Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နန်းခင်ဇေယျာ

ကထူးဆန္းNovember 9, 20121min91128

ဘုရားစူး မိုးကြိုးပွတ် နန်းခင်ဇေယျာ နဲ့ ညားရပါစေသား ..(ခရက်ဒစ်တူ ဘဘဘလက်) :harr:

ယောင်ပြီးကျိန်တာမဟုတ်ပါဘူး ..နောက်ပြီး အတည် ကျိန်တာပါ ..

အဟုတ်ပြောချင်လို့ ပါ။

ဒီအဖိုးကြီးတွေ နန်းခင်ဇေယျာ (ကိုဂီ့ အဆို နန်းချင်ဇယာ) ကိုဘဲ ခလုတ် သွားသွားတိုက်နေကြတယ်လို့ ။

ဒီလို စိတ်မျိုး မဟုတ်ပါ ဆိုတဲ့ အကြောင်းလေး ကျိန် ပြောတာပါ။

ဒီလိုပါ ။

စာနယ်ဇင်း တွေ မီဒီယာတွေရဲ့ကျေးဇူးနဲ့ နန်းခင်ဇေယျာလေး ဆိုတာနဲ့ သူကြီးတို့ ပြောတဲ့ ဒေါင်းဥတို့ မိကျောင်းဥ တို့ ဆိုတဲ့ ပုံလေးဘဲ မျက်စိထဲ ရောက်ရောက်လာပါတယ် ။ အဲ့ဒီ့ ပုံတွေဘဲ တွေ့ တွေ့ နေရတာကိုး ။ :kwi:

အဲ တစ်လောက တော့ mail ထဲကို ရောက်လာတဲ့ နန်းခင်ဇေယျာ ရဲ့ မြန်မာဆန်ဆန် ဝတ်စား ဆင်ယင်မှု့လေးတွေမြင်လိုက်ရပါတယ် ။
ဒီလိုပုံ တွေကြတော့ ဘာလို့ သိပ်မတွေ့မိပါလဲပေါ့ ..

အင်းပေါ့လေ ။ စာနယ်ဇင်း တွေ အများစု အတွက် က မြန်မာဆန်ဆန် ဝတ်စားဆင်ယင်မှု့ ဆိုတာက ထူးခြားတဲ့ အချက် မဟုတ်တော့ သိပ် မဖော်ပြကြတာလည်း ဖြစ်နိုှု်င်ပါတယ် ။ ဒါမှ မဟုတ် ကထူးဆန်း ကဂျာနယ် တွေ သိ်ပ်မဖတ် ဖြစ်တာမို့လို့လည်း ဖြစ်နိုင်ပါတယ် ။

အဲ့ဒီလို သိပ်မဖတ်ဖြစ်တဲ့ ကြားကဘဲ လျှပ်တစ်ပြက်ဂျာနယ်မှာ ဂျာနယ်လစ် တစ်ယောက် က နန်းခင်ဇေယျာ ကို မီဒီယာ ကို ကျေးဇူးတင်ပါတယ် ထည့် မပြောလို့ ဆိုပြီး ရေးထားတာ တွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ် ။ ကျေးဇူးတင်ခံချင် လွန်းလို့ လုပ်ကြတာလား ။ ကျေးဇူူးတင်စေချင်လို့ မဲပေးကြတာလား ဖော်ပြပေးနေကြတာလား ဆိုပြီးလဲ အတွေး ချော်ခဲ့ရပါတယ် ။

ဘယ်သို့ ဘယ်လိုဘဲ ဖြစ်ဖြစ် နန်းခင်ဇေယျာ ကတော့ ရှေ့ သို့ ဆက်လက် ချီတက်နေပါတယ်။ သူ့ ရဲ့ မှုလ tour guide အလုပ်လည်း ဆက်လုပ်သလို
လွယ်ဟိန်းကုမ္မဏီ နဲ့ brand Ambassador ချုုပ်ခဲ့ ပြီးသည့် အပြင် အခု Red Link နဲ့လည်းbrand Ambassador စာချုပ်ချုပ်ဆိုခဲ့သည့် အကြောင်း သိရပါသည် ။

သူ့ရဲ့ facebook မှာ သူ ရတဲ့ အနုပညာကြေး ကနေ ငါးသိန်းကိုလှည်းကူးမြို့နယ် မှာ တည်ရှိတဲ့ မေတ္တာပရဟိတဂေဟာ မှာ သွားရောက်လှုဒါန်းတဲ့ အကြောင်းနဲ့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ ထပ်မံသွားရောက် လှုဒါန်းဦးမှာဖြစ်တဲ့ အတွက် ပါဝင်လှုဒါန်းလိုသူများ ဆက်သွယ် နိုင်ပါကြောင်းလည်း တွေ့ရှိခဲ့ပါတယ် ။

ဆိုတော့ သူရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတွေ ရယ် ။ သူ့ ရဲ့ image ရယ် မျက်စိထဲ ပြောင်းစေချင်လို့ ဘဘဘလက်ရဲ့ two piece နောက်က အမီလိုက် လို့ တင်ဆက်လိုက်ပါသည်လို့ ….

ဒီပုံတွေ တွေ့ဘူးတာ ရိုးနေပြီ ဆိုလျှင်တော့ ခွေးလွှတ်ပါ ။ ကျွန်တော်ကတော့ မကြာမီကမှ တွေ့ရှိခဲ့လို့ပါ။ သူ့ ရဲ့ပြိုင်ပွဲ တစ်လျောက် အခြားပုံများလည်း တွေ့ရှိပါသည်။ လွန်ကဲစွာ ဝတ်ဆင်ထားခြင်း လုံးဝ မရှိပါ။ တင်ပေးလိုသော်လည်း တွေ့မြင်ပြီးသား ဖြစ်မှာ စိုး၍မတင်တော့ပါ ။

(ဓါတ်ပုံ ပိုင်ရှင်အား credit ပေးပါသည်။ သို့သော် မည်သူမှန်းမသိ၍ မဖော်ပြနိုင်ခြင်းအား ခွင့်လွှတ်ပေးပါရန် ။ မေးလ်ထဲမှ ရသော ပုံဖြစ်ပါသည်)

P.S .နန်းခင်ဇေယျာ face book မှ

ညီမကို အပင်ပန်းခံပြီး အားပေးပံ့ပိုးခဲ့ကြတဲ့ ပရိတ်သတ်ကြီးနဲ့ ညီမ ဆုံတွေ့ကြမယ့် ပွဲလေးရဲ့ အစီအစဉ်(အကြမ်း)လေးကို ညီမဖော်ပြထားလိုက်ပါတယ်။

အခမ်းအနားအစီအစဉ်

နေ့ရက် နိုဝင်ဘာလ ၂၃ ရက် ၂၀၁၂ ခုနှစ်။
အချိန် ညနေ ၄ နာရီ မှ ရ နာရီအထိ။
နေရာ ကန်တော်ကြီး(မျှော်စင်ကျွန်း)။
၁။ Photo Section အစီအစဉ်။
၂။ ဖျော်ဖြေရေးအစီအစဉ်။
၃။ နန်းခင်ဇေယျာမှ ခရီးစဉ်အတွင်း ပြိုင်ပွဲအတွေ့အကြုံ၊ ပရိတ်သတ်များရဲ့ ပံ့ပိုးမှုများအား ရှင်းလင်းပြောကြားခြင်း။
၄။ ဖျော်ဖြေရေးအစီအစဉ်။
၅။ Celebrity Interview အစီအစဉ်။
၆။ RedLink မှ Brand Ambassador ပေးအပ်ခြင်းအစီအစဉ်။
၇။ တက်ရောက်လာကြသော ပရိတ်သတ်များထဲမှ ၁ဝ ဦးအား RedLink Broadband WiMAX (Silver Plan) စက်နှင့် တစ်နှစ်သုံးစွဲခွင့်အား နန်းခင်ဇေယျာမှ Lucky Draw ကံစမ်းမဲဖောက်ပေးခြင်းအစီအစဉ်။
၈။ ဖျော်ဖြေရေးအစီအစဉ်။
၉။ ပရိတ်သတ်များ၏ ဆန္ဒပြုခြင်း။
၁၀။ RedLink ၏ Family Photo ရိုက်ကူးခြင်းနှင့် နန်းခင်ဇေယျာမှ ပရိတ်သတ်များအား လိုက်လံ နှုတ်ဆက်ခြင်းအစီအစဉ်။

ညီမအနေနဲ့ ညီမရဲ့ ပရိတ်သတ်တွေအားလုံးကို ပါဝင်နိုင်ဖို့လည်းကြိုးစားနေပါတယ်။ တက်ရောက်ချင်တဲ့လူဦးရေ အရမ်းများရင်တော့ မဲနှိုက်ရွေးချယ်ပြီးဖိတ်ကြားရမှာဖြစ်လို့ ဒီပွဲလေးကို တက်ရောက်လိုတဲ့ ပရိတ်သတ်များအနေနဲ့ ညီမရဲ့ အီးမေးလ် ကို နာမည်နဲ့ မှတ်ပုံတင်အမှတ်တို့ကို ပေးပို့ပေးကြဖို့ မေတ္တာရပ်ခံပါတယ်ရှင့်…..

ကြိုတင်စာရင်းပေးသွင်းရန်အီးမေးလ် nangkhinzayyar@gmail.com
အမည်……….
မှတ်ပုံတင်အမှတ်…………
(ပရိတ်သတ်အတွက် မေတ္တာလက်မှတ်များသာထုတ်ပေးမှာဖြစ်ပြီး လက်မှတ်လုံးဝ မရောင်းပါ)

28 comments

  • Wow

    November 9, 2012 at 1:40 pm

    နမ်းချင်ဇယာရဲ့ ပိတ်သတ်များ အမြန်အီးမေးပို့ကြလော့… :kwi:

    • ကထူးဆန်း

      November 10, 2012 at 6:47 am

      ပိတ်ပြီး မသတ်ရက်ပါဘူးကွယ်.. :hee:

  • အင်္ဂ ါZ

    November 9, 2012 at 1:50 pm

    Tourism Management ဆိုတဲ့ မေဂျာယူရင် Marketing Management က
    ဆပ္ပဂျက်တခုအနေနဲ့ ပါပါတယ် … (ခနလေး စာအုပ်ပြန်လှန်လိုက်အုံးမယ်..)
    Tourism marketing and management handbook.ဆိုလား ..အဲ့ဒါရှိလေရဲ့ …

    ဒီကလေးမ လက်သွက်ပုံထောက်ရင် မားကတ္တင်း ကောင်းကောင်း တတ်တဲ့သဘောမှာရှိတယ်..
    သူ PR လုပ်နေတာတွေလည်း တွေ့ရရဲ့…
    ကောင်းလေစွတကား..

    အင်းလေ လက်မသွက်လို့လည်း ရမှမရတာနော..
    သူရထားတဲ့ မယ်ဘွဲ့က ၁နှစ်အိပ်စ္စပိုက်ယာ ဒိတ်နဲ့ကိုး …
    ၁နှစ်အတွင်း အခြေတကျ ဖြစ်ပါဇီကွယ်..

    Brand Ambassador ဆိုတဲ့ အလုပ်တာဝန်အနေနဲ့
    (ကြော်ငြာ ရိုက်တာလောက်သက်သက် မဟုတ်ပါ)
    ဘယ်လောက် လုပ်နိုင်မယ် ဆိုတာကိုကြည့်ပြီး
    အမှတ်ပြည့် ပေးချင်လာပြီ နမ်းချင်ဇယာလေးရယ်…

    ဇဂါးအတင်းစပ် …သူ့အဖေ ဘယ်သူလဲ ဘာလဲ သိချင်မိသားဗျ…
    ဘာလို့လဲဆို ဇေယျာ ဆိုတဲ့နာမည်ကို သာမန်အားဖြင့်
    မိန်းကလေး ကို မှည့်ခေါ်လေ့ မရှိသလောက်နည်းတယ် မဟုတ်လားဗျာ…

    • ကထူးဆန်း

      November 10, 2012 at 6:53 am

      ဟုတ်ပ .. တစ်နှစ်ဆိုတာ ပြီးရင် ဖောမား ကြီးဖြစ်သွားပြီဆိုတော့ သွက်မှရယ်..
      jullies cezer ရေ ..
      လူကြီးမင်းထက် တန်တယ်နော်.. မဲပေါက်ရင် ၈ သိန်းဘိုးလောက် ရှိမယ်နော် .. မျှော်စင်ကျွန်းမှာ ဆိုတော့ လုံခြုံရေး ဒီလောက်မခက်တော့ တဲ့ အပြင် ကြိုတင် ဖိတ်စာ ပို့မှာ ဆိုတော့ .. အင်း .. ဒီတစ်ခါ ကံစမ်းကြရင် မဆိုးဘူးထင်တယ် နော် ။။

  • jullies cezer

    November 9, 2012 at 1:57 pm

    အင်းနောက်ထပ်လူကြီးမင်းလိုပွဲမဆူပါစေနဲ့ဆုတောင်းပေးပါတယ် ……

  • nozomi

    November 9, 2012 at 2:24 pm

    သူ့ ရဲ့ မှုလ tour guide အလုပ်လည်း ဆက်လုပ်မယ် ဆိုလို့……

    အရင်က ဘုရင်ခံ နေခဲ့တဲ့ အိမ် ဟိုတယ် လုပ်တယ် ခရီးသွားတွေက တကူးတကကို လာတည်းကျတယ်
    အခုလည်း miss international ရတဲ့ ဂိုက်လေး ကို ငှားချင်တဲ့ ခရီးသွားတွေများ များနေမလား မသိ

    ကြုံ လို့သာ မန့်လိုက်ရတာ နန်ချင်စရာ လေးကို သိပ်ကြိုက်တာ မဟုတ်ဘူး ( ယုံချင်ယုံ မယုံချင် နေ ..)
    ဘုရားစူး မိုးကြိုးပွတ် နန်းခင်ဇေယျာ နဲ့ လွဲရပါစေသား
    ( အိမ်က ဟာကြီး မခွဲနိုင်လု့ိပါ ..)

    • pooch

      November 9, 2012 at 6:54 pm

      ကိုနိုဇိုမိ မဒမ်နိုက လူကြားကောင်းအောင် လျှောက်ပြောမနေနဲ့ ဆိုပြီး ရွာထိပ်မှာ
      လာအော် သွားတယ်။ :mrgreen:

      သူ့ရဲ့ ဒီလို ပုံလေးတွေလည်း တွေ့မိပါတယ်။ ပွဲစဉ်တလျှောက်လုံး သက်တန့်ချို မျက်နှာစာမှာ အမြဲတင်တယ် ။ မျက်နှာချိုတယ် ချစ်စရာကောင်းတယ်။ အားလည်း ပေးခဲ့ပါတယ်။
      ရိုးရိုးသားသား လမ်းသစ်ဖောက်ခဲ့သူမို့လည်း လေးစားပါတယ်။

      သူနဲ့ ပတ်သတ်ပြီး ပြောကြဆိုကြ ဝေဖန်ကြတာတွေကိုလည်း အပင်မြင့်လို့ လေပိုတိုက်ခံရတယ်လို့ပဲ မြင်မိတယ်။ ခုဆို လူသိများတဲ့ celebrity တယောက်ဖြစ်သွားပြီဆိုတော့ ရှေ့လျှောက်လည်း လိုတမျိုး မလိုတမျိုး ဝေဖန်ကြ ပြောနေကြအုန်းမှာပါ။

      ကျမတော့ ခုချိန်ထိတော့ နန်းခင်ဟာ လမ်းမှန်လျှောက်နေသူတဦးလို့ မြင်ပါတယ်။

    • nozomi

      November 9, 2012 at 8:22 pm

      ကိုထူးဆန်း ပြောတာလေး သဘောတူပါတယ်
      ရိုးရိုးလေး နဲ့ ပုံလေးတွေ အခုမှ မြင်ဘူးတော့တယ်
      ရိုးရိုးလေး က ပိုဆွဲဆောင်မှုရှိသလိုပဲ

      ကိုချောကို နောက်ရင်းက ဒီဘက်ထိ အရှိန်ပါလာပြီး နောက်မန့် လေး မန့်လိုက်တာ
      ပြန်ဖတ်ကြည့်တော့ တမျိုးကြီး ဖြစ်နေလို့
      တခြားအဓိပ္ပာယ်မျိုးထွက်နေရင် တောင်းပန်ပါတယ်နော

      • pooch

        November 9, 2012 at 8:31 pm

        အမလေး ကိုနိုဇိုမိရယ် ဘယ်အဓိပ္ပါယ်မှ မထွက်ပါဘူး။ စကြနောက်ကြတာ ကို ဖတ်တာနဲ့ သိသာပါတယ်။ ကျမက အပေါ်ဘက် ကပ်ရေးချင်လို့ ကပ်ပြီး နောက်လိုက်တာ ပါ 😀

      • အရီးခင်လတ်

        November 9, 2012 at 8:32 pm

        ကြည့်ကြည့် …
        မဒမ်နို လာအော် သွားတယ် ကြားလို့ မဟုတ်လား။ 😉

        တိုးရစ် ဆိုတာ က နှာဘူးတွေ ဆိုလဲ သူ့ဟာသူ ဂွင် ချိတ်ပြီးဖြစ်မှာပါလေ။
        တကဲ့ ဒေသန္တရ ဗဟုသုတ ရှာချင်သူကလဲ ဗဟုသုတ ကောင်းကောင်း ပြော တတ်သူ ဖြစ်ရင်ကို ကျေနပ်မှာပါ။
        မစိုးရိမ်ကြပါနဲ့ ဘဘ တို့ ရယ်။
        ဒီကလေးမလေး ကြည့်ရတာ လိမ္မာမဲ့ ပုံလေးပါ။ 😆

    • ကထူးဆန်း

      November 10, 2012 at 7:08 am

      နန်ချင်စရာလား .. နင်ချင်စရာလား ကိုနို .. :kwi:

      pooch ရေ ..ကျွန်တော်လည်း နန်းခင်ဇေယျာ ကို အခုတော့ လမ်းမှန် ရောက်သူအဖြစ်မြင်ပါတယ် ။ သူ့ ကံ သူ့ဇာတာ တက်ရမဲ့ အချိန်ရောက်လာတယ် လို့ဘဲ ။ အရင်တုန်းက သူလည်း ပြိုင်ပွဲ ဝင်ခဲ့ဘူးတယ် နဲ့တူတယ် ။ သူ့ ပုံဟောင်း အချို့လည်း တွေ့ပါတယ် ။ အဲ့ဒီ့ ပုံတွေကတော့ မြန်မာ မော်ဒယ်ပါဘဲ ။ ဘယ်လိုပုံဖြစ်မယ်ဆိုတာ သိတယ်ဟုတ် … :hee:
      သူ့ ကံဇာတာ တက်မဲ့ အချိန်ရောက်လာတော့ ဟိုတယ်ခရီးသွား အဖွဲ့ က ကြီးကြီးကျယ်ကျယ် သူတို့မယ်ရွေးပွဲကို ms myanmar နံမည် တပ်ပြီး ပေးလိုက်တဲ့ အချိန် ၊ မြန်မာပြည်ကို လူတွေ စိတ်ဝင်စားတဲ့ အချိန် နဲ့ တိုက်ဆိုင်ပြီး ဂျပန်မှာ သွားပြိုင်ဖို့ အခွင့်အရေးရခဲ့ တဲ့ အခါမှာ သူလမ်းမှန် ရောက်သွားတာပါဘဲ ။ သူ့ ကိုယ်ပိုင် အရည်အချင်းကလည်း အဓိက နေရာကပါဝင်တာပေါ့ နော်။

  • blackchaw

    November 9, 2012 at 3:03 pm

    နန်းခင်ဇေယျာ ဂိုဏ်းထဲကို ခြေစုံပစ်ဝင်လာတဲ့
    ကထူးဆန်းကြီးကို နွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဗျာ…။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:
    နည်းနည်းများ ထူးဆန်းမနေဘူးလား ကထူးဆန်းရေ…။
    ကျွန်တော့်အနေနဲ့ အဲဒီကလေးမလေးအကြောင်းရေးတဲ့ပို့စ် က
    ၂ ပုဒ်တောင်ရှိသွားပြီခင်ဗျ…။
    တချို့ ထင်ကြမှာပါပဲ…။
    ဒီကောင်ဘလက်ကြီးကတော့ နွားအိုမျက်နုကြိုက်ကြီးဘာညာပေါ့ဗျာ…။
    အမှန်ပြောရရင်တော့…မဟုတ်ပါဘူးဗျာ…။
    ခုလိုအချိန်မှာ ရေးကောင်းလို့ ရေးလိုက်တယ်လို့သာ မှတ်ပါ…။
    သူမရဲ့ ကြီးမားတဲ့ အောင်မြင်မှုကတော့
    မြန်မာမလေးတွေအနေနဲ့
    Two Piece နဲ့ ပြိုင်ပွဲဝင်လို့ရအောင် လမ်းသစ်ဖေါက်ပေးခဲ့တယ်ပေါ့ဗျာ…။
    အဲဒါကသိတ်အရေးကြီးပါတယ်…။
    အဲဒါကိုတော့ အသိအမှတ်ပြုရပါမယ်…။
    ကျန်တာကတော့ သူမရဲ့ စွန့်စားမှု နဲ့ ထိုက်တန်တဲ့
    အကျိုးအမြတ်ကို ပြန်ရတယ်လို့ ကျွန်တော်က ယုံကြည်ပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

    • ကထူးဆန်း

      November 10, 2012 at 7:21 am

      ဘဘဘလက်ရေ .
      ကျွန်တော်လည်း ရှေ့နေ လိုက်မိတာ နှစ်ခါရှိပြီ..
      တစ်ခါက ဓါတ်ပုံ အရိုက်ခံဖို့ တောင်းတဲ့ ကိစ္စ ။
      မဒမ်ထူးဆန်း ခေါင်းခေါက်တာ ခံရတော့မယ်နဲ့တူတယ် .. :harr: :harr:
      two piece ကတော့ ပြည်တွင်းပြိုင်ပွဲ တွေမှာ ပါ ဖြစ်သင့်ပါတယ် ဆိုရင် .. ဟိဟိ..
      ဒီအဖိုးကြီးတွေလို့များ အပြောခံရဦးမလား မသိ.. :kwi:

  • ကိုချော
    အရင့် အရင်ဘဝ က အမျုးိတော်နေ့ခဲလားမှမ သိ
    ဒါကြောင့်အာရုံတွေရနေတာနေမှာ……………………

  • မိုး မင်းသား

    November 9, 2012 at 6:15 pm

    ဘာပဲပြောပြော…..ချစ်စရာတော ့အကောင်းသားဗျ….

    နော ့….ဟုတ်တယ်မဟုတ်လား….ကထူးဆန်းရေ

    • ကထူးဆန်း

      November 10, 2012 at 7:27 am

      အဟဲ ..
      မဒမ်ထူးဆန်း မကြားရင် တစ်မျိုး ဖြေပါ့မယ် ..
      မဒမ်ထူးဆန်း ကြားနိုင်ရင် တစ်မျိုး ဖြေပါ့မယ် .. :kwi:
      ရွာသူတွေ ကြားနိုင်တာမို့ လို့ တော့ ဒီလို ဖြေပါ့မယ် ..
      “ရွာသူတွေ လောက်တော့ ချစ်စရာ မကောင်းပါဘူးလို့ “

  • Mr. MarGa

    November 9, 2012 at 7:52 pm

    ဦးမာဃကတော့ နမ်းချင်စရာလေးကို ဝေဇယန္တာနတ်နန်းပေါ်ကို တစ်ခါထဲခေါ်သွားချင်လာပြီ။
    ကျန်တဲ့လေးယောက်နဲ့ နောက်မှ စာရင်းရှင်းမယ်

  • မောင်ပေ

    November 9, 2012 at 8:05 pm

    သူလေးသာ အချိန်ရခဲ့မယ်ဆိုရင်
    အဲဒီလိုပွဲမျိုး တစ်နိုင်ငံလုံးမှာ လိုက်လုပ်ပေးစေချင်ပါတယ်လို ့
    ဘာရို ့လဲဆို… သူ ့ကို ဖေ့ဘုတ်မှာ ဗုတ်လုပ်ကြတာ တစ်နိုင်ငံလုံး အင်တာနက်ရတဲ့မြို ့တိုင်းက မို ့ကလား

  • လှပါပေတယ် နန်းခင်ဇေယျာရယ် …
    နို့ … နန်းခင်ဇေယျာကို ရင်မခုန်ပါဘူး …
    ဒါပေမယ့် …
    သူ့ရဲ့ အလှူပုံလေးကို မြင်ရတော့ ..
    ကြည့်နူးခဲ့မိသားကလား …….

  • ရွှေ ကြည်

    November 9, 2012 at 9:46 pm

    မြန်မာမိန်းကလေးအချင်းချင်းမို့ သူ့သတ္တိနဲ့ကြိုးစားချင်စိတ်ကိုအားကျ ချီးကျူး ဂုဏ်ယူပါတယ်
    အရမ်းကြီးဝိုင်းအားပေးနေကြရင်တော့ ရွှေကြည်ကနည်းနည်းလျှော့ပြီးအားပေးတတ်တယ် :mrgreen:

  • Shwe Tike Soe

    November 10, 2012 at 9:18 am

    ကြိုက်တယ်ဗျာ…….. ဦးထူးဆန်းကို ကျောဒါဟုတ်ဘူးနော်…
    မြန်မာဆန်ဆန် ဝတ်ထားဒါလေးလဲ တစ်မျိုး လှနေဒါပဲနော်……… ဒါပေမယ့် ဟိုဝတ်စုံနဲ.ဟာပဲ ပြေးပြေးမြင်နေတော့ လဲ ခက်သားလားဂျာာာာာာာာာာာာ အာဟိ ခိခိ ခစ်ခစ်ခစ်

  • kyeemite

    November 10, 2012 at 10:08 am

    ဒီလိုမြန်မာဝတ်စုံလေးနဲ့ကျတော့လည်း
    တမျိုးလှတဲ့အပြင်..နိုင်ငံတကာအလယ်မှာ
    မြန်မာဝတ်စုံလေးနဲ့ ပွဲတိုးခဲ့တာမို့ ကျေးဇူးတင်စရာပါ… :hee:

  • nozomi

    November 10, 2012 at 10:14 am

    ကိုထူးဆန်း ( သို့ သိသူများ ) တစ်ခု ကူညီပါဦး

    ပို့စ် နဲ့တော့ မဆိုင်ဘူး ၊ ကိုထူးဆန်း တစ်ခါ က ကူညီဘူးတာ သတိရလို့ပါ

    ပုံမှန် Firfox နဲ့ သုံးနေတာ အဆင်ပြေတယ်
    မနေ့က စပြီး Firfox နဲ့ သုံးတာ အရမ်းနှေးပြီး ဘာမှ တက်မလာတော့ဘူး ဆက်သုံးလို့ အဆင်မပြေတာနဲ့
    Chrome ပြောင်းသုံးကြည့်တော့ မြန်တယ် အဆင်ပြေတယ်
    မပြေတာက ပို့စ် တွေ ဝင်ဖတ်လို့ ရတယ် ၊ ကွန်းမန့်ကြီး သီးသန့်ရွေးဖတ်တာမျိုးဆို လေးထောင့်ကွက်တွေဖြစ်သွားရော ၊ ဖေ့စ်ဘွတ် သတင်းတွေ ဝင်ဖတ်လဲ ဘာမှ ဖတ်လို့ မရတော့ဘူူး လေးထောင့်ကွက်တွေပဲ မြင်ရတော့တယ် ဘယ်လိုလုပ်ရင် ရမလဲ ကူညီပေးပါဦးဗျာ

    • စိန်ဗိုက်ဗိုက်

      November 10, 2012 at 10:27 am

      ဟိုမှာ တစ်ခါရှင်းပြတာကို ပြန်ကူးပေးလိုက်ပါတယ်..

      ခရုမ်း ညာဘက် အစွန်ဆုံးမှာ ဂွပုံလေးကို နှိပ်လိုက်ရင်
      ဒါမှမဟုတ် ဒီဟာတွေကို chrome://chrome/settings/ လိပ်စာအကွက်ထဲ ထည့်ပြီး အန်းတား ခေါက်လိုက်ရင်
      Setting ထဲရောက်သဗျာ..
      အဲမှာ အောက်ဆုံးမှာ Show advanced settings… ဆိုတာလေးကို ထပ်နှိပ်
      ပြီးရင် Web Cotent ဘေးမှာ customize fonts… ဆိုပြီးရှိတယ်..
      အဲဒါကို ထပ်နှိပ်ရင် ဇော်ဂျီဝမ်းပြောင်းဖို ့ အကွက်ကျလာလိမ့်မယ်..
      ဇော်ဂျီဝမ်းတွေ လိုက်ရွေးပေးပြီး အိုကေလုပ်လိုက်ပါနော

      ပြီးတော့ Maxthon ဆိုတာလေးလဲ မိုက်တယ်..
      http://www.filehippo.com/download_maxthon/13295/
      သွက်တယ် ပေါ့တယ်..ဗွီဒီယိုတွေကို ဆော့ဖ်ဝဲမလိုပဲ ဒေါင်းလို ့ရတယ်..
      Skin လန်းလန်းတွေနဲ ့ ပြောင်းလို ့ရတယ်..
      ကျော်ကတော့ Maxthon ကို Chrome Skin ပြောင်းပြီးသုံးတယ်..
      မသိရင် Chrome လိုပဲပေါ့..

      ကိုထူးဆန်းရေ
      အပေါ်ဆုံးပုံ
      ဘယ်ဘက်ဒေါင့်မှာ ကျနော့်ကို ရီပြနေတာ ဘယ်သူလဲခင်ဗျ
      ဘီအီးအူးဗိုက်က ဆိတ်ဝင်စားတယ်လို ့ပြောပေးပါနော..

      • nozomi

        November 10, 2012 at 10:47 am

        ကိုဗိုက် ကူညီတာ ကျေးဇူပါ
        အဲ ဒါပေမဲ့ ရဘူး ဗျ
        setting ထဲမှာ ဖောင့်ရွေးတဲ့ အထဲ ဇော်ဂျီ တွေ့ဘူး ဗျ
        အခုအတိုင်းကို
        ဥပမာ ရွာထဲဆို ရှေ့စာမျက်နှာ ဖတ်လို့ရတယ် မန့်လို့ရတယ်
        မန့်ထားတာတွေ စုကြည့်လိုက်ရင် အတုံးတွေဖြစ်သွားရော
        ပို့စ် အသစ်တင်တဲ့ အကွက်ထဲ ရိုက်လိုက်ရင် အတုံးတွေဖြစ်သွားရော
        အဲလဗင်း ကြည့်လို့ရတယ် ၊ သစ်ထူးလွင် ၊ ဖေ့ဘွတ် အတုံးတွေ ဖြစ်နေပြန်ရော

        ကြည့်ရတာ လက်ပကျွတ်ရော ဘီအီတပိုင်းနဲ့ပါ အတူလာဆက်သမှ အဆင်ပြေမဲ့ သဘောမှာ ရှိတယ် ထင်တယ်
        တတ်နိုင်သလောက်တော့ စောင်ကိုအသာမ ကြည့်ပေးပါဦးဗျာ

        • nozomi

          November 10, 2012 at 10:54 am

          ကိုဗိုက် ဘယ်လိုလုပ်လိုက်တာလဲ အမှန်အတိုင်းပြော

          အခုရသွားပြီ ကျေးဇူးပါ ခင်ဗျာ
          ရသွားလဲ ဘီအီးတပိုင်းနဲ့ လာခဲ့ပါ့မယ်

        • စိန်ဗိုက်ဗိုက်

          November 10, 2012 at 11:08 am

          စောင်တောင် မ.မ ရသေးဘူး
          အဆင်ပြေသွားပလား..
          ညှင်း.ညှင်း..

  • Good™

    November 10, 2012 at 11:11 pm

    သဂျီးရေ ဘရောက်စာ အာလုံး နဲ့ အဆင်ပြေ အောင် လုပ်ထား ပေး ပါ ဗျ။ ကိုယ် ပိုင် ကျောက်သင်းပုန်း ( စက် ) မရှိသူတွေ က ကြုံ ရာ နဲ့ အားပေးနေရတာ မို့ ပါ။ မော်ဇီလာ နဲ့ ဆို ရင် ရင် အဆင် ပြေတယ်။ ခု အိုင်အီး နဲ့ က ဘာ လို နေလဲ မသိဘူး။

Leave a Reply