Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ရ ) ( D – 7 & 8 – PARIS – CHARTRES – BORDEAUX- LOURDES )

Foreign ResidentNovember 5, 201217min55920

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ရ )

( D – 7 & 8 – PARIS – CHARTRES

BORDEAUX- LOURDES )

 

စက်တင်ဘာ ၁ရ ရက်နေ့ ။

ဒီနေ့မနက် စောစောမှာ ၊

ပဲရစ်ကထွက်လာခဲ့ပြီး ၊

Chartres ဆိုတဲ့ မြို့လေးက ၊

နော်တာဒိန်း ဘုရားကျောင်း ကို ၊

ဝင်ကြည့်ခဲ့ကြပါတယ် ။

 

ဗဟုသုတအနေနှင့် ပြောရရင် Notre-Dame ရဲ့ အဓိပ္ပါယ်က Our Lady လို့ ရည်ညွှန်းပြီး ၊

Roman Catholic တွေ အထူးကြည်ညိုတဲ့ မယ်တော် မာရီ ကို ရည်ညွှန်း တာပါ ။

မယ်တော် မာရီ ကို Mary, Fatima, Madonna အစရှိသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ် ။

အဲဒါကြောင့် ကမာ္ဘ အနှံ့မှာ Notre-Dame နော်တာဒိန်း အမည်ရှိတဲ့ ၊

RC ဘုရားကျောင်းပေါင်း မြောက်များစွာ ရှိနေတာဖြစ်ပါတယ် ။

 

Cathédrale Notre-Dame de Chartres  အဲဒီ ဘုရားကျောင်း ဟာ ၊

သူ့ရဲ့ stained glass windows ရောင်စုံ မှန်ပြုတင်းတွေကြောင့် ထင်ရှားပါတယ် ။

အတွင်းက ပန်းပု လက်ရာတွေကလည်း လက်ရာမြောက်လှပါတယ် ။

 

Chartres မြို့က နော်တာဒိန်း ဘုရားကျောင်း ( အပြင် ) ။

Chartres မြို့က နော်တာဒိန်း ဘုရားကျောင်း ( အပြင် ) ။

Chartres မြို့က နော်တာဒိန်း ဘုရားကျောင်း ( အတွင်း ) ။

Chartres မြို့က နော်တာဒိန်း ဘုရားကျောင်း ( အတွင်း ) ။

Stained glass windows ရောင်စုံ မှန်ပြုတင်းတွေ ။

Stained glass windows ရောင်စုံ မှန်ပြုတင်းတွေ ။

လက်ရာမြောက်လှတဲ့ ပန်းပု လက်ရာတွေ ။

လက်ရာမြောက်လှတဲ့ ပန်းပု လက်ရာတွေ ။

 

အဲဒီနောက် ပြင်သစ်ပြည်ရဲ့ စိမ်းစိုတဲ့ သဘာဝ ပါတ်ဝန်းကျင် နှင့်

စပျစ်ဝိုင်ခင်း ( Vine Yard ) ၊ ပြောင်းခင်း ( Maize ) တွေကိုဖြတ်သန်းပြီး ၊ အဘတို့တည်းခိုမယ့် ၊

Mercure Bordeaux Centre Hotel ရှိတဲ့ Bordeaux မြို့လေးမှာ ညအိပ် ရပ်နားကြပါတယ် ။

 

Bordeaux မြို့ဟာ ရှမ်ပိန် နှင့် ဝိုင်အရက် နှင့် ပါတ်သက်ရင် ကမာ္ဘ အနှံ့မှာ နာမည်အကြီးဆုံး မြို့ပါတဲ့ ။

အဲဒီမြို့မှာ ဝိုင် ကုန်သွယ်မှု တနှစ်ကို ဒေါ်လာနှင့် ၁၉ ဘီလျံ ဖိုးလောက် ပြုလုပ်ကြပါတယ် ။

ကမာ္ဘ့ အထင်ရှားဆုံး ဝိုင်ပြပွဲ Vinexpo ကိုလည်း နှစ်စဉ် ကျင်းပကြပါတယ် ။

 

အဲတော့ အဘတို့ကို ညနေစာကျွေးတဲ့အခါမှာ ဝိုင် နှင့်လည်း ဧည့်ခံပါတယ် ။

ဝိုင်ပုလင်း သုံလေးမျိုး ချထားပေးပြီး ကြိုက်သလောက် အဝသောက်ပေါ့လေ ။

နာမည်ကြီးလွန်းတာနှင့် အရက်ကို အနံ့တောင် မခံနိုင်တဲ့ အဘ က မြည်းကြည့်ပါသေးတယ် ။

နွား ကို ပလာတာ ကျွေးသလိုပါပဲ ၊ အဘ အတွက်တော့ ဘာမှ မထူးပါဘူး ။

 

စင်တင်ပြီး စိုက်ရတဲ့ စပျစ်ဝိုင်ခင်း ( Vine Yard ) ။

စင်တင်ပြီး စိုက်ရတဲ့ စပျစ်ဝိုင်ခင်း ( Vine Yard ) ။

ပြောင်းခင်း ( Maize ) ။

ပြောင်းခင်း ( Maize ) ။

Bordeaux မြို့လည် ရှုခင်း ။

Bordeaux မြို့လည် ရှုခင်း ။

 

စက်တင်ဘာ ၁၈ ရက်နေ့ ။

 

ဒီနေ့မနက် စောစောမှာ ၊ Bordeaux မြို့လေး ကထွက်လာခဲ့ပြီး ၊

Aire-sur-l’Adour ဆိုတဲ့ မြို့လေးမှာ ဈေးဝယ်ဖို့ ခဏ ရပ်ပါတယ် ။

သူများတွေကတော့ သစ်သီး စားစရာ ဝယ်ကြပြီး ၊

အဘကတော့ ထုံးစံ အတိုင်း ဝတ်စရာအဝတ် လိုက်ရှာရပါတယ် ။

ကွင်းဈေး တစ်ခုထဲက ဆိုင်တစ်ဆိုင်မှာ ၊

အပေါစား Sport Shirt ၁ ထည်ကို ၅ ယူရို နှင့် ၂ ထည်ဝယ်လိုက် ပါတယ် ။

ဆိုင်ပိုင်ရှင် အဒေါ်ကြီးက ( အရမ်း ) ကျေးဇူးတင်ကြောင်းပြောပြီး ၊

အဘ မဟေသီက ပြင်သစ်လို တစ်ခွန်းစ နှစ်ခွန်းစ ပြန်ပြောလိုက်မိတာ ၊

ခုခေတ်ကြီးမှာ ငွေရှာရ အလွန် ခက်ခဲနေကြောင်း ၊

သူဟာ ငယ်စဉ်က စာသေချာ မသင်ခဲ့တဲ့အတွက် ၊

အခုအချိန်မှာ အလုပ်ကောင်းကောင်း မရနိုင်တော့ကြောင်းတွေ ၊

ဆက်ပြောပြပြီး ရင်ဖွင့်နေပါသေးတယ် ။

 

Aire-sur-l’Adour ဆိုတဲ့ မြို့လေး ရှုခင်း ။

Aire-sur-l’Adour ဆိုတဲ့ မြို့လေး ရှုခင်း ။

အဘ ဝယ်ခဲ့တဲ့ ကွင်းဈေး တစ်ခုထဲက အဝတ်ဆိုင် ။

အဘ ဝယ်ခဲ့တဲ့ ကွင်းဈေး တစ်ခုထဲက အဝတ်ဆိုင် ။

 

ဆက်ထွက်လာပြီး ရှုခင်းတွေလှပတဲ့ Pau ဆိုတဲ့မြို့လေးမှာ နေ့လည်စာ စားကြပတယ် ။

Parish of Christ the Savior ဆိုတဲ့ ဘုရားကျောင်းနား တောင်ကုန်းပေါ် ကနေ ၊

တောင်ကုန်းအောက်ဖက် ချိုင့်ထဲက လှပတဲ့ရှုခင်းတွေ မြင်ရပါတယ် ။

 

Pau မြို့လေး က Parish of Christ the Savior ဆိုတဲ့ ဘုရားကျောင်း ။

တောင်ကုန်းအောက်ဖက် ချိုင့်ထဲက လှပတဲ့ရှုခင်းတွေ ။

တောင်ကုန်းအောက်ဖက် ချိုင့်ထဲက လှပတဲ့ရှုခင်းတွေ ။

 

 

 

အဲဒီ Pau မြို့လေးကနေ ဆက်ထွက်လာတာ Lourdes မြို့ကို ညနေ ၃ နာရီလောက် ရောက်ပါတယ် ။

ပြောရဦးမယ် ဒီတစ်ခါ အဘတို့ တည်းတဲ့ Mercure Lourdes Imperial Hotel က ၊

အတွင်းပိုင်း အပြင်အဆင် ကို အဘတော့တော်တော် သဘောကျတယ်ကွယ့် ။

 

ပစ္စည်းတွေ ချပြီးတာနှင့် အဘတို့ တည်းတဲ့ ဟော်တယ်ရဲ့ အနားလေးမှာတင် ရှိတဲ့ ၊

နာမည်ကြီး Rosary Basilica ဘုရားကျောင်း ( The Sanctuary of Our Lady of Lourdes ) နှင့် ၊

ဘုရားကျောင်းဝန်းထဲက St. Bernadette’s Grotto ဆီကို ထွက်လာခဲ့ပါတယ် ။

 

အဲဒီ လမ်းတစ်လျှောက်မှာ သူတောင်းစားတွေကတော့ အရမ်းများတယ်ကွယ်။

အဘတော့ မွတ်ဆလင်လို့ထင်တာပဲ ၊ ခေါင်းမြီးခြုံတွေနှင့်ပဲ ။

PEACEMAKER ကတော့ ရိုမေးနီးယားတွေ ဖြစ်မယ်လို့ပြောတာပဲ ။

 

ဘုရားကျောင်းကြီးက ပန်းချီ ပန်းပု အနုလက်ရာများနှင့် ခန်းနားလှပပြီး ၊

ဓါတ်ပုံ ရိုက်ခွင့်လည်းပေးလို့ ၊ အပြင်ဘက်မှာလည်း မိုးဖွဲဖွဲ ရွာနေတာနှင့် ၊

အထဲဘက်မှာ ၊ အားရပါးရကို အချိန်ယူပြီး ဓါတ်ပုံ ရိုက်လာခဲ့ပါတယ် ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်ပုံတွေ ၊ ပန်းပုတွေ အကုန်လုံးကို တစ်ခုမကျန် ရိုက်လာခဲ့တယ် ။

ဒီမှာတော့ အကုန်တင်လို့ မဖြစ်ဘူး ၊ သူကြီး ဆာဗာ ဒေါင်းသွားလိမ့်မယ် ။

တော်ကြာ သူကြီးက အဘကို Post တင်ခွင့်ပါ ပိတ်လိုက်ဦးမယ် ။


ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေက ရောင်စုံ ကျောက်ပြား အသေး ကပ် ပန်းချီ နှင့်

နံရံပြည့် စီချယ်ထားတာပါ ။

ရောင်စုံ ကျောက်ပြား အသေး ကပ် ပန်းချီ ဖြစ်လို့ မြန်မာပြည် ဘုရားတွေက  ပန်းချီထက်စာရင် ၊

ပို အရောင်တောက်ပပြီး ၊ ကြာရှည်ခံလိမ့်မယ်လို့ ထင်ပါတယ် ။

မြန်မာပြည်က ကျောင်းကန်ဘုရားဆောက်သူတွေ ၊ စဉ်းစားစရာပါ ။

 

Mercure Lourdes Imperial Hotel ရဲ့ အတွင်းပိုင်း အပြင်အဆင် ။

Mercure Lourdes Imperial Hotel ရဲ့ အတွင်းပိုင်း အပြင်အဆင် ။

ခရစ်ယာန် အဖွဲ့အစည်း အသီးသီးက ဆိုင်တွေဖွင့်ထား ။

ခရစ်ယာန် အဖွဲ့အစည်း အသီးသီးက ဆိုင်တွေဖွင့်ထား ။

Rosary Basilica ဘုရားကျောင်း ( The Sanctuary of Our Lady of Lourdes ) ။

Rosary Basilica ဘုရားကျောင်း ( The Sanctuary of Our Lady of Lourdes ) ။

Rosary Basilica ဘုရားကျောင်း ထဲမှာ ဝတ်ပြုနေကြစဉ် ။

Rosary Basilica ဘုရားကျောင်း ထဲမှာ ဝတ်ပြုနေကြစဉ် ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၁ ) ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၁ ) ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၂ ) ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၂ ) ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၃ ) ။

ယေရှုခရစ်ရဲ့ ဖြစ်စဉ်တော်တွေကို ကျောက်စီ ပန်းချီ နှင့် နံရံပြည့် စီချယ်ထား ( ၃ ) ။

 

ဓါတ်ပုံ ရိုက်ပြီးတဲ့အခါ သီလရင်ကြီးကို မေးမြန်းပြီး ဘုရားကျောင်းဝန်းထဲက ၊

St. Bernadette’s Grotto ရေထွက် ဂူလေးဆီ ထွက်လာခဲ့ပါတယ် ။

 

St. Bernadette’s Grotto ရေထွက် ဂူလေးက ထွက်လာတဲ့ Holy Water ကို ၊

ရေပိုက်နှင့်သွယ်ပြီး ရေပိုက်ခေါင်း အများအပြားနှင့် ဖြန့်ဝေပေးပါတယ် ။

တစ်နေရာတည်းမှာ စုပြုံ တိုးဝှေ့ပြီး လုယက်စရာ မလိုဘူးပေါ့ ။

 

ပါလာတဲ့ ခရစ်ယာန်တွေကတော့ အဲဒီ ရေထွက်က ရေကို ၊

ပုလင်းလိုက် ဗုံးလိုက် သယ်ယူကြတာတွေ့ရပါတယ် ။

အဘတို့ကတော့ အဲဒီကရေနှင့် မျက်နှာ သန့်စင်ခဲ့ပါတယ် ။

 

အဘတို့သာ သိပ်မသိတာ ၊

RC ခရစ်ယာန်တွေကြားမှာ ဒီ Rosary Basilica ဘုရားကျောင်း နှင့် ၊

St. Bernadette’s Grotto ရေထွက် ဂူလေးက အတော်နာမည်ကြီးပုံရတယ် ။

လာလိုက်ကြတဲ့ လူတွေဆိုတာ အောတိုက် ။

ခရစ်ယာန် အဖွဲ့အစည်း အသီးသီးက ကြီးမှူးပြီး ဆိုင်တွေဖွင့်ထားတာလဲတွေ့ရတယ် ။

အဲဒီ Rosary Basilica ဘုရားကျောင်း က TV channel တစ်ခုတောင် ထုတ်လွင့်ထားပြီး ၊

အဘတို့ ဥရောပ တစ်ခွင်သွားတော့ အဲဒီ ဘုရားကျောင်း နှင့် ရေထွက်ဂူ လေးရဲ့ ၊

Occasion အခမ်းအနားတွေကိုပဲ ၂၄ နာရီထုတ်လွှင့်နေတာ တွေ့ခဲ့ရတယ် ။

 

မူရင်း St. Bernadette’s Grotto ရေထွက် ဂူလေးထဲ ဝင်လေ့လာစဉ် ။

မူရင်း St. Bernadette’s Grotto ရေထွက် ဂူလေးထဲ ဝင်လေ့လာစဉ် ။

St. Bernadette’s Grotto ရဲ့ မူရင်း ရေထွက်ရာ နေရာ ။

St. Bernadette’s Grotto ရဲ့ မူရင်း ရေထွက်ရာ နေရာ ။

St. Bernadette’s Grotto မှာ ဆုတောင်း မီးပူဇော်ထားတဲ့ ဖယောင်းတိုင်တွေ ။

St. Bernadette’s Grotto မှာ ဆုတောင်း မီးပူဇော်ထားတဲ့ ဖယောင်းတိုင်တွေ ။

St. Bernadette’s Grotto ရေထွက် ဂူလေးက ထွက်လာတဲ့ Holy Water ကို ခံယူကြပုံ ။

St. Bernadette’s Grotto ရေထွက် ဂူလေးက ထွက်လာတဲ့ Holy Water ကို ခံယူကြပုံ ။

 

ပြီးတာနှင့် ဟိုတယ်ပြန် ညနေစာစားပြီး ၊

ည ၉ နာရီမှာလုပ်တဲ့ Torchlight Marian Procession ကိုကြည့်ဖို့ ၊

Rosary Basilica ဘုရားကျောင်းကို နောက်တစ်ကြိမ် ပြန်ထွက်ခဲ့ရပါတယ် ။

မိုးဖွဲဖွဲရွာနေတဲ့ ညအမှောင်ထုထဲမှာ Wheel Chair ကိုယ်စီနှင့် မကျန်းမာသူတွေဟာ ၊

ဖယောင်းတိုင်မီးလေးတွေကိုင်ပြီး ကိုယ်တော်ရဲ့ ကောင်းချီးပေးခြင်းကို ခံယူဖို့ ၊

ညီညီ ညာညာ တန်းစီ ချီတက်ကြတာပါ ။

 

ညစဉ် ညတိုင်း ထောင်ချီတဲ့ လူအုပ်ကြီးနှင့် ကောင်းချီးပေးခြင်းကို စောင့်ဆိုင်း ခံယူနေကြတာပါ ။

ရောဂါ ပျောက်ကင်းသွားတဲ့ Miracle ဖြစ်ရပ်တွေလဲရှိတယ်လို့ ဆိုပါတယ် ။

ဘာသာပေါင်းစုံ နှင့် ကောင်းချီးပေး စကားတွေ ၊ သီချင်းတွေကို အလှည့်ကျ သီဆိုကြပါတယ် ။

မထင်မှတ်ထားတဲ့ မြန်မာဘာသာ ကရင်ဘာသာ တွေ နှင့် ၊

ကောင်းချီးပေးစကား သီချင်း ဆိုသံတွေလည်း ကြားရပါတယ် ။

 

အဘတို့တော့ အရမ်း ပင်ပန်းနေတာ နှင့် မိုးကလည်း နဲနဲ ရွာနေတာကြောင့် ၊

အပြီး အထိ မကြည့်ပဲ ၁ဝ နာရီလောက်မှာ ပြန်လာခဲ့ပါတယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( FR ) ။

 

ညအမှောင် မိုးဖွဲဖွဲထဲမှာ ဖယောင်းတိုင်မီးလေးတွေကိုင်ပြီး Wheel Chair ကိုယ်စီနှင့် မကျန်းမာသူတွေ ။

ညအမှောင် မိုးဖွဲဖွဲထဲမှာ ဖယောင်းတိုင်မီးလေးတွေကိုင်ပြီး Wheel Chair ကိုယ်စီနှင့် မကျန်းမာသူတွေ ။

ညစဉ် ညတိုင်း ထောင်ချီတဲ့ လူအုပ်ကြီးနှင့် ကောင်းချီးပေးခြင်းကို စောင့်ဆိုင်း ခံယူနေကြတာ ။

ညစဉ် ညတိုင်း ထောင်ချီတဲ့ လူအုပ်ကြီးနှင့် ကောင်းချီးပေးခြင်းကို စောင့်ဆိုင်း ခံယူနေကြတာ ။

20 comments

  • pazflor

    November 5, 2012 at 4:55 am

    Notre-Dame ဆိုရင်တော့ Paris က နာမည်ကြီးကျောင်းကိုဘဲသိတယ်ခင်ဗျ။
    တစ်မြို ့နဲ့တစ်မြို့ အကူး TGV နဲ့လား၊ဘတ်စ် နဲ့လားအဘ။

    • Foreign Resident

      November 5, 2012 at 5:08 am

      ကို pazflor ရေ ။

      အဘတို့က London က ခရီးစဉ် စထွက်ကတည်းက Trafalgar က Bus နှင့် ပဲ ၊
      တစ်မြို့ဝင် တစ်မြို့ထွက် ခရီးစဉ် အဆုံးအထိ သွားတာပါ ။
      လမ်းမှာ Cruise တွေ စီးကြတော့ Trafalgar က Bus က ၊
      နောက်မြို့ကို သွားပြီး ကြိုစောင့်နေတယ်လေ ။

  • အရီးခင်လတ်

    November 5, 2012 at 4:57 am

    အဘဖောရေ

    မရောက်ဖူးတဲ့ ဒေသအကြောင်း နဲ့ ဓာတ်ပုံလေးတွေ တွေ့ရတာ စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်။
    ရေးသူ ကရေးတတ်လို့ လဲ ပါမှာပါ။
    ကိုယ်တိုင် ရောက်သွားသလို ခံစားရအောင်ရေးနိုင်ပါတယ်။
    ဥရောပမှာတော့ ရှေးဟောင်းခေါ်မလား။ မယ်တော်မာရီ ကိုးကွယ်သူတွေ များသေးတယ်။
    ဒီမှာတော့ တဖြေးဖြေး နဲ့ Anglicanခေါ်မလား၊ ရုပ်ပုံ၊ ရုပ်ထုတောင် သိပ် အလေးမပေးတဲ့ ခရစ်ယာန် တွေများလာတယ် ထင်တာဘဲ။
    မယ်တော်မာရီတောင် စကားထဲ မပါတော့ပါဘူး။
    Father ၊ Son ၊ Holy Spirit ဘဲ။

    အဘ ရဲ့ ဓာတ်ပုံထဲ က ဝတ်ပြုသူတွေဟာ လူကြီးပိုင်းတွေများ မယ် ထင်ရဲ့။
    လူငယ်ပိုင်းက ဘာသာမဲ့ရင်မဲ့။ မဟုတ်ရင် Anglican တွေဖြစ်ကြမလားဘဲ။ (အထင်ပါ)

    အဲဒီတိုင်းပြည်တွေမှာ သူတောင်းစား ဆိုတာက ဒီအတိုင်း တောင်းနေတာလား။
    ဒီမှာလို သီချင်းဆိုပြီး တောင်းတာလား။

    အဘဖော ရဲ့ အချိန် မျှပေးပြီး ကျွန်မတို့ ကို ဒေသန္တရဗဟုသုတပေး နေလို့ တကယ်ဘဲ ကျေးဇူးတင်ပါတယ်။
    ကျန် အခန်းဆက် တောလား ခရီးစဉ် တွေ ကို မျှော်နေပါတယ်။

    • Foreign Resident

      November 5, 2012 at 5:25 am

      ” အဲဒီတိုင်းပြည်တွေမှာ သူတောင်းစား ဆိုတာက ဒီအတိုင်း တောင်းနေတာလား ”

      အရီးလတ်ရေ ။

      အဘတွေ့ခဲ့တဲ့ တောင်းရမ်းသူတွေကတော့ ၊
      ဘလိုင်းကြီး ထိုင် / ဒူးထောက်တောင်းနေကြတာပဲ ။
      ယောက်ကျား / မိန်းမ အကောင်းကြီးတွေပါ ။
      ရုပ်တွေကတော့ အရှေ့အလယ်ပိုင်း ရုပ်တွေပါ ။
      ခေါင်းမြီးတော့ ခြုံထားတာပဲ ။
      ဘာ ဘာသာဝင်တွေလည်းလို့ မပြောချင်ပါဘူး ။
      ဓါတ်ပုံတွေလည်း ရှိပါတယ် ၊ မတင်ချင်လို့ပါ ။

      အောက်ဆုံးမှာ ဓါတ်ပုံ ၂ ပုံ ထပ် တင် ထားတယ်နော် ။

  • Foreign Resident

    November 5, 2012 at 7:01 am

    အဘ ရဲ့ တစ်ချို့ပုံတွေမှာ ၊
    ကြည့်တတ်ရင် ထူးခြားတဲ့ အချက်လေးတွေ ပါပါတယ် ။

    ၁ ။
    Bordeaux မြို့လည် ရှုခင်း ပုံမှာ ၊
    အဆောက်အဦးတွေရဲ့ ဒုတိယထပ်လောက်မှာ လူသွား စင်္ကြန်တွေပါကြပြီး ၊
    လူကူးတံတားတွေပါရှိတာကို တွေ့ရမှာပါ ။
    လူတွေက မြေညီထပ်ကို မဆင်းကြပဲ ၊
    အဲဒီ လူသွား စင်္ကြန် ၊ လူကူးတံတားတွေ ကပဲ ၊
    အဆောက်အဦး တစ်ခုက တစ်ခုကို ကူးလူး သွားလာကြပါတယ် ။

    ၂ ။
    Aire-sur-l’Adour ဆိုတဲ့ မြို့လေး ရှုခင်း ပုံမှာတော့ ၊
    ရေဆင်းမယ့် မြောင်းပေါက်ဟာ လမ်းလယ်မှာ ရှိပါတယ် ။
    အဲဒီလမ်းမှာ ကားအသွားအလာ ရှိနေပါတယ် ။

    အဲဒီ စံနစ်တွေကို ကောင်း၏ မကောင်း၏ အဘ မပြောပါ ။
    အမြင်ကျယ်ကြစေဖို့ တင်ပြတာပါ ။

  • ဦးကြောင်ကြီး

    November 5, 2012 at 9:52 am

    မြန်မာပြည်မှာ ဘုရားစေတီတွေမှာ လှူတန်းတာကို ဖြုန်းတီးတယ်လို့ ဝေဖန်တဲ့ မိစာ္ဆဒိဠိသဂျီးဦးခိုင် တခုခု ပြောစမ်းပါအုံးဗျ….

    • kai

      November 5, 2012 at 3:07 pm

      George Lucas က.. ဒစ်စနေကနေ.. ဘီလီယံချီတဲ့…ဒေါ်လာတွေရသတဲ့..
      အဲဒီငွေတွေကို.. ဘာလုပ်လိုက်သလည်းဆိုတော့….

      George Lucas Donating Disney Billions to Fund Education
      E! Online-Nov 1, 2012
      Lucas will donate most of the funds to a foundation that will primarily focus … proceeds to his philanthropic endeavors,” a Lucasfilm rep tells us.
      http://www.eonline.com/news/359563/george-lucas-donating-disney-billions-to-fund-education
      =
      George Lucas to Donate Most of Disney’s $4 Billion
      WorstPreviews.com-Nov 1, 2012
      “George Lucas has expressed his intention to donate the majority of the proceeds [from Lucasfilm sale] to his philanthropic endeavors,” said the …

      ဆိုတော့…
      ဘယ်သူမဆို.. အစွန်းမရောက်ကြဖို့ပါပဲ… :kwi:
      အစွန်းရောက်ရင်.. ဘုရားမကြိုက်ပါကြောင်း…။

      • Foreign Resident

        November 5, 2012 at 4:11 pm

        အဘ က အဘ Post တွေမှာ ၊
        တော်ရုံနှင့် Best Comment ပေးခဲပါတယ် ။
        ( အထူးသဖြင့် ကြယ်လေးလုံး ရပြီးသူတွေကိုပေါ့ ) 😛

        ဒီတစ်ခါတော့ Kai ရဲ့အဖြေလေးက စဉ်းစားစရာမို့ ။

  • Crystalline

    November 5, 2012 at 10:44 am

    အဘရှင့်….ပြင်သစ်ကပုံလေးတွေအလွမ်းပြေကြည့်ရလို့ကျေးဇူးပါ..ကျမတို့ရောက်တုန်းက မသန်မစွမ်းတွေနဲ့ သူတို့ကိုကူတဲ့စေတနာ့ဝန်ထမ်းတွေ ၃၊၄ ရာလောက်တွေ့ခဲ့တယ်။ အခြားဘုရားဖူးတွေက အဖိုးကြီးအဖွားကြီးစုံတွဲတွေများတယ်.. တချို့ကလည်း သူတို့ခင်ပွန်း၊ဇနီးကျန်းမာရေးမကောင်းတော့ ဝှီးချဲလေးတွေတွန်းပေးပြီး အသက်ကြီးသည်အထိကြင်နာနေကြတာတွေ့တော့ ကြည်နူးစရာတော့ကောင်းသား…အားတောင်ကျမိသလိုလိုပဲ.. :kwi: အဘတို့စုံတွဲကတော့ အန်တီကအရမ်းဖြောင့်တော့ သူများက မင်းသမီးစုံတွဲထင်မှာပဲ..

    • Foreign Resident

      November 5, 2012 at 1:19 pm

      ” မသန်မစွမ်းတွေနဲ့ သူတို့ကိုကူတဲ့စေတနာ့ဝန်ထမ်းတွေ ၃၊၄ ရာလောက်တွေ့ခဲ့တယ် ”

      Crystalline ရေ ။
      အဘ သွားတဲ့ ညမှာလည်း ရာချီတဲ့ စေတနာ့ဝန်ထမ်းတွေ နှင့် ၊
      ထောင်ချီတဲ့ မကျန်းမာသူ ၊ ဘုရားဖူးသူ လူအုပ်ကြီးတွေ့ပါတယ်ကွယ် ။
      ည ပိုင်း ၊ မိုးရွာနေတော့ ၊ ဓါတ်ပုံရိုက်ဖို့ အဆင်မပြေလို့ ။
      ညတိုင်း ညတိုင်း မှာ ထောင်ချီတဲ့ လူအုပ်ကြီး ရှိတယ် ပြောတယ် ။

      စကားမစပ် ၊ ” အန်တီကအရမ်းဖြောင့်တော့ ”
      ဟဲ ဟဲ ၊ အန်တီ ဖြောင့်တယ်ဆိုတာ ၊
      အဘ ကောက်နေသလောက်ပဲရှိတာပါ ။
      ( နောက်ထျာ )

  • Hnin Hnin

    November 5, 2012 at 11:02 am

    ကိုယ်တော်ရဲ့ကောင်းချီးပေးတာကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ခံယူလို့ရတယ်ပြောတာ
    ပေါ့နော်…ဘ..မြန်မာ၊ကရင်ဘာသာ ကောင်းချီးပေးသံတွေကြားခဲ့ရလို့ဆိုတော့
    သူတို့လည်း အကျိုးထူးရှိကြလို့၊ယုံကြည်မှုရှိကြလို့ ထင်တယ်….စိတ်ဝင်စားဖို့
    ကောင်းတယ်…..ဘ

    ဘုရားရှင်လည်း ဒီလိုလူအုပ်နဲ့ မယုံနိုင်စရာ ကယ်မတာမဟုတ်တောင် ဘာသာခြား
    ပေမယ့် ကယ်မတတ်တယ်ဆိုတာ ဖတ်ရဖူးတယ်…ဘာသာခြားက ဘုရားရှင်ပုံတော်
    ပါတာ ဆွဲလိုက်ရင်ပဲဖြစ်ဖြစ်၊ဘုန်းကြီးတဲ့ ဆရာတော်တစ်ပါးရဲ့ပုံတော်ကို ဆွဲလိုက်ရင်ပဲ
    ဖြစ်ဖြစ် ပုံမှန်သရဲစီးခံနေရတဲ့သူက အနှောင့်အယှက်ခံရတာဝေးပြီး သက်သာ၊ချမ်းသာ
    ရာရသွားတာမျိုးပေါ့…ပိုင်ဆိုင်တဲ့သူ၊ဆွဲပေးတဲ့သူရဲ့ အကျင့်စရဏနဲ့လည်း သက်ဆိုင်
    ပြီး ပိုအကျိူးရှိမယ် ထင်တယ်…

  • PEACEMAKER

    November 5, 2012 at 2:12 pm

    အဲဒီ လမ်းတစ်လျှောက်မှာ သူတောင်းစားတွေကတော့ အရမ်းများတယ်ကွယ်။ အဘတော့ မွတ်ဆလင်လို့ထင်တာပဲ ၊ ခေါင်းမြီးခြုံတွေနှင့်ပဲ ။ PEACEMAKER ကတော့ ရိုမေးနီးယားတွေ ဖြစ်မယ်လို့ပြောတာပဲ ။

    အဘရေ။ အရင်ဦးဆုံးပို့စ်တွေအတွက် ကျေးဇူးတင်တယ်လို့ပြောပါရစေ။ ဒီလိုရေးနိုင်ဖို့ဆိုတာ တော်ရုံအချိန်ပေးနိုင်ရုံနဲ့မရလို့ပါ။ အဘရေးတဲ့ပို့စ်အကုန်လုံးတော့သေချာမဖတ်ဖြစ်သေးပါဘူး။ မျက်လုံးကအကြာကြီးစာဖတ်ရင် ညောင်းပြီးအိပ်ချင်လာလို့မို့ပါ။ ကျမကို အဲဒီဥရောပမှာတွေ့တဲ့ခေါင်းမြီးခြုံအတော်များများက ရိုမေးနီးယားကလို့ အမျိုးသားကရှင်းပြခဲ့ပါတယ်။ ကိုယ့်ဘာသာလည်း စာတွေလိုက်ဖတ်ကြည့်ပါတယ်။ မွတ်ဆလင်မှခေါင်းမြီးခြုံတာမဟုတ်ပါဘူး။ မွတ်ဆလင်ဘာသာဆိုတာ ဘာသာကြီးလေးခုမှာ နောက်အကျဆုံးဘာသာမို့ ခေါင်းမြီးခြုံတာသူတို့ကစတာတော့လုံးဝမဖြစ်နိုင်ဘူးထင်ပါတယ်။ ရိုးမေးနီးယားအမျိုးသမီးတွေချာ့ချ်တက်ရင်ခေါင်းမြီးခြုံရတာ..အပျိုဘဝမှာခေါင်းကိုအုပ်ထားစရာမလိုပေမဲ့ အိမ်ထောင်ကျသွားရင်ခေါင်းခြုံသင့်တာ..သူတို့ရိုးရာအဝတ်အစားကခေါင်းအုပ်တာတွေပါတယ်ဆိုတာ..etc

  • ဝင့်ပြုံးမြင့်

    November 5, 2012 at 5:48 pm

    ဘဖောတို့ကို အားကျလိုက်တာ။ ပြုံးတော့ ဒီလိုခရီးမျိုး တစ်သက်နဲ့တစ်ကိုယ် ထွက်နိုင်မယ် မထင်ဘူး။

  • ဟိုဘုရားကျောင်းထဲက ပန်းပုရုပ်တွေကတော့
    ရေလည် မိုက်တယ်ဗျ ..
    ပီးဒေါ့ ဟိုမြို့ဂလေးကလည်း သပ်သပ်ရပ်ရပ်နေနော် ..
    မြန်မာပြည်က မြို့တွေလည်း အိုက်ဒီလိုလေး ဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲ … 🙄

    • Foreign Resident

      November 6, 2012 at 1:16 am

      ” မြန်မာပြည်က မြို့တွေလည်း အိုက်ဒီလိုလေး ဖြစ်ရင် ဘယ်လောက် ကောင်းလိမ့်မလဲ ”

      အသေအလဲ ညီညီ ညာညာ မှန်မှန်ကန်ကန် ကြိုးစားကြရင် ၊
      နောက် နှစ် ၂ဝ လောက်ဆို ဖြစ်နိုင်ပါတယ် ။

  • pooch

    November 6, 2012 at 2:47 pm

    ဝီးချဲလေးတွေ နဲ့ ဆုတောင်းနေပုံကို တွေ့တော့ sympathy for delicious ကို သတိရမိတယ်။
    ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ပါပဲ။

    ကျောက်စီ ပန်းချီကားတွေ ကြွေပြား ပန်းချီတွေက ဒီက ဘုရားတွေ မှာ လည်း အတုယူပြီး လုပ်သင့်တယ် ထင်ပါတယ်။ ကြာကြာခံပြီး လှတာပေါ့ ။ အရောင်လည်း ရေရှည်ခံတာပေါ့။

  • စိန်ဗိုက်ဗိုက်

    November 6, 2012 at 2:57 pm

    များများလေးကြည့်ပြီး ကိုယ်တိုင်ရောက်ခဲ့ရသလိုပဲ ခံဆားရတယ် အဘခင်ဗျ
    ကျေးဇူး အမြှောက်တစ်သိန်းပါ

  • MaMa

    November 6, 2012 at 3:47 pm

    တောင်ကုန်းအောက်ဖက် ချိုင့်ထဲက လှပတဲ့ရှုခင်းတွေ ဆိုတဲ့ ပုံလေး ကူးသွားလိုက်ပြီ။
    FR တင်တဲ့ပုံတွေကိုကြည့်ပြီး ရွာ့ယောင်းမကို အမျိုးစပ်ရအုံးမယ်။
    လသာ၂ ထွက်မဟုတ်လား။

  • Foreign Resident

    November 12, 2012 at 8:29 am

    အခုလောလောဆယ် Eleven က သတင်း တစ်ပုဒ်မှာ ဖတ်မိတဲ့ ၊
    မြန်မာနိုင်ငံ ရဲ့ ကုန်သွယ်မှု စုစုပေါင်းလေးကို နှိုင်းယှဉ် တင်ပြချင်လို့ပါ ။

    နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ( အမေရိကန်ဒေါ်လာ၊ သန်း )
    ဘဏ္ဍာနှစ် = ၂၀၁၀-၂၀၁၁
    ပို့ကုန်ပမာဏ = ၈၈၆၁ .၀၁
    သွင်းကုန်ပမာဏ = ၆၄၁၂ .၇၃
    စုစုပေါင်း = ၁၅၂၇၃ .၇၄

    ၂၀၁၀-၂၀၁၁ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ စုစုပေါင်း = အမေရိကန်ဒေါ်လာ ၁၅.၂ ဘီလျှံ ။

    Bordeaux is the world’s major wine industry capital.
    It is home to the world’s main wine fair, Vinexpo,[1]
    while the wine economy in the metro area moves 14.5 billion euros each year .
    ( Ref ; —http://en.wikipedia.org/wiki/Bordeaux— )
    14.5 billion euros = 18.45 billion US Dollars

    Bordeaux ဘောဒိုးမြို့ ရဲ့ နှစ်စဉ် ကုန်သွယ်မှုပမာဏ စုစုပေါင်း = အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလျှံ ။

    အဲဒီတော့ကာ မြန်မာ တစ်နိုင်ငံလုံးရဲ့ ကုန်သွယ်မှုပမာဏ က ၊
    Bordeaux ဘောဒိုးမြို့ တစ်မြို့တည်း ရဲ့ ကုန်သွယ်မှုပမာဏ ကို မမှီဘူးပေါ့နော် ။

    အဘ တွေ့ခဲ့သလောက် Bordeaux ဘောဒိုးမြို့ကလေးက သေးသေးလေးရယ်ပါကွယ် ။
    လူဦးရေ ( တစ်သန်း ) ကော ၊ အကျယ်အဝန်း ပါ ၊ ရန်ကုန်မြို့ ရဲ့ တစ်ဝက်လောက်ရှိတာပါ ။
    အခုတော့ အဲဒါလေးရဲ့ ကုန်သွယ်မှုပမာဏ က ၊
    မြန်မာ တစ်နိုင်ငံလုံးရဲ့ ကုန်သွယ်မှုပမာဏ ထက် များတယ်ဆိုတော့ ။

    အင်း ၊ အဘ တစ်သက်တော့ ရွှေမြန်မာပြည်ကြီး က ၊
    အဲဒီ ( ပြင်သစ် ) တိုင်းပြည်တွေကို လိုက်မှီမယ် မထင်တော့ပါဘူး ။

Leave a Reply