပုံလေးတွေကိုရလိုက်လို့ပါဘဲ။
ကိုပေါက်လမ်းသလားနေသည်
တောင်ကြိးအောက်တိုဘာခရီးစဉ် ၂
(12-10-2012)
9 comments
ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ
October 19, 2012 at 11:39 am
ကိုပေါက်က တိမ်တွေရဲ့ပုံတွေ တင်တော့ မွေးရပ်မြေကို လွမ်းသည်ထက်ပိုလွမ်းလာလို့ ပြန်ချင်ပြီဗျာ။
ကိုပေါက်(မန္တလေး)
October 19, 2012 at 12:36 pm
တောင်ကြီးအောင်ပန်းမှာ 6-7-8-9 ဘဲနေခဲ့ပေမယ့်ရိုက်ထားတဲ့ပုံတွေအရမ်းများပါတယ်။
အဲတော့ ကဏ္ဍတစ်ခုစီခွဲပြီး အခုက စလို့ တစ်ရက်တစ်ပုဒ် နေ့တိုင်းတင်နေရင်တောင်မှာ နိုဝင်ဘာလထဲ
မှ ဒီခရီးစဉ်ပြီးပါမယ်
စိတ်ရှည်လက်ရှည်သာစောင့်ကြည့်ကြပေတော့ နော်
1
October 19, 2012 at 12:49 pm
လေးပေါက်ရေ အင်မတိ အင်မတန် ကြည့်ရှု အားပေးသွားပါတယ်……
Hnin Hnin
October 19, 2012 at 4:45 pm
ရော်…ကြည့်..ခေါင်မိုးပေါ် တက်ပြန်ပြီ…လေးပေါက်တော့ မနိုင်ဘူး….
ပုံပြာပြာ…ပုံစိမ်းစိမ်းလေးတွေဆို အရမ်းကြိုက်ပါသည်…..
လယ်ကွင်း စိမ်းစိမ်းလေးတွေလည်း လပင်း(မွန်သံဖြင့်)ရှည်ရှည်နဲ့ စောင့်မျှော်နေပါ
သည်ရှင့်….အခွင့်ကြုံရင် ‘ပုံ’ အပ်ပါ…. ( ‘ ပုံ ‘ = ဓာတ်ပုံ :kwi: )
တောင်ကြီးနဲ့ပတ်သက်လို့ နှင်းနှင်း ပြောပြချင်ပါသေးတယ်…
တောင်ကြီးကိုတော့ မြို့သန့်လို့ အရမ်းသဘောကျတယ်…ဒါပေမယ့် လမ်းသွားလမ်းလာ
လူနှစ်ယောက်ကြောင့် ‘ဟယ်’ တမိခဲ့ရတဲ့အထိ ဖြစ်ခဲ့ဘူးတယ်…ခရီးသွားလို့ တောင်ကြီး
ရောက်တော့ ဘုန်းကြီးကျောင်းမှာ မအိပ်နိုင်လို့ တည်းခိုခန်းမှာ ညီအစ်မတွေ သွားတည်း
ကြတာ…၅နာရီ ခရီးဆက်ထွက်မယ်ဆိုလို့ မနက် ၄း၃ဝလောက် ကိုယ့်အထုပ်ကိုယ်ဆွဲပြီး
ခပ်လှမ်းလှမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို လမ်းလျှောက်သွားကြတာ…လူရှင်းရှင်း၊
လမ်းရှင်းရှင်း၊ဖြူးဖြူးသန့်သန့်၊လေအေးအေးမှာ အထုပ်ဆွဲသွားရတဲ့ feeling တစ်မျိုးကို
ကြည်ကြည်လင်လင် ခံစားနေတုန်း အရှေ့လမ်းတည့်တည့်ကနေ အရှိန်ပြင်းနဲ့မောင်းလာ
တဲ့ ဆိုင်ကယ်က နောက်ထိုင်ခုံက သကောင့်သားက အနားလည်းရောက်ရော
‘ ကောင်မတွေ စောစောစီးစီး ဘယ်သွားကြမလို့လဲ ‘ ဆိုပြီး အသံကျယ်နဲ့ လှမ်းအော်သွား
ပါတယ်…ပြောသွားတဲ့ပုံက သင်းလို့ အားလုံး ရိုင်းလိုက်ကြတာလို့ ပြောမိလိုက်ကြတယ်…
ရေမိုးချိုး၊သေသေသပ်သပ်၊လုံလုံခြုံခြုံဝတ်စားပြီး ထွက်လာကြတာပါ…သုံးလိုက်တာက
မိဘတောင် ကိုယ့်မပြောတာလေ…တောင်ကြီးကို ချစ်သွားတဲ့စိတ်တောင် နည်းနည်းလျော့
သွားတယ်….သူငယ်ချင်း တောင်ကြီးသူကို ပြန်ပြောပြတော့…မြို့ခံတွေ မဟုတ်ဘူးထင်တယ်
တောင်ကြီးသားတွေက အဲ့ဒီလို မဟုတ်ဘူး… မရိုင်းကြပါဘူးတဲ့..
candle .
October 19, 2012 at 5:37 pm
လက်ဆော့တဲ့ ကိုပေါက်ကို အားပေးသွားပါတယ်..
နံပါတ်တစ်ကို အကြိုက်ဆုံးပါ..
ကိုပေါက်(မန္တလေး)
October 19, 2012 at 6:07 pm
နံပါတ်တစ်ပုံက တောင်ကြီး ရဲ့မြို့လည်လမ်းမကြီး မှာရှိတဲ့ အလွန်ခန့်ငြားတဲ့ ဇရပ်ကြီးကို မနက်ဝေလီဝေလင်းမှာရိုက်လာတာပါခင်ဗျာ
ရဲစခန်းနဲ့မျက်နှာခြင်းဆိုင်လမ်းအရှေ့ဘက်တန်းမှာပါ
Fall Guy
October 19, 2012 at 7:49 pm
တောင်ကြီး က မမလျောင်ကီးနဲ့မတွေ့ခဲ့ဘူးလားကိုပေါက်….။
တွေ့ရင်လက်ဆော့…အဲ့မှားလို့…..ဓါတ်ပုံရိုက်ခဲ့ပါလို့……။
ကိုပေါက်(မန္တလေး)
October 20, 2012 at 9:29 am
မလျောင်ကီးလဲမတွေ့ဘူး ရွာထဲက တောင်ကြီးသူားတွေက ရန်ကုန်ရောက်နေကြတယ်ဗျာ
aemoshu
October 20, 2012 at 3:26 pm
ပုံတွေအားလုံးကိုအရမ်းကြိုက်ပါတယ် … ဒါပေမယ့် ပုံ ၄ ကိုကြည့်လိုက်တာ နာဂစ်ကိုသွားသတိရလိုက်မိတယ် …