Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

” အကျိုးပေး မြန်ပုံ “

YE YINT HLAINGOctober 23, 20121min66440

ကျွန်တော် အလယ်တန်း ကျောင်းသား လောက်က ပေါ့ဗျာ ! ကျွန်တော် တို့ အိမ် နဲ့ အဖေ့ညီမ ( အဒေါ် ) အိမ်က ဟိုဘက် သည်ဘက် ဝင်းနံရံ ပဲ ခြားတယ် ။ အဲဒါ နေ့တိုင်း အဒေါ် အိမ်က ကြက်ဖ ကြီးက ဝင်းနံရံ ပေါက်ကနေ ကျွန်တော်တို့ အိမ်ထဲ ဝင်လာပြီး နေ့တိုင်း အစာ လာကောက်တယ် ။ ဟိုယက် ဒီယက် ပေါ့ဗျာ ! အဒေါ် အိမ်က ကြက်ဖ ဆိုတော့လည်း ဒီအတိုင်းပဲ ကြည့်ရှု ပြီး မောင်း သင့်တာတွေ.မှ မောင်းလွှတ် ရုံလောက်ပေါ့ ! တနေ့ မနက် ပိုင်း အချိန်မှာ အဲဒီ ကြက်ဖ ကြီးက ကျွန်တော် ထမင်း စားခါနီးတိုင်း ခူးပြီး တို့မြုပ် နေကြ ပူစီနံ ခင်းကို တဖြဲဖြဲနဲ့ ယက်ပါလေရော ! ထမင်း စားခါနီး ပူစီနံ ခူးဖို့ အကြည့် ဒါကို ကျွန်တော် မြင်လိုက်တော့ ဒေါသဖြစ်ပြီး ထင်းချောင်း နဲ့ ကောက်ပစ်လိုက်တယ် ! ကြက်ဖ ကြီး ခြေတဖက် ထိမှန် သွားပြီး ရက်အနည်းငယ်လောက် ထော့ကျိုး ထော့ကျိုး နဲ့ ဖြစ်သွားတယ် ။ အဲဒီနေ့ ညနေ ခင်းမှာပဲ ကျွန်တော် လည်း ကစားရင်း လဲကျမလိုလို ဖြစ်ပြီး ( ၂ ) ရက်လောက် ထော့ကျိုး ထော့ကျိုး ဖြစ်သွားတယ် ။

နောက်တခုက အထက်တန်း ကျောင်းသားဘဝ နွေကျောင်းပိတ်ရက် မှာ တနေ့ မနက်ခင်း ထွက်ပြေးနေတဲ့ ကြွက်ပေါက်စကို ဒီလိုပဲ ထင်းချောင်းနဲ့ ကောက်ပစ်လိုက်တယ် ။ ကြွက်ခလေး တည့်တည့် မှန်ပြီး သေပါလေရော ! ပစ်လိုက် လို့ ထိမှန်တဲ့ ဒဏ်ရာ မှာ အရေခွံ လန်သွားတယ် ။ မကြာပါဘူးဗျာ ! နောက်ရက် နွေကျောင်းပိတ် အလုပ် အဖြစ် ဖယောင်းစက်ရုံမှာ အလုပ်စဆင်း ရတယ် ။ ထမင်းစား နားခါနီး အချိန်လည်း ရောက်ရော ဖယောင်းဖြတ်စတွေ ညှစ်ချ နေရင်း ပွက်ပွက် ဆူနေတဲ့ ဖယောင်းကန်ထဲ ချော်ပြီး လက်အစုံ နှိုက်မိသွားတယ် ။ နာရီ ပိုင်း အတွင်း လက်ပေါ်မှာ အာလူးသီး ပေါက်စန အရွယ်လောက် အရည်ကြည် ဘုကြီးတွေ ထလာတယ် ။ ( ၃ ) ရက်လောက် ကြာတော့ အဲဒီ အရည်ကြည် ဘုတွေ တဖြေးဖြေး ပေါက်သွားပြီး အပေါ်ယံ အရေပြားတွေ တဖြေးဖြေးကွာလာတယ် ။ ဆရာဝန် ကောင်းလို့ ခု ဘာဒဏ်ရာ မှ မကျန်ခဲ့တာ ။ ဒါက တန်ပြန်သက်ရောက် မြန်တဲ့ ဆိုးကျိုးတွေ ပေါ့ဗျာ !

ကောင်းကျိုး ကို ပြောရရင် ရန်ကုန် က ကျွန်တော့ အလုပ် ဝန်းကျယ်ကြီးထဲမှာ  ခွေး တွေ အမြဲပွါးနေလေ့ရှိတယ် ။ ဒါကြောင့် မန်နေဂျာ က သက်ဆိုင်ရာ နဲ့ ဆက်သွယ်ပြီး ခွေးတွေကို ရှင်းပစ်လေ့ ရှိတယ် ။ အဲလို ရှင်းနေရင်း ကြားထဲက ခွေးမကြီး တစ်ကောင် ကျန်နေခဲ့တယ် ။ အဲဒီကခွေးမ ကြီးက နေ ပြန်ပွါးလာလိုက်တာ ခွေးကြီး ခွေးလတ် ခွေးငယ်တွေ ( ၁၃ ) ကောင်ဖြစ်လာပြန်ရော ! တနေ့ ကျွန်တော့ ရှေမှာ ခွေးပိန်တစ်ကောင် က ဆာလွန်းလို့ ထင်တယ် ။ ကျွတ်ကျွတ်အိတ် တွေ စားနေတယ် ။ ဒါနဲ့ ကျွန်တော် စိတ်မကောင်း ဖြစ်ပြီး အလုပ်ထဲ ထမင်း ရောင်းတဲ့ ဆိုင် ကို ဆန် တစ်ပြည်ဝယ်ပြီး ချက်ခိုင်းလိုက်တယ် ။ ဟင်းကိုတော့ အဲဒီဆိုင်က ဝယ်ပေါ့ ! ထမင်းကျက်လို့ အေးပြီဆိုတာနဲ့ ခွေး ( ၁၃ ) ကောင် တစ်ကောင်မကျန် ရှာခေါ်ပြီး ကျွေးတယ် ။ နောက်ရက် တွေလည်း လက်ထဲ ပိုက်ဆံ ရှိနေသေးချိန်မို့ ဆက်ကျွေးတယ် ။ ဒီလို ကျွေးနေတာ မြင်တဲ့သူတွေက မနေနိုင်ဖြစ်လာတယ် ။ ဝိုင်းဝန်း ပြီး နေ့စဉ်ရက်ဆက် ကျွေးနိုင်ဖို့ တစ်ရာ ကနေ တစ်ထောင် လောက် အထိ ကျွန်တော့ ကိုပေးတယ် ။ တချို့ကလည်း မင်း ဘွားတော် (ရုံး မန်နေဂျာ ) သိရင် ဆူခံထိမယ်လို့သတိပေးတယ် ။ ဒါပေမဲ့ ကျွန်တော် ဘွားတော် စိတ်ရင်း သိတော့ မကြောက်ပဲ ဆက်ကျွေးတယ် ။ သူလည်း တာဝန် အရ မရှင်းချင် ပဲ တခါ ရှင်းလိုက်ရတာလေ ! အဲလိုနဲ့ သင်းကြန် ပိတ်ရက်မျိုး ရောက်ရင် လုံခြုံရေး ဝန်ထမ်း တွေဆီ နေ့စဉ် ကျွေးနိုင်အောင် ပိုက်ဆံ စုပေါင်းကြပြီး ခွေးစာအပ်တယ် ။ ဒါကြောင့် တရက်မှာ ကျွန်တော် တခါမှ မမြင်ဘူးတဲ့ လူ တစ်ယောက်က ပလန့် မန်နေဂျာ ကို ဂိတ်ဝ မှာလာမေးတယ် ။ ဂိတ် ကင်းမှူး ကလည်း ပလန့် မန်နေဂျာ နေပြည်တော် သွားနေတဲ့ အကြောင်း ၊ သူ့လက်ထောက်သာရှိကြောင်း ပြောပြီး ကျွန်တော့ဆီ လွှတ်လိုက်တယ် ။ ကျွန်တော့ ဆီ ရောက်လာတော့ အကျိုးအကြောင်း မေးရင်း ကနေ စလုံး က Company တခုမှာ လုပ်ငန်း နားလည်ပြီး ဖြစ်တဲ့ Operator တစ်ယောက် လိုကြောင်း နဲ့ နိုင်ငံ ( ၅ ) နိုင်ငံ မှာအဲဒီ Company  က လုပ်ငန်းတွေ လုပ်ကိုင် နေကြောင်း စိတ်ဝင်စား ရင် သူ ပေးခဲ့မဲ့ ရုံးချုပ် အီးမေး လိပ်စာ နဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း ပြောတယ် ။ ဒါနဲ့ ကျွန်တော် အီးမေး ပို့ကြည့်တယ် ။စလုံး ရုံးချုပ် က ဖုန်း နဲ့ ဗျူးချင်တဲ့ အကြောင်း စာပြန်တာနဲ့ ကျွန်တော် ဖုန်းခေါ်တယ် ။ တပတ်ကြာတော့ အလုပ် ခန့်တဲ့ အီးမေး ပို့ပေးတယ် ။ သူတို့ လေယဉ် လက်မှတ် ဘယ်နေ့ ပို့ ပေးရမလဲ မေးတယ် ။ ဒါနဲ့ ကျွန်တော် လည်း နိုင်ငံကူး လက်မှတ် လက်ထဲ ရောက်နိုင်တဲ့ အချိန်ထက် ( ၂ ) ရက်လောက် ပိုပြောပြီး ပို့ ခိုင်းလိုက်တယ် ။ အဲလို နဲ့ ကျွန်တော် စလုံး ရောက်သွားတယ် ။ တစ်နှစ် အတွင်း နိုင်ငံတကာ လေဆိပ် ( ၄ ) ခု ( ရန်ကုန် မပါ ) ရောက်တယ် ။ ဒါက ကိုယ်ထိ လက်ရောက် ပြုခဲ့တဲ့ တန်ပြန် ကောင်းကျိုး !

နောက်တခုက စိတ် နဲ့ ရည်မှန်းရုံ နဲ့ သေးဘေး လွတ်သွားတဲ့ တန်ပြန်သက်ရောက်မြန်တဲ့ မနေ့ က နေ့ခင်း ကောင်းကျိုး လေး ဆက်ပြောပြဦးမယ် ။ တရွာလုံး သိပြီး ဖြစ်တဲ့ ကိုကြောင်ဝတုတ် တို့ ဦးဆောင်နေတဲ့ အလှူ ပို့ ( စ ) က ဓာတ်ပုံ တွေ ။ နေ့ခင်း ထမင်းစား အပြီး လုပ်ငန်း ပြန်မစ သေးချိန်မို့ အဲဒီဓာတ်ပုံတွေကို ထိုင်ကြည့်နေရင်း ကလေး တစ်ထောင်ကျော်ကို ကျွေးမွေး စောင့်ရှောက် ပညာသင်ကြားပေးနေတဲ့ ဆရာတော်ကို လေးစားကြည်ညိုတဲ့ စိတ်တွေ ဖြစ်နေတုန်း လုပ်ဖော် ကိုင်ဖက် တစ်ယောက်က ” လှိုင် ! ဘာတွေ ကြည့်နေတာတုန်း ” လာမေးတာနဲ့ ဆရာတော် နဲ့ ကလေး တွေရဲ့ ပုံကို ပြပြီး နာဂစ် အကြောင်း အလှူအကြောင်း ကျွန်တော် အလှူ ငွေ ( ၅ ) သောင်းထည့်မဲ့ အကြောင်း သူ့ကိုပြောလိုက်တယ် ။ သူက မြန်မာငွေ ( ၅ ) သောင်း က ဒေါ်လာဘယ်လောက်နဲ့ ညီမျှ လဲမေးလို့ ဒေါ်လာ ( ၆ဝ ) ဝန်းကျင်လောက် လို့ ကျွန်တော် က ပြန်ပြောတယ် ။ ဒီတော့ သူက ဒေါ်လာ ( ၁၀ဝ ) ပြည့်အောင် လှူလို့ပြောတယ် ။ သူလည်း သူ့နိုင်ငံမှာ မနှစ်က ခုလို ပုံစံတူတဲ့ အလှူမျိုးမှာ ဒေါ်လာ ( ၂၀ဝ ) လှူခဲ့တဲ့ အကြောင်း ပြောပြီး အရင်က တလှုပ်လှုပ် တလျှောက်လျှောက် နဲ့ သွားနေတတ်တဲ့ သူက ခဏ လှဲ ဦးမယ်ဆိုပြီး ခုံတွေ ပြောင်းထားလို့ လွတ်နေတဲ့ နေရာမှာ လှဲပါလေရောဗျာ ! ဒါနဲ့ ကျွန်တော် လည်း တစ်ယောက်တည်း ဖြစ်သွားတာမို့ ယမန်နေ့ ညက ကြည့်လက်စ  ဇတ်ကားကို ဆက်ကြည့်နေတယ် ။ (၁၅) မိနစ်လောက်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် နေတဲ့ အခန်း အပြင်ဘက် ပေ ( ၃ဝ ) လောက်မှာ ဝုန်း ကနဲ့ ပေါက်ကွဲ သံကြီး ကြားရသလို ကျွန်တော် တို့ နေတဲ့ အခန်း က တုန်ခါသွားတယ် ။ ပေါက်ကွဲ မှုကြောင့် လွင့်စင် တဲ့ အစ အန တွေ ရဲ့ အသံကိုလည်း ကြားရတယ် ။ ဒီတော့ အခန်းထဲ လှဲ နေတဲ့သူ က ထလာပြီး ရုတ်တရက် မို့ သူ ကြောင်သွားတယ်ထင်တယ် ။ အခန်း တခါး ဖွင့်ပြီး အပြင်ထွက်မလို့ လုပ်နေတာနဲ့ လက်ကို အတင်းဆွဲ ခေ ါ် ” get down ! get down !”ဆိုပြီး ဝပ်ခိုင်းရတယ် ။ မကြာဘူးဗျာ ! ဝပ်ခါစ လေးမှာပဲ နောက် ထပ် ( ၁၅ ) ပေလောက် အကွာမှာ ထပ်မံ ပေါက်ကွဲပြန်ပါရော ! ဘဝ မှာ အနီးကပ်ဆုံး ပေါက်ကွဲမှု ( ၂ ) ကြိမ် နဲ့ အပြင်းထန်ဆုံး ပေါက်ကွဲ သံကို ပထဦး ဆုံး ကြားဘူးတာပဲ !

ပေါက်ကွဲမှု တွေ ပြီးတော့ သူ က ကျွန်တော့ ကို ကျေးဇူး တင်ကြောင်းပြောပြီး မင်း အလှူကြောင့် ငါ လည်း မင်းကို မှီပြီး အသက်ဘေးက လွတ်တယ်လို့ မှတ်ချက်ချတယ် ။ ပြီးတော့ လူတွေက ပေါက်ကွဲ မှုနဲ့ အနီးဆုံး မှာ ရှိတဲ့ ကျွန်တော် တို့ နှစ်ယောက် ကိုမေးတော့ သူက သူမှတ်ချက်ချခဲ့တဲ့ အလှူ အကြောင်း ကို ပြောတော့တာပဲ ! အဲတော့ လူ အချို့ က ကျွန်တော့ ကို “good guy ! good guy !” နဲ့ ကျွန်တော့ ဘက် လှည့်ပြီး ပြောသဗျ ! ဒါ —- မနောကံ နဲ့ လှူဖို့ ကြံစည် နေတုန်းပဲရှိသေးတယ် ။ ခု လထဲ ကျွန်တော့ စိတ်ကို Tension ဖြစ်စေတဲ့ အကြောင်းလေးတွေ တဖြေးဖြေး များလာတယ် ဆိုတာ ကျွန်တော့ ပို့ ( စ ) လေးတွေ ဖတ်တဲ့ သူတွေ သိပြီးဖြစ်ပါတယ် ။ အိမ် နဲ့ ဆက်သွယ်တော့လည်း အမေက ဆေးရုံ တင်ထားရတဲ့ အခြေအနေ အထိ နေမကောင်း ဖြစ်နေတယ် ။ အဝေး ရောက်နေလို့ အမ က ကျွန်တော့ ကို သက်သာ ပါတယ် ပြောပေမဲ့ အမေ နဲ့ တိုက်ရိုက် ဖုန်းပြော ချင်တယ်ဆိုပြီး အမေ နဲ့ ဖုန်းပြော ကြည့်တော့ အမေ က သားပြန်လာမယ်ထင်လို့ ရန်ကုန် ကနေ စောင့်နေတာ ဆို တဲ့ စကားကို မနည်းနားလည် အောင် နားထောင်လိုက်ရတယ် ။ ကျွန်တော့ Vacation က August လကုန် ဆိုတာ အမေသိတယ်လေ ! နေမကောင်း ဖြစ်ပြီး ခလေး တစ်ယောက်လို ပြောနေမိ တဲ့ အမေ့ စကားကို ကျွန်တော် သိတယ် ။ ပြီးတော့ ဒီလထဲ ဆက်တိုက် ဖြစ် နေတဲ့ အကြောင်း တွေ ကြောင့်လဲ လူကလည်း ပင်ပန်းနေတာနဲ့ မနေ့ ညက Emergency Leave Request တင်လိုက်တယ် ။ ဒီနေ့ မနက် Confirm ဖြစ်တယ် ။ လေယဉ် လက်မှတ် ရုံး ကပို့ပေး မဲ့ အချိန်ကို စောင့်နေတယ် ။ ကျွန်တော် ရန်ကုန် ပြန်ရောက်ရင် ကိုကြောင်ဝတုတ် နဲ့ ဆက်သွယ်ပြီး ဒေါ်လာ ( ၁၀ဝ ) လှူဖို့လည်း ဆုံးဖြတ်ထားတယ် ။

ဆရာတော် ကို လေးစားကြည်ညိုတဲ့ စိတ် ၊ ကလေးငယ်တွေကို စာနာ တဲ့ စိတ်နဲ့ မွန်မြတ်တဲ့ ကောင်းမှု တစ်ခု အနေနဲ့ လှူမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ် ။ ရွာသူ/သား တွေ အများ အပြားလည်း အားတက်သရော ရှိစွာနဲ့ လှူဒါန်းကြမယ် ဆိုတဲ့ မန့်တွေဖတ်ရတော့ ဝမ်းသာ မိပါတယ် ။ ခုလို အလှူ တစ်ခု ဖြစ်မြောက်လာအောင် ေ.ရှဆောင် ကြတဲ့ ဦးဆောင် ကြတဲ့ ကိုကြောင်ဝတုတ် နဲ့ အားလုံး ကိုလည်း လေးစားမိပါတယ် ။ ခလေး တွေ ကို ပုံမှန် အစိုးရ အထောက်အပံ့မျိုး မရှိပဲ ထောင်နဲ့ ချီတဲ့ အရေ အတွက် ကို တစု တဝေး တနေထဲမှာ ကျွေးမွေး စောင့်ရှောက် ပြုစု ကုသ ပညာ သင်ကြားပေး နိုင်ဖို့ဆိုတာ ဒီခေတ် ဒီခါ ကြီးထဲမှာ တကယ် မလွယ်တဲ့ အလုပ်ပါ ။ ဒါကြောင့် ဆရာတော်နဲ့ အတူ ဝိုင်းဝန်း ပံ့ပိုး အားဖြည့် ပါဝင် လှူဒါန်း နေကြတဲ့သူတွေကို လေးစားမိတာပါ ။ စာလည်း နည်းနည်းရှည်သွားပြီမို့ တော်သေးပြီဗျာ !

ဖတ်ရှု အားပေး ကြသူများကို ကျေးဇူး တင်ပါတယ်ခင်ဗျား !
ရဲရင့်လှိုင်

40 comments

  • မောင်ပေ

    October 23, 2012 at 9:02 pm

    ကြားရတာ အံ့အားသင့်စရာကောင်းသလို ၊ ကိုရဲရင့်လှိုင်ရဲ ့ကုသိုလ်စိတ် ၊ ကုသိုလ်တွေ အတွက် သာဓု ခေါ်မိပါတယ်
    ဒါနဲ ့.. စာထဲက အဖြစ်တွေ နဲ ့ပတ်သက်ပြီး ၊ မာမွတ်ခိုင် တစ်ယောက် ဘယ်လို လာပြီး ကွန်မင့်ပေးမယ်ဆိုတာလဲ ဆက်လက် ဖတ်မယ် ဆိုတဲ့အကြောင်းပါ

    • YE YINT HLAING

      October 24, 2012 at 1:17 am

      ပထမဆုံး မန့် ပေးတဲ့ အတွက် ကျေးဇူးပါ ကိုပေရေ ! သဂျီး မန့် ကိုတော့ ပို့(စ) တင်တိုင်း မျှော်လင့်မိပါရဲ့ဗျာ !

  • ရဲစည်

    October 23, 2012 at 9:35 pm

    ငယ်ငယ်က တခုလောက်တော့ အမှတ်ရမိတယ်။
    ၉ဝလောက်ကပေါ့ မြောက်ဒဂုံမှာ နေရတာ မိုးတွင်းဆို လယ်ကွင်းပေါ်မှာ အိမ်ကွက်ရိုက်ထားတာ ဆိုတော့ ရေတွေတက်လာရင် လယ်ကဏန်းတွေ ပါလာတယ် မဖမ်းတတ်လို့ သားရေဖိနပ်နဲ့ ညှပ်ဖမ်း
    မသတ်တတ်တော့ လက်သည်းညှပ်နဲ့ ဗိုက်ကိုထိုးတယ် သိပ်မကြာဘူး ၁ဝရက်တိတိ ဗိုက်ကအောင့်တာ
    ဆေးခန်းပြတော့လဲ ရောဂါရှာမရဘူး … ထားပါတော့ အဲ့နောက်ပိုင်း ကျနော်လည်း ရှောင်ဖြစ်သွားတယ်
    သူအများ အသက်သတ်ဖို့ အတော်ကို ဝန်လေးသွားတာ ဒီနေ့ အထိဘဲဗျို့ …..

    တလက်စတည်း အလှူအတွက်လည်း သာဓုပါဗျို့
    ကျနော်လဲ စာရင်းသွားပေးရအုံးမယ် …………..။
    တတ်နိူင်သလောက်ပေါ့ ….

    • YE YINT HLAING

      October 24, 2012 at 1:26 am

      သူများ အသက် ( သက်ရှိ အားလုံး ) ကို တတ်နိုင်သမျှ မသတ်မိ အောင်ရှောင်တာ ကောင်းတာပေါ့ဗျာ ! ကျွန်တော် လည်း ကိုရဲစည် အလှူ အတွက် သာဓု ခေါ်ပါတယ်ဗျို့ !

  • surmi

    October 23, 2012 at 9:52 pm

    ကိုရဲရင် ့ရေ
    သာဓုပါဗျာ ။အဆင်မပြေတာတွေအဆင်ပြေစေဖို ့လည်းဆုတောင်းပါတယ်
    ကျုပ်လည်း ကံ ကံ၏အကျိုးကိုယုံပါတယ်ဗျာ။

    • YE YINT HLAING

      October 24, 2012 at 1:29 am

      ဆုတောင်းပေးတဲ့ အတွက် ကျေးဇူး ပါ ဦးဆာမိ ရေ !

  • padonmar

    October 23, 2012 at 10:03 pm

    ကိုရဲရင့်လှိုင်
    အသက်ဘေးကလွတ်တဲ့အကြောင်းရော၊
    ဂဇက်အလှူကိုရည်စူးတဲ့ မနောကံကုသိုလ်ကြောင့်ထင်တဲ့အကြောင်းရော၊
    မင်္ဂလာကျောင်းအလှူထဲ ဒေါ်လာ ၁၀ဝ ပါဝင်မယ်ဆိုတာရော၊
    ဖတ်ရတာ ဝမ်းသာပါတယ်။သာဓုသာဓုသာဓု လေးလေးနက်နက်ခေါ်ပါတယ်။
    သတိထားကြည့်ရင်တူသောအကျိုးတွေ မကြာမတင်လာတယ်ဆိုတာ တွေ့ကြမှာပါ။
    ကိုရဲရင့် အမေလည်း ကျန်းမာပါစေ။အလှူလုပ်ချိန်ထိရန်ကုန်မှာရှိခဲ့ရင် ကိုယ်တိုင်ပါဝင်စေချင်ပါတယ်။

    • YE YINT HLAING

      October 24, 2012 at 1:52 am

      အမေ့ အတွက် ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါ ဆရာမ ရေ ! အခွင့်အခါ ကြုံခဲ့ရင် ကိုယ်တိုင်ပါဝင် ပါ့မယ် ခင်ဗျာ့ !

  • ဦးဦးပါလေရာ

    October 23, 2012 at 11:56 pm

    သာဓုခေါ်ပါတယ်ဗျာ…
    ကုသိုလ်စိတ်က ကောင်းကျိုးကိုပေးပါတယ်…
    ကိုရဲရင့်ရဲ့ကုသိုလ်စိတ်အဟုန်ကြောင့်
    မိခင်ကြီး ကျန်းမာလာပါစေ…။

    • YE YINT HLAING

      October 24, 2012 at 1:54 am

      အမေ့ အတွက် ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါ ဦးပါ !

  • kai

    October 24, 2012 at 3:03 am

    ကော်မန့်မျှော်နေတယ်ဆိုလို့ပါ.. :harr:

    ဒီလိုဗျ..
    မနေ့က..ကိုရင့်လှိုင့်စာကိုဖတ်ပြီး.. ရုံးမှာကွန်ပျူတာကြီးမ, နေရာရွေ့လိုက်တာ.. အခန့်မသင့်လို့လက်နည်းနည်းရှသွားတယ်..
    ကြည့်ရတာ.. ကိုရင်ကြောင့်သေတဲ့.. ကြွက်ကလေး.. အသားနီလန်တာ.. ကောင်းတယ်တွေးလိုက်မိလို့လားမသိဘူး.
    ဒါပေမယ့်..
    မနေ့ညနေက…သမ္မတလောင်းတွေရဲ့..စကားရည်လုပွဲထိုင်ကြည့်ပြီး.. အိုဘားမားနိုင်ရင်ကောင်းမှာတွေးတာ..
    နိုင်ပြီးမှ.. သူ့ကိုလူတွေခန့်မှန်းတဲ့.. Poll ရလဒ်မှတ်တမ်းမှာကျ.. ရလဒ်နိမ့်သွားကျသွားရင်..ကောင်းမယ်ထပ်တွေးတာ..
    တကယ်ဗျ..
    မနက်ကျ. အဲဒီအတိုင်းတကယ်ဖြစ်တယ်..။
    ကြည့်ရတာ.. ကိုရင်ကျွေးမွေးတဲ့..ခွေးပိန်လေးတွေဆီ. အာရုံရောက်.. ကုသိုလ်ယူလိုက်လို့ထင်တယ်..

    အဲ..လွန်ခဲ့တဲ့.. ၄ရက်ကများ.. ရုံးကနေအိမ်…. ကားမောင်းပြန်လာတာ..
    လမ်းဘေးမှာ.. သေနတ်ပစ်မှုဖြစ်လို့.. ပြန်နေကျလမ်းမ ရဲတွေ ပိတ်ထားတယ်..
    အဲဒီရက်ပိုင်းက.. ရွာသူားတွေထဲ.. တချို့မန့်တာတွေ တော်တော်ဆိုးတာမို့. ပိတ်တာဖျက်တာလုပ်လို့.. ဝဋ်လည်တာထင်တယ်.. :kwi:

    အဲဒါနဲ့..ဘေးလမ်းကြားကနေဝင်.. detour အတိုင်း.. ပြန်ထွက်တာ.. လမ်းမကြီးဖက်အထွက်.. ရှေ့ကား၂စင်းမြောက်ကားက.. ဖြတ်ကူးတဲ့..စက်ဘီးကိုတိုက်ထည့်လိုက်တာ.. မြင်ရတယ်..
    စက်ဘီးသမားလူမှာများ.. မြောက်ပြီး.. ခွေကနဲ့လမ်းမပေါ်ပုံကျနေတာ..
    ၂မိနစ်လောက်နေတော့.. ယိုင်ထိုးပြန်ထလာပြီး..လမ်းဘေးပလက်ဖောင်းလှဲနေတာ..
    ခေါင်းက.. တခြမ်းပိန်နေသလိုမြင်ရတယ်.. မျက်နှာမှာလည်း.. သွေးတွေနဲ့..
    အဲဒါ…. ရုံးက ၁မိနစ်လောက်သာစောဆင်းလာရင်.. အဲဒီတိုက်တဲ့ကားနေရာ.. ကိုယ့်ကားဖြစ်နေမှာ..
    အဲဒါ.. ရွာထဲကုသိုလ်ကောင်းမှုလုပ်တိုင်း.. သာဓုခေါ်လို့ဖြစ်မှာပဲ..

    ဆိုတော့..
    အခုလည်း.. သာဓုခေါ်ပါတယ်ဗျာ..
    စကားမစပ်..
    ရွာထဲကအလှူကြောင့်.. အဲဒီလူ.. အသက်ဘေးတောင်လွတ်သလိုလိုဖြစ်သွားသေးတာပဲ..
    ၂၀ဝ လှူခိုင်းလိုက်..

    Geez..
    အကျိူးပေးမြန်ပုံများ..
    သာဓု… :kwi:

    • YE YINT HLAING

      October 24, 2012 at 12:05 pm

      “စကားမစပ်..
      ရွာထဲကအလှူကြောင့်.. အဲဒီလူ.. အသက်ဘေးတောင်လွတ်သလိုလိုဖြစ်သွားသေးတာပဲ..
      ၂၀ဝ လှူခိုင်းလိုက်..”

      ခုပဲ ကျွန်တော် သူ့ ကို ပြောတယ် ! ဟဲ ဟဲ ဟဲ နဲ့ပဲ ရယ်နေတယ်ဗျ !

      ” ပိတ်တာဖျက်တာလုပ်လို့.. ဝဋ်လည်တာထင်တယ်.. ”
      ဒါနဲ့ ပတ်သက် ပြီး ကြုံတုန်းလေး သဂျီး ကို ပြောရ ဦးမယ် ! ၄၀၃ တားမြစ်ချက်ပဲ ပေါ်တဲ့ ပို့ ( စ ) တွေ ကို ဘာတွေများ ရေးထားလို့ပါလိမ့် ဆိုတဲ့ အတွေး နဲ့ ပိုပြီး ဖတ်ချင်တယ်ဗျ !

    • ဒီလပိုင်း နှစ်သိန်းထွက်မယ်တဲ့
      အဲဒီနှစ်သိန်းသာ တစ်ကယ်ထွက်ပြိးရင် သူကြီး သန်းနှစ်ရာ ပြန်ဝင်မှသေချာပေါက်ဘဲ
      မြန်မြန်ဝင်အောင် မြန်မြန်ပေးရအောင်ကျိူးစားပေတော့
      ကိုခင်ခ ကတော့ ပြောသေးတယ် ရချင်ရင်အရင်ပေးတဲ့ သူကြီးရေ
      ကျနာ်က ယူမယ့်ဘက်ကလေ

      • မောင်ပေ

        October 26, 2012 at 9:08 pm

        ဖြောင်းဖြောင်း ဖြောင်းဖြောင်း …. (လက်ခုတ်တီးသံ)
        ဂွတ်ဆေး ပါ ကိုပေါက်
        သဂျီး .. အခု သိပြီမို ့လား
        ရချင်ရင် အရင်ပေး
        ဟီဟိ

  • ရာဇဝင်လူဆိုး

    October 24, 2012 at 3:28 am

    သူကြီး သာဓု ကတော့ ပြတ်ကရောပဲ။ သူကြီးရေ..သာဓု :mrgreen:

    • YE YINT HLAING

      October 24, 2012 at 12:27 pm

      ကိုလူဆိုး ရေ ! မန့် အတွက် ကျေးဇူး ပါဗျို့ !

  • Fall Guy

    October 24, 2012 at 9:04 am

    ပိုစ့် ရော သဂျီးမန့်တာရောဖတ်အပြီး…..
    အင်း…………ကိုယ်အတွေးနဲ့ကိုယ်ရှိကြသည်။

    • YE YINT HLAING

      October 24, 2012 at 12:24 pm

      တိုက်ဆိုင်မှု တွေ ကို ကျွန်တော် က ကိုယ့်အတွေး ကိုယ့်ခံစားချက် နဲ့ ကျိုးကြောင်းဆက်စပ် နေတာလည်း ဖြစ်နိုင်သလို တန်းရှင်း တွေများ နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အင်မတန် စိတ်ဓာတ်အင်အား မြင့်မား တဲ့ သူတွေတောင်တချိန်ချိန်မှာ အားကိုးရှာကြရစမြဲပါ ! ဘာကြောင့်လည်း ဆိုတော့ တလောက လုံး အတွက် အလုံးစုံသော အမှန်တရားတွေ ကျိုးကြောင်း ဆက်နွယ်မှုတွေ ကို ရှင်းလင်း လမ်းညွန် သင်ပြ ဆုံးမ ပေးနိုင်ခဲ့သူရဲ့ တရားတော် တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅၀ဝ ) ကျော်ကနေ ဒီနေ့ အထိ အထင် အရှား ရှိနေဆဲမို့ပါ ။ အချိန်တန် လာ တဲ့ အခါ တိုင်း ဘယ်သူမှ ဒါကို မေ့လို့မရပါဘူး ! ဒါက ကျွန်တော့ အတွေး ပေါ့ဗျာ !

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 24, 2012 at 9:36 am

    ဟုတ်တယ် ကိုယ်လဲတစ်ခါတစ်ခါအဲလိုပဲတွေးမိတယ်…
    သူများကို သွားကဲ့ရဲ့မိရင်သိပ်မကြာဘူး ကိုယ်ပါဖြစ်ရောပဲ…
    အလှူကတော့ စေတနာပါတဲ့အလှူက ပိုအကျိုးပေးမြန်တယ်ထင်ပါတယ်

    • YE YINT HLAING

      October 24, 2012 at 12:39 pm

      “အလှူကတော့ စေတနာပါတဲ့အလှူက ပိုအကျိုးပေးမြန်တယ်ထင်ပါတယ်”

      စေတနာ ဆိုတာ တွေးတော ဆော်ဩ ပြုမူ တဲ့ ကံ ( သက်ရောက်မှု ) မဟုတ်လားဗျ ! ဒါကြောင့် ညီမျှတဲ့ တန်ပြန် သက်ရောက်မှု တွေ အနှေး နဲ့ အမြန် ရှိကြတာပါ ! မနေ့ည က တွေးရင်း ရေးချင်စိတ် ပေါ်လာတဲ့ အကြောင်းလေး ရှိတယ် ။” အဘိုး အို ပြောတဲ့ ပုံပြင် ” တဲ့ ။ ခေါင်းစဉ် ကို ကိုပေ့ ပုံပြင် ပို့ ( စ ) နောက်လိုက်ပြီး အဲဒီ အတိုင်း ရေးဖို့ စဉ်းစား ထားတယ် !

  • jullies cezer

    October 24, 2012 at 9:48 am

    သာဓုပါ ကိုရဲရင့်လှိုင် စကားလေးတစ်ခွန်းရှိပါတယ် ” ကိုယ်ပြုသောကံပဲ့တင်သံ
    ကိုယ့်ထံပြန်လာမည်” တဲ့လေ ကိုရဲရင့်လှိုင်အမေလည်းအမြန်ဆုံးနေကောင်းပါစေ……….

    • YE YINT HLAING

      October 24, 2012 at 12:42 pm

      အမေ့ အတွက် ဆုတောင်း ပေးတဲ့ အတွက် ကျေးဇူး ပါ jullies cezer ရေ !

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 24, 2012 at 10:12 am

    အောင်မလေးကျေးဇူးတင်လိုက်တာ အလှူဒကာကြီးရယ်…
    အဲဒီဒေါ်လာတစ်ရာကို လေဆိပ်အထိလိုက်ယူပေးဆိုလဲယူပေးပါ့မယ်…
    ကိုရဲရင့်လှိုင်လိုပဲ… ကလေးသူငယ်တွေအတွက် တတ်နိုင်သမျှလုပ်ပေးချင်စိတ်ရှိတဲ့အလှူမျိုးကို
    ဝမ်းမြောက်ဝမ်းသာလက်ခံပါတယ်ဗျာ…

    စောင့်မျှော်လျက်-
    ကြောင်ဝတုတ်

    • YE YINT HLAING

      October 24, 2012 at 12:58 pm

      ဒီနေ့ မနက် ရုံး က ပြောတယ်ဗျ ! ကျွန်တော့ နေရာ အစားထိုး ပေးဖို့ လူတစ်ယောက် ရောက်လာချိန်ရယ် ခုနေရာ ကနေ လေဆိပ် အထိ ပို့ပေး ဖို့မှာ ကျွန်တော် တစ် ယောက်တည်း လက်ရှိ အချိန်မှာ ဖြစ်နေသေး တာရယ်ကြောင့် ရက်နည်းနည်းတော့ စောင့်ရမယ်တဲ့ဗျ ! တဆင့်တည်း နဲ့ ရန်ကုန် ပြန်မရောက်နိုင်တော့ ချိန်ကိုက်ပြီး လေယဉ် လက်မှတ် စီစဉ် ပေးမယ်ပြောတယ် ! ကိုကြောင်ဝတုတ် နဲ့ တြွေ.ဖစ်အောင် ကျွန်တော် ဆက်သွယ်ပါ့မယ် !

  • kyeemite

    October 24, 2012 at 10:34 am

    သာဓု..သာဓု ..သာဓု ပါဗျာ…
    စိတ်ရင်းကောင်းထားတတ်က ကောင်းကျိုးကိုပေးပါတယ်…(တစ်ကယ့်ကိုယုံကြည်တာပါ)
    ကိုရဲရင့်ရဲ့ကုသိုလ်စိတ်အဟုန်ကြောင့် ၎င်း၊ မိဘမဲ့ကလေးများအတွက်အလှူဒါနကြောင်၎င်း
    ကိုရဲရင့်လှိုင်ရဲ့…မိခင်ကြီး ကျန်းမာလာမှာအသေအချာပါဗျို့…။
    အတွေးလေးရော…အရေးလေးရော ကြိုက်သဗျို့..
    ခင်တဲ့…

    • YE YINT HLAING

      October 24, 2012 at 1:07 pm

      ကျေးဇူးပါ ဦးကြီးမိုက် ရေ ! ကျွန်တော် လည်း အမေ့ ကို အရင်ကလို သွားလာ လှုပ်ရှား ပျော်ရွှင် စေချင်တယ် !

  • pooch

    October 24, 2012 at 1:12 pm

    ဟိုးအရင်တုန်းကထဲကာ အဘွား ရှိစဉ်ကတည်းက အတူနေ အတူဆုံကြရသူချင်း ဝဋ်ဖက် မဖြစ်စေနဲ့ မိတ်ဖက်ပဲ ဖြစ်ပစေ ဆိုပြီး ဆုံးမဖူးပါတယ်။ ကိုယ်က ငယ်သေးတော့ သိပ်မသိတတ်ခဲ့ဖူး။ နောက်ကြီးမှ သဘောပေါက်လာတာ။

    နောက်ပြီး ဝဋ်ဆိုတာ လည်တတ်တဲ့သဘောရှိတယ် ဆိုတဲ့စာအုပ်ကို ဖတ်ပြီးကတည်း ကိုယ့်စိတ်ကို အတော်လေး ဆင်ခြင်ဖြစ်ခဲ့တယ်။

    သံသရာဆိုတာ မလွတ်မြောက်နိုင်သေးသမျှ ကာလပတ်လုံး ကိုယ်ပြုသမျှကံ ကိုယ့်ထံပဲ ပြန်လာမှာဆိုတော့ သံသရာရှည်နေမှာ ကြောက်နေသေးလို့ပါ။

    • YE YINT HLAING

      October 24, 2012 at 1:25 pm

      “အတူနေ အတူဆုံကြရသူချင်း ဝဋ်ဖက် မဖြစ်စေနဲ့ မိတ်ဖက်ပဲ ဖြစ်ပစေ ဆိုပြီး ဆုံးမဖူးပါတယ်။”

      ဟုတ်တယ်ဗျ ! တစ်ယောက် နဲ့ တစ်ယောက် မိတ်ဖက် မဖြစ်ပဲ ရန်ဖက်၊ဝဋ်ဖက် ဖြစ်နေ ကြမယ် ဆိုရင် အပြန်အလှန် အလှည့်ကျ မနွဲ့ကြစတမ်း ဆိုပြီး လုပ်နေကြရင် နှစ်ဖက်လုံး လက်ရှိကော နောင်မှာပါ သံသရာ ဆိုး ရှည်နေမှာပေါ့ဗျာ ! မန့် အတွက် ကျေးဇူးပါ မပု ( ချ ) ရေ !

  • Hnin Hnin

    October 24, 2012 at 2:03 pm

    ဖတ်ပြီးတော့ ကိုယ့်ဟာကိုယ် စာပေဆု စကာတင်ထဲ ပေးဝင်လိုက်ပါတယ်….
    ကိုclam က ပို့စ်တင်နေတဲ့သူဆိုတော့ (ကလန်ကဆန်မဟုတ်…!..သုံးလွန်းလို့
    exclamation မှ ပေးထားသော ‘clam’ , nick name) သတ်ပုံလေးတွေ ဂရုစိုက်၊
    မြန်မာစာဆိုတော့ ! ဖြုတ်လိုက်ရင် ပိုကောင်းမှာပါ….

    ဒီကခွေးတွေအကြောင်း ဖတ်ရင်း ရင်ထဲမကောင်းဘူး…….
    ‘စိတ်ထားကောင်းရင် ကံကောင်းတယ်’ ဆိုတာ လက်ခံပါတယ်…
    ‘စိတ်’ ဆိုတာ ရေလို ကြည်လင်အေးမြနေအောင် အမြဲထားနိုင်ရမယ်…
    ‘စိတ်’ ဆိုတာ မြေကြီးနဲ့တူရမယ်….သူ့အပေါ်မှာ ဘယ်လို တူးဆွ၊ထိုးနှက်မှုတွေ
    အမျိုးမျိုးလုပ်နေလည်း သည်းခံနိုင်တဲ့စိတ်မျိုးရှိရမယ်တဲ့…ဖတ်ဖူးတာလေးပါ…..

    ကိုရဲရင့်လှိုင်မေမေလည်း ကိုရဲရင့်လှိုင်နဲ့တွေ့ပြီး အမြန်ဆုံး ပြန်ပြီးကျန်းမာလာပါစေ။

    • YE YINT HLAING

      October 24, 2012 at 5:07 pm

      အဘိုး ပြောတဲ့ ပုံပြင် မှာ ကျွန်တော် အဲဒီ ကလန် လေးတွေ ဖြုတ်လိုက်တယ် ။ ဘယ်လို ဘယ်လို အကျင့် ပါပြီး ရေးနေလဲ လို့ တောင် ပြန်စဉ်းစားမိတယ် ။

      “‘စိတ်’ ဆိုတာ ရေလို ကြည်လင်အေးမြနေအောင် အမြဲထားနိုင်ရမယ်…
      ‘စိတ်’ ဆိုတာ မြေကြီးနဲ့တူရမယ်….သူ့အပေါ်မှာ ဘယ်လို တူးဆွ၊ထိုးနှက်မှုတွေ
      အမျိုးမျိုးလုပ်နေလည်း သည်းခံနိုင်တဲ့စိတ်မျိုးရှိရမယ်တဲ့…”

      အဲဒါလေးကို မှတ်သားထား လိုက်ပါတယ် ။ အမေ့ အတွက် ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါ ။ အားလုံး ရဲ့ ကျန်းမာစေလိုတဲ့ ဆုတောင်း ကို အမေ နဲ့ တွေရင် ပြောပြရဦးမယ် ။

  • နှင်းဆီ ငုံ

    October 24, 2012 at 4:44 pm

    သာဓု ၃ ကြိမ်ခေါ်ပါတယ် ကိုရဲရင့်လှိုင်ရေ…
    ပြုခဲ့တဲ့ကောင်းမှုကံ ထားခဲ့တဲ့ ဖြူစင်တဲ့စိတ်ထားတွေအတွက်
    ကိုရဲရင့်လှိုင် မိခင်ကြီး အမြန်ဆုံး ကျန်းမာချမ်းသာစွာနဲ့
    သားသမီးတွေနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။

    • YE YINT HLAING

      October 24, 2012 at 5:12 pm

      အမေ့ အတွက် ဆုတောင်း ပေးတဲ့ မနှင်းဆီငုံ ကို ကျေးဇူးပါ ။

  • Good™

    October 24, 2012 at 5:25 pm

    ယ္ခု မန်းဂေဇက်စုပေါင်းအလှူ နဲ့ ကောင်းမှု တွေ အတွက် သာဓုပါ ဗျာ။
    စာရေးသူ ရဲ့ မိခင်ကြီး လည်း ကျန်းမာရွှင် လန်း စွာ နဲ့ သားပြန်အလာ ကို ကြိုဆို နိုင်ပါစေဗျာ။

    • YE YINT HLAING

      October 24, 2012 at 6:07 pm

      ကျေးဇူးပါ ။ ပေးတဲ့ ဆု အတိုင်း ပြည့်ပါစေဗျာ !

  • အလင်းဆက်

    October 26, 2012 at 8:49 pm

    ကိုရဲရင့်ရေ….

    ဖတ်ဖို ့ သိမ်းလိုက်ပြီဗျို ့
    အခု ဖတ်ဖို ့တော့အချိန်က ..မရတော့လို ့။ မနက်ဖြန်မှ..ဖတ်မယ် ။

    နော် ။

    :buu:

    • YE YINT HLAING

      October 27, 2012 at 11:08 am

      ကျေးဇူး ပါ ကို အလင်းဆက် ရေ !

  • ဦးကြောင်ကြီး

    October 27, 2012 at 11:02 am

    ရဲရင်လှိုင်
    ဆွဲခွင့်ပိုင်
    ပွဲစွင့်မြိုင်
    ချဲသင့်ဒိုင်
    ဖဲဝံ့နိုင်
    ကျွဲရှဉ့်အိုင်
    ဘဲကင့်ဆိုင်..။

    • YE YINT HLAING

      October 27, 2012 at 11:24 am

      ဦးကြောင်
      ဒူးထောင်
      ဖူးယောင်
      နဖူးပြောင်
      ဗိုက်ရွှဲ
      မလိုက်ပဲ
      အကြိုက်ကဲ
      မိုက်ခဲ
      အသိုက်ထဲ
      ဥနှိုက်
      အခုမလိုက်
      သူ့အကြိုက်
      ဘဲကင်
      ဆွဲချင်
      ပွဲပြင်
      ဟေ့ ရွာစား !
      ဟေးလာမောင်တို့ဝါး !
      တဲ့တဲ့တဲ့တဲ့တဲ့တဲ့ တယ် ——-

  • ရွှေ ကြည်

    October 27, 2012 at 6:05 pm

    အဝေး ရောက်နေလို့ အမ က ကျွန်တော့ ကို သက်သာ ပါတယ် ပြောပေမဲ့ အမေ နဲ့ တိုက်ရိုက် ဖုန်းပြော ချင်တယ်ဆိုပြီး အမေ နဲ့ ဖုန်းပြော ကြည့်တော့ အမေ က သားပြန်လာမယ်ထင်လို့ ရန်ကုန် ကနေ စောင့်နေတာ ဆို တဲ့ စကားကို မနည်းနားလည် အောင် နားထောင်လိုက်ရတယ် ။

    အဲဒါလေးဖတ်ပြီး ငိုချင်သွားတယ် ကိုရဲရင့်လှိုင်အဆင်ပြေပြေနဲ့ အမြန်ဆုံးပြန်နိုင်ပါစေရှင်။
    ကိုရဲင့်လှိုင်အမေမျှော်နေရတာသနားပါတယ်။ ရွှေကြည်ကအဲဒိလို ဝေးနေလို့ဆိုပြီးညာတာကိုမုန်းတယ်။
    သူတို့ကတော့ စိတ်ပူမှာစိုးလို့ ဘာညာပေါ့ ရွှေကြည်ကတော့မရဘူးအိမ်ကို အပြီးပြောထားတယ်
    ရွှေကြည်ကနယ်ကနေ ရန်ကုန်မှာအလုပ်လာလုပ်တာဆိုတော့ နိုင်ငံခြားလောက်တော့မဝေးဘူးပေါ့
    ဒါပေမယ့် မိဘကျန်းမာရေးကိုညာပြောရင် အမှန်သိလို့ကတော့ သောင်းကျန်းပြီမှတ်ဆိုပြီးကြိမ်းထားတယ်။
    ပျော်ရွှင်တဲ့မိသားစုတွေ့ဆုံပွဲလေးကို အမြန်ဆင်နွှဲနိုင်ပါစေလို့
    နောက်ပြီး အမေကိုနွေးထွေးတဲ့ ပကာသနမပါတဲ့ ဂရုစိုက်မှုနဲ့ မြစ်တာ( ဖောင့်အဆင်မပြေလို့အသံထွက်အတိုင်းရိုက်လိုက်ပါတယ်) တွေပေးပါ ကိုရဲင့်လှိုင်ရေ

    • YE YINT HLAING

      October 27, 2012 at 6:38 pm

      စိတ်ချပါ မရွှေကြည်ရေ ! ကျွန်တော် ပြန်လာမယ်ဆိုတာ သိလို့ အမေ လည်း ပျော်နေတယ် ပြောတယ်။ ဒီ လ ( ၃ဝ ) ရက်နေ့ ပြန်မယ်။ မရွှေကြည် ပြောသလို မောင်နှမ တွေ အကုန်ဆုံကြမယ် ။ အမေလည်း သက်သာလာမယ် ဆိုရင် အားလုံး ပျော်စရာ ကြီးပေါ့ဗျာ !

Leave a Reply