သူငယ်ချင်း မင်း ဘဝအတွက် စကားလေးတစ်ခွန်း လက်ဆောင်ပါ
သူငယ်ချင်းတွေနဲ့အတူရှိနေချိန်
ဟာ အိပ်မက်တစ်ခုဆိုရင်
ငါဘယ်တော့မှ နိုးထဖို့မကြိုးစားတော့ဘူး
သူငယ်ချင်း……….မင်းအားငယ် နေလား……….
အားတင်းထားပါ..
ဆုံးရှုံးမှုဆိုတဲ့နတ်ဆိုးကို
မင်းမျိုုးဖြုတ်ပစ်နိုင်ပါတယ် ။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….အရမ်းဝမ်း နည်းနေလား……
မင်းမျက်ရည်တွေသုတ်ပစ်လိုက်
သူတို့ကမင်းရဲ့စိတ်ဓါတ်ကို
ပျော့ညံ့ညံ့ ဖြစ်စေတယ်။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….စိတ်ပျက်ေ နပြီလား……….
ကိုယ့်ဘဝကိုယ် အမှန်အတိုင်းကြည့်
မင်းမြင်ရတဲ့ အရာကို
လှေကားထစ်လို နင်းတက်စမ်းပါ။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….ရင်ဖွင့်ချ င်လား……..
မျိုသိပ်မထားပါနဲ့
အဲဒါကိုအစကနေ စပြော
ငါတို့..နားထောင်နေတယ်။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….အသည်း ကွဲ နေလား…..
ဒါဆို…မင်းကံကောင်းပြီ
အဲဒီ့တစ်ယောက် က
မင်းအချစ်နဲ့ မတန်သေးဘူး။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….အထီးကျန်ေ နလား……….
တစ်ယောက်တည်း မနေနဲ့
ငါတို့နဲ့ အတူ
ခံစားမှုဆိုတဲ့ ..စနက်တံကိုမီးဝိုင်း ရှို့မယ်။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….မင်းကို သူတို့ အထင်သေးနေလား….
ဒေါသမဖြစ်နဲ့
မင်းရဲ့ မြှုပ်နေတဲ့အရည်အသွေးတွေ
သူတို့ မြင်နိုင်စွမ်းမရှိသေးလို့ပါ။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….မင်း….. ပန်းတိုင်ရောက်ပြီလား…….
တက်…..မထောင်နဲ့ဦး
ငါနောက် လှေ ကြည့်လိုက်ဦးမယ်။
++++++++++++++++++++++++++++++ ++++++++
သူငယ်ချင်း……….မင်းဘဝအော င်မြင်ပြီလား…….
ဂုဏ်ယူပါတယ်
မင်းရဲ့နောက်မှာ(မင်းရဲ့ရှေ့မှာ )
မင်းသူငယ်ချင်းတွေ….လက်ခုပ်တီ းနေကြတယ်…………………
++++++++++++++++++++++++++++++++++++++
သူငယ်ချင်း …
မင်းဘဝမှာ တစ်ခါမှ မရဘူးတဲ့ အရာကို လိုချင်ရင် တယ်ဆိုရင် …
မင်းတစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်မျိုးကို လုပ်ဖို့ လိုလိမ့်မယ်…။
ဘဝရဲ့ ခေါ်ရာကို မလိုက်နဲ့ …
မင်းသွားချင်တဲ့ ဆီ ဘဝကို ခေါ်သွား …. ။
ရှင်သန်နေထိုင်ဖို့ အတွက် မင်းဖွေးလာတာ
မွေးဖွားလာလို့ ရှင်သန်နေရတာ မဟုတ်ဘူး …. ။
လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲ .
ဘာမှ လွမ်းဆွေး တမ်းတ နေဖို့ မလိုဘူးလေ …
ရှေ့ကို ဆက်ပြီးလျှောက်ပါ သူငယ်ချင်း …
နေမဝင်သရွေ့ ဘဝ ကို ဘယ်တော့မှ အရှုံးမပေးနဲ့
သူငယ်ချင်းရေ ……
မင်းအတွက် လိုအပ်လာတဲ့ အခါ လှမ်းခေါ်လိုက်ပါ … အဖော်မွန်းကောင်းဆိုတာ ဘဝမှာ
မရှိမဖြစ်ပါ ….
®
One comment
မောင်တင့် တယ်
February 20, 2013 at 6:35 pm
မှန်လိုက်တဲ့စကား