Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရုံးပတီသီးက ပေးတဲ့ ကျန်းမာရေး

ခင္ခNovember 2, 20121min78327

ရုံးပတီသီးက ပေးတဲ့ ကျန်းမာရေး

ရုံးပတီသီးမှာ စားလို့ လည်းကောင်းပြီး ပေးစွမ်းနိူင်တဲ့ အကျိုးကျေးဇူးတွေကတော့
– အရိုးကိုသန်မာစေသည်။
– နှလုံးကိုကာကွယ်ပေးသည်။
– အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။
– သွေးပေါင်ချိန်ကိုထိန်းပေးသည်။
– သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

ရုံးပတီသီးက ကျန်းမာရေးအတွက် အထောက်အကူပြု အကျိုးကျေးဇူးအနေနဲ့အောက်ပါအတိုင်း ရရှိနိုင်တာလေ့လာတွေ့ရပါတယ်။

(၁) နှလုံးရောဂါကာကွယ်သည်

ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။ သွေးကြော နံရံများ မာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။
ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီ ဓာတ်ပမာဏပိုများသည်။ထို့ပြင် Folate ဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ် လိုအပ်ချက်၏ ၄ဝရာခိုင်နှုန်းပါ ဝင်ပြန်သည်။

ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများကျဉ်းစေသည်။ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။ ဒါကြောင့် ရုံးပတီသီးစားပေး လျှင် နှလုံးနှင့်သွေးကြောများ ကို ကာကွယ်နိုင်သည်။

ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်း ဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်း ကောင်း သည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။ နှလုံးခုန်စီးချက်နရီမှန်စေ ခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။

(၂) အရိုးပါးရောဂါ ကာကွယ်ရန်

အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄ဝကျော်တာနဲ့ရုံးပတီသီးနေ့စဉ် စားဖို့ပြင်ထား ပါ။ ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။ (၁) ပိုတက် စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။ ဤဓာတ်၄မျိုးမြင့်မားစွာ ပါ အောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁ဝရာခိုင်နှုန်း ရုံးပတီသီးမှာပါသည်ဟုဆို၏။

(၃) အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်

အသက်ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာစေသည်ဟုဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ်များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာလျော့ပါးစေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ် လိုအပ်သော အစိတ် အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။

ချက်ပြုတ်စားသောက်နည်း

ရုံးပတီသီးလတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်းချက်ပြုတ်စားနိုင်လျှင် ပို၍အဟာရ ဓာတ်ကောင်း စေသည်။ ကြေး၊သံ၊ကြေးနီ   ဖြင့်ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွားတတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင်တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ် ၍ ရေစင်စင်ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ကြော်စားနိုင်သည်။ ခရမ်းချဉ်သီးမှည့်ဖြင့် လည်း ချက်စားနိုင်သည်။ တစ်ချို့ကင်၍လည်း စားကြသည်၊ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့်ထည့်ခပ်၍ သီးစုံချဉ်ရည်ဟင်း အနေနှင့်လည်း ချက်စားနိုင်ပါသည်။

တစ်နေ့က သူငယ်ချင်းတွေနဲ့ ဘီယာ၊ အကင်ရောင်းတဲ့ စားသောက်ဆိုင်ကိုရောက်တော့ စားပွဲဝိုင်းအတော် များများမှာ ရုံးပတီသီး ကင်မှာပြီး စားကြတာတွေ့ရလို့ ဖတ်ဖူးတဲ့စာပေထဲက ရုံးပတီသီးရဲ့ ကောင်းကျိုးလေးတွေ ဗဟုသုတအဖြစ်သိစေလိုတာနဲ့ မျှဝေရေးမိလိုက်တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

 

27 comments

  • ဒီအပျိုကြီးလက်ချောင်းတွေကို ငယ်ငယ်က အဖွားကကြော်ကြွေးရင်မစားချင်ဘူးဗျာ၊
    ချွဲကျိချွဲကျိနဲ့။
    ကုလားပဲဟင်းထဲ ဆိုရင်တော့ ကြိုက်တယ်။
    တစ်ခါတစ်လေ ငံပြာရည်ချက်ထဲမှာ ပြုတ်ပြီးတို့စရာအဖြစ်ဆိုပြန်တော့ ကြိုက်မိပြန်ရော။
    အခုဗျာဘီယာဆိုင်အကင်ဆိုင်ထိုင်ကြရင် ရုံးပတီသီးကင်တဲ့ဗျာ။
    ရှာရှာပေါက်ပေါက် အခုတော့လဲ စားကောင်းပြန်ရော။
    အသက်ကြီးလာတော့လဲ ဓါါတ်စာဆိုတာတွေကို မစားချင်လဲ စားနေရတာပါဘဲ။
    မသေချင်သလို နာလဲ မနာချင်တော့ ဆင်ခြင်လို့ နေရသပေါ့.
    အိုတာကတော့ အိုနေပါပြီဗျာ

  • myanmarcitizen

    November 2, 2012 at 1:26 pm

    ရုံးပတီသီးလတ်လတ်ဆတ်ဆတ် ကိုရေနွေးနဲ့ စိမ်ပြီးတို့စရာလုပ်စားရတာကို အရမ်းကြိက်ပါတယ်။ တစ်ချို့နယ်တွေမှာဆိုရင် ရုံပတီသီးကို ချောချောသီးဆိုပြီးလဲခေါ်တယ်လို့ စိတ်ထဲမှာမှတ်သားဘူးပါတယ်။ ချောချောသီးလို့ခေါ်တာက ရုံးပတီသီးက ချွဲကျိကျိနဲ့ချောနေတာမို့လို့ထင်တယ် 🙂

    • ကိုခင်ခ

      November 2, 2012 at 1:32 pm

      ကိုကြီးပေါက်ရေ ဘီယာ အကင်ဆိုင်မှာ အခုနောက်ပိုင်း အတော်အစားများလာတယ်ဗျ။ ကိုယ်တိုင်လည်း စားဖြစ်တယ်လေ။ ဦးဆုံးမန့်သူအဖြစ်လည်း ကျေးဇူးနော်။

      myanmarcitizen ပြောမှဘဲ အမည်တစ်ခုရတယ် ဘာတဲ့ ချောချောသီးဆိုဘဲ၊ အမည်လေးက မဆိုးဘူးနော်။

  • Khaing Zar Win

    November 2, 2012 at 1:34 pm

    ဟင် တိုက်ဆိုင်ချက်။ ကိုခ စာ အစပိုင်းကို ဖတ်ရင်းနဲ့ ရုံးမတီသီးကင်ကို သတိရနေတာ။
    ချဉ်ရည်ထဲပဲ ထည့်ထည့်၊ ကင်စားစား၊ ပြုတ်တို့တို့ စားကောင်းတာပဲ။ 🙂

  • မောင်ပေ

    November 2, 2012 at 1:51 pm

    အဟမ်း
    ဘီယာဆိုင်တွေမှာ
    ယောက်ျားများ ရုံးပတီသီးကင် မှာစားဖြစ်တဲ့ အကြောင်းအရင်းရဲ ့ ၅ဝ ရာခိုင်နှုန်းလောက်ကတော့
    ၁ ဈေးချိုခြင်း
    ၂ သုတ်ကိုပွားစေခြင်း
    အဲဒါ..အဲဒါ (ခရက်ဒစ်တူ သဂျီး)

    • ဘဲဥ

      November 2, 2012 at 1:58 pm

      ကျန်တေးဒယ်လေ……
      ရေးလို့ မကောင်းလို့နော်
      ……….. ကို ယားစေအိ
      …………..ကို ထွားစေအိ
      လွတ်လပ်စွာ ကွပ်လပ်ဖြည့်ပါ :harr:

      • မောင်ပေ

        November 2, 2012 at 2:24 pm

        ပြောင်းဖူးမီးဖုတ်လဲ စားကောင်းသလို
        ဝက်သားဒုတ်ထိုးကလဲ စားကောင်းတာပဲ
        ဟီဟိ
        ပုံ
        သန် ့သန် ့လေးမောင်ပေ

  • kai

    November 2, 2012 at 2:28 pm

    ကျုပ်ကတော့.. မဆလာနဲ့လှိမ့်ပြီးကင်စားတာ…
    နည်းနည်းနူးအောင်.. အရက်ကလေးပါထည့်လိုက်သေး… :kwi:

    ကုလားတွေမှာ.. Bhindi Masala ဆိုပြီးဟင်းချက်နည်းရှိပါတယ်..။
    အောက်ကလင့်ခ်မှာဖတ်ပြီးလုပ်ကြည့်ပေါ့…။
    Bhindi Masala – Spicy Okra
    http://www.manjulaskitchen.com/2008/01/07/bhindi-masala-spicy-okra/

    • မိဂီ

      November 2, 2012 at 2:36 pm

      ဖယားဖယား ..သိဒယ်နော်… သိနေဒယ် …
      အကြံဇိုးဂျီးနဲ့ စားမှန်း ….

      တကယ်တော့ ကျော်လည်း သိပ်ကြိုက်တာဗျ…ရုံးပဒေသီး
      လေဒီဖင်းဂါး အော်ကရာ ကို…

      သီရိမင်္ဂလာဈေးကြီး ကြည့်မြင်တိုင်မှာ ရှိတုန်းကဆို
      အိမ်ကနေ တပါတ်တခါ ဈေးသွားဝယ်တိုင်း
      အတောင့် ၂၀ဝမျိုး ၃၀ဝမျိုးဝယ် နေ့တိုင်း ကင်စားလာတာ..
      ဟိ

      အဲ
      ပို့စ်ပိုင်ရှင် ကိုခင်ခရေ..
      ကျေးကျေးပါ
      😀

      • kai

        November 2, 2012 at 11:58 pm

        ချော်ချော်ချွဲချွဲ..အသီးအနှံတွေက.. ဟိုဟာ..ဒီဟာအတွက်ကောင်းတယ်မှတ်… ။
        မှတ်ပြီး.. လူထဲကထွက်တဲ့…ချော်ချွဲတွေအလဟဿမဖြစ်စေနဲ့ဦး..။
        လူဖြစ်မယ့်ဇာတိ..မျိုးစေ့တွေ .. ရည်ရွယ်ချက်ရှိရှိနဲ့.. မဖျက်ဆီးကောင်းဘူး..။

        ပါဏာတိ ပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ…တဲ့..။
        ပါဏာတိပါတ ကံ အင်္ဂါ (၅)ပါး ပါဏာတိပါတ ကံထိုက်ဘို့ အချက်ကြီး (၅) ချက် နဲ့ ပြည့်စုံဘို့လိုတယ်။
        ၁။ ပါဏော = သက်ရှိလည်းဖြစ်
        ၂။ ပါဏသညိတာ = သတ္တဝါလို့လည်း မှတ်ယူ
        ၃။ ဝဓကစိတ္တံ = သေစေလိုတဲ့စေတနာလည်းရှိ
        ၄။ ဥပက္ကမော = လုံ့လအားထုတ်မှုလည်းပြု

        တဲ့…။
        တန်ဖိုးရှိအောင်.. တရားဝင်လက်ခံအသုံးပြုပေးမယ့်သူ.. မြန်မြန်ရှာကြ…
        . အာဟိ..အာဟိ… :kwi:

  • jullies cezer

    November 2, 2012 at 2:43 pm

    တစ်ချို့ကလည်းရုံးပတီသီးကို နောက်နာမည်တစ်မျိုးရှိသေးတယ်
    မယားငယ်သီးတဲ့လေ ချွဲလို့တဲ့ …….

  • cobra

    November 2, 2012 at 2:44 pm

    ရုံးပတီသီးလေးကိုရေနွေးဖျော ငပိထောင်းလေးနဲ ့ လွေးလိုက်လို့ကတော့
    အနည်းဆုံး၂ပန်းကန်လောက်အေးဆေးပဲ။
    အရက်သောက်ရင်ဖြစ်ဖြစ် ဘီယာသောက်ရင်ဖြစ်ဖြစ်သူမပါရင်မပြီးဘူး။

  • Khaing Khaing

    November 2, 2012 at 3:30 pm

    ရုံးပတီသီးကြော်ဆေးဖက်ဝင်လို့ အမေက အိမ်မှာအမြဲဆောင်ထားပြီး အမျိုးမျိုးလုပ်ကျွေးတတ်ပါတယ် … ကြော်တာရော ပြုတ်တာရော ဘာမှမကြိုက်ပါဘူး … ငါးပိစိမ်းစားရယ် ငရုတ်သီးစိမ်းလေးနဲ့ ရခိုင်ချက်ချက်စားရင်တော့ စားတယ် ……

    • မိဂီ

      November 2, 2012 at 5:48 pm

      ဟိ ရုံးပတေသီး အကြောင်း. ဂျီးတော် ခိုင်ခိုင်. က အသိဆုံးဗျ. အစ်ကိုရ.
      သူက ကိုယ်တွေ့သမား. လက်တွေ့သမား. ခိခိ

  • candle .

    November 2, 2012 at 7:58 pm

    အိမ်မှာတော့ အစေ့တွေကြဲထားတာနဲ ့အပင်တွေအသီးတွေက မနိုင်မနင်းပါဘဲ….
    အသီးကို ကြိုက်လို ့စိုက်ထားပြီး နေ ့စဉ်လိုစားဖြစ်ခဲ့ပေမဲ့ အကျိုးကျေးဇူးတွေကိုတော့
    ခုမှသေချာသိလို ့..ကျေးဇူးပါ ကိုခင်ခ ရေ….

  • မမလေး

    November 3, 2012 at 4:14 am

    မိန်းကလေးတွေထက် ယောကျာ်းလေးတွေက ရုံးပတေသီးပိုစားဖို့လိုတယ်ဆိုတာ ဘာလို့လဲ သိချင်ပါတယ်

  • ကထူးဆန်း

    November 3, 2012 at 7:36 am

    အသိနောက်ကျလေခြင်း ..
    ကျေူးဇူးပါ ။

  • etone

    November 3, 2012 at 11:45 am

    ရုံးပတီသီးလေးကို … မဆလာလေးနဲ့ ဆားပြားနယ်ပြီး နှမ်းဆီနည်းနည်းသုတ်လို့ .. သီတံလေးနဲ့ ကင် ၊ အေးခဲနေတဲ့ ဖန်ခွက်ထဲက အမြှုပ်တစီစီဘီယာလေးနဲ့ဆိုလျှင် … အရမ်းမိုက်ပဲ … 😉

  •    

    November 3, 2012 at 11:49 am

    ဘီအီးနဲ ့တော့ မလိုက်ဘူး
    ဘီယာနဲ ့ဆိုရင်တော့ အပေါ်က အူးလေးပြောသလို ချယ်ပဲ ဗျ
    ရုံးပတီသီးကို ကျန်းမာရေးအရ ဘီယာနဲ ့တွဲချချင်တယ်..ဘီယာဘိုးမစိလို ့ နှစ်ဂျားဘိုးလောက် မ.စ.တော်မူပါ မိုးနတ်မင်းကြီးခင်ဗျ

    • မိုးနတ်မင်းဂျီး

      November 3, 2012 at 11:52 am

      အိမ်း..
      ငါ ဘီအီးမူးနေလို ့ မထနိုင်သေးဘူး
      ကိုခင်ခ ဆီက ခဏချီးသွားလိုက်
      ထီပေါက်ရင် ပြန်ဆပ်ပေးမယ်လို ့ ပေါလိုက်
      တွီ..တွီ…တွီ…

      • pooch

        November 3, 2012 at 12:58 pm

        တယောက်ထဲ ဘယ်လိုဖြစ်နေတာလဲ ဗိုက်ဗိုက် မူးနေတာလား ၂ ကိုယ်ခွဲသွားတယ် ဆိုတော့ 😀

  • ကိုခင်ခ

    November 3, 2012 at 12:52 pm

    ဟေ အတိုင်အဖေါက်ညီတဲ့သူတွေတော့ လာကြတော့မှာပေါ့၊
    ကိုယ့်လူ ခဏလေးတော့စောင့်နော် ဒီဘီယာဆိုင်က ၃ ခွက် ၁ ခွက် လက်ဆောင်မို့
    ကျွန်တော် ၃ ခေါက်သောက်ပြီးရင် လက်ဆောင်ရမယ့် ၁ ခွက် သောက်ဗျာ၊
    အဲဒါဆို ပြန်ဆပ်စရာ မလိုဘူးလေ၊ အဆင်ပြေတယ်မလား။

  • ရွာသူ jujuma .

    November 3, 2012 at 1:36 pm

    ရုံးပတီသီးကိုဘယ်လိုလုပ်လုပ်ကြိုက်တယ်ဗျ ..
    ဟင်းချိုလေးချက်သောက်လည်း ကောင်းမှကောင်း …
    လေးဘက်နာသမားတွေ ချဉ်ဆီ ခမးခြောက်ခြင်းအတွက်လည်းအသုံးဝင်တယ်လို့သိရပါတယ် …

  • ဦးကြောင်ကြီး

    November 4, 2012 at 8:46 am

    ရုံးပတီသီးစား မယားမသိစေနဲ့တဲ့.။ အဲဒါဘာကြောင့်လဲ၊ ဟုတ်တိုင်းမှန်ရာ ဖြေဆိုပါ။ (၁ဝမှတ်)

  • Hnin Hnin

    November 4, 2012 at 9:30 am

    မယားသိရင် ကားသွားမှာပေါ့ (ထားသွားမှာစိုးလို့ ဗျင်းခံထိတာ :mrgreen:)

  • aye.kk

    November 4, 2012 at 9:41 am

    ဒီမှာကရုံးပတီသီးကိုမီးကင်
    ပဲပုတ်ထောင်းပြီးအချိုငံစပ်အရသာရှိအောင်ပြုလုပ်ထားပြီး
    သားရေစာအဖြစ်ရောင်းချကြတယ်။ ကြိုက်လွန်းလို ့ဝယ်စားဖြစ်တယ်။
    အမေကပြောတယ်အသက်ငါးဆယ်ကျော်လာရင်အရိုးပွလာတာဟာ
    မိန်းကလေးတွေရဲ ့သဘာဝတရားဖြစ်နေတာမို ့အရိုးအဆစ်ခိုင်မာမှုရှိအောင်စားသုံးပေးပါတဲ့လေ။။

  • အလင်းဆက်

    November 4, 2012 at 9:07 pm

    ဦးဦးခင်ခင်ခခ ရဲ ့
    ကန်းမာရေး ပိုစ်တွေက…
    အင်မတန် အကျျိုး ရှိပါတယ်လို ့..ပြောပါရစေ..ခည ။

Leave a Reply