စိမ်းမြလတ်ဆတ်သော အလှတရားများ 16
“စိမ်းမြလတ်ဆတ်သောအလှတရားများ ”16
မြို့ပြင်ကလယ်ကွင်းတွေကိုဓါတ်ပုံရိုက်ဘို့ ပထမတစ်ရက်မြို့တောင်ဘက်ကိုသွားခဲ့ပါတယ်။
ညနေပိုင်းတောင်ရိပ်တွေကျနေတော့ရိုက်ရတာ သိပ်အဆင်မပြေ။
ဒါနဲ့ဘဲ ပင်းတယဘက်သွားတဲ့လမ်းအတိုင်းလာခဲ့ပါတယ်။
လမ်းမှာတွေ့တွေ့သမျှလေးကို ဆင်းရိုက် ရင်း ဟိုပင်းတယအထွက်လမ်းနားကိုရောက်လာပါတယ်။
အစကတော့ ပင်းတယအထွက်လမ်းကွေ့အထိသွားမယ်လို့ စီစဉ်ထားတာပါ၊
အဲဒီဘက်မှာက ညောင်ပင်အကြီးကြီးတွေကိုရိုက်ချင်တာပါ။
ဒါပေမယ့်သွားနေရင်းလမ်းကွေ့လေးတစ်ခုကိုအတွေ့အနောက်ဘက်က်ိုဆင်းခိုင်းလိုက်ပါတော့တယ်။
တောင်ကုန်းလေးပေါ်က စပါးခင်းလေးရယ် ကောက်ကွေ့နေတဲ့လမ်းကလေးရယ်တွေ့မိလို့ပါ။
အဲဒီနားကိုရောက်တဲ့အခါ လမ်းအထက်က ကုန်းမြင့်လေးပေါ်မှာ စပါးခင်းကိုလက်ဆော့.
အပြန်လမ်းမှာတော့ အစက ဆင်းရိုက်မယ်လို့ စိတ်ကူးထားတဲ့နေရာလေးကိုကျော်လာပါတယ်။
စကားတစ်ပြောပြောနဲ့လာကြတာကိုး။
ဒါပေမယ့်ကုန်းဆင်းလေးတစ်ခုမှာချောင်းလေးနဲ့တံတားလေးရယ် စပါးခင်းကို မြင်လိုက်တဲ့အခါမှာတော့ အောက်ဖက်ကိုဆင်းလာခဲ့ပါတော့တယ်။
ဘေးဝဲယာမှာ စိမ်းမြလန်းဆန်းတဲ့စပါးခင်းတွေကိုမြင်ရတော့ လက်ဆော့မိတာပေါ့နော်.
ကိုပေါက်လမ်းသလားနေသည်
အောင်ပန်းအောက်တိုဘာ 16
(24-10-2012)
23 comments
Shwe Tike Soe
November 2, 2012 at 1:35 pm
စိမ်းဆိုမှစိမ်းဆို တာ ဘူ.ကိုပြောဒါလဲ လေးပေါက်နော်… ဟွန်.
ခိခိခိ
အော်ဒါနဲ.လေးပေါက်လို အဲလို လျှောက်တွားနေရဒဲ့ အလုပ်ချိရင် အနော်လဲ လုပ်ချင်သပ ဂျာ.. ရှာပေးနော် ဟဲဟဲဟဲ
ကိုခင်ခ
November 2, 2012 at 1:41 pm
လယ်ကွင်းတွေမှာ စိမ်းနေရင် ဝမ်းသာစရာ ကောင်းတယ်တဲ့။
လူတစ်ဦးနဲ့တစ်ဦး စိမ်းနေရင် ကျတော့ မကောင်းပြန်ဘူးဗျ။
ကိုပေါက်ပုံတွေကြည့်ပြီး ခင်ခ တွေးမိတာပါ။
ကိုပေါက်(မန္တလေး)
November 2, 2012 at 1:49 pm
စိမ်းဆိုမှစိမ်းလို့ မပြောမိပေါင်ဗျာ
ကိုခ ရေ သိပ်ဟုတ်တာပေါ့ စိမ်းရင်မကောင်းသလို နီရင်လဲမကောင်းဘူး။
မျက်ထောင့်နီကြီးနဲ့ ကြည့်ခံရတယ်ဆို မမိုက်ဘူးနော်
Fall Guy
November 2, 2012 at 1:54 pm
လယ်ကွင်းထဲမှာရေချိုးချင်လိုက်တာ….။ ကလေးဘဝတုန်းကရေချိုးခဲ့ဘူးတာကိုပြန်သတိရတယ်…။
Ma Ei
November 2, 2012 at 1:57 pm
ကိုပေါက်ရေ…
စပါးခင်းလား..
ပင်းတယအထွက်လမ်းကွေ့ နားဆိုလို့
ဂျုံခင်းများလား လို့ပါ…
ထင်တာနော်…
ပုံတွေလှတယ်…
ကိုပေါက်(မန္တလေး)
November 2, 2012 at 2:32 pm
မယ်အိရေ စပါးခင်းလားဂျုံခင်းလားကို မသိနို်င်အောင်ကို ဓါတ်ပုံရိုက်ဘို့ ဇွဲခတ်လာခဲ့တာဗျာ
နေရာကတော့ ပင်းတယအထွက်
မေးစရာလူလဲမရှိ
ကိုယ်ခေါ်သွားတဲ့ကယ်ရီသမားကလဲမသိ
မောင်ပေ
November 2, 2012 at 1:57 pm
စိမ်းတစ်လီတစ်စိမ်း
စိမ်းနှစ်လီနှစ်စိမ်း
စိမ်းသုံးလီသုံးစိမ်း
Khaing Zar Win
November 2, 2012 at 2:35 pm
ကွန်ပြူတာရှေ့က မခွါလို့ မျက်လုံးတွေ ဝေဝါးနေရာက ကိုကြီးပေါက်ရဲ့ စိမ်းသရဖူစိမ်းပုံတွေ မြင်လိုက်မှ လန်းဆန်းသွားတော့တယ်။ 🙂
candle .
November 2, 2012 at 8:09 pm
နံပါတ် ရ ကလမ်းလေးက အိမ်ပြန်ချင်စိတ်ကိုတူးဆွနေသပါ့….
ကိုပေါက်(မန္တလေး)
November 2, 2012 at 9:48 pm
ဒီတစ်ခေါက်က ရက်တိုပေမယ့် ပုံတွေအများကြီးရလိုက်တယ်ဗျာ၏
မမလေး
November 3, 2012 at 4:08 am
ကိုပေါက်ဘယ်လိုရိုက်ရိုက် ရိုက်ချက်တွေကတော့ အမြဲတမ်းလန်ပြန်နေတာပဲ … Leopard နဲ့တောင် ယှဉ်လို့ရပြီ သိလား
ကိုပေါက်(မန္တလေး)
November 3, 2012 at 10:06 am
လုပ်ပါနဲ့မမလေးရေ
ကျနော်က လက်ဆော့တဲ့အဆင့်ပါ။
ကံကောင်းတော့ ဒီနှစ်ပိုင်းမှာအ လုပ်ကြောင့်ခရီးထွက်ရလို့ များများရိုက်ဖြစ်တာပါ
November 3, 2012 at 10:19 am
စိမ်းမြရဲ့ လတ်ဆတ်တဲ့ အလှတရားတွေကို ကျိရှုခံစားသွားပါတယ်ခင်ဗျ
တစ်ခါတလေ..
အဲဒီလယ်ကွက်စိမ်းစိမ်းထဲ ဂျွမ်းထိုး မှောက်ခုံ ပက်လက်လှန် ခုန်ပေါက် ပြေးလွှား ဆော့ကစားချင်တယ်..
ကျဉ်းမြောင်းတဲ့ မြို ့ပြရဲ့ မြင်ဂွင်းဒွေကို ဆိတ်ကုန်နေပြီ..
ဘီအီးနဲ ့ နမ်းချင်ဇယာလေးကို မခွဲနိုင်လို ့သာ မြို ့မှာနေနေတာ..
အမှန်က ငယ်ငယ်ဂလို တောသားဂျီးပဲလုပ်ချင်ဒယ်..
kyeemite
November 3, 2012 at 10:47 am
စိမ်းဆိုမှစိမ်းရက်သူကြီးရယ်….ဟဲဟဲ
ကိုပေါက်ပုံတွေကြည့်ပြီး ငယ်မူပြန်ကြည့်တာပါ… :hee:
ကိုပေါက်(မန္တလေး)
November 3, 2012 at 1:29 pm
အသက်အရွယ်ဘေးခဏထား
တစ်ခွက်တစ်ဖလားချရင်း
ငယ်လွမ်းတေးလေးတွေ နဲ့စားမြုံ့ပြန်ကြရအောင်ဗျာ
အဲ…..အိမ်ကမဒမ်တွေတော့ မသိစေနဲ့
ကဲ ဘယ်နှယ့်ရှိစ
Hnin Hnin
November 3, 2012 at 3:13 pm
တောပန်းလေးတွေက အဖြူလေးတွေ ၁၅ မှာလည်း ပါတယ်…
ခူးသွားပြီး ပန်ပေးလိုက်ပေါ့ကွယ်..ဘူ့ကိုလည်းတော့ မသိ… 🙂
aye.kk
November 3, 2012 at 3:59 pm
ဝဿန်သွန်းဖြိုး
မိုးဥတုတွင်
ပင်နုရွက်ပျို
စိမ်းစိမ်းစိုလန်း
ထိုထိုဝန်းကျင်
မြင်မြင်သမျှ
လှပလွန်းလျက်
နှစ်သက်ကြည်နှူး
အထူးရွှင်ပျ
အေးမြသာယာ
ရင်မှာခံစားရလေသည်။။
ကိုပေါက်(မန္တလေး)
November 3, 2012 at 4:11 pm
ကဗျာလေးကြောင့် ပုံတွေက ပိုကြွသွားပါတယ် အမအေးရေ
ကိုပေါက်(မန္တလေး)
November 3, 2012 at 4:02 pm
လမ်းနံဘေးနား က ပန်းကို မပန်ကြပြီတဲ့…………..
ရွှေ ကြည်
November 3, 2012 at 4:13 pm
ရွှံတွေပေမနေရင် ပန်းပွင့်လေးတွေကပန်လို့ရပါတယ်လေးပေါက်ရယ်..။
ညောင်ပင်ကြီးတွေကလည်းလေးပေါက်ရိုက်လာရင်လှမှာ..။
အခုလည်းစိမ်းစိမ်းစိုစိုနဲ့ကြည့်ရတာအေးချမ်းနေတာပဲ နံပါတ် 3 လမ်းကလေးကိုကြိုက်တယ်..။
အဲဒိလမ်းမှာလျှောက်ချင်တာ..။
Hnin Hnin
November 3, 2012 at 4:18 pm
ဟုတ်သားနော်…အူဝဲ..တောင်သိတယ်….ဖွေးဆွတ်ပြီး ချစ်ရှာကောင်းလို့
ပြောမိပါတယ်…လေးပေါက်က ဒါတောင်မတိဝူးးးး… 🙁
ကိုရင်စည်သူ
November 3, 2012 at 4:56 pm
လေးပေါက် ပုံတွေအမြဲအားပေးရင်းနဲ့ ကိုရင် အသက်ကြီးလာရင် တောင်းမယ့်ဆုကတော့
ဦးပေါက်လို အရွယ်အထိ ကျန်းကျန်းမာမာ
သွားနိုင်လာနိုင်ပြီးတော့ သဘာဝအလှတရားကြီးကို ခံစားတတ်သော
အနုပညာအသိ အမြဲရှိနေရပါလို၏ ပေါ့ဗျာ.. 🙂
ကိုပေါက်(မန္တလေး)
November 3, 2012 at 5:26 pm
ကိုရင်စည်သူက
ကျနော်ကို့အသက်ကြီးပြီလို့သွယ်ဝိုက်ပြောလိုက်တာနေမှာ
ငါမအိုသေးလို့ တော့ ပြရအုံးတော့မှာဘဲနော်