Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိထားသင့်ပါတဲ့ အစာနှင့်ဓာတ်မတည့်ခြင်း ( Allergy ) အကြောင်း

ခင္ခNovember 5, 20121min4909

သိထားသင့်ပါတဲ့ အစာနှင့်ဓာတ်မတည့်ခြင်း ( Allergy ) အကြောင်း

အစားအစာနှင့် ဓာတ်မတည့်ခြင်းဟူသော ပြသနာသည် အလွန် အရေးကြီးသော ကျန်းမာ ရေး ပြသနာ တစ်ခု လို ့ ဆိုနိုင်ပါတယ်။ အစားအစာတစ်ခုကို စားလိုက်တဲ့အခါ အဲဒီလူရဲ့ ခုခံအားစနစ်က တုံ ့ပြန် တိုက်ခိုက်မှု ဖြစ် လာစေခဲ့လျှင် အဲဒါကို အစားအစာနှင့် ဓာတ်မတည့်ခြင်း Food Allergy လို ့ ခေါ်ပါ တယ်။

ဓာတ်မတည့်မှု ဖြစ်စေသော အစားအစာထဲမှာ ပါဝင်နေတဲ့ အသားဓာတ် ပရိုတိန်းကြောင့် ဓာတ်မတည့်သည့် ပြသနာများ ဖြစ်ပေါ် လာရခြင်း ဖြစ်တယ်။ အဲဒီ အသားဓာတ်ကို Food Allergy လို ့ခေါ်တယ်။ Antibody ဆိုတာကတော့ ခန္ဓာကိုယ်မှ ထုတ်လုပ်သော အသားဓာတ် တစ်မျိုး ဖြစ်ပြီး ပြင်ပ မှ ဝင်လာသော ပစ္စည်း Allergen ကို ဖျက်ဆီးပေးသော ပစ္စည်း ဖြစ်ပါတယ်။

ခုခံအားစနစ်ထဲမှာ ပါဝင်သော ကလာပ်စည်းများသည် ဓာတ်မတည့်မှု ဖြစ်ပေါ်တဲ့အခါ ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ သွေးကြော များအား ကျယ်စေခြင်း၊ အဖုအပိမ့်များထခြင်း၊ သွေးဖိအားများ ကျစေခြင်း တို ့ကို ဖြစ်စေသော ပစ္စည်းတစ်ခု ထုတ်လုပ် ပါတယ်။ အဲဒီပစ္စည်းကို Histamine လို ့ခေါ်ပါတယ်။

အစားအစာနှင့် ဓာတ်မတည့် ဖြစ်ခြင်းကို ကမ္ဘာပေါ်ရှိ လူအများစု ခံစားရလေ့ရှိပါတယ်။ ကိန်းဂဏန်းအရ ပြောရ လျှင် အမေရိကန် နိုင်ငံသားများအတွင်း လူ ၁၀ဝ လျှင် ၁ ယောက် မှ ၂ ယောက်သည် အစားအစာနှင့် ဓာတ်မ တည့်မှု ပြသနာကို ခံစားနေရပါတယ်။

ဒီနေရာမှာ Food intolerance ဆိုတဲ့ စကားလုံးလည်း ရှိပါသေးတယ်။ ဒီမှာတော့ အဲဒီ အစာကို စားမိတဲ့သူဟာ ဓာတ်တုံ ့ ပြန်မှု တွေ ဖြစ်သော်လည်း ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို ထိခိုက်ခြင်း မရှိပါဘူး။ ဒါကြောင့် food allergy နဲ ့ food intolerance ကို ခွဲခြား သိဖို ့ လိုပါတယ်။ နမူနာအားဖြင့် ပြောရလျှင် အချို ့သောသူများ ဥပမာ အာရှတိုက်မှ လူအများစုသည် နွားနို ့ကိုသောက်လျှင် ဝမ်းပျက်တတ်ပါတယ်။ ဒါဟာ နွားနို ့ထဲမှာ ပါဝင် သော Lactose လက်တို ့စ် ဆိုတဲ့ ပစ္စည်းကို ခံနိုင်ရည် မရှိလို ့ ဖြစ်ပါတယ်။ အဲဒီလူတွေမှာ လက်တို ့စ်ကို ချေဖျက် နိုင်သည့် အင်ဇိုင်း မရှိသောကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နွားနို ့နှင့် နို ့ထွက်ပစ္စည်းများ ကို စားမိတဲ့ အခါ လေပွခြင်း၊ ဗိုက်အောင့်သလို ဖြစ်ခြင်း၊ ဗိုက်ကယ်ခြင်း၊ ဝမ်းပျက်ခြင်း စတဲ့ လက္ခဏာများ ခံစားရခြင်း ဖြစ်ပါတယ်။ အလားတူပဲ ဒိန်ခဲနှင့် ဝိုင်နီထဲမှာပါသော တိုင်ရာမင်း Tyamine ကြောင့် အဲဒီ အစားအစာ တွေကို စားသောက်မိတဲ့ လူတွေဟာ ခေါင်းကိုက် ဝေဒနာကို ခံစားရတတ်ပါတယ်။

Food Allergy မှာကတော့ ခုခံအားစနစ်ကို ထိခိုက်စေတဲ့အတွက်ကြောင့် တုံ ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ Histamine ဟူသော ဓာတ်ပစ္စည်း ထွက်လာပါတယ်။ ခန္ဓာကိုယ် အတွင်း Histamine ထွက်စေသော ကလပ် စည်းများ Mast cell အတွေ ့ရများတဲ့ နေရာ များကတော့ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အရေပြား၊ အစာ အိမ်နှင့် အူလမ်းကြောင်း တလျှောက် ဖြစ်ပါတယ်။ ဒါကြောင့် Food Allergy ဖြစ်တဲ့အခါ အဲဒီနေရာတွေမှာ Histamine တွေ ထွက်လာတဲ့ အတွက်ကြောင့် အမျိုးမျိုးသော ဝေဒနာ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ပါးစပ်၊ လျှာနှင့် နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ နှုတ်ခမ်းများ ယားယံခြင်း

အသက်ရှုလမ်းကြောင်း တရွှီရွှီ မြည်သံ ကြားရခြင်း၊ အသက်ရှု ခက်ခဲခြင်း၊ ပန်းနာ ရင်ကျပ် သဘောမျိုး ခံစားရခြင်း၊

အစာခြေ လမ်းကြောင်း၌ ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း

အရေပြား အဖုအပိမ့်များထခြင်း၊ အနီကွက်များ ထခြင်း၊ ယားယံခြင်း၊ ဝဲနှင်းခူလို ပုံစံမျိုး ခံစားရခြင်း၊

Food Allergy ဖြစ်ပြီး အဆိုးဆုံး တုံ ့ပြန်မှုကတော့ Anaphylaxis ဟုခေါ်သော အသက် အန္တရာယ် ဖြစ်စေနိုင် တဲ့ သွေးလန် ့ခြင်း လက္ခဏာ ဖြစ်ပါတယ်။ ဒီအခြေအနေ ရောက်သွား ရင် နှလုံးနဲ ့ ခန္ဓာကိုယ် အနှံ ့အပြားကို ထောက်ပံ့ပေးနေသော အောက်စီဂျင် လျော့နည်း သွားပါတယ်။

ဒါကြောင့် အသက်ရှုမဝဖြစ်ခြင်း၊ ခက်ခဲခြင်း၊ သွေးဖိအား ကျဆင်းခြင်း၊ အရေပြား ဖြူဖျော့ သွားခြင်း၊ လက် ကောက်ဝတ် သွေးခုန်မှု အားပျော့ပြီး မြန်ဆန်ခြင်းနှင့် သတိလစ်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဓာတ်တုန့် ပြန်မှုဟာ စက္ကန် ့အနည်းငယ်မှ မိနစ်ပိုင်းအတွင်း ချက်ချင်း ဖြစ်ပေါ်ပြီး ဆေးကုသမှု ချက်ချင်း မခံယူနိုင်ခဲ့ လျှင် အသက် ဆုံးရှုံးစေနိုင်ပါတယ်။

ဒါကြောင့် အစားအစာနှင့် ဓာတ်မတည့်ခြင်း ဟူသော ပြသနာသည် အလွန် အရေးကြီး သော ကျန်းမာရေး ပြသနာ တစ်ခုလို ့ ဆိုနိုင်ပါတယ်။

Food Allergy ဖြစ်စေမှု ၉၀% ကို ပေးသော အစားအစာ () မျိုးရှိပါတယ်။ ၎င်းတို ့မှာ

(၁) ဥများ

(၂) ငါး ( အထူးသဖြင့် ပင်လည်စာ )

(၃) နို ့

(၄) မြေပဲ

(၅) အကြေးခွံပါသောငါး

(၆) ပဲပုပ်

(၇) အစေ့ အဆန်များ

(၈) ဂျုံတို ့ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ကလေးများကို ဓာတ်မတည့်ခြင်း အဖြစ်များစေတဲ့ အစားအစာများကတော့ ဥ၊ နွားနို ့နှင့် မြေပဲ တို ့ အများဆုံးဖြစ်ပါတယ်။

တစ်ချို့တွေကြတော့ ဓာတ်မတည့်တဲ့တုန့်ပြန်မှု့တွေဟာ မိနစ်ပိုင်းအတွင်း ထိတွေ့ရုံနဲ့ ဖြစ်ပေါ်တတ်ပါတယ်၊ အရေပြားယာယံပြီး ရောင်းရမ်းလာတတ်တယ်၊ အင်ပျဉ်လို အဖုအပိန့်တွေဖြစ်လာတတ်ပါတယ်၊ ရက်လွန်ဒိန်ခဲ တွေ ပြုပြင်စီမံထားတဲ့ ကြက်ဥချောင်း ဆာလာမီ တူနာငါး တို့လိုအစားအစာတွေ ပင်လည်စာတွေ ဂေါ်ဖီထုပ် ချဉ် အရက် ဝိုင် တွေစားသုံးမိတယ်အခါမှာဘဲဖြစ်ဖြစ် တစ်ချို့ကြတော့ ဆေးဝါးနဲ့ ဓာတ်မတည့်လို့ဖြစ်တာတွေ ဥပမာ ဆာဖာအုပ်စုဆေးတွေ ပင်နင်စလင်အုပ်စုဆေးတွေ လိုမျိုးဖြစ်ပါတယ်၊ တစ်ခါတရံမှာ အနံတွေကြောင့် လည်းဖြစ်တတ်ပါတယ်။ မိမိဓာတ်မတည့်တဲ့အစာတွေကို သတိပြုမှတ်ထားဖို့လိုပြီး ဓာတ်မတည့်လို့ Allergy ဖြစ်နေချိန်မှာ အသီးအနှံစားခြင်းဟာလည်း တစ်ခါတရံမှာ ဓာတ်မတည့်မှု့ကိုပိုပြီး ဆိုးဝါးစေတာ ကိုလည်း ဖြစ်စေတတ်ပါတယ်၊ ကီဝီသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး တို့ကိုစားပေးရင် သက်သာစေနိုင်ပါတယ်၊ ထိုသို့ Allergy ဖြစ်ခြင်းဟာ ကိုယ်ခံအားအဖွဲ့အစည်းက ဓာတ်မတည့်မှုဖြစ်စေတဲ့ပစ္စည်း ကိုတိုက်ဖျက်ပေးတဲ့ ဓာတု ပစ္စည်းတွေကို ထုတ်လုပ်ပေးပြီး တွန်လှန်တဲ့သဘောလို့ ယူဆကြပါတယ်။

နောက်တစ်ခုဓာတ်မတည့်ဘဲ လူကိုဒုက္ခဖြစ်စေတဲ့ သစ်သီးတွေရဲ့ အစေ့တွေလည်းရှိပါသေးတယ်။

 

သစ်သီးဝလံအချို ့ရဲ ့အစေ့ကို စားလု့ိရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာ ရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင် အသားစား ရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)
ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ ့ အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ ့အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။

ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုး သတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တု တွင်းထွက်လုပ်ငန်းတွေ မှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။

သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို ့တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ ့အစေ့တွေထဲမှာ ရှိနေ ရခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြု တတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။

 

 

ဒီပိုစ့်လေးကတော့ မမယ်ပုတစ်ခါကရေးခဲ့တဲ့ Allergy ဆိုတဲ့ပိုစ့်လေးကိုဖတ်မိပြီး Allergy နဲ့ဆိုင်တဲ့ ကျန်းမာရေး ဆိုင်ရာစာပေတွေကို အလျဉ်းသင့်တိုင်းလေ့လာဖြစ်ခဲ့လို့ ဗဟုသုတလေးအဖြစ် သိရအောင်ဝေမျှရေးပေးလိုက် တာပါ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

9 comments

  • weiwei

    November 5, 2012 at 10:21 am

    အလက်ဂျစ်က ကုလို့မရတဲ့ ရောဂါမို့လို့ စိတ်ပျက်စရာကောင်းပါတယ် …
    ကိုယ်နဲ့ဘာနဲ့မတည့်သလဲဆိုတာ သေချာသိထားပေမယ့် ရှောင်လို့မရတာမျိုးတွေရှိတတ်တယ် …
    ကျွန်မဆိုရင် ဟင်းဆီသတ်တဲ့အနံ့ကို မခံနိုင်ဘူး … ဒီအတိုင်း ဆီပူလာတဲ့အနံ့ကိုတောင် ခံနိုင်ရည်မရှိဘူး .. ဒါပေမယ့် ဟင်းမချက်ရင် ငတ်ဖို့သာရှိတာမို့ အသက်သာဆုံးဖြစ်အောင်စီစဉ်ပြီး ချက်ရတာပါပဲ …
    မိုးအေးရင်လဲ အလက်ဂျစ်၊ အဲယားကွန်းခံတာများလာရင်လဲ အလက်ဂျစ်၊ နေပူမိရင်လဲ အလက်ဂျစ်၊ အကြောင်းမျိုးစုံနဲ့ အမြဲဖြစ်နေတတ်တဲ့ အလက်ဂျစ်ရောဂါဆိုးကို အလွန်စိတ်ညစ်မိပါတယ်။

  • ကိုခင်ခ

    November 5, 2012 at 10:50 am

    ဦးဆုံးကွန်မန့် ရေးသူ မဝေရေ ကျေးဇူးနော်။
    မြန်မာတိုင်းရင်းဆေးမှာတော့ သွေးသန်ဆေး ဒါမှမဟုတ် အပူငြိမ်းဆေး(ရှားစောင်းလက်ပတ်ပါတဲ့) ဆေးကို ပုံမှန် နှစ်လ သုံးလ လောက်စားပေးရင် အလက်ဂျစ်ဖြစ်တာလျော့ပါး ပျောက်တယ်လို့ သိရပါတယ်၊
    အင်္ဂလိပ်အနောက်တိုင်းဆေးတော့မသိဘူးဗျ၊

  • Khaing Zar Win

    November 5, 2012 at 10:57 am

    အနောက်တိုင်းဆေးကတော့ အိပ်ငိုက်လွန်းလို့ မစားတာတာကောင်းတာပေါ့ဗျာ။ (အလိုလိုနေရင်းကို ရုပ်ရှင်ကိုက်၊ စာအုပ်ကိုက်၊ အိပ်ပျက်ရတဲ့ အထဲ)
    ကျနော့သူငယ်ချင်းတစ်ယောက်က ပရိုတင်းအလာဂျီ ဆိုပဲဗျို။ ခုထိ သူက အသားမစားဘူး။ (ကိုယ့်မှာ အာ့မျိုး ဖြစ်ရင်ဒုက္ခ)
    နောက်တစ်ယောက်က အေးရင် ဖြစ်တာ။ ရဲလာတာမှ မြင်မကောင်းဘူး။
    ကျနော်ကတော့ သစ်ပင် ပင်စည်တို့ဘာတို့မှီလို့မရဘူးဗျ။ ယားလာရော။ (ရုပ်ရှင်တွေထဲကလို သစ်ပင်မှီပြီး အသည်းကွဲလို့ရဘူးဗျ)
    :mrgreen:

  • Wow

    November 5, 2012 at 11:49 am

    Food Allergy တော့မရှိဘူး… မီးမီးစားချင်တာ အကုန်စားလို့ရတယ်… :mrgreen:
    ဒါပေမဲ့ တအားအေးလာရင် အင်ပြင်လို နီရဲပြီး အကွက်တွေထပြီး တအားယားလာတာ… အခုအထိ ဘာမီတွန်သောက်ရုံကလွဲပြီး မကုတတ်သေးပါ… အေးတဲ့ဒေသတွေသွားတိုင်း ကိုယ့်ဒုက္ခနဲ့ကိုယ် …

    • မိဂီ

      November 5, 2012 at 11:50 am

      လူနီဂျီး လူနီဂျီးတော့ ……
      ဒက်ဂလောက်…ဒက်ဂလောက်…

  • shwe pont

    November 6, 2012 at 11:57 am

    ကျွန်မ အရင်တုန်းက ဓါတ်မတည့်တာကတော့ မစားဖူးတဲ့ တောကောင်အသားတွေစားရင် ဓာတ်မတည့် တာ ဖြစ်ပါတယ်။ ခုတော့ တသက်လုံးစားလာတဲ့ ပုဇွန်ကို တကောင်စ နှစ်ကောင်စ စားတာက စလို ့ ယားယံပြီး အဖုအပိန် ့ထွက်နေလို ့စိတ်ညစ်နေရပါတယ်။ နောက်နေ ့ကျတော့လည်း နဂိုအတိုင်းပြန်ကောင်း သွားပါတယ်။ ဒီတခေါက်ရခိုင်သွားတော့ ကျားပုဇွန်တွေကလည်း ပေါတော့ စားဖြစ်ခဲ့ပါတယ်။ စားတော့ လည်း ထုံးစံအတိုင်း ယားယံတာတွေဖြစ် အဖုအပိန် ့တွေထွက်နဲ ့ ခုမှ ဘာဓာတ်ပြောင်းလဲသွားလဲမသိပါ။ ရိုးရိုး ပုဇွန်စားတာထက် ကျားပုဇွန်စားရင် ပိုဖြစ်တယ်လို ့ခံစားရပါတယ်။ သိရင် ပြောပြပေးပါဦးရှင့်။

    • ကိုခင်ခ

      November 6, 2012 at 4:22 pm

      shwe pont ရေ ဖတ်ဖူးတဲ့ထဲကပြောရရင် အမျိုးသမီးတွေဟာ ၁၁-၁၄ နှစ်အတွင်း သွေးသားပြောင်းတတ်
      သလို၊ ၂၅/၂၆ နှစ်လောက်နဲ့ ၃၉-၄၁ တွင်းနှစ်တွေမှာလည်း သွေးသားပြောင်းပါတယ်၊ ကိုယ်ဝန်ရှိပြီးမွေးဖွား
      ရင်လည်းသွေးသားပြောင်းပြီး သွေးဆုံးချိန်မှာလည်းသွေးသားပြောင်းတယ်တဲ့၊ အဲလိုသွေးသားပြောင်းပြီးရင် အရင်တည့်တာတွေက မတည့်ဖြစ်တတ်သလို၊ အရင်မတည့်တာတွေက တည့်တာတွေဖြစ်ပြန်ရောတဲ့ ဒါကြောင့်အမြဲစားနေပေမယ် အဲဒီနှစ်တွေ သွေးသားပြောင်းရင်ဖြင့် ဖြစ်တတ်ပါတယ်လို့ဘဲ သိတာလေး ရေးမိပါတယ်။

  • pooch

    November 6, 2012 at 1:27 pm

    ဦးခရေ ဒီစာလေး ဆွဲထားလိုက်တယ်။ ရှာဖွေပြီး ရေးတင်ပေးတာ ကျေးဇူးပါ။

  • ကိုခင်ခ

    November 6, 2012 at 4:25 pm

    မမယ်ပုရေ ကျွန်တော်လည်း Allergy ကိုကြားဖူးပေမယ့် သေချာမဖတ်ဖူးသေးလို့ စိတ်ဝင်စားပြီး
    ရှာမိလို့ ပြန်မျှဝေတာပါ။ ဖတ်ရှု့အားပေးဖြစ်သွားလို့ ကျေးဇူးပါ။

Leave a Reply