ပြာပြာလွင်လွင် တောင်ကြီးတစ်ခွင်




















“ပြာပြာလွင်လွင်တောင်ကြီးတစ်ခွင်”
တောင်ကြီးဈေးအနောက်ဖက်နားကနေပြီး အေးသာယာဘက်ကို မြို့ပါတ်ကားနဲ့ထွက်ခဲ့ပါတယ်။.
ကားထဲကနေထိုင်ရင်းခေါင်းထွက်လို့ အဆင်းလမ်းကို တကြည့်ကြည့်နဲ့ပေါ့။
ဓါတ်ပုံရိုက်ဘို့ဘယ်နေရာကောင်းလဲလို့ရွေးရင်းပေါ့။
တောင်အဆင်းလမ်းတနေရာမှာရေတံခွန်အသေးလေးတွေ့ပေမယ့် မဆင်းမိ။
ကိုယ်တကယ်သွားချင်တဲ့နေရာက ရေတံခွန်အကြီးနှစ်ခုနဲ့နီးတဲ့နေရာကိုပါ။
အဲဒီကိုသွားမယ်ဆိုရင် စိုက်ပျုးိရေးခြံနားကို ဆင်းမှ တောင်တက်လမ်းကို ပြန်တက်လို့ရမှာပါ။
လမ်းမှာရိုက်ဘို့ကောင်းတဲ့နေရာလေးကိုစိတ်နဲ့မှတ်။
စိုက်ပျုးိရေးခြံနားကိုရောက်တော့ ကားကဆင်း။
လမ်းမှာရိုက်ဘို့တေးထားခဲ့တဲ့နေရာကို ပြန်သွားပါတယ်။
အဆင်းလမ်းကိုပြန်တက်သပေါ့။
အဲဒီလမ်းမှာ ပြာလွင်နေတဲ့ကောင်းကင်ကြီးနဲ့ ညို့မိူင်းတဲ့တောင်များရဲ့နောက်ခံပန်းချီကားတွေကိုအရအမိရိုက်ပြီး
ပြန်ဆင်းလာခဲ့ပါတယ်။
နောက်နေ့ နေ့လည်ခင်းတည်းခိုခန်းခေါင်မိုးကိုတက်အကြည့် တိမ်ညိုနဲ့တိမ်ပြာရောယှက်လို့
တောင်ကြီးမြို့ကြီးကို လွမ်းခြံထားတာကိုတွေ့ရပါတယ်။
နောက်စွယ်တော်စေတီရောက်ပြန်တော့လဲ ပြာလွင်တဲ့ကောင်းကင်ကိုတွေ့ရ။
ကျနော်မရောက်ခင်ရက်က တောင်ကြိးမှာမိုးမပြတ်ဘူးလို့သိရပါတယ်။
ကံကောင်းတော့ မိုးတွင်းမှာ ပြာလွင်တဲ့ကောင်းကင်အောက်က တောင်ကြီးမြို့ကို မြင်ခွင့်ရခဲ့ပါတယ်.
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(23-10-2012)
6 comments
Khaing Khaing
October 23, 2012 at 10:13 am
လွတ်လပ်တဲ့သူတွေကျတော့ မြန်မာပြည်ရဲ့အလှတရားတွေကို ခံစားနေကြတာ အားကျလိုက်တာ ……
စိန်ဗိုက်ဗိုက်
October 23, 2012 at 11:18 am
အိမ်း..
ဂလို မြင်ဂွင်းတွေ မမြင်ရတာ နှစ်ငါးဆယ်တိုင်ခဲ့ပြီ
တစ်ကြိမ်မတော့ မစ္စပြုတ်မလေးနဲ ့ တောပတ်တောင်ပတ် ဟန်းနမွန်းထွက်ဖြစ်ဦးမှာပါလေ..
kyeemite
October 23, 2012 at 11:48 am
တောင်ကြီးရောက် လျှောင်ကီးပေါက် ခင်ဗျား…
ဓါတ်ပုံတွေတွေ့တိုင်း မျက်ရည်ဝိုင်းနေရပါတယ်(ခရီးသွားချင်လို့)
အားပေးလျှက်ပါ ဆရောက်ပါ….
:hee:
Ma Ei
October 23, 2012 at 3:38 pm
တောင်ကြီးတစ်ခေါက်ပြန်လို့
တိမ်ကြည့်ခရီး ထွက်ချင်လိုက်တာနော်…
ကိုပေါက်(မန္တလေး)
October 23, 2012 at 4:02 pm
လောလောဆယ် ကံကောင်းနေသေးလို့လျောက်သွားခွင့်ရနေတာ။
ဒီပိုစ်နံမယ်ပေးတာတောင်မှားသွားတယ်
မိူင်းညို့ညိုလို့ပေးရမှာ ပြန်ကြည့်တော့ တိမ်တွေက မိူင်းနေတယ်
Hnin Hnin
October 23, 2012 at 4:49 pm
‘တောင်ကြီးမြို့နဲ့ တိမ်မြင့်မြင့်’ လည်း ပါသနော်….
ပြာလွင်လွင်ပဲဖြစ်ဖြစ်၊မှိုင်းညို့ညို့ပဲဖြစ်ဖြစ် အကုန်ကြည့်ပါတယ်ဗျို့….