ရွှေတောင် တောက်ပနေပြီဖြစ်တဲ့ တောင်ပေါ်က စေတီလေး ..
(အရင်တုန်းက ဥစ္စာစောင့်တွေ ရှိတဲ့တောင် ဆိုတဲ့ ပို့စ်ကို ဖတ်ဖူးသူများ အနေဖြင့် ဒီစေတီလေးကို ထုံးဖြူဖြူစေတီလေး အဖြစ် ဖူးတွေ့ခဲ့ပြီး ဖြစ်မှာပါ။)
တောင်ပေါ်တက်တဲ့ လမ်းကလေး
အဝေးက မြင်ရတဲ့ တောင်တက်လမ်းလေး
တောင်ပေါ်ဇရပ်နဲ့ ဥပုသ်သည် အချို့
တောင်ပေါ် ကျောက်တုံးပေါ်က ခြေရာတွေ (သူများတွေ ပြောဒါ .. အနော် ပေါဒါ ဟုတ်ဘူး ..
)
လေးချရာနဲ့ အခြားခြေရာအချို့ … ဒဲ့ ..
တောင်ပေါ်က မြင်ရတဲ့ မြင်ကွင်းအချို့
နှမ်းပင်
ပဲစင်းငုံ ပင်
ကျွန်းဖိုကုန်း စေတီ (အရင်တုန်းက ကျွန်တွေကို ဖို့ခဲ့တဲ့ နေရာမို့ ကျွန်ဖို့ကုန်းလို့ တွင်ခဲ့တယ်လို့ ပြောပါတယ်)
ဘုရား နံဘေးက လှည်းလမ်း
ဘုရားနားက ဇရပ်ဟောင်း (တရဲ ချောက်ဒယ်)
ဒါကတော့ ဘုရားနားက ဥပုသ်သည် ဇရပ်လေးပေါ့ဗျာ (ဖိုးသူတော် ရှိတယ်၊ အိုက်ထဲ တစ်ယောက်ထဲ အိပ်ရင် ဖိုးသူတာ်က လာပြီး ကလိထိုးတတ်တယ် .. ဒဲ့) ..
ထန်းပင် ထန်းတော လွမ်းမောစရာပဲ ရန်ကုန်သူရယ် .. ရန်ကုန်သူရယ် ..
ဒါကတော့ဖြင့် ရွာရဲ့ ရေလှောင်သမံ
အစာစားနေတဲ့ ဆိတ်တွေ
ဆည်ထဲက ကျွန်း …
ပါးစောင် တစ်ကင်း
ထန်းပင်နဲ့ တိမ်
ကျုပ်တို့ပါးစပ် အခေါ် (ဇံဇျွေးသီး) .. ဘယ်လိုခေါ်ဒုံးတော့ သေချာ သိဝူး
နေဝင်ချိန်
တောပန်းလေးတွေပေါ့ ခညာ ..
နေရောင်နဲ့ တောပန်း
ဆီးဖြူသီး
တောဘက်တွေမှာ ဆိုလာပြားတွေ အသုံးများနေတာ တွေ့ရပါတယ်
ဟိုအထက်က ဟာဒွေဂဒေါ့ဖြင့် ..
ဟိုရောက်ခိုက်မှာ ..
ဟိုရိုက်၊ ဒီရိုက် ရိုက်လာတဲ့ ပုံဒွေ ဖစ်ဘာဂျောင်း ….. 
Post Views: 448
31 comments
မဟာရာဇာ အံစာတုံး
November 5, 2012 at 5:23 pm
တီးခံဂျဘာဒေါ့ ဒဂါဒို့ ..
ပြန်ရောက်မှဘဲ …
အထက်က ပုံဒွေပေါ်အောင် လုပ်ပေးဘာ့မယ် ခည ..
ခုတော့ ..
လစ်လိုက်ဘာဦးမယ် ..
အဟီး .. အဟဲ ..
ဘဲဥ
November 5, 2012 at 5:29 pm
ဟိုရောက်တုံးက ဟိုနေရာမှာလေ
ဟိုဒင်းကို ဟိုဟာနဲ့ချိန်ထားပီးဒေါ့
ဟိုလိုလေး နှိပ်ချလိုက်ထှာ
ဟိုပုံလေးတွေ ထွက်လာတယ်တော့ 😀
မဟာရာဇာ အံစာတုံး
November 5, 2012 at 7:40 pm
ဘဲဥမ ..
ဘာပုံတွေ ထွက်လာတာတုံး .. 🙄
တရဲပုံ ပါအောင် ရိုက်ဖို့ နေနေသာသာ
အိုက်ဇရပ်ထဲတောင် နေ့ခင်းကြောင်တောင်
တစ်ယောက်တည်း သွားနေရဲဘူး …
အိုက်ဂလောက် သက်သိ ချိဒါ ..
ဘဲဥ
November 5, 2012 at 5:34 pm
တရဲခြောက်တဲ့ ဇရပ်ရောက်ပီးဒေါ့
တရဲပုံလေး ပါအောင်ရိုက်လာတာဟုတ်ဘူးအေ
တရဲပုံပါရင် ဒေါ်လှတွေ အားဂျီးရမှာဒဲ့ (တဂျီးပြောဒါ)
လုံမလေးမွန်မွန်
November 5, 2012 at 5:53 pm
င့ါနှယ်…မျက်မှန်တပ်ထားပေမယ့်လည်း မျက်လုံးတစ်ဖက်က နာနေတော့ စာတွေဖတ်ရင် အယောင်ယောင်အမှားမှား…
ထန်းပင်နဲ့တိမ် ကို ထန်းပင်နဲ့အိမ် လို့ ဖတ်မိလို့ အိမ်ကိုလိုက်ရှာသေးတယ်..မတွေ့တော့ ခပ်တည်တည်နဲ့ ကျော်သွားတယ်…နောက်တစ်ခေါက်ထပ်ကြည့်တော့မှ ထန်းပင်နဲ့တိမ် တဲ့…
နှမ်းပင်၊ ထန်းပင်၊ ဇီးဖြူပင်၊ ပဲစင်းငုံပင်၊ ဆည်…ဆိုတော့ကာ… အညာသားထင်ပါရဲ့… 🙂
ဟိုရိုက်ဒီရိုက် လက်ရာစုံလေးကို သဘောကျစွာ အားပေးသွားပါကြောင်း…
ခင်တဲ့
လုံမ
မဟာရာဇာ အံစာတုံး
November 5, 2012 at 7:43 pm
ဟုတ်တဲ့ ..
အနော်က ရွှေညာသားရယ်ပါ .. အဟိ ..
အညာသား ရိုးဒယ် (ဟုတ်၊ မဟုတ် လက်တွေ့ စမ်းကျည့်ပေါ့)
ချစ်ရင်လည်း ဒဂယ်ဘဲ ချစ်တယ် ..
မုန်းရင်လည်း ဒဂယ်ဘဲ မုန်းတယ် …
ချစ်သလို မုန်းသလို ဟန်ဆောင်ဂါလည်း မပြောတတ်တယ် ..
အိုက်ဒါ အညာ စိတ်ထားဘာဂွယ် ..
အားပေးတွားဒါ ကျေးဇူး ..
Khaing Zar Win
November 5, 2012 at 7:52 pm
🙂
မောင်ပေ
November 5, 2012 at 8:00 pm
နေညိုချိန် တိမ်တောက်တဲ့အခါ
ရွာဦးထိပ်က ရေကန်မှာ ရေလာခပ်ကြတဲ့
ပျိုချောတစ်သိုက်ပုံကြတော့ မတင်ပေးဘူး
တင်းတယ်…တင်းတယ်
ရာဇဝင်လူဆိုး
November 5, 2012 at 8:01 pm
ဟိုရောက်တုန်း၊ ဟိုရိုတ်၊ ဒီရိုတ် တော့ ဟိုပုံ ဒီပုံတွေ ထွက်လာတာကို ဟိုလိုကြည့် ဒီလိုကြည့်ပြိး ၊ ဟိုလိုတွေး ဒီလိုတွေးကာ၊ ဟိုလိုခံစား ဒီလိုခံစားရင်း၊ ဟိုလိုမန့် ဒီလိုမန့် ဆိုသလို၊ ဟိုပြော ဒီပြော မပြောတတ်တော့ ဟိုလိုလို ဒီလိုလို နဲ့ ဟိုလိုပြော ဒီလိုပြော တတ်တဲ့ ဟိုသူကြီးဆီကနေ ဟိုဟာခေါ်တဲ့ ဟိုပွိုင့်ကိုယူရင်း ဟိုနားအံ ဒီနားအံတတ်တဲ့ ကိုအံရဲ့ ဟိုရိုတ်ချက် ဒီရိုတ်ချက်တွေကို ဟိုလိုအားမပေးတတ်တော့ ဒီလို အားပေးသွားပါတယ်ဂျောင်းးးးးးးးးးးးး။
မဟာရာဇာ အံစာတုံး
November 5, 2012 at 8:09 pm
☼ Khaing Zar Win
ဘာရို့ ပြုံးဒါဒုံးဟင်င်င် ..
အနော့်ဂို ဂျစ်လို့လားလို့ .. 🙄
++++++++++++
☼ ရောင်းရင်းဂျီး
ရေခပ် ဆင်းတဲ့ပုံက
ချောင်းရိုက်ရတာ ဆိုဒေါ့ဂါ ..
သိပ်ကောင်းဘူးရယ် ..
ဒါဂျောင့် မတင်တော့ဒါ ..
+++++++++++++
☼ ရာဇဝင် လူဇိုး
ဝုတ်တဲ့ ..
ဟိုလို ဒီလို အားပေးတွားဒဲ့
တိုတို ရာဇဝင်တွင်မယ့် လူဇိုးဂျီးဂို
တေးဇူး တင်ပါလယ် ခည …
+++++++++++++
ချစ်တဲ့ …..
အံချာဒုံး
Khaing Zar Win
November 5, 2012 at 8:22 pm
ဟုုတ်ပါဘူးအေ။ အားပေးသွားကြောင်း ဖုုန်းနဲ့ မမန့် နိုုင်လိုု့ ပြုံးပြမိတာပါဟဲ့။ ခုုတော့ မထူးပါဘူး။ ရေးရပြီ။ မောပါ့။ 🙂
မဟာရာဇာ အံစာတုံး
November 5, 2012 at 8:51 pm
မမဝင်းရယ် ..
မောနေရင် ရေအေးအေးလေး တိုက်ပါ့မယ် ..
နဖူးက ချွေးကလေး စို့လာရင်လည်း ဖွဖွလေး သုတ်ပေးပါ့မယ် ..
ဒါမှ မဟုတ် အမောပြေ ရင်အေးစေတဲ့ အစာလေးတွေ စားချင်တယ် ဆိုရင်လည်း
အပြေးကလေး သွားပြီး ဝယ်ပေးပါ့မယ် …
အားပေးတာ ကျေးဇူးပါ ခင်ဗျ ..
candle .
November 5, 2012 at 9:11 pm
တောပန်းလေးတွေတဲ့ အတော်လှသားနော်
နေရောင်နဲ ့တောပန်း ပနံတင့်သပ….
အဲ အားပေးရင်းနဲ ့အညာလေတွေ ပါကုန်ပြီလား မသိ 🙂
မဟာရာဇာ အံစာတုံး
November 5, 2012 at 9:24 pm
အညာလေတွေ ပါကုန်ပြီလား ဆိုတော့ ..
အဟဲ .. အညာသူကြီးလား ဗျ …
ခုလို အားပေးသွားတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ ..
Hnin Hnin
November 5, 2012 at 9:39 pm
တောပန်းလေးတွေက လေးပေါက်ပို့စ်ထဲက တောပန်းအဖြူလေးတွေလိုပဲ..
အဆုပ်သေး၊ကြီး ကွာတာပဲရှိတယ်…လှတယ်…ကျန်တဲ့ပုံတွေလည်း လှတယ်..
ဇံဇျွေးသီး ဆိုတဲ့ အသီးရဲရဲလေးတွေက အလှသက်သက်လား၊စားလို့ရလား…
မဟာရာဇာ အံစာတုံး
November 5, 2012 at 9:48 pm
ဇံဇျွေးသီး က စားရဒါ ဟုတ်ဘူးဂျ ..
ကျုပ်တို့ ငယ်ငယ်တုန်းကတော့
ရွံ့ရုပ် (မြင်းရုပ်၊ နွားရုပ်) လေးတွေ လုပ်ရင်
မျက်လုံးအဖြစ် အဲ့ဒီ အသီးကို ထည့်ပြီး ကစားခဲ့ဖူးတယ် …
ဘာအတွက် အသုံးဝင်တုံးတော့ဖြင့် သိဘူးရယ် .. အဟီးးး
Foreign Resident
November 6, 2012 at 1:44 am
” တောဘက်တွေမှာ ဆိုလာပြားတွေ အသုံးများနေတာ တွေ့ရပါတယ် ”
ဆိုလာပြားကနေ ဘက်ထရီအိုးကို တိုက်ရိုက် အားသွင်းလို့ ရလားဗျ ။
တစ်စုံ ဘယ်ဈေးလောက် ရှိတုန်း ။
pooch
November 6, 2012 at 2:39 pm
အဘဖောရ ဆိုလာပြားသုံး လျှပ်စစ်မီးက ခုဆို အတော်လေး တွင်တွင်ကျယ်ကျယ် သုံးနေကြပြီရွာဘက်တွေမှာ ။ တရုတ်က ဝင်တာတွေပါ။
အသေးသုံးကနေ အကြီးသုံးထိ အစားစားရှိပါတယ်။ သောင်းကနေ သိန်းကဏန်းထိ ဈေးရှိပါတယ်။ သုံးလို့ အဆင်ပြေတယ် ပြောကြတယ်။ ညဆို တီဗွီကြည့်လို့ ရတယ်။
အရီးခင်လတ်
November 6, 2012 at 4:25 am
အားလုံးလှပတော်။
ထန်းပင် နဲ့ တိမ်ကို တော့ အကြိုက်ဆုံးဘဲ။
တောစာ လေးဘာလေးများ တော့ သတိတရ မရိုက်ခဲ့ဘူးလား။
ခရီး က မိန်းမတောင်း သွားတာတော့ဟုတ်ဘူး မဟုတ်လား။ 😆
မဟာရာဇာ အံစာတုံး
November 6, 2012 at 7:56 am
☼ အဘဖော
အဘရေ …
ရွာမှာတော့ ဆိုလာပြားကို ဘတ္ထရီအိုးနဲ့ တိုက်ရိုက်ချိတ်ပြီး အားသွင်းတာပဲ ခင်ဗျ ..
ပြီးမှ ဘတ္ထရီအားနဲ့ မီးဖွင့်တာပေါ့ ခင်ဗျာ ..
ဆိုလာပြားက ပုံထဲကလောက်ဆိုရင် ရ သောင်း ၈ သောင်း ဝန်းကျင် ရှိတယ် ခင်ဗျ ….
+++++++++++++
☼ အရီး
အရီ .. အားပေးသွားတာ ကျေးဇူးပါဗျ …
အနော့် ခရီးက မိန်းမတောင်း သွားတာလား .. ဆိုဒေါ့ ..
အဟဲ …
ဟုတ်တော့ ဟုတ်ပါဒယ် ..
ဒါပေမယ့် ဟုတ်လည်း ဟုတ်ဘူးရယ် ….
အနော် အရင်တစ်ခါက တင်ခဲ့တဲ့ ကဗျာထဲက ကောင်ရဲ့
မင်ဂါဆောင်အတွက် ပြန်ဖြစ်ခဲ့ဒါ ဖစ်ပါဂျောင်းလို့ဘဲ ကြောဘာရစေဒေါ့ ခညာ ….
++++++++++++
ချစ်တဲ့ …….
အံချာဒုံး
MaMa
November 6, 2012 at 8:49 am
ကဗျာဆြာ ရွာ့အီလက်ထရောနစ် မော်နီတာကြီး ဒါ့ပုံလည်း ရသကိုးးးးးးးးးးး
အပေါ်က စေတီနဲ့ လမ်းကလေးဆိုတဲ့ ဒါ့ပုံတွေကြည့်ရတာ…………..
ကြည့်ရင်း ကြည့်ရင်းးးးးးးးးးးး
ဥစ္စာစောင့်မချောချောလှလှလေးတွေများ ထွက်လာမလားလို့တောင် ထင်မိတယ်။ :hee:
Ma Ei
November 6, 2012 at 9:09 am
တောပန်းလေးတွေပေါ့ ခညာ ..လို့ပြောတဲ့
နေရောင်နဲ့ တောပန်း လေးတွေက
စိန်နားကပ်ပန်းလေးတွေပါ…
သူက နှစ်ပွင့် တစ်စုံစီ ပွင့်တာလေ…
ချစ်သူက စိန်နားကပ်ပူဆာရင် ခူးပေးလိုက်နော်…
:harr:
မိုချို
November 6, 2012 at 9:11 am
ဖုန်းတွေ မှာလည်း ဆိုလာစနစ် ပါတွဲ ပြီး တခါတည်း အား သွင်း လို့ ရတဲ့ ဖုန်း မျိုး ပေါ် လာရင် ကောင်း မယ်။
ဇီး ဖြူ ပင် ဆို တာ ဂလို ကိုး ၊ အပင် အကြီး ကြီး မှတ် နေတာ။
အဲးဒီတော ပန်း လေး တွေ တော့ အညာ သွား တုန်း က လမ်း တလျောက် မှာ တွေ့ ခဲ့ ပါရဲ့။
…..တောင်ပေါ်ဇရပ်နဲ့ ဥပုသ်သည် အချို့ ……ကို စာ မဖတ် မိခင် ပုံ ကြည်ပီး လိုက်တုန်းက ပစ်ကနစ် ထွက်ပြီး ဝိုင်း ဖွဲ့ နေတာလို့ ထင်လိုက် မိတာ။
Wow
November 6, 2012 at 10:51 am
ခြောက်မျက်နှာရဲ့အညာက ဘယ်အညာလဲတော့ မသိဘူး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလောက်တုံးက ကူမဲ ကိုရောက်ခဲ့တယ်…
အညာကပူပေမဲ့ အပင်ကြီးတွေက စိမ်းညို့အုပ်နေတာ တကယ်လွမ်းစရာကောင်းတာ ..
kyeemite
November 6, 2012 at 10:54 am
အံဇာရေ…အညာကိုလွမ်းသွားတယ်ကွာ…
ရေနံချောင်းမြို့နယ်ထဲက “နဂါး”ဆိုတဲ့ရွာ
မင်္ဂလာဆောင်သွားလည်ဖူးတယ်…
ပျော်စရာကြီးကွာ…ဓါတ်ပုံလေးတွေကြည့်ပြီး
သွားချင်လာသဟေ့…ဒီနှစ်ကုန်ပိုင်း တစ်ခေါက်သွားလည်မယ်
စိတ်ကူးထားတယ်….
November 6, 2012 at 11:03 am
မြက်စားနေတဲ့ဆိတ်တွေ တစ်ကောင်ပြီးတစ်ကောင် ဘီအီးနဲ ့ မြည်းချင်လိုက်တာ..
ဂွီ..ဂွီ
ပန်းစံပါယ်
November 6, 2012 at 4:30 pm
အညာကိုလွမ်းလို့ အလည်သွားချင်နေတဲ့စိတ်ကိုလာဆွပေးသလိုပဲ။ နှမ်းခင်းကမြေကိုကြည့်ရတာ သဲဆန်တဲ့မြေအမျိုးအစားလို့ထင်တယ်။ ကျမတို့ဒေသမှာလည်း အဲဒီလိုမြေအမျိုးအစားတွေရှိတော့ရှိတယ် ဒါပေမယ့် ကျမတို့ဒေသတော့မဟုတ်ဘူးထင်တယ်။ ဘယ်နေရာများဖြစ်နိုင်မလဲ….။ ကျမတို့ငယ်ငယ်က နှမ်းခင်းတွေကတော့ ဒီနှမ်းခင်းလိုခပ်ကျဲကျဲတော့မဟုတ်ဘူး နှမ်းပင်တွေထူပိန်းနေတာပဲ။
မဟာရာဇာ အံစာတုံး
November 6, 2012 at 8:28 pm
ဟုတ်ကဲ့ ခည ..
ထပ်မံ လာရောက် အားပေးတွားဂျ ဘာဂုန်ဒေါ ..
အန်တီမမ၊ အမအိ၊ မမိုးချို၊ အမဝိုး၊ ဦးကြီးမိုက်၊ ငပေါက်ဖော်၊ ပန်းစံပါယ် တို့အား
အထူးပင် ကျေးဇူး တင်ရှိတော် မူဘာဂျောင်း …
အဲ့တောင်ပေါ်က တစ်ယောက်တည်း သွားရင်
ခြောက်ခြားစရာကြီး ..
သို့ပေမယ့် ခုတော့ နေ့ခင်းပိုင်းတွေမှာ တရားလာထိုင်တဲ့ လူတစ်ယောက်လည်း ရှိနေသလို …
လမ်းနဲ့ ဘာနဲ့ ဆိုတော့ ကြုံကြိုက်တဲ့ လူတွေလည်း ဘုရားပေါ် တက်ဖူးကြတာပါပဲ …
တောပန်းလေးက စိန်နားကပ် ပန်းလေး ဆိုတော့ ..
အမအိ ပြောသလိုပဲ ..
တောင်မလေးဂို စိန်နားကပ်တွေ အားဂျီး ပန်ပေးမယ်ဆိုပြီး …. အဟဲ ..
အနော်တို့ အညာက
ရေနံချောင်းဘက်က တောရွာလေးတစ်ရွာပါ ခညာဒို့ ..
ဦးကြီးမိုက်ရေ ..
အညာ မောင်ဂလာဆင်မှာ ထမင်းစားရတဲ့ စတိုင်တွေကတော့
မိုက်ဒဗျ …
ဆောင့်ကြောင့်ထိုင်ကာ လွေးလိုက်တဲ့လေးပေါ့ဗျာ …
ပေါက်ဖော် .. ဆိတ်တွေက လဂါးတော့ ရဘူးနော့ …
နင် မြည်းချင်ရင် တစ်ကောင်ကို ငါးသောင်း ..
ဒါဗျဲ ..
မပန်းစံပါယ်ရေ …
နှမ်းပင်တွေက အခု မိုးက မရွာတော့
အပင်တွေ သိပ်မဖြစ်ဘူးဗျ ..
ဒါကြောင့် ကျဲနေတာပါ ..
မိုးလေ ကောင်းရင် နှမ်းပင်တွေလည်း ကောင်းမှ ကောင်းဗျာ ..
++++++++++
အားပေးသွားကြသူအပေါင်းအား ကျေးဇူးပါ ခင်ဗျာ ….
ချစ်တဲ့ ……
အံစာတုံး
Shwe Ei
November 7, 2012 at 9:58 am
အထုမှဘဲ အလွမ်းပြေတော့တယ် ခိခိ။
မဟာရာဇာ အံစာတုံး
November 7, 2012 at 1:01 pm
ဘာဂို အလွမ်းပြေဒါဒုံး မမရဲ့ …
သိပ် မချင်းဘူး ဖစ်နေလို့ ..
Khaing Khaing
November 7, 2012 at 2:26 pm
ဟိုက်ရိုက် ဒီရိုက်ဆိုလို့ ဝင်မကြည့်ရဲဘူး …… တော်ကြာ နာ့လာရိုက်နေမှဖြင့် …..
ဘယ်တုန်းက သွားထားတာလဲ မောင်မောင်အံ …. သတင်းလေးဘာလေးတောင်မပေးသွားဘူး …. ထန်းလျှက်ခဲ တောင်းမှာစိုးလို့လား ………
ဒေါသထွက်နေသော
မာမီ …