အားလပ်ရက် – ၃ (ဒေးဒရဲ)
ဒီရက်ပိုင်း အားလပ်ရက် မှာတော့ ဧရာဝတီ တိုင်း ထဲက က ရွာလေး တစ်ရွာကို ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သွားရမယ် ဆိုတာ သိတာနဲ့ ကင်မရာ အိတ် နဲ့ အဝတ်ထုတ် ဆွဲပြီး လစ်တော့တာပါပဲ … ပန်းဆိုးတန်း ဆိပ်ကမ်း ကနေ ဒလ ..တဖက်ကမ်း .. ဒလ ကနေ တဆင့်ပေါ့ ..
ဒလ ကို ကူးတဲ့ သင်္ဘော ပေါ်မှာတော့ ဟာသ တွေတွေ့တော့တာပဲ … “သင်္ဘောပေါ်မှာ ဈေးမရောင်းရ” ဆိုတဲ့ ဆိုင်းဘုတ်ကြီး ပြူးပြဲ နေအောင် ကပ်ထားခါ မှ လာရောင်းလိုက်ကြတဲ့ ဈေးသည် တွေ နားကို ငြီးယူရတယ်။ သင်္ဘော ပေါ်မှာ ပလတ်စတစ် ခုံ လေးတွေ ငှားတာ ဟိုဘက်ကမ်း ထိ ကို ငွေ 10 ပဲပေးရမှာကို 50 တန် ပေးတာ ခပ်တည်တည် ပဲ အကြွေ မရှိလို့ မအမ်းဘူးတဲ့ .. အောင့်သက်သက် နဲ့ ပေးလိုက်ရပါလေ ရောလား ..။ အဲ့လို နဲ့ တစ်ဖက် ကမ်းရောက် တစ်ဖက်ကမ်းက တဆင့် သွားလိုက်တာ .. လှိုင်သာယာလမ်းဆုံ၊ တွံတေးလမ်းဆုံ၊ ကံဘဲ့ က (မင်္ဂလာ ပရဟိတ) နောက် ကော့မူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ .. တစ်နာရီ နဲ့ မိနစ် ၂ဝ လောက် သွားပြီးတော့ မှာ ဆိုင်ကယ် ကယ်ရီ ထပ်စီး ပြီး ကျွန်တော့ ရဲ့ ခရီး ဆုံးခန်း တိုင် ခဲ့ပါတော့တယ်။
ထူးခြားတာက ရန်ကုန် နဲ့ တစ်နာရီ မိနစ် ၂ဝ လောက်ပဲ ဝေးတဲ့ နေရာ က .. ….. လျှပ်စစ်မီးမရှိတာ ပါပဲ.. တော်တော် အံ့ဩ သွားပါတယ်။ လယ်ယာလုပ်ငန်း၊ ဝက်ကြက်ဘဲငါး မွေးမြူရေး၊ သက်ကယ် ပစ် တာနဲ့ ဝါးခြံ စိုက် တဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးကျ တာတွေ့ရပါတယ်။ ကာလသား တစ်ချို ့ နိုင်ငံခြား သွားရဖို့ လုံးပန်း နေကြတာ တွေ လဲ တွေ့ရပါတယ်။ ရာသီ ဥတုကတော့ တကယ် ကြိုက်ချင်စရာပါ။ ရန်ကုန် မှာ ကျောကော့ အောင်ပူနေတဲ့ အချိန်မှာ အဲ့ဒီ့ရွာ မှာ မနက် ၆ နာရီ ဝန်းကျင် နေမမြင့် သေးခင်အချိန် ထိ နှင်းကျ နေပါတယ်။
အမှတ်တရ ကြုံခဲ့ရတာကတော့ တောထဲမှာ ကိုယ်တော် တစ်ပါး ရှိတယ် ဖူးရခဲတယ် ဆိုတာနဲ့ လမ်းပြ တစ်ယောက် နဲ့ အဖော်တစ်ယောက် ခေါ်ပြီး ညနေ ပိုင်း ၄ နာရီ လောက် တောထဲ ဝင်ဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ လမ်းပြ က လမ်းမှား၊ အဖော်ကလဲ မျက်စိလည် နဲ့ လူနှစ်ရပ်စာလောက်မြင့်အပင်တွေ နဲ့ စားကျက်တော ထဲမှာ လမ်းပျောက်ပါတော့တယ်။ အားကိုး စရာဆိုလို့ အားမကုန့် တကုန် လက်နှိပ်ဓာတ်မီး တစ်ချောင်းပဲ ရှိတော့တဲ့ အချိန်၊ ည ရ နာရီ လောက်မှ ဘုန်းကြီးကျောင်းကို ရောက်လို့ ဝတ်ဖြည့်ပြီး ထမင်းတောင်းစား ခဏ နားပြီး ပြန်ခဲ့ကြတာမှာ ည ၉ နာရီ စွန်းစွန်းမှ အိမ်ပြန်ရောက် ပါတယ်။ ရှည်ချင် ဦးတဲ့ .. ခြေ ပေါ့ .. တစ်ခါထည်း ဖလက်ပြ သွားတဲ့ တောလား အဖြစ် အမှတ်တရ ခရီးပါပဲ။
အစားအစာ ပိုင်းမှာတော့ ကတက်အချဉ်ချက် နဲ့ ပုဇွန်ထုတ်(ရေချို)၊ ဘဲဥကြော်၊ ငါးတန်၊ ငါးခူ၊ ငါးရံခြောက် တွေတော့ မုန်းလောက် အောင် စားခဲ့ ရပါတယ်။ ရေချိုပုဇွန်ထုတ်(လက်ဝါးလောက်ရှိ) တွေစားခဲ့ရတာ ကတော့ ရှလွတ်…… ရေးနေရင်းတောင် ပြန်စားချင်လာတယ်။ စာကရှည်နေပြီ .. ထုံးစံ အတိုင်း ဓာတ်ပုံ လေးတွေ ကြည့်ပေးပါဦးလို့ …………..
Mလုလင်
46 comments
မောင်ပေ
November 1, 2012 at 8:08 am
ဟုတ်ကဲ့ ထုံးစံအတိုင်း ဓါတ်ပုံတွေကို ကြည့်သွားပါတယ်
ဘာဘာညာညာ မဝေဖန်တတ်တာကို သီးခံပါ
Mလုလင်
November 1, 2012 at 10:24 am
ကြည့်တဲ့ အတွက် ကို ပဲ ကျေနပ် ပါပြီဗျာ …။
Khaing Zar Win
November 1, 2012 at 8:12 am
ရေချိုစာတွေ နဲ့ ရာသီဥတုလေး အကြောင်းသိလိုက်တာ သွားချင်စိတ်ပေါက်လာပြီ။
ကိုယ့်အဖိုးတို့ ဒေသဖြစ်ပြီး ကျနော် အဲဒီဘက် တကြော မရောက်ဘူးသေးပါ။ 🙂
Mလုလင်
November 1, 2012 at 2:54 pm
အမိမြေပြန် ရောက်တဲ့အခါ သွားဖြစ်အောင် သွားကြည့်ဖို့ တိုက်တွန်းပါတယ်ဗျို ့ ….။ နိုင်ငံရပ်ခြား က အမြင် နဲ့ ဆို ဘာတွေ လိုအပ် နေသလဲ ဆိုတာ … ကွက်ကွက် ကွင်းကွင်း မြင်သွားနိုင်တာမို့ပါ။
အိမ်လွမ်းသူ
November 1, 2012 at 8:21 am
အဲဒီလို တောရွာဓလေ့ ရှူခင်းလေးတွေ မြင်ရတာ စိတ်ချမ်းသာလိုက်တာ။ ပြိုင်ဆိုင်မှူ့တွေ နဲ့ မွန်းကြပ်လှတဲ့ မြိုပြရဲ့ ဘဝကို ငြီးငွေ့လာတာ လဲပါမယ်ထင်တယ်။
Mလုလင်
November 1, 2012 at 10:28 pm
မြို ့ပြ ရဲ့သားကောင် ဆိုတာ တောရွာဓလေ့ ရှုခင်းတွေမှာ ပျော်ဝင်လဲ တစ်ပတ် … အလွန်ဆုံး တစ်လ ပေါ့ဗျာ ….. ညနေ ၆ နာရီ ဆို လူခြေတိတ် တော့တာ ဗျို ့ .. မီးကလဲ မရှိ တစ်ရွာလုံးမှာ လက်ဖက်ရည် ဆိုင် တစ်ဆိုင် ပဲ TV ရှိတာ … ကျုပ်တော့ တစ်ပတ် လောက် ပဲ စိတ်ချမ်းသာ နိုင်မယ် ထင်ရဲ့။
kyeemite
November 1, 2012 at 8:35 am
မတွေ့ ရ မမြင်ရ တာကြာပြီဖြစ်တဲ့
လုင် ရဲ့ ပုံလက်ရာကောင်းလေးတွေ ကို
ရွာခရီးသွားတောလားနဲ့ အတူ အားပေးသွားပါသဗျာ…
ပိုက်ကျော်ခြင်းဝိုင်းပုံလေးကတော့ အကြိုက်ဆုံးပါဗျာ…. :hee:
Mလုလင်
November 1, 2012 at 10:42 pm
ကြိုက်တယ် ဆိုလို့ ကျေးဇူးပါ ဗျို ့ .. ဦးကြီးမိုက် ရေ …
P chogyi
November 1, 2012 at 8:59 am
ကျောင်းပိတ်တယ်ဆိုပေမဲ့
အဖြူနဲ့အစိမ်းဝတ်စုံလေးမချွတ်နိုင်တဲ့အခြေအနေကို
တွေ့လိုက်မိတယ်။
လှူချင်တဲ့အဖွဲ့တွေ လှူဖို့တစ်နေရာထပ်ရမလားမသိဘူး။
Mလုလင်
November 1, 2012 at 10:45 pm
လှူစရာတော့ မလိုလောက်ဘူး P chogyi ရေ .. အဲ့ဒီ ကလေးက နွားတစ်ကောင်၊ ကြက် တစ်ကောင် နဲ့ ဘဲ တော်တော် များများ ပိုင် ပါသတဲ့ .. ကျွန်တော် သူ့ရဲ့ ဘဲဥ တွေ တောင်းလာခဲ့ သေး .. 🙂
Shwe Tike Soe
November 1, 2012 at 9:13 am
ကိုလု ပျောက်ချက်သားကောင်းနေတာ ဒေးဒရဲ ဂိုးနေဒါကိုး……. ဓာတ်ပုံတွေထဲ ပိုက်ကျော်ခြင်း အကြိုက်ဆုံးပဲ အေ……….
ဓာတ်ပုံဆြာ မင်ဂါပွဲဒွေ ချိဒယ်နော်…….. လျှောက်တွားမနေနဲ.အုံး…ခိခိခိ
Mလုလင်
November 1, 2012 at 9:20 am
စိတ်ချ ဗျို ့ …။ လိုအပ် တဲ့ ဟာလေး ဝယ် ဖြည့်ပြီးပါပြီ။
လုံမလေးမွန်မွန်
November 1, 2012 at 9:54 am
စောစောစီးစီး ရုံးမှာ အိပ်ငိုက်ချင်နေတာ ဒေးဒရဲ ဆိုတဲ့ စာလုံးလည်းမြင်ရော ဒေးဒရဲသူတစ်ယောက် မျက်လုံးတွေ ကျယ်သွားပါလေရော…. 🙂 ဘယ်တုန်းက လာလိုက်တာတုန်း… မွန်မွန်ကတော့ မနေ့ကမှ ပြန်လာတာ…
ဘယ်ရွာပါလိမ့်… 🙄
ရွာနာမည်လေး သိချင်ပါတယ်…
ပုံတွေကိုသဘောကျမိပါတယ်…အိမ်ပြန်ချိန်ပုံလေးကိုတော့ အကြိုက်ဆုံးပါရှင်…
ခင်တဲ့
လုံမ
Mလုလင်
November 1, 2012 at 10:15 am
တကယ် တမ်းတော့ ဒေးဒရဲ မရာက်ခင် ရွာပါ။ နံမည် က ဆင်ဒိုး ရွာ တဲ့။ Oct 27 က သွားတာ 30 မှာ ပြန်ရောက်တယ်။ ဒေးဒရဲ သူ ဆိုတော့ … ဖြူဖြူဖွေးဖွေး နဲ့ ဝိုင်းဝိုင်းလည် နေမယ် ထင်တယ်ဗျို ့ …..
လုံမလေးမွန်မွန်
November 1, 2012 at 10:41 am
ဒေးဒရဲမရောက်ခင်ရွာဆိုတော့ ကွမ်းခြံကုန်းအပိုင်ထဲကပဲ ဖြစ်မယ်ထင်တယ်… အဲ့နာမည်လည်း မကြားဖူးဘူးဆိုတော့လေ… 🙂 ဒေးဒရဲတံတားကို မဖြတ်ခဲ့ရဘူးပေါ့… နောက်များကြုံရင် ဒေးဒရဲထိရောက်အောင်လာပြီး တံတားပေါ်ကနေ တိုးမြစ်အလှကို ရိုက်ဖို့ ဖိတ်ချင်ပါတယ်…
ဒေးဒရဲ သူ ဆိုတော့ … ဖြူဖြူဖွေးဖွေး နဲ့ ဝိုင်းဝိုင်းလည် နေမယ် ထင်တယ်ဗျို ့ …..
လုံးဝဆန့်ကျင်ဘက်ပါပဲရှင်… မဖြူမဖွေးသလို ဝိုင်းဝိုင်းလည်ရင်တောင် ခြင်တွေပဲ ဖြစ်ပါလိမ့်မယ်…
Mလုလင်
November 1, 2012 at 2:58 pm
ဒလ ကိုကားပြန်စီးတော့ ဒေးဒရဲ ဘက်ကမ်း ကူးပြီး ဂိတ်က နေစီးခဲ့ရတာ မို့ တံတားပေါ်တော့ ဖြတ်ခဲ့ရတယ်ဗျ ….တံတားပေါ်ကနေ ရှုခင်းကြည့်ပြီး နေ့လည် မွန်းတည့်ချိန်ကြီး မို့ မရိုက်ဖြစ်တော့တာ … နေက ခေါင်းပေါ်တည့်တည့်ကနေ ထိုးနေတာ ဆိုတော့ မြင်ကွင်းက ပြားပြား ကြီး ဖြစ်နေမှာ မို့ …
စိန်ဗိုက်ဗိုက်
November 1, 2012 at 10:26 am
မိုက်တယ်ဗျာ
အေးဆေးရှိမဲ့နေရာလေးပဲ..
ဒီမှာ ပူလွန်းလို ့ သေတော့မယ်..
ရိုက်ချက်တွေကတော့ ရှယ်ပဲ
Mလုလင်
November 1, 2012 at 11:22 pm
အေးတော့ အေးချမ်းတယ်ဗျို ့ .. ဒါပေသိ . .ကျုပ်တို့ ဓာတ်စာ တွေကျ အဲ့မှာ ဈေးကြီး သဗျ … နောက် .. ရေသန့် ရေခဲ လဲ ဝယ်လို့ မရဘူး ဗျို ့ … အကြာကြီးးးးးးးး မနေအပ် တဲ့ အရပ် ပါဗျာ …။
ရွှေ ကြည်
November 1, 2012 at 10:49 am
ကိုလုင် ဘုန်းတော်ကြီးတော့ဖူးခဲ့ရတာပေါ့နော် ဟုတ်လား။
ညကြီးလမ်းပျောက်နေတာကြောက်စရာကောင်းမယ်။ ပုံထဲမှာကြည့်တာနဲ့ အေးချမ်းမယ့်ရွာလေးဆိုတာသိနိုင်ပါတယ်လေ။
မျိုးဆက်သစ်ဆိုတဲ့ပုံလေးက စိတ်ကိုတမျိုးလေးဖြစ်သွားစေတယ်။
ကလေးလေးတွေကချစ်စရာလေးတွေပဲ..။
Mလုလင်
November 1, 2012 at 11:29 pm
“ညကြီး လမ်းပျောက်နေတာ ကြောက်စရာကောင်းမယ်” …. ငါဟဲ့ … ဆိုတဲ့ စိတ်နဲ့ မကြောက်ဘူး လို့ အားတင်းပေမယ့် .. အားငယ် နေတာ ကိုတော့ ဝန်ခံ ရမယ်ဗျို ့ …ဘယ့်နှယ် .. လမ်းပျောက်တာမှ လမ်းမရှိလို့ ရှေ ့က တစ်ယောက် က ဒုတ် နဲ့ ရမ်းရင်း လမ်းရှင်းရတယ်။ အချိန်က လဲ ညီအစ်ကို ကော သားအဖ ကော မသိတော့ တဲ့အချိန် ကြီး … လက လဲ ထိန်ထိန်သာ နေတာ … ပြန်တွေးလိုက်တိုင်း ကျောချမ်း မိတယ်ဗျို ့ …။
pooch
November 1, 2012 at 1:58 pm
ဟုတ်ပါ့နော် ကလေးတွေက ဖြူဖြူဖွေးဖွေး ချစ်စရာလေးတွေ ။
ယိုးဒယားမှာတာ့ လျှပ်စစ်မီးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ တောရော မြို့ပါ မကျန်သုံးစွဲနိုင်လို့ တိုးတက်မှုမြန်တယ် ပြောကြတယ်။ ကျမတို့ကတော့ စလုံးရေ စရအုန်းမှာ။
မနေ့က တီဗွီ သတင်းထဲ နယူးရောက်က စန္ဒီ ဟာရီကိန်း ကြားထဲ မိုးထဲ လေထဲ ကရိန်းနဲ့ တက်ပြီး လျှပ်စစ်ကြိုးတွေ ပြင်နေတာ မြင်လို့ ကိုယ့်မှာ အားကျနေတာ။ ဒီမှာက သိတဲ့အတိုင်းလေ မိုးမှောင်တာနဲ့ ပျက်ပြီးသားပဲ ။ မပျက်ရင်လည်း အကုန်လဲ ဓာတ်လိုက်ပြီး သေကုန်မှာ ။ တိုင်က စပြီး ကွာနေရှာတာကိုးလေ။
Mလုလင်
November 2, 2012 at 2:00 pm
ကြီးကြီး ပုရှ် ရေ … လျှပ်စစ်မီး ကိစ္စ တော့ ပြောမနေ ပါနဲ့တော့ဗျာ …. ဟိုဘက် လက်ညှိုးထိုး … ဒီဘက် လက်ညှိုးထိုး နဲ့ …
TheWinner
November 1, 2012 at 2:27 pm
M – လုလင်ရေ – လွမ်းလိုက်တာနော်။ ငိုတောင်ငိုချင်သွားတယ်။ ဒီအချိန်ဆို ငါးတန်တွေကလည်း ပေါမှပေါပဲနော်။ ငယ်ငယ်က ငါးသလောက်တွေ တောင်လိုပုံပြီး ဒေးဒရဲဈေးထဲမှာ ငါးသလောက် တစ်ကွင်းဝယ်ရင် တစ်မိသားစုလုံး စားလောက်တယ်ဆို ပုံပြင်ပဲထင်ရတော့မယ်။ ခုခေတ် ငါးသလောက်တွေက သေးသေးလေးတွေပဲရှိတော့လို့လေ။ မုန့်ဟင်းခါးနဲ့စားခဲ့ရတဲ့ ငါးသလောက်ဥတွေ၊ ငါးရံ့ခြောက်ခွဲချိန်ဆို အိုးကြီးအပြည့်ချက်စားခဲ့ရတဲ့ ငါးရံ့အူဟင်းနဲ့၊ ငါးရံ့ခေါင်းချဉ်ရည်ဟင်းရယ်— အားလုံးလွမ်းစရာပါပဲ။ အပေါ်ကရွာလေးကလည်း အမေတို့နေတဲ့ ရွာနားလေးဆိုတော့ အမေ့ကိုပါ အလွမ်းပြေ ပြလိုက်ပါဦးမယ် M- လုလင်ရယ်။ ကျေးကျေးပါနော်။ ဒါနဲ့ စကားမစပ် လုံမလေးမွန်မွန်က ချောမှ ချောနော်—
Mလုလင်
November 2, 2012 at 2:03 pm
comment အတွက် ကျေးဇူးပါဗျာ ….။ ကျုပ်ဝါသနာ ကိုက …. ရွာလည်၊ မြို ့ပတ် ခရီးထွက် မှတ်တမ်း တင် .. အဲ့လို လုပ်ချင်တာကိုးဗျ …
nozomi
November 1, 2012 at 3:20 pm
ကိုလုလင် ရဲ့ တဝက်လောက် ရိုက်တတ်ရင်ကို ကျေနပ်စရာကောင်းနေပြီ
ပုံလေးတွေက လှတယ် ဆိုတာထက် အသက်ဝင်နေဆို ပိုမှန်မယ်ထင်ရဲ့
Mလုလင်
November 2, 2012 at 2:05 pm
ဦး နို .. ရေ ကျေးဇူးပါဗျာ …. ကျွန်တော် လဲ လက်တည့်စမ်း တုန်းပါ ….။
myanmarcitizen
November 1, 2012 at 5:09 pm
ပုံတွေ လက်ရာကကောင်းလှချည်လားဗျာ။ “နင်လား၊ ငါလား” ပုံကိုအရမ်းကြိုက်တယ်။ ဓါတ်ပုံပညာကိုဘာတစ်ခုမှမသိပေမဲ့ တော်တော်အသက်ဝင်တယ်၊ ကြည့်တဲ့သူကို တက်ကြွမှုတစ်ခု ပေးနိုင်တယ်လို့ထင်တယ်။ တော်တော်အသက်ဝင်ပြီးအားပါတဲ့ ဓါတ်ပုံပါ။
ဦး ကျောက်ခဲ
November 1, 2012 at 7:29 pm
ကိုယ့်ဆရာရေ
အခါအခွင့်သင့်ရင် ဓါတ်ပုံပညာလေး သင်ပေးပါလားဗျာ……
သူများကိုမရိုက်ပါဘူး၊ ဦးကျောက်…. ကိုယ့် ပုံကိုယ်၊ ချောချောခန့်ခန့် ရိုက်တတ်ရင် တော်ပါပြီဗျာ…
Mလုလင်
November 7, 2012 at 3:42 am
myanmarcitizen နဲ့ ဦး ကျောက်ခဲ ရေ .. ရွာထဲမှာ ဓာတ်ပုံပညာ အခြေခံမှတ်စု ပိုစ့်တွေ ရှိပါတယ်ဗျို ့ … အဲဒါလေး ရှာဖတ် ကြည့် ….
အရီးခင်လတ်
November 1, 2012 at 9:08 pm
“ကတက်အချဉ်ချက် နဲ့ ပုဇွန်ထုတ်(ရေချို)၊ ဘဲဥကြော်၊ ငါးတန်၊ ငါးခူ၊ ငါးရံခြောက်” လို့ ပြောပြီး “ထုံးစံ အတိုင်း ဓာတ်ပုံ လေးတွေ ကြည့်ပေးပါဦး”
ဆိုလို့
ဝမ်းသာအားရ ဓာတ်ပုံတွေ ကို မျှော်လင့်ချက်ကြီးစွာ ကြည့်ခဲ့သော်ငြား မတွေ့တဲ့ အဆုံး
နောက်ဆုံး မီးဖိုချောင် ကိုဘဲ ပြန် ကြည့်သွားပါတယ်။ 😉
ပရို လို့ သိသာအောင် ကို ပုံတွေက ရသ မြောက်ပြီး တန်းမှီပါတယ်။
Mလုလင်
November 7, 2012 at 3:47 am
ကျေးကျေး ပါ အရီး ရေ ..
ဦးဦးပါလေရာ
November 1, 2012 at 11:55 pm
ဓါတ်ပုံလေးတွေလှတယ်…
ပိုက်ကျော်ခြင်းပွဲပုံလေး အရအမိဖမ်းထားတာလဲသဘောကျတယ်…
ဒါထက်.. ရွာသူချောလေးတွေရဲ့ပုံတွေတော့ ဘာလို့ဝှက်ထားတာတုန်း..
Mလုလင်
November 3, 2012 at 4:50 am
ရွာသူချောတွေ မရိုက်ဖြစ်ခဲ့ပါဘူး ဗျာ ….. နောက် တစ်ခါများတော့ .. လို့ အားခဲ ထားပါ၏
kai
November 2, 2012 at 5:56 am
တခါတလေတော့လည်း.. အဲလိုနေရာမှာ.. နေချင်မိသား.
ပုံလေးတွေ…. ဆွဲဆောင်မှုကြောင့်ထင်တယ်.
MaMa
November 2, 2012 at 6:36 am
ဪ…
ဒါ့ပုံဆြာဆိုတော့လည်း ဆေးစက်ကျရာ အရုပ်ထင်ပါကောလားးးး
မနာလိုချင်စရာကြီး (ခွက်ဒစ်တူ ဘပု)
နောက်ဆုံးက Happy Ending လေးကို သဘောကျတယ်။
Mလုလင်
November 9, 2012 at 10:01 am
Happy Ending ထဲက ကလေး နှစ်ယောက် က .. အမျိုးတွေ …. မျက်နှာပေါက် လဲ ဆင်တယ်။
ကျေးကျေး ပါ တီတီမမ ရေ ….။
သူကြီး .. ပြန်လာခဲ့လေ လိုက်ပို့ ပေးမယ်။
ကိုပေါက်(မန္တလေး)
November 2, 2012 at 9:15 am
ပထမကော်မင်းပေးထားတာပျောက်သွားပါသဗျာ
ဟိုရက်က ကိုသော့နဲ့ငါ မနက် ငါးနာရီအကျော်လောက်
မင်းနဲ့ငါသွားတဲ့ နေရာ မန်းလေးတောင်ပေါ်ကို သွားရိုက်သေးတယ်။
ုဟိုတစ်ခါလို လေးယောက်ပေါင်းလောင်းကျော် ဆော်ချင်သေးတယ်
လာခဲ့ပါလားကွယ်
Mလုလင်
November 5, 2012 at 7:19 am
Coming December မှာ ဆော် ကြမယ်ဗျို ့ ….။ အဲဒါ လေး မျှော်နေတာ …
ရွာသူ jujuma .
November 3, 2012 at 3:39 pm
နောက်ဆုံးကကလေးလေးနှစ်ယောက်ပုံလေး ချစ်ဖို့ကောင်းလိုက်တာ …
Shwe Ei
November 7, 2012 at 11:43 am
လွမ်းစရာရီးတေဖစ်ကုန်ဘီ ကိုလုရေ။
ဘလို လုပ်ရပါ့ :byae:
မမလေး
November 8, 2012 at 1:57 am
Mဆိုင်းလူရဲ့အစ်ကို Mလုလင် … camera ရော ရိုက်ချက်ရောကောင်းပါတယ် … အရမ်းမိူက်လို့ အလှဓါတ်ပုံ Outdoor ရိုက်ချင်ပါတယ် ..
Mလုလင်
November 9, 2012 at 10:05 am
ကျေးကျေး ပါ မမလေး ရေ ..။
ရွာစားကျော်
November 9, 2012 at 10:21 am
ပိုက်ကျောခြင်းသမားတွေကို ရိုက်ထားတာ အမိအရပဲ လေပေါ်မှာ အပြိုင်ကြဲနေတာ ပရိုတွေအတိုင်းပဲ
မျိုးဆက်သစ်ပုံလေးကလည်း အတွေးတွေ ပေးသဗျ..
Mလုလင်
November 10, 2012 at 9:23 am
ကို ရွာစားကျော် .. coming december လာဖြစ်လားဗျ .. ??
Mလုလင်
November 13, 2012 at 12:21 am
ဒေးဒရဲ ပိုစ့် အတွက် comment ပေးတဲ့သူရော .. မပေးပဲ တိတ်တိတ်လေး ဖတ်သွားတဲ့ သူကိုရော .. ကျေးကျေးပါဗျို ့ …။ဝါသနာ က လဲ ခက်သားလား .. ပင်ပန်းမှ အပန်းပြေ သတဲ့ … ဒီပိုစ့် က စ လို့ နောက် ပိုင်းတွေမှာ Setting လေးတွေ ထည့်ပေးမယ် စိတ်ကူးထားပါတယ် …။ အဲဒါ … လေး ……………..
ပုံ (နင်လား၊ငါလား) အတွက် က လှုပ်နေတဲ့အရာဝတ္တု ကိုအငြိမ်ဖြစ်အောင် ရိုက်ချင်တဲ့အတွက် Shutter Speed ကို မြှင့် ရပါမယ်။ တစက္ကန့် ရဲ့ 160 ပုံ တစ်ပုံ စာထားပါတယ်။ အရိပ်ကျနေတဲ့ အတွက် အလင်းအာရုံခံနိုင်မှု(ISO) ကို 200 ထားလိုက်ပါတယ်။ အလင်းဝင်ပေါက်(apeture) ကတော့ 4.5 နဲ့ပါ။
ပုံ (မီးဖိုချောင်) ဒီလို အလင်းအားနည်း တဲ့ ပုံမျိုးရိုက်ရတာမှာ ကင်မရာ ရဲ့ sensor အရွယ်အစားကစကား ပြောလာပါပြီ။ ပုံမှန် လူတစ်ယောက် ရဲ့ လက်တည်ငြိမ် နိုင်မှု က တစ်စက္ကန့် ရဲ့ 125 ပုံ တစ်ပုံ ပါ။ အဲ့ဒီ့ရဲ့ အောက် ရောင် ရင် Hand Shake ထပြီး ပုံ ရဲ့ ပြတ်သားမှု အားနည်းသွားတတ်ပါတယ်။ ဒါကြောင့်လဲအလင်းအားနည်း တဲ့ အချိန်မျိုးမှာ သုံးချောင်းထောက် ကိုသုံးကြရ တာပါ။အလင်းအားနည်း တဲ့အတွက် အလင်းဝင်ချိန် (Shutter Speed) ကို တစ်စက္ကန့် ရဲ့ 20 ပုံ 1 ပုံပဲ ထားလိုက်ပါတယ်။ အလင်းအာရုံခံနိုင်မှု(ISO) ကို 500 ထားပြီး အလင်းဝင်ပေါက်(apeture) ကတော့ 3.5 နဲ့ပါ။
ပုံ (အိမ်ပြန်ချိန်၊ အိမ်ပြန်ချိန် – ၂) ဒီပုံ နှစ်ပုံ လုံးအတွက်ရေစပ်စပ် ရွှံ့တောထဲ ဆင်းရိုက်ထားပါတယ်။ ကာလာ အတွဲအစပ် လေး သဘောကျလို့ပါ။ Main Subject ရဲ့ ပြင်ပ အရာအားလုံးက ကာလာ တစ်စု၊ အဓိက က ကာလာ တစ်စု ကွဲထွက် နေတာလေးသဘောကျတာပါ။ ဘောင်းဘီ အနီ လေးနဲ့ ဝါးပင်စိမ်းစိမ်း လေးကို ကြိုက်မိသွားပါတယ်။ Photography အခြေခံဖြစ်တဲ့ Rule Of Third ဆိုတာ ရှိပါတယ်။ Main Subject ဟာ ဓာတ်ပုံ ရဲ့ သုံးပုံ နှစ်ပုံအချိုးရဲ့ ဆုံမှတ် လေးနေရာမှာ ရှိသင့်တယ် ဆိုတာကို ကျွန်တော် က အလယ်တည့်တည့်မှာထားပြီး ချိုးဖောက်ထားပါတယ်။ ပြချင်တဲ့ Subject ကိုအားကောင်းစေချင်တာပါ ..( ဒါပေသိ .. ဘာလိုလဲ မသိဘူး .. ကိုယ့်ပုံကို ပြန်အားမရ ဖြစ်သွားတယ်။) Shutter Speed : 160, ISO : 160 နဲ့ apeture 6.7 ပါ။
ပုံ (ကျောင်းပိတ်တယ်) ဒီပုံကတော့ မှန်ဘီလူး စမ်းရင်း ရိုက်ထားဖြစ်တာပါ။ prime lens ရဲ့ ရုပ်ထွက်ကိုတော့ တော်တော်ကြိုက်မိပါတယ်။ အဲ့ဒီ့ ပုံရဲ့ အပေါ်က မီးခိုးတန်း တည့်တည့် ဖြစ်တဲ့ အချိန်ကိုစောင့် ရိုက်ချင်တာပါ .. သူများအရပ်ဒေသဖြစ်နေတာရယ် အချိန်မရတာ ရယ် ကြောင့် .. ပြချင်တာကို တပိုင်းတစ သာပြနိုင်ပါတယ်။Shutter Speed : 100, ISO : 250, apeture : 5.6
ပုံ (မိသားစု) ဒီလို ပုံမျိုးအတွက် metering ကို နဲနဲ ကစားတတ်ဖို့ လိုပါမယ်။ Metering Mode မှန်အောင် မသုံးဘူး ဆိုရင်တော့ Photoshop နဲ့ ပြန်ပြင် ရတဲ့ အလုပ် တစ်ခု ပိုလာမှာပါ။ Shutter Speed : 100, ISO : 100, apeture : 3.5
ပုံ (မျိုးဆက်သစ်) ဒီဓာတ်ပုံ ထဲက ကလေးက ကျွန်တော့ကို တော်တော် စိတ်ဝင်စားနေပုံရတယ်။ ကျွဲတွေ့လဲ ရိုက် ရေခပ်လဲ ရိုက်ဆိုတော့ သူက ကျွန်တော် ဘာလုပ် လဲ လိုက် စပ်စု နေတုန်းလေး … သူ့ကို အမှတ်တရ ရိုက် ပေးဖြစ်တာပါ။ Shutter Speed : 1000, ISO : 400, apeture : 1.8
ပုံ (Happy Ending) ဒီပုံထဲက ကလေးလေးတွေက ညီအစ်မ တွေပါ . .။ ကျွန်တော့ ဘဝ ရဲ့ ပထမ ဆုံး ကတတ်ဟင်းချို စပြီး စားဖြစ်ခဲ့တဲ့ အိမ်က ကလေးတွေပါ။ ကတက် ကို စားဖူးဖို့ ဝေး မြင်တောင် မမြင်ဖူးတာ က နေ စားဖူးသွားခဲ့တာကတော့ ဒီခရီး ရဲ့ အမှတ်တရပါ။ Shutter Speed : 200, ISO : 100, apeture : 3.5
ဒီပိုစ့် အတွက် ကျေးဇူး တင်ထိုက် သူအားလုံးကို ကျေးဇူး တင်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
လေးစားစွာဖြင့်
Mလုလင်
Mr. MarGa
November 22, 2012 at 3:32 pm
ဝင်ကြည့်သွားပါတယ်ဗျာ