“တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက……………………”
“တောင်သမန်အင်းရဲ့အရှေ့ဖက်ခြမ်းက ………………ံ”
ရတနာပုံတက္ကသိုလ်ရဲ့ရှေ့ကဖြတ်ပြီး အနောက်ဘက်လမ်းကလေးအတိုင်းလာခဲ့ကြပါတယ်။
လမ်းကလေးက သစ်ပင်တွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။
အချိုးအကွေ့လေး နှစ်ကွေ့လောက်ကွေ့ပြီးတဲ့အခါ စည်ကားလှတဲ့ဈေးဆိုင်တန်းတွေကိုမြင်ရ။
ကျနော်ဒီနေရာလေးကိုမရောက်တာလေးနှစ်လောက်ရှိပါပြီ။
အရင်က အကြော်ဆိုင်လေးတစ်ဆိုင်နှစ်ဆိုင်နဲ့ချောက်တီးချောက်ချက်။
အခုတော့ အလွန်အမင်းစည်ကား။
ဆိုင်ကပ်အပ်ဘို့ ဆိုင်ကလဲ အဆင်သင့်။
တစ်စီးမှာငါးရာထဲပါ။
ဆိုင်ကယ်အပ်ခကိုဘိုသော့ကပေးလိုက်ပါတယ်။
အနောက်ဘက်တံတားရှိရာကိုဆင်းလိုက်တဲ့အခါရေပြင်ကြီးကိုမြင်ရပါတယ်။
ဟိုအရင်က ကမ်းစပ်မှာထိုင်စားဘူးခဲ့တဲ့အကြော်ဆိုင်လေးတွေလဲရေမြုတ်လို့နေ။
တံတားပေါ်ရောက်ရောက်ခြင်း ရွှေရောင်လက်နေတဲ့ရေပြင်ကို တစ်ချက်ဆွဲလိုက်ပါတယ်။
တံတားပေါ်မှာလူအပြည့်။
ရေထဲမှာတော့ “ငှက်”လေးတွေက လူးလာခတ်။
ကျန်တဲ့အရပ်တွေမှာတော့ လှေလို့ခေါ်ပေမယ့် ဒီအရပ်မှာတော့ “ငှက်”လို့ခေါ်ပါတယ်။
သာမန်လှေတွေနဲ့မတူ လှေဝမ်းက ခပ်ကားကား။
လူတစ်ယောက်ထဲက လှေဝမ်းအလည်ခေါင်မှာရပ်လို့ တက်နှစ်ချောင်းနဲ့တစ်ပြိုင်တည်းလှော်ပါတယ်။
လှေသမှားကိုလဲ ငှက်သမားလို့ခေါ်ပါတယ်။
တံတားပေါ်လဲရောက်သွားရော ဘိုသော့နဲ့ကျနော် တစ်ကွဲတစ်ပြားစီ။
ဦးပိန်တံတားအကွေ့လေးကို လိုချင်တော့ တံတားဘောင်အစွန်းထွက်နေတဲ့နေရာလေးမှာ ခြေတစ်ဖက်တင်
တိုင်လုံးကို လက်ကဖက်လို့အဆန်းထွင်ရိုက်နေတဲ့ကျနော်ကို
“ကိုပေါက်လိမ့်ကျမယ်နော်”လို့စိတ်မချစွာနဲ့လှမ်းအော်တဲ့ဘိုသော့နဲ့ကျနော် သိပ်မကြာခင်မှာ
ကိုယ့်အာရုံနဲ့ကိုယ်တစ်ကွဲတစ်ပြားစီဖြစ်သွားပါတယ်။
တိမ်တွေရိုက်။
ငှက်တွေရိုက်။
တံတားကိုရိုက်။
ရေပြင်မှာနေခြည်အကျကိုရိုက်။
ငှက်အပျော်စီးသူတွေကိုရိုက်။
ရိုက်………ရိုက်…….ရိုက်။
အတော်လေးကြာမှ လူချင်းပြန်ုဆုံ။
တစ်ယောက်နဲ့တစ်ယောက် စိတ်ကျေနပ်စွာရလိုက်တဲ့ပုံလေးတွေကို
ပြန်ပြကြ.။
တစ်ယောက်ရလိုက်တဲ့လှသောပုံကို တစ်ယောက်က မုဒိတာပွားလို့ စိတ်ချမ်းသာခဲ့ရတဲ့ညနေခင်းလေးပါဘဲ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(4-10-2012)
9 comments
Thu Wai
October 15, 2012 at 11:10 am
2003 လောက်မှာမန်းကို အလည်လာတော့ ရတနာပုံတက္ကသိုလ်နားမှာ ထန်းရည်သောက်တယ် ဦးပိန်တံတားကိုဖြတ်လာပြီး ဒီဘက်မှာ ဝီစကီနဲ့ ငါးကြော်နဲ့ ထပ်ကစ် ပြီးတော့ အမရပူရ က တည်းတဲ့အိမ်ကိုအပြန်မှာ အဲဒီနားက ဆိုင်မှာ ရှက်ကီထပ်ထုပြီး ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင်လမ်းဆုံကနေ ဟစ်ခဲ့ဘူးတယ် အချိန်ရင်တော့ ဆောင်းတွင်းတစ်ခေါက်လောက်လာလည်ချင်သေးသဗျို့
ရွှေ ကြည်
October 15, 2012 at 2:33 pm
အချုပ်တန်းဆရာဖေ ရောက်နေပါလားဟရို့ :harr:
captainamerica
October 15, 2012 at 12:11 pm
ထုံးစံအတိုင်းပုံတွေမသာွးဘီ ကိုပေါက်ရေ :kwi:
Ma Ei
October 15, 2012 at 12:19 pm
ငှက်အပျော်စီးသူတွေကလည်း
ဓါတ်ပုံရိုက်တာ သဘောကျနေပုံဘဲ…
….တံတားဘောင်အစွန်းထွက်နေတဲ့နေရာလေးမှာ ခြေတစ်ဖက်တင်
တိုင်လုံးကို လက်ကဖက်လို့အဆန်းထွင်ရိုက်နေတဲ့ကျနော်….
အဲ့ပုံကို ဘိုသော့က ရိုက်ထားရမှာ…
ရွှေ ကြည်
October 15, 2012 at 2:39 pm
လေးပေါက် အဆန်းထွင်ရိုက်ထားတာ နံပါတ် 7 လား..။
7 နဲ့ 10 ကိုကြိုက်ဆုံး လှေပေါ်ကကောင်မလေးတွေကချစ်စရာလေးတွေ။
မောင်ငယ်အံစာ မင်းဖေဂျီးကိုပေါက်က မင်းအတွက်ရှာပေးထားတာလားမသိ :harr:
ကိုပေါက်(မန္တလေး)
October 15, 2012 at 4:36 pm
ဟုတ်ပ၏ ပုံအတော်များများမှာ တန်းလေးပေါ်ကရိုက်တာ
aemoshu
October 15, 2012 at 5:10 pm
တောင်သမန်ကို မိုးတွင်းတခါမှမရောက်ဖူးဘူး … အကြော်တဲတွေရေမြုပ်ကုန်တယ်နော် … ၁၃ ကိုကြည့်ရင်းနဲ့ ဘာကိုလွမ်းလို့လွမ်းမိမှန်းကိုသိဘူးလေးပေါက်ရေ ..။
ဂန္ဓာရီ ဆြာအုပ်
October 15, 2012 at 5:55 pm
ကိုပေါက်ရေ.. ၃ နဲ့ ၁၃ အရမ်းလှတယ်ဗျိူ့.. ပြေးပြီးတောင်ရိုက်ပစ်လိုက်ချင်တယ်ဗျာ..
ဪ ဒါ့ထက်. ဒီလ ထဲ မန်း ကိုရောက်မလားမသိဘူးဗျ.. ဒီဇင်ဘာ လဲရောက်မယ်.. လာရင်
ဦးပိန်မှာ ဇိမ်ကျ ကြရအောင် ဗျို့
မောင်ပေ
October 15, 2012 at 9:53 pm
နံပါတ်၆ ပုံကို ကြိုက်တယ်ဗျို ့
တောင်းရမယ့် ပုံတွေ များနေပြီ
ဒါပေမယ့် မတောင်းပါဘူးဗျာ
ထီပေါက်မှ ဈေးကောင်းပေးဝယ်ပါ့မယ်