အောက်ခြေကခိုက်နေတဲ့ အမှိုက်တွေ

စစ်ကိုင်းမြို ့ဗိုလ်ချုပ်ပန်းခြံအနီးရှိ လဝကရုံး(ခရိုင်ရုံးမဟုတ်မြို ့နယ်ရုံး)မှ ဒေါ်အေးအေးခိုင် ဆိုသူသည် ဆင်းရဲသားတောသူတောင်သားများကိုပင်အလွတ်မပေးပဲ ဗြောင်ပင်လာဘ်စား လျက်ရှိပါသည်။နိုင်ငံတော်မှ အလကားနီးပါးနှုန်းနှင့်မှတ်ပုံတင်များပြုလုပ်ရန် ညွှန်ကြားသော် လည်း ဒေါ်အေးအေးခိုင်သည် စစ်ကိုင်းမြို ့နယ်လယ်ကြီးရွာမှ တောင်သူနှစ်ဦးမှတ်ပုံတင်သွား လုပ်ရာ တစ်ဦးလျှင် ၁၁၀၀ဝကျပ်နှုန်းတောင်ယူသည်။တောသူများဖြစ်၍ မရှိသည့်ကြားမှ ဖြစ် အောင်ပေးခဲ့ရကြောင်း၊ညွှန်ကြားချက်အရ ရွာများဆင်းလုပ်ပေးရလျှင်လဲ တာဝန်ကျေရုံသာ လုပ်၍ ရုံးလာရန်ခေါ်တတ်ကြောင်းသိရသည်။ အလားတူထိုရွာမှ သားအမိနှစ်ယောက်အားရွာတွင်လာစဉ်ကတည်းကလုပ်မပေးပဲ ရုံးခေါ်၍ သွားလုပ်ရာတွင် သူတို ့သည်မန္တလေးမှ အိမ်ထောင်စုဇယားပြောင်းဖြစ်၍ ဖုန်းဆက်ရမည်ဆိုကာ တဦးလျှင် ၅၀၀ဝနှုန်းတောင်းပါသည်။ဖုန်ဆက်ခသာဖြစ်၍ မှတ်ပုံတင်အတွက်မပါသေးပါ။အ ဆိုပါအမျိုးသမီးကြီးက ၇၀၀ဝကျပ်သာပါ၍၇၀၀ဝနှင့်လုပ်ပေးရန်တောင်းပန်ရာ မန္တလေးကိုယ် တိုင်သွားတော့ဟုဆိုသဖြင့် သားအမိနှစ်ယောက် ပင်ပန်းဆင်းရဲစွာဖြင့် သွားရပြန်ပါသည်။ မန္တလေး ဘုရားကြီးနားမှ လဝကရုံးတွင်လည်း ဝင်ဝင်ချင်းစားပွဲရှိ ဝန်ထမ်းမှ မိတ္တူကူးခ ၁၅၀ဝပေးရမည်(အမျိုးသမီးကြီးတစ်ဦးတည်း အတွက်သာ)ဆိုသဖြင့် ၂၀၀ဝပေးရာ “ဒါလေး တောင်မသိဘူးလား စစ်ကိုင်းရုံးကမမှာလိုက်ဘူးလား”စသည်ဖြင့် ဟိန်းဟောက်တောင်း၍ ၃၀၀ဝကျပ်ပေးလိုက်ရပြန်သည်။နောက်ဆုံးလွှဲစာရပြန်တော့လဲ ပိုက်ဆံကုန်လူပန်းဖြစ်သွား သဖြင့် ယခုအချိန်ထိ မိမိအတွက် မှတ်ပုံတင်သက်တမ်းမတိုးရသေးသလို သမီးလဲ မှတ်ပုံတင် လုပ်မပေးရသေးကြောင်း ပြောရှာပါသည်။ အဆိုပါအမျိုးသမီးကြီးမှ မိမိသားကြီးအတွက် မှတ်ပုံတင်သက်တမ်းတိုးရန်တုန်းကလည်း လွှဲစာတွင် ပြီးစလွယ်ဖြင့်ရေးပေးလိုက်ရာ ဝ နှင့် ၁ မှားရေးပေးလိုက်၍ အချိန်ကုန်ငွေကုန် လူပန်းဖြင့် အခေါက်ခေါက်သွားခဲ ့ရသေးကြောင်းပြောပါသည်။ မိမိတို ့တောသူတောင်သားများမှာ အလုပ်ပျက်ပြီးအချိန်ကုန်ငွေကုန် လူပန်းသွာရောက် ရပြီး တခါတလေ ဦးစီးမှူးမရှိလို ့ ဘာလို ့ ဆိုပြီးပြန်ခဲ့ရရင် ဒုက္ခရောက်ကြောင်း၊နိုင်ငံတော် အနေဖြင့် အထက်ပါ ဝန်ထမ်းဆိုးများအားဖယ်ရှား၍ဆင်းရဲသားများ အဆင်ပြေမှုကို ဂရုပြု စေလိုကြောင်း၊မိမိပြောကြားချက်များ အမှန်ဖြစ်ပြီး အချိန်မရွေး စစ်ဆေးခံနိုင်ကြောင်း ရင် ဖွင့်သွားပါသည်။ နိုင်ငံတော်မှ စစ်ဆေးအပြစ်ပေးစေလိုပါသည်။ အချိန်မရွေး စစ်ဆေးနိုင်ပါသည်။

8 comments

  • jullies cezer

    October 17, 2012 at 5:00 pm

    ပါးစပ်ကတော့ပြောင်းပြီပြောင်းပြီအော်နေပါရဲ့အပေါ်ပဲပြောင်းပြီးအောင်မှမပြောင်းသေးတာကို ………

  • jullies cezer

    October 17, 2012 at 5:02 pm

    ပါးစပ်ကတော့ပြောင်းပြီပြောင်းပြီအော်နေပါရဲ့အပေါ်ပဲပြောင်းပြီးအောက်မှမပြောင်းသေးတာကို ………

  • အောက်ကမပြောင်းဘူးဆို တာကို ကျနော်တို့ခင်ဗျားတို့ က သတ္တိရှိရှိ တုန့်ပြန်ဘို့လိုတယ်။
    ဒါပေမယ့် ကိုယ့်ဘက်ကလ ဲ မှန်ကန်မူ့ရှိဘို့တော့လိုမယ်

  • ဦး ဂျစ်

    October 17, 2012 at 6:56 pm

    ဟူးးးး…

    ပြည်သူတွေ အတွက် နောက်ဒုက္ခ တမျိုးလာပြန်တော့မယ် ….

    အိုင် အို မက် ထ ရစ် တက္က နို လော် ဂျစ် ကယ် နည်းစနစ် သုံးထားတဲ့

    ဇီဝ လုံခြုံရေး စံနစ်သုံး ပတ်စ်ပို့ နဲ့ မှတ်ပုံတင်တွေ ပတ်စ်ပို့ တွေ လာတော့မယ်တဲ့

    လဝက က ဘယ်လို ပုံစံနဲ့ လုပ်စားမလဲ ဆိုတာ ကြိုစဉ်းစားရင်းနဲ့ လေတယ်ဗျာ …။

    :kwi:

  • မောင်ပေ

    October 17, 2012 at 7:23 pm

    အခုတစ်လောဗျာ
    ရပ်ကွက်ဥက္ကဌတွေ ၊ ဆယ်အိမ်ခေါင်းတွေ အရမ်းပါဝါပြနေကြတာ ၊ မန်းတလေးက ရပ်ကွက်တိုင်းလိုလိုပါကလား

  • ဒုတ်ထိုး

    October 17, 2012 at 7:40 pm

    သူရို့က ဟိုးအရင်ကထက် ပါဝါ မြင့်သွားတယ် ကြားမိပါတယ် ၊
    ဟိန်းလိုုက် ဟောက်လိုက်နဲ့ ၊ လုပ်ပိုင်ခွင့်တွေ အရမ်းကောင်းသွားတယ် ဆိုလား ။

    • နေဝန်းနီ

      October 17, 2012 at 8:31 pm

      လုပ်လိုက်ကြပေါ့ ……..တော်တို့ခေတ်ကိုးးးးးးးး :kwi:

  • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

    October 18, 2012 at 3:31 pm

    အင်းးးးးးးး ခေတ်ပြောင်းလို့ အလကား ဆိုတုန်းက … တစ်သောင်းပေးနေရသေးတာ ။
    ကိုယ်တွေ လုပ်တုန်းက မှတ်တောင်မမှတ်မိဘူး …… ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ … မူးနောက်လောက်အောင် စားပွဲ စုံထိပေးကမ်းပြီးမှ … အဆင်ပြေခဲ့ပါတယ် ။

    ဒါတောင် .. စာရေးမက အိပ်ငိုက်ပြီးရေးတာ ၊ မွေးသက္ကရာဇ်မှားသွားတယ် ။ revised လုပ်တာကလည်း ခဲဖျက်နဲ့ ဖျက်ပေးလိုက်တယ် ။ လက်မှတ်ထိုးခိုင်းတော့ မှတ်ပုံတင်ပေါ်မှာ လက်မှတ်ထိုးတာ မရှိဘူး ဆိုပြီး ရပါတယ် ဘာညာနဲ့ ချွေးသိပ်လွှတ်လိုက်တယ် ။ ပြသနာက ပက်စ်ပို့စ်ရုံးရောက်တာ့ ပြင်ထားပါတယ် အရစ်ခံရတာပါပဲ ။
    ဒါနဲ့ နှစ်တွေ အတော်ကြာမှ လဝကကို တခေါက်ပြန်သွား မှန်ကန်ကြောင်းထောက်ခံစာပြန်လုပ်နဲ့ အလုပ်တွေလည်း ရှုပ်သွားခဲ့ပြီး မှတ်ပုံတင် အသစ်ပြန်လဲပေးဖို့ လုပ်ခဲ့ပါတယ် ။အချဉ်ပေါက်လို့ ရေမလောင်းတော့ ၊ ကဒ်သစ်ရမယ့်နေ့ ဟိုချိန်း ဒီချိန်း လုပ်ပါရောလား ။ … ဒါနဲ့ပဲ .. ကျွန်မလည်း ဖျက်ရာပါတဲ့ ကဒ်အဟောင်းလေးကိုပဲ ကိုင်ထားပြီး ကဒ်သစ်ကို သွားကိုမယူတော့တာ ယနေ့ထိဆိုပါတော့လေ …. :om:

Leave a Reply