“ အောင်ပန်း မြို့မြောက်ဘက်က စိမ်းမြသောမြင်ကွင်းများ”

















“ အောင်ပန်း မြို့မြောက်ဘက်က စိမ်းမြသောမြင်ကွင်းများ”
(8-10-2012) နေ့ နေ့လည်ပိုင်းမှာတော့ ညနေ လေးနာရီလောက်မှာအလုပ်တွေပြီးသွားပါတယ်။
အဲတာနဲ့ အောင်ပန်းမြို့ ကနေ ပင်းတယဘက်ကိုသွားတဲ့မြိုမြောက်ဘက်လမ်းအတိုင်း သွားဘို့ဆုံးဖြတ်လိုက်ပါတယ်။
ကျနော်ထွက်လာတာလဲမြင်ရော ဟိုတယ်ရှေ့က ဆိုင်ကယ်ကယ်ရီကောင်လေးက
“လေးလေး သွားမှာလား”ဆိုပြီးရောက်လာတာနဲ့ ပင်းတယအထွက်လမ်းဘက်သွားမယ်ဆိုပြီး
ထွက်လာခဲ့ကြပါတယ်။
ဆို်င်ကယ်နောက်ကထိုင်ရင်း အပြန်လမ်းမှာ ရိုက်လို့ကောင်းမယ့်နေရာလေးတွေကို မှတ်လာပါတယ်။
မြို့ပြင်ကိုထွက်အလာလမ်းမှာတော့ ဟိုးရွာဘက်ကလူတွေ ဈေးအပြန် ဒေါ်လှကြီးပေါ်မှာတွေ့ရပါတယ်။
အတော်လေးသွားပြီးတဲ့အခါ လမ်းဘယ်ဘက်ခြမ်းမှာ အတော်လေး လှတဲ့ မြင်ကွင်းလေးကို မြင်ရတော့
ဆိုင်ကယ်ကိုရပ်ခိုင်းရပါတယ်။
ကျယ်ပြန့်တဲ့ ကောင်းကင်ပြာကြီးမှာ တိမ်လေးတွေကမလွင့်တလွင့်။
နောက်တစ်နေရာရောက်ပြန်တော့ စိမ်းလန်းသော စပါးပင်တွေနဲ့အလှဆင်ထားတဲ့တောင်ကုန်းမြင့်မြင့်။
အဲဒီကနေ ဆက်သွားရင်းလမ်းဘက်ဘက်ခြမ်းကိုကြည့်လိုက်တော့ ဟိုးရွာထဲကိုဝင်းတဲ့လမ်းကလေးကိုတွေ့ရတာနဲ့ ဆိုင်ကယ်ကို အဲဒီဘက်ကို ကွေ့ခိုင်းလိုက်ပါတယ်။.။
အဲဒီလမ်းကလေးထဲဝင်လိုက်မှ ထွန်ယက်နေတဲ့ တောင်သူတွေလဲတွေ့ရ။
လှပသော စပါးခင်းကြီးကိုလဲတွေ့ရ။
ထွန်ယက်လက်စ ယာခင်းတွေကိုလဲတွေ့ရနဲ့ အင်မတန်မှသာယာလှပတဲ့မြင်ကွင်းတွေကို
မြင်ရတဲ့ကျနော်မှာ တွေ့သမျှ လက်ဆော့လို့ မဝနိုင်အောင်ပါဘဲ။
ကိုပေါက်လက်ဆောင်မြန်မာပြည်ျမှအလှတရားများ
အောင်ပန်းခရီးစဉ် အောက်တိုဘာ 2012
19-10-2012
10 comments
ကိုပေါက်(မန္တလေး)
November 1, 2012 at 1:43 pm
ဒီပုံလေးကတော့ သုံးခါတောင်ပြန်တင်ရပါတယ်။
ပထမပုံအပြည့်မပါ။
ဒုတိယ စာအပြည့်မပါ
တတိယ ကော်မင်းပိတ်
ကော်နက်ရှင်ကြောင့်ဖြစ်နေတာ စိတ်လေစရာဗျာ။
Hnin Hnin
November 1, 2012 at 1:51 pm
ရသွားပြီ…. 🙂 … လယ်ကွင်းစိမ်းစိမ်းနဲ့ မျက်စိအားဖြည့်သွားပါတယ်…
စိမ်းတစ်ကွက်၊နီတစ်ကွက်မှာ သီးထပ်၊သီးညှပ်တွေလည်း စိုက်ထားတာ ထင်ရဲ့
ရွှေ ကြည်
November 1, 2012 at 1:53 pm
လေးပေါက် အလုပ်မှာ တနေကုန်ဖွင့်ထားရဦးမယ့် ပို့စ်ပါပဲ။
အလုပ်လုပ်ရင်း မျက်လုံးညောင်းရင် မကြာမကြာကြည့်ပါမယ်..။
ကော်နက်ရှင်ကို အံတုရင်း တင်ပေးတဲ့လေးပေါက်ကိုကျေးကျေး အကြီးကြီး..။
Ma Ei
November 1, 2012 at 2:34 pm
14 စိမ်းတစ်ကွက် နီတစ်ကွက်
ကို Desktop ပေါ်တင်လိုက်ပြီ…
:hee:
ရွာသူ jujuma .
November 1, 2012 at 3:42 pm
ပုံလေးတွေက လှပါတယ် …
ကိုပေါက်(မန္တလေး)
November 1, 2012 at 4:33 pm
ပုံတွေက လှဆို နဂို်ရ်ကတည်းကလှပြီးသား ကျနော်က ကော်ပီယာလေဗျာ.
Hnin Hnin
November 1, 2012 at 4:40 pm
အရမ်းတော်တဲ့ ကော်ပီယာရောမို့ပါ… 🙂
ဒါကြောင့် နော်တို့အားလုံး စိတ်ကြည့်နူးချမ်းမြေ့စွာနဲ့ မပင်မပန်း၊ကျောက်ချထိုင်
ကြည့်နေနိုင်တာလေ….ကျေးဇူးတစ်ကယ်တင်ပါတယ်…
captainamerica
November 2, 2012 at 3:10 pm
MY Desktop Wallpaper : Credit To Ko Pauk
မောင်ပေ
November 2, 2012 at 9:36 pm
လက်ဆော့လို ့မဝ
တစ်ခွက်မော့လို ့က
ဆက်ကော့လို ့ရွ
ဖက်တော့လို ့ထ
နှပ်ချော့လို ့စ
မမလေး
November 8, 2012 at 1:55 am
I like No.8 တစ်မျော်တစ်ခေါ်စိုပြေစိုပြေ … MY Desktop Wallpaper : Credit To Ko Pauk too 😛