ပေးစာ
အစွန်းနှစ်ဘက်တွေကြား…
အလယ်အလတ်သမားတွေ နေစရာမရှိတာ..မဆန်းတော့ဘူးအမေ…
မကောင်းတော့တဲ့ ခေတ်ထဲ… ယိမ်းမယ့်ဘက်ရွေးရင်းကနေ…
ကျွန်တော်လည်း..ဘုံပျောက်နေတာကြာပေါ့….
လူ့စိတ်ဆိုတာကလဲ.. ကောက်ရိုးမီးပဲအမေ….
ခုနေတင်ပဲ… စစ်ပွဲကြားက ကလေးတွေအရေး.. တို့အရေး…
ခုနေတင်ပဲ… ဟိုအရေးဒီအရေး… တို့အရေး….
အရေးတော်တော်များများ ကိုယ့်အရေးဖြစ်နေတဲ့သူတွေကြားထဲ….
မိသားစုအရေး.. ငါ့အရေးလို့ လူကြားထဲသွားအော်….
ကျွန်တော်ပဲ..အဟားခံရမှာပေါ့…
ခုတစ်လော.. ရီရမလို..ငိုရမလို ကိစ္စတွေသိပ်များတယ်….
ကျွန်တော်လေ….ရီလဲမရီတော့ဘူး… ငိုလဲမငိုတော့ဘူး …. အမေ…
မချိပြုံးတွေပဲ ပြုံးဖြစ်တော့တယ်
ထွက်သွားမှာကို တားတဲ့သူကလဲတားတယ်…
ဟားတဲ့သူကလဲဟားတယ်….အမေ…
ကျောလည်းမခိုင်းထားသလို…
ထိပ်တိုက်လဲ ရင်မဆိုင်တော့ဘူး…
ကျွန်တော်တော့…. ခေါင်းပဲငုံ့ထားမိတော့တယ်…..
အကြည့်ချင်းဆုံ….ကိုယ့်ဘက်ကအရင်ပြုံးပြရင်…
တစ်ဘက်လူကျေနပ်မနပ်တော့မသိဘူး….
စားသုတ်သုတ်… သွားသုတ်သုတ် စက်ရုပ်လူတွေကြားထဲ….
သွားပြုံးပြမိရင်တော့…. ငပေါကြီးဖြစ်တယ်အမေ….
ရောင်စုံဉာဏ်တွေ အစွမ်းကုန်ကွန့်မြူးနေနိုင်မှ
နေသားကျတဲ့ လောကထဲ…
ကိုယ့်လမ်းကိုယ်ဖောက်ဖို့ဆိုတာ…အသက်ပြည့်စရာမလိုဘူး အမေ….
တကယ်တော့…ကျပ်ပြည့်ဖို့ပဲ..လိုတယ်….
7 comments
P chogyi
October 25, 2012 at 8:57 am
ကျပ်ပြည်ဖို့မလိုပါဘူး။
ကျပ်တန်(တစ်ကျပ်တန်)မှမသုံးတော့တာ။
Win Paing Soe
October 26, 2012 at 1:51 pm
ဒါကတော့ ကိုယ့်အတွေးနဲ့ကိုယ်ပါပဲလေ.. 🙂
kyeemite
October 25, 2012 at 10:45 am
ကဗျာလေးကိုကြိုက်သဗျာ…အားပေးပါတယ်
Win Paing Soe
October 26, 2012 at 1:50 pm
အားပေးတာကျေးဇူးတင်ပါတယ်…. နောက်လဲအားပေးပါဦး.. :)))))
ဘဲဥ
October 25, 2012 at 12:58 pm
ဖြစ်ပေါ်နေတဲ့ သဘောတွေကို မီးမောင်းထိုးပြလိုက်တာ သဘောကျသဗျာ
Win Paing Soe
October 26, 2012 at 1:52 pm
ကျေးဇူးပါ…. :))))
Juvenilemay
October 26, 2012 at 3:15 am
ဟုတ်နေတာပဲ………..လေ……..