အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၄ ) ( D – 4 – London )
အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၄ )
( D – 4 – London )
စက်တင်ဘာ ၁၄ ရက်နေ့ ။
ဒီနေ့ကတော့ Schedule ၊
အရမ်း tight ဖြစ်တဲ့နေ့ပါပဲ ။
အဲဒါကြောင့် ရထား စီးလို့ ရမယ့် ၊
၉ နာရီခွဲ အထိစောင့်နေလို့ ၊
မဖြစ်ချေဘူး ဆိုပြီး ၊
မနက်စောစောထဲက ထပြီး ၊
ဘတ်စကားကို ပိုက်ဆံသပ်သပ် ၊
ထပ်ပေးပြီး စီးထွက်လာခဲ့ပါတယ် ။
ပထမဆုံးသွားမယ့်နေရာကတော့ ၊ ချယ်လဆီး ဘောလုံးကွင်း ပါပဲ ။
ဘတ်စကား ဒရိုင်ဘာကို ဒီ ဘတ်စကား က ချယ်လဆီး ဘောလုံးကွင်းကိုရောက်လားလို့မေးပြီး မှစီးခဲ့တာပါ ။
လန်ဒန်ရဲ့ နာမယ်ကျော် ၂ထပ် ဘတ်စကားကြီး ကို အပေါ်ထပ်က တက်စီးခဲ့တာပါ ။
အဘက ညမအိပ်ခင်မှာ မနက်ဖြန် လုပ်မယ့်အလုပ်တွေကို ကြိုပြင်ထားလေ့ရှိပါတယ် ။
မနေ့ညကထဲက ၊ အဘ ရဲ့ Mobile Phone ထဲက GPS မြေပုံထဲမှာ ၊
စီးရမယ့် ဘတ်စကား နံပါတ် ၊ ဘတ်စကား သွားမယ့်လမ်းကြောင်း ၊ ရပ်မယ့်မှတ်တိုင်ကို ကြိုရှာပြီး ၊
အဲဒီ GPS မြေပုံမှာပဲ တစ်ခါတည်း Favourite ဆိုပြီး Mark လုပ်ထားပြီးသားပါ ။
ချယ်လဆီးကွင်း ဝင်ပေါက်ကိုလည်း မှတ်ထားပြီး ၊ အနီးဆုံး ဘတ်စကား မှတ်တိုင်ကိုပါ မှတ်ထားပြီးသားပါ ။
၂ထပ် ဘတ်စကားကြီး ရဲ့ အပေါ်ထပ်ကိုလည်း GPS Signal ကောင်းအောင် တမင်တက်စီးခဲ့တာပါ ။
အဲဒါကို ၊ အဘ မှန်းထားတဲ့ မှတ်တိုင်မရောက်မှီ တစ်မှတ်တိုင်မှာ ၊
ဘတ်စကား ဒရိုင်ဘာက ချယ်လဆီးကွင်း သွားမယ့်သူတွေ ဆင်းလို့ရပါတယ်လို့ မိုက်နှင့်အော်ပါတယ် ။
အဘတို့ကြားပေမယ့် ၊ နောက်မှတ်တိုင်မှ ဆင်းမယ်လေဆိုပြီး ပေပြီး ထိုင်နေပါတယ် ။
မိုက်နှင့် နှစ်ခါအော်ပြီးတာတောင်မှ ဆင်းမလာတာနှင့် ၊
ဘတ်စကား ဒရိုင်ဘာကြီးက လူကိုယ်တိုင်တက်ပြီးကို လာပြောရှာပါတယ် ။
အဲဒီအခါမှာတော့ အဘတို့လည်း ရှင်းမပြတော့ပဲ Thank You ဆိုပြီး ဆင်းလာခဲ့ပါတယ် ။
အမှန်တော့ ချယ်လဆီးကွင်းက မှတ်တိုင် နှစ်ခုကြား အလယ်လောက်မှာပါ ။
ကွင်းကိုအသွားမှာ စဉ်းစားမိတာကတော့ ၊ လူတွေဟာ ထင်ထားမိသလောက် မဆိုးပဲ ၊
ကူညီ ရိုင်းပင်းလိုတဲ့စိတ်ထား တွေ ကျန် ရှိနေပါသေးလားဆိုပြီး ကျေနပ်နေမိပါတယ် ။
၂ထပ် ဘတ်စကားကြီး ရဲ့ အပေါ်ကမြင်ရတဲ့ London ရဲ့ မနက်စောစော ရှုခင်း ။

ဒါနှင့် ၊ ရွာသူားတို့ကို တစ်ခုတော့ တောင်းပန်ထားပါရစေကွယ် ၊ အဝတ်အစားပါ ။
အဘမှာ အဝတ်အစား ၄ စုံလောက်ပဲ ပါခဲ့ပါတယ် ၊
ဒီထဲမှာ အေးတဲ့ နေရာတွေမှာဝတ်ဖို့ ဖလန်နယ် အထူကြီးက တစ်စုံ ။
အဘက အမေရိကန် Tourist စတိုင် အင်္ကျ ီကို ၃ ရက်လောက် ဒုံးချ ဝတ်ပြီးရင် ၊
လွှင့်ပြစ်မယ် စဉ်းစားထားလို့ အင်္ကျ ီ အများကြီး မယူခဲ့ပါဘူးကွယ် ။
အဲဒီတော့ အင်္ဂလန် ၃ ရက်လုံးမှာ ဒီ အင်္ကျ ီ တစ်ထည်ထဲ ဖြစ်နေလို့ပါ ။
တကယ်လည်း ၂ ထည်လောက် ပြစ်ခဲ့ပြီး ၄ ထည်လောက် ဝယ်ခဲ့ပါတယ် ။
အဲဒီမှာ ဈေးပေါတဲ့ အင်္ကျ ီတွေကို လိုက်ရှာဝယ်ရတဲ့ ဒုက္ခတစ်ခု ထပ်တိုးလာပါတယ် ။
အဲဒါနှင့် နောက်ပိုင်းမှာတော့ ၊ ပြန်လျှော်ပြီးပဲ ဝတ်ရပါတော့တယ် ။
ချယ်လဆီးကွင်းရောက်တော့ Stadium & Museum Tour လုပ်ဖို့ အချိန်စောနေသေးတာနှင့် ၊
ချယ်လဆီးကွင်း အပြင်ပိုင်းကို လှည့်ပါတ် ဓါတ်ပုံရိုက်ပြီး ၊ Chelsea Mega Store ကနေ ၊
2012 UEFA Champion Chelsea လို့ရေးထားတဲ့ မာဖလာတစ်ခု ( ၁၅ ပေါင် ) ဝယ်လိုက်ပါတယ် ။
Chelsea Hub / Club နားမှာတော့ တန်ဖိုးကြီးကားတွေ Bentley တို့ Ferrari တို့ ကို တွေ့ခဲ့ပါတယ် ။
လူလတ်တန်းစားတွေ အစီးများတဲ့ Mercedes Benz နှင့် BMW တွေလည်း အတော်များပါတယ် ။
ချယ်လဆီးကွင်း Stamford Bridge Stadium ။

ချယ်လဆီးကွင်း Stamford Bridge Stadium မြေပုံ ။

ချယ်လဆီး ကလပ် ။ Mercedes Benz, Bentley နှင့် BMW တွေ ။

ချယ်လဆီး ကလပ် အရောင်းဆိုင်ထဲမှာ။

အဘတို့ကို လိုက်ပြမယ့် Tour Guide ရောက်လာတော့ Stadium ထဲကိုဝင်ခဲ့ပါတယ် ။
ထုံးစံအတိုင်းပါပဲ ချယ်လဆီး အသင်း နှင့် ကွင်း ရဲ့သမိုင်းကြောင်း ၊ ရခဲ့တဲ့ ဖလားတွေကို ရှင်းပြပါတယ် ။
ကွင်းဝင် Tunnel ၊ ပွဲကြည့်စင် တွေ နှင့် ကွင်းကိုလိုက်ပြတယ် ၊
အိမ်ကွင်း နှင့် အဝေးကွင်း ကစားသမားတွေရဲ့ dressing room ကိုလိုက်ပြတယ် ။
the press room နှင့် television interview room တွေကို လိုက်ပြ ရှင်းပြ ပါတယ် ။
ချယ်လဆီး ဘောလုံးကွင်း ။

အနောက်ဖက် ပွဲကြည့်စင်က ရိုက်ထားတာပါ ။

အနီလေး ဝိုင်းပြထားတာက နည်းပြ နှင့် အရံကစားသမားတွေထိုင်တဲ့ နေရာပါ ။

သတင်း နှင့် TV အင်တာဗျူး ဖြေတဲ့နေရာ ။

ကစားသမားတွေရဲ့ dressing room ကို ရှင်းပြနေပုံ ။

အထူး သတိထားမိတာ တစ်ခုကတော့ ၊
ပရိတ်သတ်တွေထိုင်တဲ့ ထိုင်ခုံနှင့် နည်းပြ ၊ အရံကစားသမားတွေထိုင်တဲ့ ထိုင်ခုံဟာ ကပ်နေပါတယ် ။
နောက်ပြီးတော့ ပရိတ်သတ်တွေထိုင်တဲ့ ထိုင်ခုံနှင့် ကစားကွင်းဟာ တစ်ညီထည်းရှိနေပြီး ၊
ရ ပေ ၈ ပေ လောက်ပဲကွာပြီး ၊ ဘာအရံအတားမှ မရှိတာကို တွေ့ရပါတယ် ။
သူတို့ နိုင်ငံသားတွေရဲ့ ရင့်ကျက်မှု နှင့် ဥပဒေကို လိုက်နာမှုကို မှန်းဆ လေးစားမိပါတယ် ။
Stadium Tour ပြီးတာနှင့် အချိန်နည်းနေပြီဖြစ်တာကြောင့် Museum ကိုဝင်မကြည့်ဖြစ်တော့ပဲ
မြို့ထဲဘက်က Trafalgar Square ( Charing Cross ) ကို အမြန်ထွက်လာခဲ့ပါတော့တယ် ။
Trafalgar Square ရဲ့ အလယ်မှာတော့ Trafalgar ရေတပ်တိုက်ပွဲကို အနိုင်တိုက်ခဲ့တဲ့ ၊
ရေတပ်ဗိုလ်ချုပ်ကြီး နလ်ဆင်ရဲ့ အထိမ်းအမှတ် ကျောက်တိုင် ( Nelson’s Column ) ရှိပါတယ် ။
အဘတို့လဲ ဘေးကပ်လျှက်မှာ တည်ရှိတဲ့ အမျိုးသားပြတိုက် The National Gallery ထဲ ဝင်ကြည့်ခဲ့ပါတယ် ။
အဓိက က ပန်းချီကားတွေကို ခေတ်အလိုက် အဆောင်ခွဲပြီး ပြထားပါတယ် ။ ဓါတ်ပုံရိုက်ခွင့် မပြုပါဘူး ။
သေချာသာကြည့်ရင် လပေါက်အောင် ကြာမှာပါ ။ အဘတို့ကတော့ ၁ နာရီ နှင့် အပြတ်ပေါ့ ။
ရေတပ်ဗိုလ်ချုပ်ကြီး နလ်ဆင်ရဲ့ အထိမ်းအမှတ် ကျောက်တိုင် ( Nelson’s Column ) ။

အမျိုးသားပြတိုက် The National Gallery ။

ပြီးတာနှင့် ၊ နာမည်ကြီး St. Paul’s Cathedral ကိုပြေးရပြန်ပါတော့တယ် ။
ယောင်တောင် ပေါင်တောင် နှင့် သူများသွားတဲ့နောက် လျှောက်လိုက် / တက်သွားတာ ၊
Cathedral ရဲ့ အမိုးခုံးကြီး အပေါ် အမြင့်ကြီး အထိ ရောက်သွားပါတယ် ။ ပင်ပန်းလိုက်တာကွယ် ။
ဒါပေမယ့် ၊ လန်ဒန်ရဲ့ Skyline ရှုခင်းတွေနှင့် လေနုအေးက အမေါပြေစေပါတယ် ။
နာမည်ကြီး St. Paul’s Cathedral ။

လန်ဒန်ရဲ့ Skyline ရှုခင်း ။

အမေါပြေပြီဆိုတာနှင့် ၊ အောက်ပြန်ဆင်းပြီး ၊ ထပ်ပြေးရပြန်ပါတော့တယ် ။
ဒီတစ်ခါတော့ ၊ Madame Tussauds ဖယောင်း ပြတိုက် နှင့် Sherlock Holmes Museum ပါ ။
Sherlock Holmes Museum ကို ရောက်တယ်ဆိုရုံလေးကြည့်ပြီး ၊
Madame Tussauds ဖယောင်း ပြတိုက် မှာမှ အချိန် နှစ်နာရီလောက် ကြာသွားပါတယ် ။
သူက ဖယောင်း ရုပ်ထုတွေကြီးပဲပြတာ မဟုတ်ဘူးလေ ။
Chamber of Horrors နှင့် သူ့အထဲက SCREAM Passage လဲဖြတ်ရတယ် ။
Marvel Super Heroes 4D Show ကိုလည်းကြည့်ရသေးတယ်လေ ။
Spirit of London ဆိုတဲ့ London သမိုင်း Taxi Ride ကိုလည်း စီးရသေးတယ် ။
Sherlock Holmes Museum ။

Twilight ထဲက မင်းသားတဲ့ ။

ရှောင်ကွန်နရီ နှင့် ။

Bruce Willis နှင့် ။

ဒီမင်းသမီးက ဘယ်သူလဲမသိဘူး ၊ ထိုင်စရာလေးနှင့် မို့လို့ ။

ဂျိန်းစဘွန်း မင်းသား ။

ချားလ် နှင့် ကမီလာ ။

ထင်ရှားကျော်ကြားသူတွေ ။

ဘက်ဟမ် နှင့် ဗစ်တိုးရီးယား ။

Wolverine ။

Iron Man III ။

အဲဒီက ပြန်ထွက်တော့ မှောင်စ ပြုနေပါပြီ ။ ညပိုင်းဆိုတော့ Museum တွေ ပိတ်ပါပြီ ။
ဒါပေမယ့် စိတ်မလျော့သေးပဲ ၊ လန်ဒန်မှာ အကောင်းဆုံး ရုပ်ရှင်ရုံလို့ အသိအမှတ်ပြုထားတဲ့ ၊
Curzon Soho ကို သွားလိုက်ပါတယ် ။ London Pass နှင့် အလကားကြည့်ခွင့် ရှိပါတယ် ။
ဒါပေမယ့် ပြနေတဲ့ ရုပ်ရှင်တွေက တကယ့် Drama တွေချည်းပဲ ဖြစ်နေတာနှင့် ၊
ရုံထဲမှာပဲ အိပ်ပျော်သွားမယ့် သဘောရှိနေတာမို့ ၊ ဒုက္ခ ထပ်မခံတော့ပဲ ၊
အဘတို့ရဲ့ ခေတ္တ ကွန်းခိုရာ Hilton Kensington Hotel ကိုပဲ ပြန်လာခဲ့ပါတော့တယ် ။
တော်သေးဘီ ။
အဘ ဖေါ ( FR ) ။
14 comments
ဦးဦးပါလေရာ
October 24, 2012 at 9:55 am
အေးတဲ့ဒေသတွေမှာတော့ နေ့တိုင်းလဲ အဝတ်လဲဖို့ လိုမယ်မဟုတ်ပါဘူး..။ ကျုပ်မိတ်ဆွေ ကနေဒီယံကြီး တခါပြောဘူးတယ်.. သူ့ဘောင်းဘီဝတ်ထားတာ တပတ်ရှိပြီတဲ့…. 😛
ဦးဦးပါလေရာ
October 24, 2012 at 10:02 am
ဖယောင်းရုပ်တွေကို ကိုင်လို့ရမယ်(ကိုင်ခွင့်ရှိမယ်)လို့ ထင်မထားမိဘူး…
ဒီလိုခွင့်ပြုထားရင် ပျက်လဲပျက်စီးနိုင်တယ်
အမှတ်တရအဖြစ် တစိတ်တပိုင်းချိုးဖဲ့ပြီးလဲ ယူသွားနိုင်တာပဲ..။
ဖယောင်းပြတိုက်မှာ ဒေါ်စုပုံလဲ တနေ့ရှိလာမယ်ထင်မိတယ်…။
မိုချို
October 24, 2012 at 2:12 pm
အဘရေ တွေ့ ရ သလောက်တော့ လန်ဒန်က ရှေးဟောင်းအဆောက် အုံတွေ များတယ်နော်။ Madame Tussauds ဖယောင်း ပြတိုက် တော့ ရောက်ဖူး ချင် ပါတယ်။ ဘောလုံး ကွင်းတော့ သိပ်စိတ်မဝင်စားဘူး။ စကား မစပ် အဘလို့ သာ ခေါ် နေ ရတယ် ၄ဝ တောင် စွန်း သေး ရဲ့ လား မသိဘူး အဘရေ။
Hnin Hnin
October 24, 2012 at 2:38 pm
ဘပြောတဲ့ မင်းသမီးဆိုတာ London-born နာမည်ကြီး English model
Kate Moss ရဲ့ waxwork ပါ…
kyeemite
October 24, 2012 at 3:02 pm
ကြည့်ကောင်းကောင်းနဲ့ ငေးမောကြည့်ရှု့ သွားပါဂျောင်းးးး
pooch
October 24, 2012 at 3:23 pm
လန်ဒန်မြို့ကြီးကို ကြည့်ရတာ ငြိမ်သက်ပြီး ဟန်ကြီး ပန်ကြီး နိုင်သလိုပဲ ။ အိန္ဒြေသိက္ခာ တခွဲသားနဲ့ ပုံမျိုး။
ဒါကြောင့်မို့ သူတို့ဆီက ရှေးဟန်ကို နှစ်သက်ကြတာလားမသိဘူး။
ဘောလုံးကွင်းတွေတော့ စိတ်မဝင်စားဘူး။ ရှားလော့ဟုမ်း ပြတိုက်ထဲ ဘာတွေ ထည့်ပြထားလဲ မသိဘူး။
အရင်က ရှားလော့ဟုမ်းစာအုပ်တွေ ဖတ်ဖူးလို့ စိတ်တော့ ဝင်စားတယ်။
ပန်းစံပါယ်
October 24, 2012 at 4:33 pm
Preparation ပိုစ့် စတက်လာကတည်းက ဖတ်နေတာ ဖတ်ပြီးတဲ့အဆင့်ကို အခုမှပဲရောက်တော့တယ် (အလုပ်များလို့တော့ ဟုတ်ဘူး။ နန်းခင်ဇေယျာကို vote လုပ်ရင်း အခြေအနေကို စောင့်ကြည့်နေလို့)။ တဆက်တည်း (၄) အထိပါဖတ်လိုက်ပြီး အခုမှပဲ ဝင်ရေးဖြစ်တော့တယ် အဘဖောရေ။ ဗဟုသုတတွေ အများကြီးပဲရတဲ့အပြင် ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ် နောက်ထပ်တင်မယ့် အပိုင်းတွေကိုလည်း စောင့်မျှော်နေပါတယ်ရှင်။
ကိုပေါက်(မန္တလေး)
October 24, 2012 at 4:45 pm
မင်းသားကိုကိုဖောက ဘာလို့မျက်နှာကြီးကွယ်ထားရတာလဲကွယ်
ခန်ငြားထည်ဝါ သန့်ရှင်းသပ်ရပ်သော မြို့မြင်ကွင်းပါဘဲဗျာ
padonmar
October 24, 2012 at 10:42 pm
နောက်နှစ်လောက်ဆို ထင်ရှားကြော်ကြားသူတွေထဲ ဒေါ်စုလည်းပါလာလောက်မယ်ထင်ပါတယ်။
ဒါထက် အဘနော် ၊ဗစ်တိုးရီးယားကို သွားဖက်ထားတယ်။
ချယ်လဆီးတော့ စိတ်မဝင်စားဘူး.
ရှားလော့ဟုမ်းပြတိုက်တော့ကြည့်ချင်သား။
အရီးခင်လတ်
October 25, 2012 at 3:28 am
{{ ဘတ်စကား ဒရိုင်ဘာကြီးက လူကိုယ်တိုင်တက်ပြီးကို လာပြောရှာပါတယ်။
လူတွေဟာ ထင်ထားမိသလောက် မဆိုးပဲ ၊
ကူညီ ရိုင်းပင်းလိုတဲ့စိတ်ထား တွေ ကျန် ရှိနေပါသေးလားဆိုပြီး ကျေနပ်နေမိပါတယ် ။ }}
အဘဖော ရေ
အရင် ကိုယ်ပြည်တွင်းမှာနေခဲ့တုန်းက အနောက်တိုင်းက သူတွေ ဟာ စာနာစိတ်မရှိ၊ အကျင့်ဖောက်ပြန်၊ မိသားစုဆိုတာ မသိ၊ ကူညီလိုခြင်း ကင်း တဲ့ သူတွေ လို့ ဘယ်လိုကြောင့်များ ထင်ခဲ့မိတယ်မသိပါဘူး၊
ကိုယ်လက်တွေ့ နေလာတော့ အဲဒါတွေဟာ တမင်လုပ်ဇာတ်ခင်းပြောသလားတောင် ထင်ခဲ့မိတယ်။
အရင်အချိန်တွေကို တော့ မသိပါဘူး။
အခုချိန်မှာတော့ လူသားအချင်းချင်း ကူညီ ထောက်ထားတာတွေ၊ စည်းကမ်းရှိတာတွေ၊ တာဝန်ကို လေးစားတာတွေ ဟာ အရမ်းအတုယူဖို့ကောင်းပါတယ်။
လူတွေအားလုံးက ဒီလိုချည်းဘဲလို့တော့ မပြောလိုပါဘူး။
ဒါပေမဲ့ အများစုက အဲဒီလိုများပါတယ်။
ဒါဟာလဲ လူတွေ ရဲ့ အခြေခံစားဝတ်နေမှု လုံခြုံတာ နဲ့လဲ ဆိုင်မယ်လို့ ထင်ပါတယ်။
ဒီမှာက ပညာတတ်လာရင် အများစုက အီးကျူ ပါမြင့်အောင် ကြိုးစား နေတာကြောင့်လဲ ပါမှာပါ။
ကျောင်းပညာရေးကောင်းရင်ကောင်းသလို လူသားအချင်းချင်း စာနာရေး ဆိုတာတွေက ပါလာတာကိုး။
အမေကျော်ပြီး ဒွေးဒေါ်တော့ မလွမ်းချင်ပါဘူး။
ဒါပေမဲ့ လူကိုလူလိုမြင်တဲ့ အရပ်မှာ နေရတာတော့ ပျော်တာအမှန်ပါဘဲ။
ကျန်တဲ့ နိုင်ငံတွေတော့ မသိဘူး။
ဒီမှာတော့ ပစ္စည်းသယ်တဲ့ Van အများစုဟာ မာစီးဒီး တွေပါ။
လူလတ်တန်းစားများလဲ မာစီးဒီးတွေ၊ ဘီအမ်ဒဘလျူတွေ စီးနိုင်ပါတယ်။
မြန်မာပြည်မှာတော့ မာစီးဒီး (အမဲ) ဆိုတာ အရင်က ဝန်ကြီးမင်း များအတွက်သီးသန့်ပေါ့။
ဒီမှာတော့ အသုဘအခေါင်းသယ်တဲ့ ကားဖြစ်နေတတ်သေးတယ်။ 😉
အဘဖော စာရေးကောင်းတာ အသေအချာပါဘဲ။
ခရီးစဉ်မှာ တစ်ရွာလုံးကို ပါအောင်ခေါ်သွားခဲ့တာ။
ကျန်တာတွေကို ဆက်ပြီးမျှော် နေကြောင်းလေး သိစေအပ်ပါတယ်။ :hee:
Foreign Resident
October 25, 2012 at 11:02 am
” လူတွေ ရဲ့ အခြေခံစားဝတ်နေမှု လုံခြုံတာ နဲ့လဲ ဆိုင်မယ်လို့ ထင်ပါတယ် ”
မှန်ပါတယ် အရီးရေ ။
စားဝတ်နေမှု အဆင်ပြေနေတဲ့အခါ လောကကြီးတစ်ခုလုံးဟာ လှပလာပြီး ၊
အရာအားလုံးကို အကောင်းမြင် ပြီးကြည့်လို့ရလာတယ် ။
ကိုယ့်ဖက်က နဲနဲလောက် အနာခံပြီး ကူညီရလည်း ဘာမှမဖြစ်တော့ဘူး ။
” ကျောင်းပညာရေးကောင်းရင်ကောင်းသလို လူသားအချင်းချင်း စာနာရေး ဆိုတာတွေ ”
သူတို့က အခြေခံပညာ သင်ကတည်းက ၊
လူလူချင်း တန်းတူညီမျှမှု ၊ လူသားအချင်းချင်း စာနာရေး နှင့်
တရားမျှတမှု အကြောင်းကို သေချာ ခေါင်းထဲ ရိုက်သွင်းခံခဲ့ရတာကိုး ။
မောင်ပေ
October 25, 2012 at 9:37 am
just ကြည့်ရှု ငေးမော
weiwei
October 25, 2012 at 11:40 am
ဥရောပဘက်ကို အလည်သွားချင်ပါသေးတယ် …
လောလောဆယ်တော့ အဘဖောရဲ့ ပို့စ်တွေနဲ့အတူ အရင်အလည်ထွက်ထားလိုက်ပါတယ် …
အားကျတယ် .. အားကျတယ် … အားကျရုံပဲ တတ်နိုင်ပါသေးတယ် …
မဟာရာဇာ အံစာတုံး
October 25, 2012 at 4:12 pm
ချယ်လ်ဆီး ကွင်းကြီးက ..
အလန်းဇယားပဲဗျ ..
ကျုပ်လည်း မန်နေကြာ ဖြစ်အောင်လုပ်ပြီး ..
ချယ်လ်ဆီး နည်းပြ ဖြစ်အောင် လုပ်ဦးမှ …
ဒါ့ထက် ..
အဘက ဘာရို့ မျက်နှာဂျီးကို ကွယ်ထားဒါဒုံးဂျ ..
ဒီလောက် ကွယ်ချင်ဒဲ့ အဘ ..
မျက်နှာ မကွယ်ထားတဲ့ပုံကို ကျုပ် တင်ပေးလိုက်ရမလား ..
အဟင်း .. ဟင်း …
http://www.toonpool.com/user/856/files/girl_904985.jpg