Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကျော်ဘသစ်March 13, 20142min55111
Myanmar’s Great Contribution in Finding Missing MH370 …………………………………………………………………….. The completely bold predictive statements were made by Myanmar’s two awesome astrologers regarding the missing Malaysian Air-liner, MH 370, which vanished mysteriously last Friday. San Zarni Bo, the most famous astrologer of Myanmar, confirmed that the plane has been no doubt kidnapped by the terrorists, and that […]


ကျော်ဘသစ်January 6, 20141min58315
(၁) တစ်နေ့သ၌ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမေရိကန်ဗီးရှင်းမျက်မှန်ဆိုင်ထဲသို့ ကြောက်ရွံ့ရွံရှာဖွယ် အသွင်အပြင်ရှိသော ဘိုးတော်တစ်ဦး ဝင်လာသည်။ မွဲထပ်ထပ်ဆံပင်၊ ဖရိုဖရဲမုတ်ဆိတ်၊ အညိုရောင် ညစ်ထေးထေးဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် တစ်လုံးက အာလူးသီးလောက်၊ တစ်လုံးက ခရမ်းချဉ်သီးလောက်၊ မညီမညာ အသတီချင်စရာ အပြင်ကို ပြူးထွက်နေသော သူ့မျက်လုံးကြီးများကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေသည့်ကြားက အရောင်းစာရေးမလေးတစ်ယောက်က တာဝန်အရ အရဲစွန့်ပြီး မေးရှာသည်။ “ဟုတ်… ဟုတ်.. ဟုတ်ကဲ့၊ ဘာ… ဘာ.. ဘာအလိုရှိပါသလဲရှင်” “မျက်မှန်တစ်လက် လိုချင်တယ်” “မျက်..မျက်… မျက်မှန်က အမျိုး..မျိုး..မျိုး..မျိုးမျိုး ရှိပါတယ်၊ ဘ… ဘ.. ဘယ်လိုမျက်မှန်မျိုး လိုချင်ပါသလဲရှင်” “နေကာမျက်မှန်” “နေ…နေ.. ကာမျက်မှန်ကလည်း အမျိုးမျိုး ရှိတယ်၊ ဘယ်လိုအမျိုးအစား ယူမလဲ..လဲ..လဲ..ရှင်” “ဘာပဲရရ၊ ငါ့မျက်နှာပေါ်က […]


ကျော်ဘသစ်January 4, 20141min46911
သားပိုက်ကောင်ဟာ သားပိုက်ကောင်မေတ္တာနဲ့ သူ့ရင်သွေးသူ သားလိုပိုက်ထားတာ ကိစ္စမရှိဘူး။ ဝက်တစ်ကောင်က သားပိုက်ကောင်ဘာသာစကားပြောပြီး သူ့ဗိုက်အောက်ချိတ်ဆွဲထားတဲ့ ကြွပ်ကြွပ်အိတ်ထဲမှာ ကြက်ပေါက်စလေးတွေ ထည့်လွယ်ထားမယ်ဆိုရင်တော့ ဒါဟာ မေးခွန်းထုတ်စရာ ဖြစ်တယ်။ ခင်ဗျား ဒီကြက်ကလေးတွေ ကြီးအောင်မွေးပြီး ဥကိုစားမှာလား အသားကို စားမှာလား…လို့။ ပြီး ခင်ဗျားကိုယ်တိုင် ခင်ဗျားလည်း မေး ခင်ဗျားရင်သွေးကို ခင်ဗျား တကယ်ချစ်သလား တစ်ဦးချင်းရဲ့ဘဝအား တကယ်တမ်း လေးစားမိသလား လွတ်လပ်မှုဆိုတာကို ခင်ဗျား ယုံကြည်ပါသလား။ ခင်ဗျားလို ဖြစ်တည်နေသူ သတ္တခန္ဓာတစ်ခုရဲ့ ယုံကြည်ခွင့် ရွေးချယ်ခွင့် ပြုမူလှုပ်ရှားခွင့် မှန်ခွင့်၊ မှားခွင့် ရင့်ကျက်ခွင့်၊ တည့်မတ်ခွင့် ကိုယ့်တရားကိုယ် စီမံ ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်ပိုင်ခွင့် ဒါတွေခွင့်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား။ လဲလျှောင်းနေတဲ့ဘဝဟာ ဘယ်တော့မှ ဖြစ်တည်လာမှာ မဟုတ်ဘူး။ တစ်သက်တာ ကိုယ်မှာပိုက်ထားသမျှ […]


ကျော်ဘသစ်December 28, 20131min85913
(က) “ယုံကြည်မှုတွေ ရမယ်နော်.. ယုံကြည်မှုတွေ.. ယုံကြည်မှုတွေ” “တစ်ဆယ်သားမှ ငါးရာတည်း၊ တစ်ဆယ်သားမှ ငါးရာတည်း” “အလျားနဲ့ ဝယ်မယ်ဆိုရင် တစ်ပေကို ရှစ်ရာ၊ ပုလင်းနဲ့ဆိုရင် တစ်ပုလင်း ခုနှစ်ရာ၊ သုံးမျိုးပေါင်းယူရင်တော့  တစ်ထောင့်ငါးရာနဲ့ ရမယ်၊ ယုံကြည်မှုတွေ  ယုံကြည်မှုတွေ” “ကဲ ကဲ.. လာထား လာထား.. အရောင်အသွေးစုံ၊ ကာလာစုံတယ်နော်” “အဓိပ္ပါယ်မျိုးစုံ၊ စိတ်ကူးမျိုးစုံ၊ အကြောင်းအရာမျိုးစုံပါတဲ့ ယုံကြည်မှုတွေ၊ ဝယ်မလား.. ဝယ်မလား၊ ဦးရာလူနဲ့ ထိုက်ရာလူပဲ ရမယ်နော်” နေအလွန်တရာပူပြီး အိတ်ကပ်ထဲ ဘီယာသောက်စရာ ပိုက်ဆံ တစ်ပြားမှမရှိတဲ့ တစ်နေ့မှာ ကျွန်တော်ဟာ  လူစည်းကားရာ မဟာဗန္ဓုုလပန်းခြံထောင့် တစ်နေရာမှာ ယုံကြည်မှုတွေ ဖြန့်ခင်း ရောင်းချနေပါတယ်။ လက်တစ်ဖက်နဲ့ ယုံကြည်မှုတွေကို အဆုပ်လိုက် အဆုပ်လိုက် ကိုင်မြှောက်ပြ၊ တစ်ဖက်ကလည်း […]


ကျော်ဘသစ်November 26, 20131min61313
(၁) မျောက်အဘိုးကြီးတစ်ကောင် သူ့နဖူးပေါ်သူ ဒူးပေါ်စိုက်ရင်း သစ်ပင်ခွကြားမှာ စိတ်ပျက်လက်ပျက် မှိုင်နေတယ်။ သူလို သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ပင်ပင်ပမ်းပမ်း ရှာဖွေစုဆောင်းထားတဲ့ ငှက်ပျော်သီးကိုမှ သင်းတို့က ခဏခဏ ခိုးစားရက်ကြသတဲ့။  သူတို့အုပ်စုမှာက မျောက်အားလုံးပေါင်းပါမှ လက်တစ်ဆုပ်စာ။ ခိုးနေတာလည်း ဒီအထဲကကောင်တွေပဲလေ။ သူကိုယ်တိုင်လည်း သူဝှက်ထားတဲ့ ငှက်ပျောသီးကို ၂၄ နာရီလုံးလုံး မျက်လုံး ဒေါက်ထောက် ကြည့်မနေနိုင်၊ နောက် သူလို တုန်တုန်ချည့်ချည့် အဘိုးအိုတစ်ယောက်ကို ဘာ ဂရုစိုက်စရာ လိုလဲဆိုပြီး မျောက်ငယ်တွေ အတင့်ရဲကြတာလည်း ပါမှာပေါ့။ ဒါကြောင့်ပဲ သူ့ငှက်ပျောသီးတွေ အမြဲတမ်းလိုလို ပျောက်နေတာ။ မျောက်အိုကြီးဟာ ဟိုဟိုဒီဒီ လျှောက်သွားလိုက်၊ တစ်ခါ ငုတ်တုတ် ပြန်ထိုင်လိုက်၊ ဒူးနှစ်ဖက်ပေါ် နဖူးစိုက် အကြံအိုက်လိုက်၊ တုံးတုံးလှဲပြီး နဖူးပေါ်လက်တင်လိုက်၊ ဒီလိုနဲ့ သူ့ခမျာ […]


ကျော်ဘသစ်November 23, 20131min5186
(နိဒါန်း) ကောင်မလေးရေ… လူဆိုတာ အမှားတစ်ခုကို နှစ်ခါထပ်မလုပ်မိဖို့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရမယ်တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ လူတစ်ယောက် ရှိခဲ့သတဲ့ကွယ်။   ၆၀၀၂ ဘီစီ၊ ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး သူ့နာမည်အရင်း၊ နာမည်ပြောင်၊ ငယ်နာမည်၊ ကျောင်းနာမည်စသည်ကိုတော့ မှတ်တမ်းအတိအကျ မရှိလို့ ဘယ်သူကမှ အတိအကျ မမှတ်မိကြဘူးတဲ့။ ဒါပေမယ့် နှောင်းခေတ်လူ အများစုကတော့ သူ့ကို ဗြဟ္မဒတ်ဆိုတဲ့နာမည်နဲ့ အသိများကြသတဲ့လေ။ ဗြဟ္မဒတ်ရဲ့ အလုပ်အကိုင်ကလည်း နယ်နယ်ရရ မဟုတ်ဘူးတဲ့၊ ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးကို စီမံအုပ်ချုပ်ရတဲ့ ဘုရင်မင်းကြီးအလုပ်တဲ့လေ။ တစ်နေ့ (နန်းတော်ထဲမှာ ရုံးပိတ်ရက်နဲ့ တူပါတယ်) မှာ အဲဒီဗြဟ္မဒတ်ဘုရင်ကြီးဟာ နန်းပလ္လင်ပေါ် ဒီအတိုင်း […]


ကျော်ဘသစ်November 22, 20131min4135
………………… ………………… ………………… ………………… ………………… ………………… အချစ်ရယ်… လူ့အဖြစ်အထိ ဆင့်ကဲဖြစ်ခဲ့မိတာ မှားပြီနဲ့တူပါတယ်….၊ လာ… ဟိမဝန္တာပြန်ကြမယ်။       ။


ကျော်ဘသစ်November 21, 20131min75711
(၁) လကွယ်ညလည်း ဖြစ်၊ ညဉ့်ကလည်း သန်းခေါက်ထက် နက်နေတဲ့အချိန်။ ညကြီးက ဆင်တစ်ကောင်လုံး ဝင်လာရင်တောင် မမြင်ရအောင် မှောင်မဲပြီး ပုရွက်ဆိတ် ချောင်းဆိုးသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ ခါတိုင်းအော်နေကျ တောက်တဲ့တွေ၊ အိမ်မြှောင်တွေ၊ ပုရစ်တွေ ဒီည ခွင့်ယူထားသလား အောက်မေ့ရရဲ့။ တစ်ရွာလုံးမှာ ဘာဆိုဘာသံမှ မကြားရ။ တစ်ရွာလုံးက ရှိသမျှလူတွေ ပိုးစိုးပက်စက် အိပ်မောကျနေချိန် သူမှာတော့ မအိပ်နိုင် မမောနိုင်သေး၊  ရွာလယ်လမ်းမပေါ်မှာ ခပ်သုတ်သုတ် လျှောက်လိုက်၊ မကျီးပင်တွေအောက် ဝင်ပုန်းလိုက်၊ တစ်ခါ ထပြေးလိုက်၊ တစ်ယောက်တည်း တူပုန်းတမ်း ကစားနေသလိုမျိုး ပြေးလိုက်ပုန်းလိုက် ဖြစ်နေတယ်။ အမှန်တော့ သူ ကစားနေတာ မဟုတ်။ သူ့ရှေ့က သွားနေတဲ့ အရာဝတ္ထုတစ်ခုနောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတာ။ သူ့ရှေ့က အရာဝတ္ထုဆိုလို့ […]


ကျော်ဘသစ်October 2, 20131min4885
သက်ရောက်မှုများ Effects …………………………….. လိပ်ပြာသက်ရောက်မှု Butterfly Effect လူတစ်ယောက် တောစပ်တစ်နေရာ ရောက်လာသည်။ သစ်ပင်တစ်ပင်အောက် အမောပြေ ထိုင်နေတုန်း သူနဲ့ မလှမ်းမကမ်း မြက်ပင်ဖျားမှာ လိပ်ပြာတစ်ကောင် အတောင်ပံ တဖျတ်ဖျတ် ခတ်ရင်း ဂဏာမငြိမ်ဖြစ်နေသည်ကို သူ သွားတွေ့၏။ ပျံတာလည်း မဟုတ်၊ နားတာလည်း မဟုတ်၊ မြက်ပင်ဖျားမှာ ကြိုးခုန်သလို ခုန်ဆွခုန်ဆွ လုပ်နေတဲ့ လိပ်ပြာကို ကြည့်ရင်း နားမလည်နိုင်တဲ့အဆုံး ထိုလူက လိပ်ပြာကို သွားမေးသည်။ “ခင်ဗျား.. အားနေရင်လည်း ဒီအတိုင်း နားနေလို့ မရဘူးလား၊ ဘာဖြစ်လို့ မလိုအပ်ဘဲ အတောင်တဖျတ်ဖျတ် ခတ်နေတာလဲ” “ဪ.. ဒါလား၊ အလကား ခတ်နေတာ မဟုတ်ဘူးဗျ၊ နောက်တစ်ပတ်မှာ တိုက်ဖို့ လေဆင်နှာမောင်းကြီးတစ်ခု ဖန်တီးနေတာ” လိပ်ပြာ […]


ကျော်ဘသစ်September 24, 20131min3563
၁။ ဟစ်တလာလည်း ဂျာမန်ပြည်သူတွေကို ချစ်သည်။ ထို့သို့ဖြင့် ပထမကမ္ဘာစစ်အတွင်း ရန်သူကို သတင်းပေးခဲ့တဲ့ ဂျူးသုံးယောက်လောက်ကို အကြောင်းပြုပြီး ဂျူးသုံးသန်းကျော်ကို မီးလောင်တိုက် သွင်းပြခဲ့၏။ ၂။ ကက်စ်ထရိုလည်း ကျူဘားပြည်သူတွေကို ချစ်သည်။ ထိုသို့ဖြင့် အိတ်ချ်အိုင်ဗီ ပေါ့စတစ်ဗ်ဖြစ်နေတဲ့ နိုင်ငံသားတွေကို သီးသန့်ရွာကြီတစ်ရွာထဲမှာ ထည့်ပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ပေးခဲ့၏။ ၃။ အိုစမာဘင်လာဒင်လည်း မွတ်စလင်ဘာသာဝင်တွေကို ချစ်သည်။ ထိုသို့ဖြင့် ခေတ်အဆက်ဆက် ဘာသာရေး အကြွေးဟောင်းတွေကို အကြောင်းပြုပြီး အမေရိကန်ပြည်သူ ငါးထောင်ကျော်ကို လေယာဉ်နဲ့တိုက် သတ်ပြခဲ့ဖူး၏။ ၄။ ဦးနေဝင်းလည်း ပြည်သူတွေကို ချစ်သည်။ သူ့ပြည်သူတွေ ဘူဇွာစိတ် ဝင်ကုန်မည်စိုးသဖြင့် နိုင်ငံကို ၂၆ နှစ်လုံးလုံး တံခါးပိတ်ထားခဲ့ဖူး၏။ (သူကိုယ်တိုင် ဘူဇွာ။ မဇွာက တစ်ပိုင်းပေါ့လေ..) ၅။ […]


ကျော်ဘသစ်September 22, 20131min4968
(၁)   လိပ်ဆိုတဲ့ကောင်ဟာ သိပ်ပြီး အာချောင်တယ်တဲ့ အရင်ဆုံး ငါးစင်လုံးက ထပြောတယ်။   ဟုတ်ပါ့၊ တစ်နေ့တစ်နေ့ တွေ့ရာလူနား လိုက်ကပ် သူ့ခွင်ထဲဝင်တာနဲ့ 150 wps နှုန်း ပစ်ခတ်တော့တာပဲတဲ့ အနားက ဖားက ဝင်ထောက်ခံတယ်။   ဒါတင် ဘယ်ကမလဲဗျ သူပြောတာတွေကိုလည်း ကြည့်ကြဦး အန္တာတိကဒေသမှာ မြေဈေးဘယ်လောက် သက်သာတယ်ဆိုတာမျိုး ကမ္ဘာကြီး တဖြေးဖြေး ပူနွေးလာနေလို့ နေလုံးကြီးကို ဘယ်အရပ် ပို့ရမယ်ဆိုတာမျိုး သက်တံတွေကို ကွန်နဲ့ပစ်ဖမ်းပြီး ပန်းထုတ်လုပ်ရင် ဘယ်လို လှပမယ်ဆိုတာမျိုး သူ့အချိုးတွေ ရိုးနေပြီတဲ့ ပိုးနသန်ကောင်ကလည်း ဝင်လှောင်ပြန်တယ်။   နောက်တစ်ခါ ပုရွက်ဆိတ်ခေါင်းကြီးက ခေါင်းထောင်ပြီး ပြောတယ် လိပ်ဆိုတဲ့ကောင် ပါလေရာကြောင်ချေးတဲ့ တစ်ခါက ပုရွက်ဆိတ်တွေ အခွန်ကိစ္စ တိုင်ပင်နေကြတုန်း […]


ကျော်ဘသစ်September 22, 20131min4978
ဒီကိစ္စနဲ့ ပတ်သက်ပြီး… ဒီကိစ္စတွေ ဖြစ်ခဲ့တော့တာပဲ.. လယ်ပြင်မှာ ဖင်ယားလို့ ကုတ်သလို ထင်ထင်ရှားရှားပေါ့။   ဣမသ္မိံ  သတိ ဣဒံ ဟောတိ ဣမသ္မိံ – ဤအိမ်သို့ဝင်သည်ရှိသော်၊ သတိ-ခွေးကိုက်တတ်သည် ဣဒံ – ဣအက္ခရာကား ကကြီးချင်း လိင်တူဆက်ဆံနေသကဲ့သို့ ဟော… ရဲတွေ ရောက်လာတာနဲ့ ကွက်တိ…။   အဓိပ္ပါယ်တွေ ပလူတွေလို အတောင်ကျွတ်မကျခင်အထိ အရှိတွေဟာ အရှိလို့ထင်စရာကောင်းအောင် ရှိနေကြ။   ဒီကိစ္စက ဘုန်းတော်ဘွဲ့ (သို့) ဩဘာစာ ဒီကိစ္စက ကိုယ့်ကိုယ်ကို အသနားခံလွှာ ဒီကိစ္စက ရာသီဥတုအနေအထား ဒီကိစ္စက ဆိုဗီယက်လေယူလေသိမ်းအတိုင်း လိုက်ငိုတဲ့ငိုချင်း ဒီကိစ္စက တရားဟောခြင်း.. ဈေးကွက်ရှာခြင်း ဒီကိစ္စက အမျိုးသမီး အခွင့်အရေး ဒီကိစ္စက အမျိုးသမီးစောင့် ဥပဒေ […]


ကျော်ဘသစ်September 21, 20131min5386
ကြိုက်ရင် Like သွား… ကြိုက်ရင်… လိုက်သွားလိုက်… အမိုက်မ.. နင့်ထိုက်နဲ့ နင့်ကံ… မကောင်းဘူး မပြောနဲ့… ယောက်မမြင်းစီး… နင့်မြင်းနင်စိုင်း… စစ်ကိုင်းတောင်ရိုး ရောက်… ရောက်မိမှတော့ Like သွား.. Like တာများ ထမ်းထားစရာ   မလိုပါဘူးကွယ့်..   Like လိုက်.. လိုက်… မီအောင်လိုက်… သွက်သွက်လေး…သွက်သွက်လေး… ကိုင်ထား.. ကိုင်း.. ထားခဲ့လိုက်တော့… လိုအပ်ရင်.. ဘရိတ်သုံး.. သုံးလိုက်.. သုံး Likes တိတိ ဒီကမ္ဘာ.. အေး…နဝဒေး… ရှစ်မိုင်.. ကိုးမိုင်..ဆယ်မိုင်.. မိုင်နှစ်ဆယ်… မိုင်နှစ်ရာ…. လိုက်ရင်တင်မယ်… Like ရင် တင်မယ်…ထပ်တင်မယ်.. ကျုပ်ဓာတ်ပုံခန့်ခန့်တွေလေ.. ခိုးရာနောက် လိုက်သွားတဲ့.. ကျုပ်အရင်ဖုန်းထဲ တစ်ချို့တစ်ဝက် ပါသွား… Like ဆို.. Like ဆို… လိုက်ဆို… […]