လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ………………….
“13 လှသောယဉ်သော ညွတ်နူးဘွယ်ကောင်းသော တိမ် ”
ကလောကိုရောက်လို့ ဆိုင်ကယ်ဘီးပေါက်နေတာ ကို ကျွတ်အသစ်လဲလို့အပြီး
ကျနော်တွေ့ချင်တယ်ဆိုတဲ့ ကလောက ကုန်သည်ကိုဖုန်းဆက်တော့
ဟဲဟိုးရောက်နေတာ အခုပြန်လာနေပြီ အောင်ပန်းမှာဆုံမယ်ဆိုတာနဲ့ေ အာင်ပန်းကိုပြန်လာခဲ့ရပါတယ်။
အဲတော့ လမ်းမှာ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူးပေါ့။
ကုန်သည်နဲ့တွေ့ပြီးအလုပ်ကိစ္စတွေပြောကြတာ နေ့လည်2နာရီလောက်ရောက်သွားပါတယ်။
စကားလဲပြောပြီးရော ကောင်းကင်မှာတိမ်တွေကပြာနေလိုက်တာ အတော်လှ။
အဲဒါနဲ့ အောင်ပန်းကနေ ဟဲဟုိုးသွားတဲ့လမ်းဘက်ကိုထွက်ခဲ့ပါတယ်။
ဒီလမ်းပေါ်မှာ သာမိုင်းခမ်း(ရှေးက ရှမ်းစော်ဘွားတွေမြို့တည်ခဲ့တဲ့နေရာလို့ပြောပါတယ်)တံတားကို
ရောက်အောင်သွားလိုက်ပါတယ်။
အတော်လေးကိုလှပသော တိမ်တွေကို ပိုင်ဆိုင်ခွင့်ရလိုက်ပါတယ်။
ကျနော်ကံကောင်းလို့ပေါ့။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
အောင်ပန်း အောက်တိုဘာ 2012 18-10-2012
6 comments
Hnin Hnin
October 30, 2012 at 4:16 pm
တိမ်တွေကနေ အလင်းတန်းဖြာနေတာတွေ အရမ်းလှတာပဲ…
အလင်းမပွင့်တပွင့်လည်း လှတာပဲ…
♥♪♫..တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်..♥♪♫
♥♪♫….♪♫..မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ်..♪♫….♥♪♫
♥♪…ပျော်ရွှင်စရာလေးပေါ့ ချစ်တဲ့သူရယ်…♥♪
သီတင်းကျွတ်မို့လို့ ဆိုတာနော်…လေးပေါက်…
အဟဲ..တိမ်တွေကလည်း လှလွန်းလို့ပါ
kyeemite
October 30, 2012 at 6:55 pm
ကိုပေါက်ရေ..အဲဒီလိုတိမ်တိုက်တွေက
ရင်ထဲမှာသာ အချစ်ဖြစ်ပေါ်နေတဲ့သူဆို…
မျက်ရည်လည်းလယ်နိုင်ပါရဲ့..
ဟားတိုက်ပီးလည်းရယ်နိုင်ပါရဲ့…
ခံစားမှု့ပေါ်မူတည်လို့ပေါ့ဗျာ…
ကျနော့ရဲ့ ငယ်မူပြန်
ရည်းစားစာဆိုတာ…Letter of love(အရီးခင်လတ်နောက်လိုက်ခြင်း)
ဆိုတဲ့ပို့စ်မှာ…..
“မီး”
ခေါင်းကိုမော့လိုက်တယ်
ကောင်းကင်ကပြာလို့
ကြက်မတဝတ်စာတောင်
တိမ်တောင် တိမ်လိပ်တွေကရှိမနေခဲ့
ဆိုပီး ငယ်မူငယ်လက်နဲ့ရေးခဲ့သေးတော့.. …
လေးစားခင်မင်လျှက်.
ကြီးမိုက်။ :528:
ကိုပေါက်(မန္တလေး)
October 30, 2012 at 10:43 pm
တိမ်တွေက တကယ်ကိုလှသလို ကျနော်ကိုယ်တိုင်လဲတိမ်တွေကိုသဘောကျလို့တင်ပေးဖြစ်တာပါ
အရီးခင်လတ်
October 31, 2012 at 6:02 am
တိမ်တွေကို ခိုစီးသွားတယ်။ 😆
ရွှေ ကြည်
October 31, 2012 at 12:09 pm
ကောင်းကင်ကပြာလွင်လွင်
တိမ်တိုက်တွေကဖြူလွလွ
မြေနီလမ်းမှာကြွကြွရွရွလေးလျှောက်ရင်း
လွမ်းချင်းတွေဆိုညည်းလို်က်မယ်
မြက်ခင်းတွေရယ်နားထောင်ပေးကွယ်.. :harr:
ကိုပေါက်(မန္တလေး)
October 31, 2012 at 3:14 pm
မင်းလွမ်းတယ်ဆိုတော့
သနားလို့ဆိုပြီး
မြက်ခင်းကလေးတောင်
ဝိုင်းလို့ငို
သူမှာ မျက်ရည်တွေစိုလို့ ပေါ့ကွယ်