Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိတ်ဆက်

ကျော်ဘသစ်November 5, 20121min103528

မင်္ဂလာပါခင်ဗျာ….
(မြို့ပတ်ရထားပေါ်မှာ  လျှက်ဆားရောင်းတော့မယ့် လေသံမျိုးဖြစ်နေရင် ခွင့်လွှတ်ကြပါ။
ကျွန်တော်က လျှက်စားရောင်းမလို့ မဟုတ်ပါဘူး။ မိတ်ဆက်မလို့ပါ။)

ကျွန်တော် မန္တလေးဂေဇက်ရဲ့ ပရိသတ်ဖြစ်နေခဲ့တာ ကြာပါပြီ။
ကိုယ်တိုင် ဝင်မရေးဖြစ်၊ ကွန်မန့်မပေးဖြစ်ပေမယ့် နေ့တိုင်းနီးပါး ထိုင်ဖတ်လာခဲ့တာ တစ်နှစ်ကျော် ရှိပါပြီ။
ဒီအထဲက လူတော်တော်များများရဲ့ စာတွေနဲ့ ရင်းနှီးနေခဲ့၊
သူတို့အမြင်၊ သူတို့အတွေး၊ သူတို့ရပ်တည်ချက်တွေကို
တိတ်တိတ်လေး ဝေဖန်ဆန်းစစ်၊ သင်ကြား၊ အတုယူ လုပ်နေခဲ့တာလည်း ကြာခဲ့ပြီ။

အထူးသဖြင့်တော့ ဒီက သူကြီးလို့ အများခေါ်ကြတဲ့ ဦးခိုင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုလည်း
စိတ်ထဲက လေးလေးစားစား ဖြစ်နေခဲ့မိတာလည်း ဒီဖိုရမ်ကို ပထမဆုံး လာဖတ်ဖြစ်တည်းက ဆိုပါတော့။
(ဒီဖိုရမ်မလာခင်က မိတ္တဗလဋီကာ စာအုပ်ကို ကြေညက်အောင် ဖတ်လာခဲ့ပါတယ်၊ အီကား စကားချပ်)။

ပြောလိုတာက အခု ဒီဖိုရမ်မှာ ကျွန်တော် သိသလောက်၊ တတ်သလောက်၊ မှတ်သလောက်၊
ဖတ်ဖူးသလောက်နဲ့ စာတိုပေစလေးများ ဝင်ရေးတော့မလို့ပါ။
ဒီဖိုရမ်ကတစ်ဆင့် ကျွန်တော့်ကလောင်လေးများ တောက်တောက်ပြောင်ပြောင် ဖြစ်လာလေမလား ကြိုးစားကြည်မလို့ပါ။

မန္တလေးဂေဇက်ဟာ အတွေးအခေါ် ပွင့်လင်းပြီး၊ အကောင်းအဆိုး အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားတတ်တဲ့
အကဲခတ်ပရိသတ်တွေရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။
ဒါကြောင့်ပဲ ကျွန်တော် ဒီဖိုရမ်မှာ လာ စာရေးဖို့ ရွေးချယ်ခဲ့ပါတယ်။

ဒီရွာမှာ မမ်ဘာဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။
ကျွန်တော့်ကိုလည်း ရွာသားတစ်ယောက်အဖြစ် အသိအမှတ် ပြုကြပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျော်ထင်နော်

28 comments

  • တိုကျော်ထင်နော် ဂို ..
    ကြိုဆိုပါလယ် ခည ..
    ကျုပ်တို့ မန်းဂဇက် ရွာကြီးကို ခညားက အကဲခတ်နေဒါ တစ်နှစ်လောက်တောင် ကြာပီဆိုဒေါ့ ..
    ဘာမှ ပြောစရာ ရှိဒေါ့ဘာဘူး ခည ..
    ကျုပ်ဂဒေါ့ ဒီရွာကြီးထဲကို ရံဖန်ရံခါ တစ်ခါတစ်ရံ တစ်ရံတစ်ခါ လာရောက် လည်ပတ်ပီး ပေါက်တတ်ကရ လေပေါဒတ်ဒဲ့ လူတစ်ယောက် ဖစ်ဂျောင်းလည်း ပြန်လည် မိတ်ဆက် ဘာရစေ ခညာ … :mrgreen:

    • ကျော်ထင်နော်

      November 5, 2012 at 9:09 pm

      ဟုတ်ကဲ့..ကျွန်တော့်ကို အခုလို ကြိုဆိုဖော်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မစ္စတာအံ။
      ဒါနဲ့ မစ္စတာအံ, sorry, if it’s not really formal, Mr. Vomit,
      ဒီမှာ ပို့စ်တင်ပြီးရင် edit လုပ်လို့ ရသေးလားခင်ဗျ?
      ပြီးရင် စာတစ်ပုဒ်ကို စာလုံး ၁၅၀ဝ တင်လို့ ရတယ် မဟုတ်လား?
      စာမူရေးတဲ့ ဘောက်ဇ်အောက်က Word Count မှာ စလုံး အတိအကျပြလား မပြလား ကျွန်တော် သံသယံဖြစ်နေလို့။

      ကျေးဇူးနော် မစ္စတာ ဗောမစ်တ်

      • Dမှာက မန်ဘာ အသစ်တွေ အနေနဲ့
        ပို့စ်တင်ပြီးရင် အက်ဒစ် လုပ်လို့ မရသေးပါဘူး ခင်ဗျ ..
        အချိန် ကြာလာမှသာ အက်ဒစ် လုပ်ခွင့် ရလာတာပါ ..

        ဒါကို ဒီရွာရဲ့ အဆိုအရ ပြောရရင်တော့ ရာထူး တိုးတယ် ပေါ့ဗျာ ..
        ဒါကလည်း ဦးခိုင် ဆိုတဲ့ ကျုပ် ယောက်ခထီးကြီးရဲ့ အရာပါ .. :mrgreen:
        သူကြီးက မန်ဘာ အဆင့်ကို တင်ပေးလိုက်တဲ့အခါ ကိုယ့်ပို့စ်ကို Edit လုပ်ခွင့် ရလာပါလိမ့်မယ် ကိုကျော်ထင်နော် ခင်ဗျာ ….

        (ဒါကတော့ ကျနော် သိသလောက် ပြောတာပါ ခင်ဗျ)

        • Khaing Khaing

          November 6, 2012 at 3:49 pm

          ဒီမယ် … မောင်မောင်အံ သွားချီးကို ယောက္ခထီးလို့ခေါ်ရင် ကျုပ်ကို မာမီလို့ခေါ်နဲ့ … ဒါပဲ ..

        • မာမီခိုင်ရယ် ..
          စိတ်ဆိုးဒေါ် မူဘာနဲ့ ..
          သဂျီးဂို ယောက်ကထီးလို့ ခေါ်ဒေါ့ဘူးနော် ..
          မာမီ ကိုပဲ မာမီ လို့ ခေါ်ဒေါ့မယ်နော် …

  • အလင်းဆက်

    November 5, 2012 at 9:13 pm

    ကျော်ထင်နော်…ဆိုတော့
    အော်ပင် ဆော်မယ့်သူတော့ မဟုတ်လောက်ပါဘူးနော် ။

    (အီကား..နောက်တီးနောက်တောက် စကား…)

    =============ကျိုစို ဘာဒယ်ဂျာ….

    တားတားတို့ က.. ဝမ်းမျောက်ဝမ်းတာ..ကျိုစိုဘာဒယ်…

    တားတားကိုလည်း..ခင်ပါ မင်ပါ
    လမ်းမှာတွေ ့ရင်လည်း..အုတ်ခဲကြိုးနဲ ့ကောက်မထုပါနဲ ့…
    လက်ဖက်ရည်လေး..ဘာလေး.( ဘာလေး.ဆိုတာက ဘီယာ ကိုပြောထှာ..)
    တိုက်ကျွေးနိုင်ပါတယ် ။

    အဟိ အဟိ ။
    :kwi:

    ရွာသားအသစ်ဆိုတော့…
    သူ ဘာမှ မရေး သေးခင် စ ထား..နောက်ထားမှ..လေ ။ တစ်ခုခု စရေးပြီ..ဆိုတာနဲ ့
    လေးစားသမှု..ပြု..ရတော့မှာ..
    အခု..ဘာမှမရေးခင်လေး..စ ထှာပါ..နော ့။

    🙂

  • ကျော်ထင်နော်

    November 5, 2012 at 9:31 pm

    အော်… သဘောပေါက်ပါဘီ ခင်ဗျာ.. မစ္စတာအံ။
    ကျွန်တော်က ပို့စ်မှာ ကျွန်တော့်နာမည် နှစ်ထပ်ဖြစ်နေလို့ အဲဒါ ဖျက်ပစ်ချင်လို့ပါ။
    အရေးတကြီး မဟုတ်ပါဘူး။ (နှစ်ထပ်ရှိတော့လည်း မှတ်မိတာပေါ့လေ)။

    ကိုအလင်းဆက်ခင်ဗျား၊ ကျွန်တော့်ကို ကြိုဆိုတာ ကျေးဇူးပါ။
    ကျွန်တော်က ဘီယာတိုက်ချင်ပေမယ့် ငါးပါးသီလကို လူတိုင်းကို လုံခြုံစေချင်တာပါခင်ဗျာ့။
    လူတိုင်းလုံခြုံရင် ကျွန်တော်ပဲ အကုန်သောက်ရမယ်လို့ ယုံကြည်တယ်လေ။
    အဲဒါကြောင့်ပါ၊ စိတ်မဆိုးပါနဲ့။
    ကျွန်တော်က အချစ်ကိုသာ ဝေစားမယ်၊ ပုလင်းကိုတော့ ကိုယ်ဝမှ သူများကို တိုက်ချင်တာကုလား။

  • ကထူးဆန်း

    November 5, 2012 at 9:33 pm

    ကြိုဆိုပါတယ် ကိုကျော်ထင်နော် … နော် .. :hee:
    word count က မမှန်ပါ ။ ပိုစ်တင်ပြီးရင် edit လုပ်ခွင့် ချက်ခြင်းမရတတ်ပါဘူးခင်ဗျာ ။ ကျွန်တော် သိသလောက်ပြောတာပါ ။

    • ကျော်ထင်နော်

      November 5, 2012 at 9:44 pm

      word count မမှန်ရင် ဗမာစာ စာလုံး ၁၅၀ဝ ကို ဘယ်လို တွက်ပါသလဲခင်ဗျာ။
      (အရင် ဒီမှာ တစ်ယောက်ရေးဖူးတယ် ထင်တယ်၊
      ကျွန်တော်က အဲတုန်းက အဖတ်သမားသက်သက်မို့ မဖတ်ဖြစ်လိုက်ဘူး)။
      ကျွန်တော်က စ တင်ရုံရှိသေး၊ စည်းကမ်းဖောက်ဖျက်သလိုဖြစ်ပြီး အပြောခံရမစိုးလို့။

      ဘာပဲဖြစ်ဖြစ်
      ကျွန်တော့်ကို ကြိုဆိုဖော်ရတာ ကျေးဇူးပါ ကထူးဆန်းခင်ဗျာ။

      • ေ – ၁
        က – ၁
        -ျ – ၁
        -ာ – ၁
        – ် – ၁
        ထ – ၁
        င – ၁
        – ် – ၁
        ေ – ၁
        န – ၁
        -ာ – ၁
        – ် – ၁
        +++++++
        ကျော်ထင်နော် = ၁၂
        အဟိ .. အိုုက်ဂလို ထင်ဒါဘဲ … :mrgreen:

  • မောင်ပေ

    November 5, 2012 at 9:45 pm

    ကျော်ထင်
    ဆော်မြင်
    ဂေါ်ချင်
    တော်နင်
    လျော်ဂွင်
    ဖော်ပင်
    ဟဲဟဲ
    မင်္ဂလာပါ ကိုကျင်ထော် အဲလေ ကိုကျော်ထင်ရေ
    လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျို ့

    • ကျော်ထင်နော်

      November 5, 2012 at 10:26 pm

      ဒါက
      ဇယားမင်တဲ့
      ခင်ဗျားအထင်ကိုး ကိုမောင်ပေရဲ့။

      ကိုမောင်ပေလို
      ဂြိုဟ်ကာင်တွေကို
      ဟိုချောင်တွေမှာ…….

      ဟိုချောင်တွေမှာ…….။

      (ဘယ်ချောင်တွေမှာလဲ ကိုယ့်ဟာကိုပဲ ဆက်ရေးတော့ဗျာ.. ဟား ဟား)

  • ရာဇဝင်လူဆိုး

    November 5, 2012 at 10:02 pm

    မိတ်ဆက် ဆိုတော့ မက်ဆေ့ ပေးပါ့မယ်။
    မတူတဲ့အတွေးနဲ့ ကိုယ်ပိုင်စာတွေ ရဲရဲသာချရေး။ ထပ်ပြီး မတူတဲ့ အတွေးနဲ့ မန့်လာရင်လဲ ငြင်းခုန်ခြင်း အနုပညာအရ ခိုင်လုံတဲ့ အချက်အလက်တွေ ဆွဲကိုင်ပြီး ရဲရဲသာ ဖင်ပိတ်ငြင်း။ ပြီးရင်တော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ။ ဒီလို ငြင်းခုန်ခြင်းကိုက ဒီဆိုဒ်မှာ လာဖတ်၊ လာရေး သမျှသူတွေကို အပြန်အလှန်ဆွေးနွေစေပြီး မတူတဲ့ အတွေး၊ အမြင်တွေနဲ့ ဗဟုသုတ တိုးစေခြင်းပါပဲ ကိုကျော်ထင် (နော်ရထာကတော့ ကျနော်နဲ့ ဆွေမျိုးနီးတယ်) :mrgreen: ကြိုဆိုပါတယ်။

    • ကျော်ထင်နော်

      November 5, 2012 at 10:32 pm

      ကျေးဇူး ကိုလူဇိုးခင်ဗျာ့။
      ဒါနဲ့ ကိုလူဇိုးဆိုတဲ့နာမည်ကို
      ကို်ယ့်ဟာကို မှည့်တာလား၊
      ဒါမှမဟုတ် တစ်ယောက်ယောက်က မှည့်ပေးလိုက်တာလားခင်ဗျာ့။
      စိတ်မရှိနဲ့နော်။ ကျနော်က အတင်းကာရော မဟုတ်ဘူး။
      မဖြေချင်လည်း ရတယ်…. ဟီး။

      • ရာဇဝင်လူဆိုး

        November 5, 2012 at 11:01 pm

        လူဆိုတာ ကိုယ့်အကြောင်းကိုယ် အသိဆုံးဆိုတော့ ကိုယ် ဘာကောင်လဲ ၊ ဘယ်လို စိတ်ဓါတ်လဲ ၊ ဆိုတာ ကိုယ်တိုင်အသိဆုံးဆိုတော့ ( ငါဘာကောင်ကြီးပါလို့ ပြောနေပေမယ့်၊ တစ်ခြားသူတွေ ထင်နေပေမယ့် ကိုယ် ဘာကောင်လဲ ကိုယ်တိုင် အသိဆုံး ) ။… ဆိုတော့ကာ…(သူကြီးလေသံဖြင့်)။
        နာမည်က အရေးကြီးရင် လူကောင်းလေး၊ လူလိမ္မာလေးလို့ တစ်ရွာလုံးကို အလှူပေးရင် ပြောင်းလိုက်ပါမယ်ဆိုသည့်အကြောင်း….။

  • ကျော်ထင်……….နော်…………
    ခေါ်ရင်…………..နော်
    ပျော်လို့ စစ ပျော်လို့နောက်နောက်
    စိတ်မကောက်ကြေး
    တူတာဘဲရေးရေး
    မတူတာဘဲရေးရေး
    ရွာကလူတွေက အားပေးမှာအမှန်နော်……………..
    ရွာထဲမှာသာကြာကြာနေပါနော်။
    ကျော်ထင်……….နော်…………
    ကျော်ထင်……….နော်…………
    ကျော်ထင်……….နော်…………
    ကျော်ထင်……….နော်…………
    ကျော်ထင်……….နော်…………

  • jullies cezer

    November 6, 2012 at 9:37 am

    ”အချစ်ကိုသာ ဝေစားမယ်၊ ပုလင်းကိုတော့ ကိုယ်ဝမှ သူများကို တိုက်ချင်တာ”
    အင်း ရွာထဲတော့ ဦးဗိုက်အတွက် B.E တစ်ယောက်တော့တိုးလာပြီ ….
    ဘယ်လိုပဲဖြစ်ဖြစ် warm welcome ပါ တိုဂေါ်ဂင်ပေါ် ရေ အဲ စဂျားမပြီဖျစ်
    တွားလို့ … ကိုကျော်ထင်နော် 😛

  • MaMa

    November 6, 2012 at 9:45 am

    (ဒီဖိုရမ်မလာခင်က မိတ္တဗလဋီကာ စာအုပ်ကို ကြေညက်အောင် ဖတ်လာခဲ့ပါတယ်)
    ဆိုတော့ ကျမ်းကြေတယ်ပေ့ါ။ :harr:
    ကြိုဆိုပါတယ်။
    ကြိုဆိုပြီး မကြာခင်ပဲ ပြန်ထွက်မသွားဖို့တော့ လိုတယ်နော်။

    (အမှန်တော့ သဂျီးရဲ့ ဒီမိုရွာကြီးက တံခါးမရှိ ဓားမရှိ ဝင်ချင်ဝင်၊ ထွက်ချင်ထွက် ခွင့်ပြုပြီးသားပါ။
    ကိုယ်တိုင်ကတော့ ခုရက်ထဲ ပိုစ့်လည်း မတင်ဖြစ်၊ မန့်လည်း သိပ်မမန့်ဖြစ်လို့ ဘတ်ဂျက်ရှာခြင်းတနည်း အနေနဲ့ ကြိုဆိုရေးအဖွဲ့ထဲ ဝင်လိုက်တာ။) :kwi:

  • kyeemite

    November 6, 2012 at 9:51 am

    ဝမ်းမလီးဝဲလ်ကမ်းပါဗျာ…
    လူသစ်၊စိတ်သစ်၊အတွေးသစ်၊စာသစ်လေးတွေစောင့်ဖတ်ပါ့မယ်
    ရွာထဲကအလွန်မိုက်သော…
    ခင်တတ်တဲ့..
    :kwi:
    ကြီးမိုက်။

    • ခညားဂျီးဂ ၊၊၊၊၊
      မိုက်ဒယ်လည်း ကြောဒေး ၊၊၊၊
      ခင်ဒယ်လည်း ဆိုဒေး ၊၊၊၊၊
      ဘာဒုံးဂျ ၊၊၊

      ခညား ဒဂယ် မိုက်ရင် ကျုပ်နဲ့ ဖိုက်မလား …..
      :mrgreen:

  • Wow

    November 6, 2012 at 10:03 am

    မိတ္တဗလကျမ်းကျေဒယ်ဆိုဒေါ့… ကျမ်းကျေယုံတင်မကဘူး ကျမ်းပြုနိုင်ရမယ်ကွဲ့….
    ဟီး… အိမ်က ရေကဗျင်မှာ သံတစ်ချောင်းလွတ်နေလို့ ကျမ်းပြုပေးဘာလား… :kwi:
    အရဂါးစတာ.. welcome ပါ..

  • Mon Kit

    November 6, 2012 at 10:05 am

    အားပေးနေပါ့မယ်…….

  • Khaing Zar Win

    November 6, 2012 at 10:08 am

    ဖတ်စရာ စာအသစ်တိုးတာပေါ့။
    ကြိုဆိုပါတယ်။ 🙂

  • Shwe Tike Soe

    November 6, 2012 at 10:28 am

    ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းးးးးးးးး
    ကလောင်သွေးမယ်ဆိုတော့ တကယ်ရေးမှာပေါ့နော်… ဖတ်ရချည်သေးရဲ.ဗျာ…

  • myanmarcitizen

    November 6, 2012 at 11:08 am

    ကြိုဆိုပါတယ်ခင်ဗျာ။

  • Khaing Khaing

    November 6, 2012 at 3:52 pm

    ကိုကျော်ထင်နော် … ကို ကြိုဆိုပါတယ် … နောက်မှာ ရထာ တွေဘာတွေမပါဘူး ….. မင်းမျိုးမင်းနွယ်လား သိဘူး ………

  • နွေဦး

    November 6, 2012 at 5:32 pm

    ကြိုဆိုပါသည်ခင်ဗျား….။
    ကျော်…….ကျော်ကြားခြင်းနှင့်၎င်း
    ထင်………ထင်ပေါ်ခြင်းနှင့်၎င်း ပြည့်စုံပြီးသကာလ…
    နော်……….နော် ဆိုပြီး နွဲ့တဲ့တဲ့ လေးဆိုတော့….ဟင့် များတို့အုပ်စု လားဟင်…။

  • မင်ဂါပါချင့်…
    ရွာရိုးကိုးပေါက်လျှောက်သွားနေတဲ့ လုံမလေးပါ….
    (ခုတစ်လောတော့ ခြေချုပ်မိနေလု့ိ ရွာတံခါးဝတောင် မနည်းသီနေရတယ်…)

    လူနှင့်အကျင့်များ(၂) ကို ဖတ်ပြီးပါပြီချင့်…မမန့်ရတေးပါဝူး….
    စာဖတ်ပြီးမှ လူကိုကြိုဆိုရတာ တောင်းပန်ပါတယ်ချင့်..ဟိုပို့စ်ကို အရင်ဖတ်မိလိုက်လို့ပါ…

    အသိတစ်ခုရဖို့ ရာစုနှစ်များစွာ ကြာအောင် စောင့်ခဲ့ရတဲ့ကာလတွေ သမိုင်းမှာ ရှိတဲ့ဖူးတယ်။ ကျွန်တော်တို့ခေတ်မှာတော့ အသိတွေကို အလကားနီးပါး ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။ အဲဒီ့အခွင့်အလမ်းတွေကို မျှော်ကိုးရင်း ကျွန်တော် ဒီဖိုရမ်မှာ လာလေ့လာပါတယ်။

    ဒါလေးကိုဖတ်ရလို့ ဝမ်းသာမိပါကြောင်း…

    စကားမစပ်…ဘုရင့်နောင်ကျော်ထင်နော်ရထာ ခရေဇီလို့ ယူဆပါကြောင်း…

    ခင်တဲ့
    လုံမလေးမွန်မွန် @ နှင်းကေသရာ
    :mrgreen:

Leave a Reply