Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Win Paing SoeOctober 28, 20121min2042
ဓူဝံကြယ်လောက်အစွမ်းမထက်သလို…. သွေးပျက်နေတဲ့ ကွန်ပတ်(စ်)တစ်ကောင်လိုတော့…. လက်တံလည်ရုံသက်သက်…. ငါလမ်းမပြခဲ့ဘူး….. ရေလွှာဖွေးဖွေး…. တစ်ချက်တစ်ချက်…ငါ့ကိုခပ်နွေးနွေးပွေ့တယ်… လေပြေအေးအေး…. တစ်ချက်တစ်ချက်…..ငါ့ကိုကျီစယ်သွေးတယ်…. ငွေဇင်ယော်တူစုံတွဲ… တစ်ချက်တစ်ချက်.. ငါ့ရင် ခိုဝင်နားတယ်…… ဒီလောက်ဆိုရင်ပဲ…… အထီးကျန်တယ်ဆိုတဲ့စကား… ဘယ်သကောင့်သား….(ငါ့အတွက်) ခေါင်းစဉ်တပ်ချင်ဦးမလဲ… မာယာတဲ့…. တစ်ချက်တစ်ချက်….. အိန္နြေရှင်သိက္ခာအပြည့်နဲ့သူ…. တစ်ချက်တစ်ချက်….. အကြင်နာကင်းကွာမဲ့တဲ့သူ…. သူပဲလေ…. ငါရှင်သန်တဲ့အရပ်ကသူ… အချိန်နာရီလိုက်… သူ့မှာ မျက်နှာဖုံးတွေပေါတယ်….. အခြေအနေ အချိန်အခါလိုက်….. သူ့မာန် သူပြန်ပြန်မွေးတယ်….. ဘယ်သူတွေတရားပျက်ပျက်…. (ငါကတော့…) ငါ့တာဝန်ငါကြေ….. ငါ့အလင်းငါဖြန့်….. ငါ့နီးစပ်ရာ…ငါလမ်းပြရင်း…. တစ်ခါတစ်ခါတော့လည်း….. ငါ့ပုံရိပ်ငါ ပြန်ငေးကြည့်ချင်မိသား…. ငါ..ငါ..ငါ….. တကယ်ဆို ငါစွဲမချွတ်နိုင်သေးတဲ့…. ပရဟိတကောင် စစ်စစ်ကြီးက…. ငါ….. ק@!ИҀ (၂၉.၁၀.၂၀၁၂)


Win Paing SoeOctober 24, 20121min2727
အစွန်းနှစ်ဘက်တွေကြား… အလယ်အလတ်သမားတွေ နေစရာမရှိတာ..မဆန်းတော့ဘူးအမေ… မကောင်းတော့တဲ့ ခေတ်ထဲ… ယိမ်းမယ့်ဘက်ရွေးရင်းကနေ… ကျွန်တော်လည်း..ဘုံပျောက်နေတာကြာပေါ့…. လူ့စိတ်ဆိုတာကလဲ.. ကောက်ရိုးမီးပဲအမေ…. ခုနေတင်ပဲ… စစ်ပွဲကြားက ကလေးတွေအရေး.. တို့အရေး… ခုနေတင်ပဲ… မြန်မာမယ်လေး သရဖူရရေး… တို့အရေး… ခုနေတင်ပဲ… ဟိုအရေးဒီအရေး… တို့အရေး…. အရေးတော်တော်များများ ကိုယ့်အရေးဖြစ်နေတဲ့သူတွေကြားထဲ…. မိသားစုအရေး.. ငါ့အရေးလို့ လူကြားထဲသွားအော်…. ကျွန်တော်ပဲ..အဟားခံရမှာပေါ့… ခုတစ်လော.. ရီရမလို..ငိုရမလို ကိစ္စတွေသိပ်များတယ်…. ကျွန်တော်လေ….ရီလဲမရီတော့ဘူး… ငိုလဲမငိုတော့ဘူး …. အမေ… မချိပြုံးတွေပဲ ပြုံးဖြစ်တော့တယ် ထွက်သွားမှာကို တားတဲ့သူကလဲတားတယ်… ဟားတဲ့သူကလဲဟားတယ်….အမေ… ကျောလည်းမခိုင်းထားသလို… ထိပ်တိုက်လဲ ရင်မဆိုင်တော့ဘူး… ကျွန်တော်တော့…. ခေါင်းပဲငုံ့ထားမိတော့တယ်….. အကြည့်ချင်းဆုံ….ကိုယ့်ဘက်ကအရင်ပြုံးပြရင်… တစ်ဘက်လူကျေနပ်မနပ်တော့မသိဘူး…. စားသုတ်သုတ်… သွားသုတ်သုတ် စက်ရုပ်လူတွေကြားထဲ…. သွားပြုံးပြမိရင်တော့…. ငပေါကြီးဖြစ်တယ်အမေ…. ရောင်စုံဉာဏ်တွေ အစွမ်းကုန်ကွန့်မြူးနေနိုင်မှ နေသားကျတဲ့ လောကထဲ… ကိုယ့်လမ်းကိုယ်ဖောက်ဖို့ဆိုတာ…အသက်ပြည့်စရာမလိုဘူး […]


Win Paing SoeAugust 29, 20121min2185
တစ်နှစ်သာသာပဲနေဖူးတဲ့ မြို့ကတောင် Identity Cardလေးပြလိုက်နိုင်ရင်… အားရဝမ်းသာ ကြိုဆိုသေးတယ်… ခုတော့ ၂၅နှစ်စာ ရှင်သန်ခဲ့ဖူးတဲ့မြေပေါ်ခြေအချ… ဖြည့်လိုက်ရတဲ့စာရွက်တွေ…. အမေလို့ခေါ်ဖို့အရေး…. မွေးစာရင်းပြန်တောင်းနေသလိုပါပဲလား… အပြောင်းအလဲတဲ့…. တတ်လဲတတ်နိုင်လွန်းတယ်…. ကျားကြောက်နေရတဲ့ဘဝ နေသားကျနေမှတော့…. ဘယ်အချိန်ပေါ်လာမယ်မှန်းမသိတဲ့ ရှင်ကြီးဆိုတာကို ကြောက်စရာမလိုဘူးတော့မပြောပါနဲ့တော့….. ဖော်ရွေတယ်တဲ့… နားလည်မှုဆိုတဲ့…. တစ်ဆုံးတိုင်အဓိပ္ပါယ်ရောက်တဲ့စကားလုံးကို ထည်လဲသုံးတတ်တဲ့…ယူနီဖောင်းဝတ်တွေကိုပြောတာလား… နွေးထွေးတယ်တဲ့… အလုံပိတ်အဲကွန်းကားပေါ်က….မွေးပွအကျင်္ီနဲ့လူကပြောတာလား…. (ဒါမှမဟုတ်)…. နေရောင်ပြင်းပြင်းအောက်က..မှိန်ဖျော့ဖျော့မျှော်လင့်ချက်မျက်ဝန်းပိုင်ရှင် ဆုတောင်းသံတရစပ်နဲ့ အမယ်အိုကပြောတာလား…. ငွေ့ငွေ့လေးကျန်တဲ့ တနင့်တပိုးမျှော်လင့်ချက်တွေ… ခဏပြန်အသက်သွင်းကြည့်တယ်…. (ခုချိန်ထိ) ဘာလို့များ ကာရန်မညီနိုင်သေးတာလဲ….. ခြေစုံကန်တယ်လို့သာ အားမနာတမ်းပြောလိုက်ပါ…. ရန်ကုန်ရေ…… နင့်အရိပ်က.. ငါ့အတွက်တော့ တော်တော်ပူနေသေးတယ်…


Win Paing SoeAugust 28, 20121min2272
♥♥♥♥♥♥♥♥♥ နားလည်ပါတယ်ဆိုတဲ့စကားရဲ့နောက်……. ပြောမထွက်ဖြစ်ခဲ့တဲ့ ခံစားချက်တွေရှိတယ်… ပါးပြင်ပေါ်က ခြောက်ကပ်ကပ်ရေစီးကြောင်းတွေရှိတယ်…. နိုးတစ်ဝက် အိပ်တစ်ဝက်ညတွေရှိတယ်….. အသက်မဲ့တဲ့ တာဝန်ကျေအပြုံးတွေရှိတယ်…… ရပါတယ်ဆိုတဲ့စကားရဲ့နောက်…… မြိုချခဲ့ရတဲ့… နာကျင်ကျေကွဲမှုတွေရှိတယ်….. ထုတ်ပစ်ဖို့ကြိုးစားနေရတဲ့…. သံချေးကပ်အတ္တတွေရှိတယ်…… စွန့်လွှတ်လိုက်ရတဲ့… ပိုင်ဆိုင်ခြင်းတွေရှိတယ်…… တကယ်မရဘူးဆိုတာ သူသိမလားဆိုတဲ့…. မီးစာကုန်မျှော်လင့်ချက်လေးတွေရှိတယ်… တကယ်တော့ အချစ်ကနာကျင်စေတာမဟုတ်ဘူး…… အတ္တတွေကိုသာ….အချစ်လို့အမည်တပ်ပြီး…. နှလုံးသားကို နာကျင်စေကြတာ….. အချစ်ဆိုတာ ရတာများရင် ရိုးတယ်…. မရတာများရင် စိတ်နာလာတယ်တဲ့…. နင်တော့ရိုးနေပြီလားမသိဘူး…. ငါကတော့ စိတ်မနာသေးဘူး….. ♥♥♥♥♥♥♥♥♥


Win Paing SoeAugust 27, 20121min2368
ပိုင်ဆိုင်ဖူးတဲ့ နေ့စွဲတစ်ချို့ အနာဂတ်မရှိခဲ့ကြပေမယ့် သတိရတိုင်းပြန်တွေး ရင်ထဲ တစိမ့်စိမ့်နွေးတယ် အရာမထင်ခဲ့တဲ့ ပေးဆပ်မှုတွေအတွက် မခံယူတတ်ခဲ့တဲ့ ချစ်သူမင်းလဲ လိုအပ်ချက်တိုင်းပြည့်စုံပါစေ ငါစေတနာထားတယ် ဝတ်ကြေတမ်းကြေ အလှူခံထည့်ခဲ့သူကိုတောင် ဆုတွေတစ်သီကြီးပေးတတ်ကြတာပဲ ငါ့ဘဝထဲ ခဏလာပြီး စိတ်မပါတပါ ပေးသွားခဲ့တဲ့ ချစ်ခြင်းတွေအတွက်လည်း မင်းဘဝတစ်လျှောက် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ……


Win Paing SoeAugust 26, 20121min28419
ခြေခင်းလက်ခင်းလေးသာတယ်ပဲပြောမလား… နေသာတယ်ပဲပြောမလား…… လွယ်လွယ်ပြောရရင် အဲ့ဒီနေ့ကမိုးမရွာဘူးပေါ့ဗျာ….. စင်္ကာပူရဲ့ ပူပူနွေးနွေးပဲရှိသေးတဲ့…. Garden By the Bay ကို ခြေဦးတည့်ခဲ့မိပါတယ်….. အပြင်ဆင် အခမ်းနား…အားလုံးအားလုံး ဩချစရာတွေပါ….. ဟုတ်ကဲ့… အဲလိုပါပဲ… ရှိနေတဲ့အပင်တွေကလဲ တကယ့်ကို ဩချစရာလို့ပဲပြောမလား….. စိုက်ထားပျိုးထားတာတွေမြင်တော့… ရင်ထဲဖြင့်…ကိုယ်သာသူတို့နိုင်ငံလာအလုပ်လုပ်နေရတာ… သူတို့တောင် သနားမိသေး…ဘယ့်နှယ်…. အဘွားအိမ်မှာ ရေမလောင်းဘဲပစ်ထားလဲ များချင်တိုင်းများနေတဲ့ ကစ်စမီကွစ်ဆိုလား… အဲဒါတွေလဲ တယုတယ အလုံပိတ်အခန်းထဲထားလား ထားရဲ့… ကန္တာရပင်ခေါ်မလား… တစောင်းလက်ပတ်လား… ဘာလား အဲလိုအမျိုးအစားတွေလဲ ဟုတ်ကဲ့.. သူတို့လဲဘုရင်တွေဖြစ်နေပါတယ်ခင်ဗျ…. ဒီတိုင်းတောင်ကြည့်လို့မရဘူးနော် ငါးကျပ်လား ဆယ့်နှစ်ကျပ်လား ပေးပြီးဝင်ကြည့်မှရတဲ့… အလုံပိတ်အခန်းကြီးထဲထည့်ထားတာ…. (ဝင်တော့မကြည့်ခဲ့ပါဘူး အပြင်ကပဲချောင်းခဲ့တယ်…..) တကယ်တမ်းတွေးကြည့်ရင်…. စင်္ကာပူမှာမွေး စင်္ကာပူမှာပဲကြီးတဲ့ကလေးတွေများ အဲလိုမှမကြည့်ရရင် သူတို့ဒါတွေဒီတစ်သက်မမြင်ဖူးကြဘူးနေမှာဗျ..နော့….. အဲလိုနေရာကိုဝင်ကြည့်ဖို့တန်းစီနေတာကလဲ….. ရွာကဘုရားပွဲ ရဟတ်စီးဖို့စောင့်နေသလောက်ကိုရှိတာဗျို့….. လူတွေထိုင်ဖို့ချပေးထားတာကတော့…. ကိုယ်တွေနိုင်ငံတွေမှာတောင် […]


Win Paing SoeAugust 26, 20121min2083
ပစ္စုပ္ပန်တောင်မှ မနည်းကို တည့်တည့်ကြီး ရှုနေရတာ…. အတိတ်…အတိတ်ဆိုပြီး… ပြီးခဲ့တာတွေ အစမဖော်စမ်းပါနဲ့……. အနာဂတ်…??? ဘာဖြစ်မယ် ညာဖြစ်မယ်တွေလာမပြောနဲ့… လက်ထဲကပန်းသီးတောင် အခန့်မသင့်ရင် မြှားချက်ထိနိုင်သေးတယ်… ဟိုးဝေးဝေးကိုလဲမျှော်မျှော်မကြည့်နဲ့… ဟိုးးးးအနောက်ကိုလဲလှည့်လှည့်မကြည့်နဲ့… ကိုယ့်ခြေထောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်စမ်းပါ.. လှမ်းခါနီး ခြေတစ်လှမ်းအတွက်.. မင်းရွေးထားတဲ့ဖိနပ်တစ်ရံ… ဆင်တစ်ဘက်မြင်းတစ်ဘက်ဖြစ်မနေဖို့ပဲလိုတယ်… ၁၈.၀၁.၂၀၁၂