7 -ဝါဝါဝင်းဝင်းငှက်ပျောဈေးခင်း
- 8လူစုံတက်စုံ
ကိုပေါက်လက်ဆော့ာခံခဲ့ရတဲ့ အောင်ပန်းဈေးနေ့ 20
မဒမ်ပေါက်နဲ့ဈေးထဲလျောက်သွား။
ပေါ်ဦးပေါ်စ လိမ္မော်သီးတို့ မန်းလေးမှာမမြင်ဘူးတဲ့ ဒူးရင်းဩဇာသီးတွေကိုဝယ်လို့ဝတော့ တည်းခိုခန်းကိုပြန်ခဲ့ကြပါတယ်။
သူဈေးဝယ်လို့ဝပြေမယ့် ကျနော်ကတော့ လက်ဆော့လို့မဝ။
အဲတော့ ဈေးထဲကိုတစ်ခေါက်ပြန်ထွက်လို့လာဖြစ်ပါတယ်။
ဒီတစ်ခါတော့ ဈေးမကြီးရဲ့ အရှေ့ဘက်နဲ့တောင်ဘက်လမ်းကြားတွေထဲ
ကဆိုင်လေးတွေဘက်ကိုရောက်သွားပါတယ်။
ကျနော်နောက်တစ်ခေါက်ထပ်ရောက်ချိန်မှာတော့ ဈေးကွဲစတောင်ပြုနေပါပြီ။
ကားတစ်စင်းနားမှာလူတွေဝိုင်းအုံနေလို့ကြည့်လိုက်တော့ သနပ်ခါးခဲရောင်းတဲ့ကားလေးဖြစ်နေပါတယ်။
ဈေးတန်းပြင်မှာတော့ ငှက်ပျောသီးရောင်းနေတဲ့ အတန်းကိုရောက်သွားပါတယ်။
သူတို့ကို ဓါတ်ပုံရိုက်တော့ ရှက်လို့ကွယ်နေသူရှိသလိုုပြုံးပြုံးကြီးနဲ့နေပြသူလဲရှိပါတယ်။
ဓါတ်ပုံရိုက်ပြီးတဲ့အခါသူတို့ပုံလေးတွေကိုပြန်ပြတော့တဟေးဟေးနဲ့သဘောတွေကျဆိုတော့ကျနော်တောင်ပျော်လာပါတယ်။
လမ်းဘေးမှခင်းပြီးရောင်းနေတဲ့ ဘုရားပန်းသည်လေးတွေ။
ပဲမျုးိစုံလက်ဘက်ခြောက်ရောင်းသူတွေအစုံပါဘဲ။
ဈေးဝယ်ပြီးပြန်ကြဘို့လူစုသူတွေကစု။
ရွာကထော်လာဂျီပေါါ်မှာနေရာ ယူသူကယူ။
ဒီလိုအေးချမ်းတဲ့ နေရာလေးမှာကျနော်နေခွင့်ရှိတာကတော့ ရက်ပိုင်းလေးပါဘဲ။
ဘာဘဲပြောပြော ခဏလဲ ခဏအလျောက်စိတ်ချမ်းသာခဲံ့ရတဲ့နေ့ရက်များပါဘဲ။
ကိုပေါက်လမ်းသလားနေသည်
အောင်ပန်းအောက်တိုဘာ-20
Post Views: 790
12 comments
Thu Wai
November 6, 2012 at 11:11 am
ရှမ်းပြည်ကတော့ ဘယ်အချိန်သွားသွား သာသာယာယာပါပဲ လေးပေါက်ရေ ကျွန်တော်တောင် တစ်ခေါက်လောက်တော့ ထပ်သွားချင်သေးတယ်ဗျို့
ဒါနဲ့ လေးပေါက်လက်ဆော့ခံခဲ့ ရတာဆိုတော့ လေးပေါက်များဓာတ်ပုံထဲမှာ ပါမလားလို့ ရှာကြည့်တာဗျ။
အဲတစ်ခုပြောရအုံးမယ် ပအို့မတွေက ဆံပင်ကိုသွားကိုင်ရင်ယူရတယ်လို့ ကျွန်တော်တို့သွားတုန်းက ဒေသခံတစ်ယောက်ကပြောတယ် ။ နောက်ပြီး တစ်လနေမှ ခေါင်းတစ်ခါလျှော်တာတဲ့ ဟုတ်လားလို့မေးပေးခဲ့ပါအုံး။
Hnin Hnin
November 7, 2012 at 1:53 pm
တစ်လနေမှ ခေါင်းတစ်ခါ လျှော်ရင်တော့..ဒီမှာ ပူချက်နဲ့တော့ မွှေးနေမှာပဲ…. 🙂
ဆံပင်ကိုင်တာတော့ ခုမှကြားဖူတာ…လက်ကိုင်ရင်တော့….
ဖေ့ဖေ့တပည့်ရင်းတစ်ယောက် အောင်သွယ်နဲ့ရတဲ့ ရွာသူရည်းစားနဲ့ မော်လမြိုင်
ရဟန္တာငါးရာဖူးဖို့ တောင်ပေါ်တက်တော့ ရည်းစားလက်ကလေးကိုကိုင်မလို့ သွားဆွဲလိုက်တာ..
အကိုင်မခံဘဲ ထီးနဲ့ပြန်ထိုးထည့်လိုက်လို့…သူ့မှာ အီသွားတာပဲတဲ့….အိမ်ထောင်ကျပြီး
သွားတော့မှ ဘာလို့အဲ့လိုလုပ်ရလည်းမေးကြည့်တော့…(သူပြန်ပြောပြတဲ့အတိုင်း)
‘ယောကျာ်းက လက်ကိုကိုင်ရင်၊ မိန်းမက ဗိုက်ကြီးတယ်’ လို့ အမေက မှာထားလို့တဲ့… 🙂
အဲ့အန်တီ ရိုးပုံ၊အပုံကို ရယ်ကြရပါတယ်…
ှုငှက်ပျောသီးသည်တွေဆီက အပြုံးတွေလည်း ကူးစက်သွားပါတယ်..လေးပေါက်ရေ..
ကိုပေါက်(မန္တလေး)
November 6, 2012 at 11:52 am
ကိုသုရေ
ခေါင်းစဉ်မှားနေတာ ပြင်ပေးလိုက်ပါပြီ
kyeemite
November 6, 2012 at 2:48 pm
ကိုပေါက်ရေ…ပုံ၄ မှာတော့…ရောင်းမကောင်းလို့လက်မှိုင်ချနေတာ
အရေးထဲ ဓါတ်ပုံဆြာကတစ်မှောင့်…လို့တွေးနေပုံပဲ…
အောင်ပန်းမှာ
ကြောင်အန်းအန်းနဲ့
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ
အားပေးသွားပါဂျောင်း
:hee:
Novy
November 6, 2012 at 3:52 pm
လေးပေါက်ရေ..
နိုဗွီလဲ အောင်ပန်းဈေးနေ့နဲ့ကြုံဘူးတယ်
စည်းလိုက်တာတိုးလို့မပေါက်ဘူး
ပျော်လိုက်တာ အခုတောင်ပြန်သွားချင်သေး
Mobile
November 6, 2012 at 7:41 pm
အဆော့မတော်တဲ့ တစ်နေ့ကျမှ ဒုက္ခရောက်လာလို့
ကယ်ပါဦးဆိုရင် ကျုပ်တို့က လက်ပိုက်ကြည့်နေမှာ
တော်တော်လက်ဆော့နိုင်တဲ့လူပဲ
ကိုပေါက်(မန္တလေး)
November 6, 2012 at 10:14 pm
စိတ်ချပါ မိုဘီလီရေ
ကိုပေါက်က ဘဲ ကယ်ခဲ့ရတာရှိပါတယ်
ကိုပေါက်ကို ကယ်ပေးရတဲလူမရှိသေးဘူးရယ်
မဟာရာဇာ အံစာတုံး
November 6, 2012 at 9:10 pm
ခုထိ မိုင်မိုင် လွေးရသေးတာ ဟုတ်ဘူး ..
ဒီအချိန် ..
ဟိုပုံထဲက ငှက်ပျောက်သီး မှည့်တွေကို
တစ်လုံးချင်း ဖြုတ်ပြီး ကြိတ်လိုက်လို့ဂဒေါ့ ..
ဂလု ..
ကိုပေါက်(မန္တလေး)
November 8, 2012 at 10:19 am
အဲဒီငှက်ပျောသီးက ဒီအတိုင်းစားမရသေးဘူးထင်တာဘဲနော်
may flowers
November 6, 2012 at 10:46 pm
ငှက်ပျောသီးတွေနဲ့ ဂျူးမြစ်တွေပေါတဲ့ မြို့ထင်ပါရဲ့နော်……….. ရိုးသားတဲ့တိုင်းရင်းသူတွေရဲ့
သဘာဝ ကျကျပုံလေးတွေမို့နှစ်သက်သဘောကျမိပါတယ် လေးပေါက်ရေ။
ကိုပေါက်(မန္တလေး)
November 7, 2012 at 3:59 pm
အဲဒီမှာ သီးနှံတွေကတော့ ပေါမှ ပေါ စားချင်စရာတွေချည်းဘဲ.
အတော်လေးစိတ်ချမ်းသာစရာကောင်းတဲ့မြို့။
အသက်ကြီးရင်သွားနေမလားတောင်စဉ်းစားမိပါတယ်။.
Ma Ei
November 8, 2012 at 10:46 am
အောင်ပန်းကိုတော့ ဖြတ်သွားဖြတ်လာမို့ သေချာမသိခဲ့ဘူးရယ်…
ကလောကိုတော့ ချစ်တယ်…နေချင်စရာကောင်းတဲ့ နေရာလေးပါဘဲ…
မိုးနဲ့ဆောင်း ရန်ကုန်မှာနေ..နွေကျ ကလောကိုသွားနေရရင် ကောင်းမှာ…
:hee: