Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ

ခင္ခNovember 5, 20121min64322

စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ

မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့် နိုင်ချေ တွေအကြောင်း ကိုမျှဝေရေးပါရစေ။
အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေ တာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုက ပြောပါတယ်။
အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။ ဥပမာ ဝက်အူ ချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေလည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေရှိတယ်။
နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင်ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါ မှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေး အတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။
ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်မလင်ထည့်လေ့ ရှိတယ်။ နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။
ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။ အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို့က ဖေါ်မလင်တွေ ထိုးကြတယ်။ ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။ အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။ ဒါတွေကို ဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ် ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက် ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေလည်း ပုပ်ကုန်ကြတာပါ။ အဲဒီလို မဖြစ်အောင် ရေခဲနဲနဲ ထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြား တွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေ ရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြတယ်လို့ သိရတယ်။ အဲဒီတော့ ဖေါ်မလင်ကို တကယ့် ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တဝိုက်ပေါ့လေ၊ မြန်မာပြည်နဲ့ တရုတ်ပြည်တဝိုက် မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။ ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။
ဖေါ်မလင်က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင်တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက ဝင်ရောက်သွား ပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။ မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-
ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ဝမ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီး တော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။ နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာ လည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီး ကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့စစ်ဆေးရေးနည်းလမ်း တွေ လည်း ဘယ်သူမှ မသိကြဘူးပေါ့။ ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နို်က်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံ ကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီနိုက် ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာ ဖြစ်နိုင်တဲ့ဟာ။ လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေ အပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့ လိုအပ်တဲ့ တခြား ဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာ
ဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော ့ သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေဩဇာလိုပေါ့။
ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့ တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆို်င်ယာနိုက် ဖြစ်လာတဲ့ အထိ ကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင် ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးတာ တွေ့ရတယ်။ နောက် ဝက်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။ အဲဒါတွေက ဝက်အူချောင်းမှာ သုံးကြတာ။ ဝက်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိထားစရာပါ ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ဝက်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။
အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော် လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက် ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံးဝ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အဝါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီး တို့ ကို ဆေးစိမ်လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲ။ ဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေဩဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။ အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ဝင်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။ အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရ ဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါပဲ။

 

ဒါကတော့ ဓာတုဗေဒ ပညာရှင် ဒေါက်တာ ခင်မောင်ညိုရဲ့ အစားအစာနဲ့ ပြုပြင်ထုတ်ပိုးမှု့ ဟောပြောပွဲတစ်ခုကို တက်ရောက်နားထောင်ခဲ့စဉ်က သိရမှု့ကို ပြန်ပြီးဗဟုသုတအဖြစ် ဝေမျှပေးတာပါ။ ဒီအပြင် ခင်ခ FB ထဲက ရယ်ဒီမိတ်ခေါက်ဆွဲထုပ် နဲ့ပက်သက်တဲ့ ဗဟုသုတလေးလည်း ဆက်ရေးပေးလိုက်ပါတယ်။

 

လူကြိုက်များတဲ့ အသင့်စားခေါက်ဆွဲထုတ် တွေက သိပ်ရောဂါရတယ် ဆိုတာ သူသူငါငါ အားလုံးကြားဖူး ကြပါတယ်လေ… ဒါပေမဲ့ အဲ့ဒီ ့ခေါက်ဆွဲပြုတ် တွေက သိပ်စားကောင်း နေတော့ ရောဂါရတယ်ဆိုတာကို မေ့ထားပစ်လိုက်တယ်။ သေနေ့စေ့ရင်သေမှာ ပဲဆိုပြီးတော့လေ။ တစ်ခါတုံးကတော့ သူငယ်ချင်း တစ်ယောက် ဆီကနေကြားရတာ ခေါက်ဆွဲ ချဉ်စပ် ကို မနက်တစ်ထုပ် ညတစ်ထုပ် 6 လတိတ်ိ သောက်ရင်သေတတ် တယ်ဆိုပဲ…ဒါပေမဲ့ အဲ့တာလည်း သိပ်ဂရုမစိုက်ပါဘူးးးး။ နောက်တော့ ကျန်းမာရေး ဆွေးနွေးပွဲတစ်ခုမှာ
ခေါက်ဆွဲကို ရေနွေးထဲ ခဏ စိမ်ထားပြိး အဲ့ကထွက်တဲ့ အဆီတွေကိုပြတယ် … အဲ့အဆီတွေက ရေနံရဲ့ ဘေးထွက် ပစ္စည်းတစ်ခု ဆိုပဲ..အဲ့တာက ကင်ဆာကိုဖြစ်စေတယ်တဲ့….လက်တွေကမြင်လိုက်ရတော့ စားချင် စိတ်ကိုပျောက်သွားတာပဲ… ဒါပေမဲ့ ဘယ်လိုစာရမလဲ ဆိုတာကိုလည်း အဲ့က သင်ပေးပါတယ်…အရမ်းကြိုက် တဲ့ သူတွေပေါ့နော် ခေါက်ဆွဲပြုတ် စားတော့မယ်ဆိုရင် ရေနွေးကို များများတည်ထားလိုက်ပါတဲ့ ပြီးရင် တကယ် တမ်းခေါက်ဆွဲ ထည့်ပြုတ်တော့မယ်ဆိုမှ ခုနတည်ထားတဲ့ ရေနွေးကို အနည်းဆုံးသုံးခွက် ခွဲထည့်ပြီး
ပထမ တစ်ခွက်ကရေနွေးမှာခေါက်ဆွဲကို ခနစိမ်ပြီး အဆီနည်းနည်းထွက်လာပြီဆိုရင်ဆယ်ပြီး နောက်ရေနွေး တစ်ခွက်ထဲပြောင်းလိုက်နော် အဲ့တစ်ခွက်မှာလည်းရှေ့နည်းတိုင်းပဲ ဆီထွက်လာရင်ဆယ်ပြီး နောက်ဆုံး ရေနွေး တစ်ခွက် ထဲရောက်မှ ဟင်းခတ်မှုန့်တွေ ဘာတွေ ထည့်ပြီးစိတ်ရှိလက်ရှိပြုတ်စားနိုင်ပါပြီတဲ့။ ကဲ ခေါက်ဆွဲပြုတ် ကြိုက်တဲ့ သယ်ရင်းတွေ အသက်ကိုဉာဏ်စောင့်တယ်တဲ့နော်….။

ခေတ်မှီလာတဲ့ပေါ်မူတည်ပြီး နည်းပညာတွေ ထုပ်ပိုးမှု့တွေပြောင်းလာကြသလို စီးပွားရေးသမားတွေရဲ့ ကြာရှည်ခံပြုပြင်စီမံမှု့တွေကလည်း တစ်ချို့တစ်ပါးသူ စားသုံးသူထိခိုက်မှာထက် မိမိအတွက်ကြည့်ပြီး ဆောင်ရွက်လာကြတယ်၊ ဒါပေမယ့် ခင်ခ က ဗဟုသုတလေးရအောင်သာ သိသလောက်မျှဝေတာပါ သိသမျှတာ လိုက်ရှောင်နေရရင်လည်း စားစရာမကျန်ဖြစ်မှာလေ ဒါကြောင့်နှိုင်းနှိုင်းဆဆလေး နေထိုင် စားသောက်လို့ရအောင်သာရေးပေးတဲ့ သဘောပါ၊ ခင်ခ လည်း စားချင်စိတ်ရှိရင် စားဖြစ်နေတာဘဲဗျာ။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

22 comments

  • ဘဲဥ

    November 5, 2012 at 2:28 pm

    နွားနို့သောက်ရမှာတောင် ကြောက်တွားဘီ ဖော်မလင်ဒဲ့
    အမငီးးးးးးး
    လူအရှင်လတ်လတ်ကို မပုတ်မသိုးဆေး ထိုးပေးသလိုဖြစ်နေဘီဂျ

    • ကိုခင်ခ

      November 5, 2012 at 2:49 pm

      ဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါ ကိုဘဲဥရေ ။ ဘာမှမကြောက်ပါနဲ့ နွားနို့မသောက်ဘဲ စည်ဘီယာပြောင်းသောက် ကြမယ်လေ၊ စည်ဘီယာကတော့ ရောင်းမလောက်မို့ ကြာရှည်ခံအောင် ထားစရာမလိုဘူးလားလို့။

      • ဘဲဥ

        November 5, 2012 at 3:02 pm

        အဟီးးးးးးးးးးးးးး
        အဲ့ဒီ အကြံအကောင်းဆုံးပဲနော် :harr:

  • jullies cezer

    November 5, 2012 at 2:41 pm

    ကျေးဇူးပါကိုခင်ခရေ ဒါတွေကကြားနေတာတော့ကြာပြီ အခုလိုအသေးစိပ်
    သေချာမသိခဲ့တာ ……..

  • သိနေပေမင့် မရှောင်နိုင်ကြတာများတယ်။
    ဒီလိုဓါတုပစ္စည်းဆိုတာအနည်းနဲ့အများတော့ လူကိုထိခိုက်စေတာချည်းပါဘဲ။
    စသုးံကာ စက တော့ သူ့အတိုင်းအဆနဲ့သူသုံးပါတယ်.။
    နောက်တော့ စိတ်ထင်သလိုသုံးတော့ လူကို အန္တရာယ်ဖြစ်လောက်တဲ့အထိဖြစ်ကုန်ပါတယ်။
    နောက်တတ်ယောင်ဝါးကောင်တွေက ဆေးဆိုးဘို့ထုတ်ထားတဲ့အရောင်ဆိုးဆေး ကိုစားတဲ့အထဲ ထည့်တဲ့အထိ လက်တဲ့စမ်းကြပါတယ်
    ကျနော်အပါအဝင် အတော်များများ စားပြီးပြီး ခြင်း ဘိုင်းကနဲ လဲမသေသမျှ စားကြတာပါဘဲ။

  • ပန်းစံပါယ်

    November 5, 2012 at 3:35 pm

    ” နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင်ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါ မှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေး အတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ် ”

    သူများတွေက အဲဒီဆေးကိုပိတ်ပင်ထားပေမယ့် မြန်မာပြည်ကိုတော့ Container နဲ့တော့ အလုံးအရင်းနဲ့ကိုဝင်တာပဲ။ DG ဆိုလို့ ကြည့်လိုက်တာနဲ့ ဖော်မလင်လို့တွေ့တော့တာပဲ။ တစ်ခြားဘယ်လိုနည်းနဲ့ဝင်နေသေးလဲတော့ မသိဘူး။
    နွားနို့ဆို ဆား၊ သကြား ဘာမှမထည့်ပဲ အလွတ်သောက်တာကို အလွန်ကြိုက်တာ။ အဝေးကြီးကမဟုတ်တဲ့နွားနို့လည်း နွားနို့မစစ်တဲ့အချက်တွေနဲ့ ဘာတွေထည့်မှန်းမသိ မသင်္ကာစရာအချက်တွေတွေ့လို့ နွားနို့သောက်ချင်ပါလျက်နဲ့ လုံးဝမသောက်ပဲနေလိုက်တော့တယ်။ တစ်ခြား အသားတွေ ငါးတွေတော့မစားပဲနေနိုင်ပေမယ့် အသီးအနှံ၊ အသီးအရွက်မှမစားရင်တော့ မဖြစ်သေးဘူး။ တော်သေးတာပေါ့ အသီးအရွက်တွေမှာ သုံးတာသိပ်မရှိလို့။ ဒီလိုသာဆိုရင် ရွာမှာတုန်းကလို ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်မှုမလုပ်နိုင်သမျှတော့ စိတ်ချရမယ့်အခြေအနေမရှိပါဘူး။ လောလောဆယ်တော့ အခြေအနေမပေးသေးတော့ ဒီလိုပဲ ဆင်ဆင်ခြင်ခြင်နဲ့ ဆက်စားရဦးတော့မှာပေါ့လေ။

    • Foreign Resident

      November 5, 2012 at 4:18 pm

      ” တော်သေးတာပေါ့ အသီးအရွက်တွေမှာ သုံးတာသိပ်မရှိလို့ ”

      အဘသိသလောက်တော့ မြန်မာပြည်က ၊
      အသီးအရွက် အားလုံးလောက် နီးနီးမှာ ၊
      အန္တရာယ်ရှိ ဓါတု ပစ္စည်းတွေ သုံးပြီး ထုတ်လုပ် ရောင်းချနေပါတယ် ။

      • ပန်းစံပါယ်

        November 5, 2012 at 4:32 pm

        ဟုတ်တယ်အဘရေ။ အဲဒါကြောင့် ကိုယ့်မြေလေးမှာ ကိုယ့်စိတ်ကြိုက် ကိုယ်တိုင်စိုက်ပျိုးစားသောက်မှပဲ စိတ်ချရမှာလို့ပြောတာပေါ့ အဘရေ။ ဒီအတိုင်းသာဆို မြန်မာပြည်(ယခုလက်ရှိလူတွေရော နောက်မျိုးဆက်တွေ)အတွက် တော်တော်ရင်လေးစရာပဲအဘရေ။

      • ရာဇဝင်လူဆိုး

        November 5, 2012 at 10:41 pm

        အမှန်အကန် အကြံအဖန် မပါပဲ ဓာတု ပိုးသတ်ဆေး၊ ရွက်ဖြန်းဆေး၊ အပင်အားတိုးဆေး၊ ဟော်မုန်းဆေး တွေသုံးပြီး ကျနော်တို့ စားနေတဲ့ အသီးအရွက်တွေမှာမှ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးမပါရင်…..သားတစ်ရာ မြေးတစ်ကျိပ်နဲ့ တစ်ရေးမှ မအိပ်ပဲ နေချင်ပါ၏။ ထို့ကြောင့် ထို့ကြောင့် …But သို့သော်၊ ဒါပေမယ့် …အသီးအရွက်ကို ကျန်းမာရေး အတွက် စားပါလို့ သိထား၊ လက်ခံထားပေမယ့် ခေတ်ရဲ့ အခြေအနေအရတော့ …….
        ဒါကြောင့် ဒါကြောင့် ပါလို့။

  • kai

    November 5, 2012 at 3:45 pm

    http://myanmargazette.net/137385
    အဲဒီအပေါ်က ဆရာမဝင့် ရဲ့.. ပို့စ်နဲ့..တွဲဖတ်သင့်တယ်..
    အသည်းတွေကွဲကုန်အောင်.. နှလုံးထိအောင်..။ :kwi:

    • ပန်းစံပါယ်

      November 5, 2012 at 4:38 pm

      တန်းဖိုးကြီးတဲ့ ပိုစ့်လေးကို ရေးသားတဲ့သူကိုရော မျှဝေပေးတဲ့သူကြီး ကိုရောကျေးဇူးတင်ပါတယ်။ အဲဒီပို့စ်ကို တင်စတုန်းက မဖတ်ဖြစ်ခဲ့လိုက်ဘူး။ အခုမှဖတ်လိုက်ရလို့ တစ်ချို့မသိသေးတာတွေကို သိခွင့်ရလိုက်တာပါ။

  • Foreign Resident

    November 5, 2012 at 4:02 pm

    ” ဒါပေမဲ့ အဲ့ဒီ ခေါက်ဆွဲပြုတ် တွေက သိပ်စားကောင်း နေတော့ ”

    အဘကတော့ အဲ့ဒီ ခေါက်ဆွဲပြုတ် တွေကို ၊
    သိပ်စားကောင်း ( အရသာရှိလို့ ) စားတာ မဟုတ်ပါဘူး ။
    ၁ ။ လုပ်ရ လွယ်ကူလို့ ။
    ၂ ။ အချိန်ကုန် သက်သာလို့ ။
    စားတာပါ ။

    ” စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ ”

    ခြုံငုံပြီး ပြောရရင်တော့ ၊
    ၁ ။ စားစရာထဲက အဆိပ်သင့်ဓါတုပစ္စည်းများ ။
    ၂ ။ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း ။

    အဲဒီ အဓိက အချက် နှစ်ချက်ကြောင့် ၊
    နိုင်ငံကြီးတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ၊
    မြန်မာပြည်ကို ပြန်လာနေချင်စိတ် မရှိစေတာပါ ။

  • uncle gyi

    November 5, 2012 at 4:31 pm

    ကိုခရေ
    အစာထဲကအဆိပ်လို့ပြောရမယ့်အကြောင်းတွေ
    အကုန်လုံးလိုလိုဖတ်ဖူးမှတ်သားဖူးပါတယ်
    နောက်ဆုံးခေါက်ဆွဲအကြောင်းတော့မသိတာအမှန်ပါဗျာ
    ခေါက်ဆွဲဆိုမြန်မာထုတ်ခေါက်ဆွဲ
    နိုင်ငံခြားဆိုဘယ်နိုင်ငံဒါမှမဟုတ်ဝင်လာသမျှအကုန်
    အဲလိုလေးခွဲခြားပြီးသိရရင်ပိုကောင်းမယ်ဗျာ

    • ကိုခင်ခ

      November 5, 2012 at 4:49 pm

      အန်ကယ်ကြီးရေ ခေါက်ဆွဲကို အခေါက်လေးတွေ(ခေါက်ဆွဲခြောက်ထုတ်တွေမှာပါလို)၊
      အဝိုင်းခွေထားတာတွေ၊ တောင့်တင်းအောင်ပြုထားတွေအားလုံးမှာ ခေါက်ဆွဲထုတ်လုပ်ထဲက
      ဖယောင်းကုတ်လုပ်ရတာပါ။ နိုင်ငံခြားမှာဘဲထုတ်လုပ်၊ မြန်မာဘဲထုတ် ထိုနည်းလည်းကောင်း ပါဗျာ။ ငယ်ငယ်တုန်းက စက်မှု့(၁)ကထုတ်တဲ့ ခေါက်ဆွဲခြောက်လုပ်စက်အဟောင်းတွေမှာတော့ မပြောတတ်ဘူးဗျ။
      နောက်ပိုင်း စက်သစ်တွေကတော့ ပါပါတယ်လေ။ ဒါပေမယ် ခေါက်ဆွဲကို ပြုတ်ပြီး အဲဒီပြုတ်ရည်ကို
      မသုံးဘဲခေါက်ဆွဲကို ဆယ်ပြီး၊ အခြားရေနွေးထပ်ထဲ့ ခေါက်ဆွဲခြောက်ထုပ်ထဲပါတဲ့ အထုပ်လေးတွေ
      အဲဒီရေနွေးအသစ်နဲ့မှ ဖျော်ပြီးသုံးဆောင်ရင်ရပါတယ်၊ ဘေးမဖြစ်ပါခင်ဗျ။ တစ်ချို့ကလေးတွေ ခေါက်ဆွဲခြောက်ကြည့်ဘဲ နှိုက်စားဖြစ်တာတော့ မကောင်းဘူးပေါ့။

  • ပန်းစံပါယ်

    November 5, 2012 at 5:01 pm

    ဝက်အူချောင်းတို့ မုန့်ဟင်းခါးတို့အကြောင်းလည်း ပါတော့ ဝက်အူချောင်းလုပ်နည်း နဲ့ မုန့်ဟင်းခါးဖတ်လုပ်နည်းလေးရေးတင်ချင်စိတ်ပေါက်မိတယ်။

    • ကိုခင်ခ

      November 5, 2012 at 5:45 pm

      ရေးပါဗျာ ဖတ်ချင်ပါတယ်ဗျ

  • အားရှိအောင် နွားနို့သောက်မလားမှတ်တယ်.. ကိုယ့်ကိုကိုယ်မျှင်းသတ်သလိုပဲ…
    ငါးကြိုက်လို့ ငါးစားပါတယ်ဆိုမှ…ပါပြန်ပြီ..ဖော်မလင်တဲ့…
    ရိုးရာမုန့်ဟင်းခါးလေးစားမယ်ဆိုတော့လည်း….လက်ချားဆိုပဲ…
    အသီးအရွက်လေးစားမလားစဉ်းစားတော့..ဟိုဆေးထိုး ဒီဆေးထိုး…
    ခေါက်ဆွဲခြောက်ကတော့ စားခဲတော့ ထားပါတော့…
    ဟူး…ဘာမှကို စားစရာမရှိတော့ဘူး…
    အဲ့ဒါကြောင့် ရှေးလူကြီးတွေပြောခဲ့တာဖြစ်မယ်…အိမ်နောက်ဖေးဈေးဆိုင်တည် တဲ့… တည်စရာနောက်ဖေးဆိုရင်တော့… :mrgreen:

    တော်ပြီ…နယ်ပဲ ပြန်နေတော့မယ်… 🙂

  • မောင်ပေ

    November 5, 2012 at 9:50 pm

    ရေးသူ လေးခင်ခ ကို လဲ
    ကျေးဇူးတင်ရှိပါကြောင်း
    ပုံ
    မောင်ပေ

  • Hnin Hnin

    November 5, 2012 at 10:37 pm

    – ပဲပြားတော့ သက်သတ်လွတ်နေ့တွေဆို တစ်လ ၁ခါ၊၂ခါလောက်တော့
    ခရမ်းချဉ်သီးနဲ့ချက်စားတာ..ဟင်းတစ်မျိုး လျော့ပြီ… 🙁
    – နို့လည်း ဟိုနေ့ကပဲ မသောက်၊ကြာလို့ဆို သောက်မိသေးတယ်…
    – ခေါက်ဆွဲပြုတ်ကတော့ စားခဲလို့တော်သေးတယ်..တစ်ရည်ပဲသိတာ..
    ခုလို နှစ်ရည်ပြုတ်ထုတ်ရတာ ခုမှသိတာ…
    – စားဖြစ်တဲ့ အသီးအရွက်တွေထဲ ဘာတွေများ ထပ်ရှောင်ရအုံးမလဲမသိဘူး…
    နောက်ဆုံးရသတင်းကတော့ အရွက်ဖားဖား ကန်စွန်းရွက်တွေရှောင်… 🙁

  • candle .

    November 5, 2012 at 11:21 pm

    ခေါက်ဆွဲပြုတ်ဆို တစ်ရေးနိုးထကျွေးရင်တောင် မငြင်းတဲ့ အိမ်က သားတော်မောင်တွေအတွက်လှမ်းပြီးစိတ်ပူ
    မိပြီ..ပိုစ့်ထဲမှာပါတဲ့ အစားတော်တော်များများကို မိသားစုတွေအတူစားခဲ့ကြတာလေ ကိုယ့်အတွက်မပူ
    ပေမဲ့ ကိုယ်တွေနဲ ့အတူလိုက်စားခဲ့ကြတဲ့ ကလေးတွေအတွက် ကျွေးမိလေခြင်းဆိုပြီး စိတ်ပူမိတယ်….
    ဒီပိုစ့်လေးကြောင့် အချိန်မီ ဆင်ခြင်လို ့ရသွားတဲ့အတွက် ကျေးဇူးတင်ရပြန်ပေါ့ ကိုခင်ခရေ….

  • Thu Wai

    November 6, 2012 at 9:18 am

    ကြောက်တတ်ရင်နှစ်ခါသေတယ်တဲ့
    မကြောက်တတ်ပဲ စားရင်လဲ စောစောစီးစီး တစ်ခါတည်းသေမယ့်ပုံပေါက်နေပြီ
    စားလို့ရတာလေးတွေလဲ တင်ပေးပါအုံးကိုခင်ခရေ

  • may maylay

    November 6, 2012 at 10:14 am

    မသိသေးတာတွေ သိအောင်လုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။

Leave a Reply