ငါတို့မှာလဲ အဘိုးရှိတယ်
တစ်ခါက မြို့တစ်မြို့မှတစ်မြို့ အထမ်းနဲ့ လည်ပြီး ဦးထုုပ်ရောင်းသူတစ်ဦး
လမ်းခုလတ်မှာ သစ်ပင်ကြီးအောက် အနားယူရင်းအိပ်ပျော်သွားတယ်။
ပြန်နိုုးလာတော ့သူ့ရဲ ့ ဦးထုပ်တွေ ပျောက်နေလို့ လိုက်ကြည် ့တော ့
သစ်ပင်ပေါ်က မျောက်တွေက တစ်လုုံးစီယူထားတာတွေ ့ရတော ့
ဘာလုပ်ရမှန်းမသိဖြစ်ပြီး စိတ်ညစ်လိုု ့သူဆောင်းထားတဲ့ ဦးထုပ်ကိုု
လိုက်ဆောင်းတယ်။ ဒီမှာတင် သူသတိထားမိပြီး သူဆောင်းထားတဲ ့
ဦးထုပ်ကိုုမြေပြင်ကိုချလိုက်တော ့မျောက်တွေအားလုုံးလဲ လိုက်ချတယ်။
ဒီတော ့မှသူ ့ရဲ ့ဦးထုပ်တွေကိုု ပြန်ကောက်ပြီးခရီးဆက်ခဲ့တယ်။
ဒီလိုနဲ့ နှစ်ပေါင်းအတော်ကြာပြီးထိုုသူရဲ့မြေးလက်ထက်ထိဒီအလုုပ်နဲ့ဘဲ
အသက်ဆက်မွေးခဲ့တယ် ။ သူ ့မြေးကိုုသူ့ရဲ့အတွေ့အကြုံတွေလဲပြောထားတယ် ။
မြေးအလှည့်ရောက်တော့လဲ အထက်မှာဆိုုခဲ့တဲ့အတိုုင်း ထပ်ဖြစ်တယ်လေ။
ဒီတော့အဘိုုးပြောထားတဲ့အတိုုင်းလိုက်လုပ်တော ့မျောက်တွေလဲသူလုပ်သလိုု
လိုုက်ပြီးလုုပ်ကြတယ်။ နောက်ဆုုံးကျတော့မှဆောင်းထားတဲ့ဦးထုပ်ကိုုပစ်ချလိုက်တော ့မှ
သစ်ပင်မှာကွယ်ပြီးစောင့်နေတဲ့မျောက်တစ်ကောင်က သူပစ်ချလိုုက်တဲ့
ဦးထုုပ်ကိုပြေးကောက်လိုက်ပြီး စကားတစ်ခွန်းပြောလိုက်တာက
“ ငါတို ့မှာလဲအဘိုးရှိတယ် ” တဲ့
19 comments
etone
October 15, 2012 at 12:23 pm
အဟီးးးးးးးးးး ရယ်ရတယ် …. :harr:
ကိုThu Waiရေ …. သူတို့ အဘိုးတွေတိုင်းက တာဝန်ကျေပြီး … လက်ဆင့်ကမ်း သင်ပေးသွားတယ် … တချို့ တချို့တွေကျတော့လည်း … ဆရာစား ချန်လွန်းလို့ နောင်လာ နောက်သားတွေခေတ်မှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ …. မလုပ်တတ်မကိုင်တတ်ဖြစ်နေရရှာတယ် …. ဟီး
Thu Wai
October 15, 2012 at 12:32 pm
ဒေါ်အိတုံး ရေ အဘိုးတွေဘာတွေရှိသေးရင်မေးစရာရှိတာမေးထားနော်
လုံမလေး မွန်မွန်
October 15, 2012 at 1:11 pm
တကယ်ဆို ဦးထုပ်သည်အဘိုးက အိပ်မပျော်ခင်မှာ ဦးထုပ်တွေကို မျောက်တွေမခိုးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ သင်ပေးခဲ့သင့်တာ… ခိုးရာလက်က ပြန်လုတာထက်စာရင်ပေါ့….
Thu Wai
October 15, 2012 at 1:16 pm
အော် ဟာသ ပါဆိုမှ သူကလဲ တစ်မျိုး အတည်ပေါက်နဲ့လာမစားနဲ့နော်
လုံမလေး မွန်မွန်
October 15, 2012 at 2:09 pm
တိဝူးလေ… ပို့စ်တွေထဲမှာက ဟာသလိုလိုနဲ့ သဘောတရားလေးတွေ ထည့်ထားတတ်တော့ ကိုယ်က ဟာသထင်ရင် ဟာသမဟုတ်လိုက် ဆိုတော့ အဲ့လိုပဲ ထင်တာပေါ့.. ဟာသဆိုတော့လည်းပြုံးသွားပါတယ်ရှင်… :kwi:
မဟာရာဇာ အံစာတုံး
October 15, 2012 at 1:31 pm
အံစာမျောက်ဂျီးဂဒေါ့ ခုလို အော်လိက်ဒယ်ဒဲ့ …
နာ့မှာ ..
မောင်ပေနဲ့ စိန်ဗိုက် ချိဒယ် ….
:kwi:
ကိုခင်ခ
October 15, 2012 at 1:32 pm
အော် ဟာသ ပါဆိုဘဲ ဒါဆိုထင်မြင်ယူဆချက်တွေ မမန့်တော့ဘူး ကိုသုဝေရေ။
ပြုံးမိပြီး သွားပြီ။
ရွှေ ကြည်
October 15, 2012 at 2:21 pm
မိရွှေကြည်မှာ အဘရှိတယ် (အရင်က) :byae:
ရယ်မောသွားပါတယ်ကိုသုဝေရေ။
jullies cezer
October 15, 2012 at 2:53 pm
ဒါဆို လူကမျောက်ကဆင်းသက်လာတာ ဟုတ်နေပြီပေါ့ လူထက်က မျောက်ကပိုသိနေတယ်ဆိုတော့
မောင်ပေ
October 15, 2012 at 4:40 pm
ကျုပ်မှာတော့ အဘိုးအရင်း အဖွားအရင်းတွေ မရှိကြတော့ဘူး
မဟာရာဇာ အံစာတုံး
October 15, 2012 at 4:53 pm
ဒါက ..
ကျုပ် ပေါဒဲ့ အဘ တစ်ယောက်ပဲ ..
:kwi:
ကြောင်ဝတုတ်
October 15, 2012 at 4:48 pm
ရယ်စရာဆိုတော့ ရယ်စရာလိုပဲတွေးဖတ်ပါတယ်… ဒါပေမယ့် နောက်ကွယ်ကအနှစ်သာရကိုတော့ဖြင့်… ဖုန်းကွယ်မရနိုင်ပေဘူး…
မျောက်ဟုပင်ဆိုစေကာမူ… အဘိုးလက်ထက်က အမှားတစ်ခုကို၊ တနည်းအားဖြင့် သမိုင်းရဲ့အမှားတစ်ခုကို သိပြီးပြင်နိုင်ရင်…
တိုးတက်မှုကို ဖြစ်စေတယ်… အဲဒီတော့ မျောက်ကို ချီးကျူးပါတယ်…
ဦးထုပ်ရောင်းသူကိုတော့ဖြင့် အတိတ်ကရွှေထီးဆောင်းခဲ့တာတွေကို သတိရပြီးတိုးတက်အောင်မကြိုးစားခဲ့သူလို့ပြောချင်ပါတယ်…
အဘိုးသင်ပေးခဲ့တဲ့နည်းလမ်းကို ပိုတိုးတက်အောင် မဆောင်ရွက်နို်င်တဲ့အတွက် သမိုင်းပေးတာဝန်မကျေသူလို့ ခံစားရကြောင်း…
ကျောင်းသင်ခန်းစာတွေကို အဲလိုဝေဖန်ဖူးသူတစ်ယောက်-
ကြောင်ဝတုတ်
အရီးခင်လတ်
October 15, 2012 at 5:32 pm
ကြောင်ဝလေး ရေ ဒီ မှတ်ချက်လေး အတွက် ဦးညွတ် သွားပါတယ်ဟေ့။ :hee:
သမိုင်း ဆိုတာ သင်ခန်းစာယူဖို့။
အသေအချာပါဘဲ။
နောက် တစ်ခု ချီးခြောက်ရေနူးဖို့လဲ မဟုတ်။
Guest
October 16, 2012 at 11:27 pm
မျောက်လည်းတော်သလို ဦးထုပ်ရောင်းတဲ့ လူလည်း မဆိုးပါဘူးဗျ.. ခုရောင်းနေတာက ဂျော်ဒါးနိုး၊ နိုက်ခ်၊ အက်ဒီးဒက်စ် ဦးထုပ်တွေလေ.. ဟုတ်တယ်နော် ဦးသုဝေ..
padonmar
October 16, 2012 at 7:17 am
ကြောင်ဝတုတ်ပြောတဲ့အတိုင်းပါဗျို့(အပါးခိုတာ)
Who move my cheese ?တောင် သတိရမိတယ်။
လယ်ထွန်Z
October 16, 2012 at 7:32 am
အိုင် မုဗ် ယွာ ချိစ့်
http://www.amazon.co.jp/Moved-Your-Cheese-Darrel-Bristow-Bovey/dp/1843301652
ခိခိ
ပျောချင်ပါဝူးဂျာ ..သဂျီးတို့ဆီက လူလည်ရီးတေ တော်ကီ ကောင်းပုံများ…
သများတို့လို ငတိတေများ မျက်ချိကို လည် … လို့ …
:kwi:
လယ်ထွန်Z
October 16, 2012 at 7:34 am
http://www.amazon.com/Whose-Cheese-Can-I-Move/dp/9812445056
ဟောဒါလေးနဲ့ တွဲစားရင် ပို သွက်သွက်ခါမယ် …
အာ ..ဟိ..
:harr:
အိုဘယ့် ကကြောင်ဝတုတ်ရဲ့…
ကြောင်ကြီး
October 16, 2012 at 9:51 am
အဖိုး
ပုဆိုး
ကတိုး
မရိုး
တံပိုး
အကျိုး
နွားသိုး
သူခိုး..။
Mobile
December 12, 2012 at 5:08 pm
သင်ခန်းစာ ယူမိပါတယ်။
လူတိုင်းမှာ အဖိုးရှိတာ မှန်ပေမယ့်
အခုလို ပညာပေးခဲ့တဲ့ အဖိုးရှိဖို့ လိုအပ်ပါကြောင်း ………