Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပစောက်က တဝမ်းပူကို ပစ်သတ်လိုက်ခြင်း

ကျော်ဘသစ်September 22, 20131min4898

ဒီကိစ္စနဲ့ ပတ်သက်ပြီး… ဒီကိစ္စတွေ ဖြစ်ခဲ့တော့တာပဲ..

လယ်ပြင်မှာ ဖင်ယားလို့ ကုတ်သလို ထင်ထင်ရှားရှားပေါ့။

 

ဣမသ္မိံ  သတိ ဣဒံ ဟောတိ

ဣမသ္မိံ – ဤအိမ်သို့ဝင်သည်ရှိသော်၊ သတိ-ခွေးကိုက်တတ်သည်

ဣဒံ – ဣအက္ခရာကား ကကြီးချင်း လိင်တူဆက်ဆံနေသကဲ့သို့

ဟော… ရဲတွေ ရောက်လာတာနဲ့ ကွက်တိ…။

 

အဓိပ္ပါယ်တွေ ပလူတွေလို အတောင်ကျွတ်မကျခင်အထိ

အရှိတွေဟာ အရှိလို့ထင်စရာကောင်းအောင် ရှိနေကြ။

 

ဒီကိစ္စက ဘုန်းတော်ဘွဲ့ (သို့) ဩဘာစာ

ဒီကိစ္စက ကိုယ့်ကိုယ်ကို အသနားခံလွှာ

ဒီကိစ္စက ရာသီဥတုအနေအထား

ဒီကိစ္စက ဆိုဗီယက်လေယူလေသိမ်းအတိုင်း လိုက်ငိုတဲ့ငိုချင်း

ဒီကိစ္စက တရားဟောခြင်း.. ဈေးကွက်ရှာခြင်း

ဒီကိစ္စက အမျိုးသမီး အခွင့်အရေး

ဒီကိစ္စက အမျိုးသမီးစောင့် ဥပဒေ

ဒီကိစ္စက အမျိုးသမီး အတွင်းခံ

ဒီကိစ္စက ကောင်မလေးရဲ့ ယာဖက်ပါးပြင်ပေါ်က ပါးခြိုင့်၊ ချိုင့်.. ချိုင့်.. ချိုင့်….။

 

အခုတော့လည်း ခင်ဗျားမျှော်လင့်ထားတဲ့အတိုင်းပဲ မဟုတ်လား။

ပစောက်က တဝမ်းပူကို ပစ်သတ်လိုက်တယ်…။

 

အခုဟာက ခင်ဗျားရှေ့ပစ်ချလိုက်တဲ့ အသုဘအလောင်း

အခုကိစ္စထဲမှာ ပုပ်ပွနေတဲ့ အသားဖတ်၊ ပြန့်ကြဲနေတဲ့ တစ်ရှူးစ

ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ လက်သည်း၊ အရေ၊ အကြော

အခုကိစ္စထဲမှာ အရိုးစုနဲ့ လောက်ကောင်၊ ယင်ကောင်၊ ပိုးကောင်မျိုးစုံ။

 

ကဲ.. ခင်ဗျားထင်ချင်သလိုသာ ထင်ပေတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး

…ပြီး ဒီလူ သေတာတောင် နည်းသေးရဲ့

…ပြီး ဖြစ်မှဖြစ်ရလေ ယောက်ျားရယ်၊ မိန်းမရယ်၊ အချစ်ရယ်

…ပြီး ဪ.. အနိစ္စ ဒုက္ခ အနတ္တ..

ဟောဒီအလောင်းရဲ့ ခေါင်းထဲမှာ၊ ဦးနှောက်ထဲမှာ၊ နှလုံးသားထဲမှာ ဗိုက်ထဲမှာ

အခုကိစ္စမှာ ခင်ဗျားရှာနေသမျှ ဘာတစ်မှ တွေ့ရမှာ မဟုတ်

အခုကိစ္စက အသုဘကဗျာ။

 

ဒီကဗျာသေဆုံးမှုမှာ တရားခံအစစ်က ခင်ဗျား….။   ။

……………………………..

 

ကျော်ဘသစ်

၂၁.၀၉.၂၀၁၃

8 comments

  • lele kyi

    September 22, 2013 at 10:12 am

    ဘုရားးးဘုရားး ကဗျာပုံစံသစ်ဆိုပါလား။ဂါထာတွေရော။မန်ဌန်တွေရော။ ပ စေါက် က တ ဝမ်းပူကို ဘယ်လိုသတ်ပစ်လိုက်တာလဲ။ စနိုက်ပါနဲ့ချောင်းပစ်တာလား။ ဓါတုအဆိပ်ငွေ့နဲ့လား။ စစ်ကြေငြာပြီးမှတိုက်တာလား။လား.လား.လား.
    အမှန်တိုင်းဝန်ခံရရင်ပြောချင်တဲ့အဓိပါယ်ကိုဖမ်းမရဘူး။ 🙁 စကားပြေပြန်ပြဖို့လို့တယ်။

  • ကျော်ဘသစ်

    September 22, 2013 at 11:04 am

    ဒီအထဲမှာ ပြောပြချင်တဲ့အဓိပ္ပါယ်မပါဘူးခင်ဗျ…။
    ဘုန်းတော်ဘွဲ့လည်း မဟုတ်ဘူး၊ ခံစားချက်လည်း မဟုတ်ဘူး၊
    တရားဝင်ဟောနေတဲ့ ကဗျာဆရာလည်း နောက်ကွယ်မှာ မပါဘူး။

    ကဗျာထဲမှာ…. ရေးထားသလိုပါပဲ…။
    အက္ခရာတွေကို စီ၊ ၃၂ ကောဌာသအဖြစ် စုပုံပြီး
    အလောင်းတစ်လောင်း ဖန်တီးထားတာပါ။
    စာဖတ်သူက အဲဒီအလောင်းကောင်ကြီးကို ကြည့်ပြီး
    ရှူချင်သလို ရှူ၊ ခံစားချင်သလို ခံစား၊ သနားချင်လည်း သနား၊ ကောက်ချက်ချချင်သပလည်း
    ကြိုက်သလို ကောက်ချက်ချဆိုတဲ့ သဘောပါ။

    လူတစ်ယောက်အနေနဲ့ အသက်တစ်ရှင်စာအတွင်း လောကကြီးကို ကိုယ်မြင်ချင်သလို မြင်နိုင်တယ်၊
    ဒါပေမယ့် ဒါဟာ Subjective Reality ပဲ ရှိတယ်။ အစိတ်အပိုင်းတွေကို စုပုံထားတဲ့ လောကကို ကိုယ့်ရဲ့ ဖွင့်ဆိုချက် သက်သက်သာ ဖြစ်တယ်လို့…. ဆိုလိုတယ် ထင်တာပါပဲဗျာ….။

  • lele kyi

    September 22, 2013 at 11:15 am

    😀
    ဘာပဲဖြစ်ဖြစ် “ဣမသ္မိံ သတိ ဣဒံ ဟောတိ” ရဲ့ ဖွင့်ဆိုရှင်းလင်းချက်ကို သဘောကျတယ်။ဟဟ။
    ပါဌိလို မဖတ်တတ်တော့ ဆြာကျော် အဓိပါယ်ဖွင့်တာ အမှန်လို့မှတ်လိုက်ပြီ။ နောင်လူကြီးတွေနဲ့ ဆွေနွေးစရာရှိရင်ကိုးကားရမယ်။

  • အလင်းဆက်

    September 22, 2013 at 1:00 pm

    ဒီကဗျာကို ဖတ်လိုက်တော့
    ပထမဆုံး ရလိုက်တာက
    ဒါဒါဝါဒရဲ့ အငွေ့အသက် တွေ ။

    ပြီးတော့ အံ့ဩမှု ။

    ကဗျာ ပုံစံသစ် ဆိုလို ့အံ့ဩတာမဟုတ်/ စကားလုံးတွေကို အံ့ဩလောက်အောင် သုံးစွဲထားသို ပြထားတာကို မြင် လိုက် ရ လို ့ပါ။

    စာပေဖန်တီးမှု ပုံစံသစ်တွေကို
    သမားရိုးကျ အစဉ်အလာ ဖန်တီးမှုတွေ ထက်ပို စိတ်ဝင်စားနေမိတဲ့ ကျွန်တော့်အတွက် ဒီကဗျာက အားရပါးရ ဖတ်မိတဲ့ကဗျာပါ။

    ပုံစံသစ် ရဲ ့အင်္ဂါရပ် တွေ ထဲမှာ
    လမ်းဟောင်းမှ ခွဲထွက်ခြင်း နဲ့ လမ်းသစ်ဖောက်ခြင်း
    အဲဒီ ထဲမှာမှ လမ်းဟောင်းမှ ခွဲထွက်နိုင်ပေမယ့် လမ်းသစ်ဖောက်ခြင်းကို
    ပီပီပြင်ပြင် မတွေ ့ရသေးဘူးလို ့
    ကျွန်တော် ယူဆနေမိချိန်မှာ
    ဒီလို လမ်းသစ်ဖောက် လျှောက်ပြတဲ့ ဖန်တီးမှုမျိုးကို
    လှိုက်လှဲစွာ ကြိုဆိုလိုက်ပါတယ်။

    ကဗျာ ဆိုရင် ကာရန်ပါမှ ဆိုတဲ့ လမ်းဟောင်င်းကို ဆက် မလျှောက်ပဲ
    လွတ်လပ်သော အရေးအဖွဲ ့ကို မြင်ရ ရုံနဲ့ကို ကျေနပ်မိတာပါ
    အခုလို လမ်းသစ် ဖောက် ဖို ့ကြိုးစားနေတဲ့
    အရေးအဖွဲ့မျိုးကို တွေ ့တော့
    အတိုင်းထက် အလွန်ပေါ့ဗျာ

    ရေးပါဦးဗျို ့

  • အလင်းဆက်

    September 22, 2013 at 1:22 pm

    ကျွန်တော် အခုလို
    ကဗျာကို ဝေဖန် လေကန်နေတာ စိတ်မရှိပါနဲ့နော့
    ကျွန်တော်က ကဗျာ အကြောင်း သိပ်မသိပဲ ထင်ရာမြင်ရာတွေ ဝင်ဝင် ပြောနေမိတာကိုးး

    :kwi:

  • ကျော်ဘသစ်

    September 22, 2013 at 10:15 pm

    ကွန်မန့်ရေးပေးကြသူများကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
    ကျွန်တော်က ခံတွင်းတွေ့ရာ လျှောက်သာရေးနေတာ.. သီအိုရီတွေကို သိပ်ကျွမ်းကျင်တာ မဟုတ်ဘူး။

    ဒါနဲ့… ကိုအလင်းဆက်ရတဲ့ ဒါဒါဝါဒအနံ့လေးကို ပြောပြပါဦး…
    ဒါဒါဝါဒဆိုတာ ဘာကိုဆိုလိုတာလဲ…
    ကိုယ်ရေးတဲ့စာကိုယ် ဘာအမျိုးအစားဘက် နွယ်နေလဲဆိုတာ အကဲခတ်ချင်လို့ပါခင်ဗျ။

  • အလင်းဆက်

    September 23, 2013 at 11:22 am

    ကျွန်တော် လေ့လာဖူးတဲ့ ဒါဒါဝါဒ ဆိုတာက
    နူးညံ့သိမ်မွေ ့ပါတယ်ဆိုတဲ့ အနုပညာ ဖန်တီးအားထုတ်မှုကို အကျည်းတန်မှုနဲ့ ခပ်ကြမ်းကြမ်းဖော်ထုတ်ပြသတတ်တဲ့ ဝါဒ တစ်ခုပါ။

    ဒါဒါဝါဒီတွေက အနုပညာကို သရဲခြောက်သလို လုပ်ပြခဲ့ဖူးပါတယ်။
    ဥပမာ = မိုနာလီဇာကို နှုတ်ခမ်းမွှေးတပ်ပြတာတို ့
    ခေါင်းလောင်းတွေ ဆူညံအောင်တီးပြတာတို ့
    တုန်လှုပ်ထိတ့်လန့်ဖွယ် ခံစားမှုတွေကို ခပ်ကြမ်းကြမ်း ဖော်ဆောင်ပြခဲ့တာပါ။

    အနုပညာလောက ဟာ အထိတ်တလန့်နဲ့ ပွဲဆူခဲ့တာပေါ့။

    အခုလည်း
    ဒီကဗျာကို ဖတ်ပြီး ကျောရိုးထဲက စိမ့်လာတယ်။
    ကဗျာ ရဲ့ အနုပညာ ဆန်တဲ့ နူးညံ့သိမ်မွေ့ခြင်းကို ခံစားရတာနဲ့အတူ
    ထိတ့်လန့်အံ့ဩမှုနဲ့အတူ . . .
    အေးစက်တဲ့အငွေ့အသက်ကို ရနေတယ်

    စကားလုံးတွေကို ဝါကျအဖြစ် ဖန်တီးတွဲဆက်ရာမှာ
    အဓိပ္ပါယ် နဲ့အတူ ချောက်ချားသွားစေလောက်တဲ့ ရသတစ်ခုက ကပ်ပါနေတယ်။
    ဥပမာ = အလောင်းကောင်ကို ဖော်ပြထားတဲ့ စကားလုံးတွေ

    ပြီးတော့ အသုဘကဗျာ ဆိုတဲ့ စကားလုံး
    ပြီးတော့ ကဗျာရဲ့ နောက်ဆုံးစာကြောင်းက
    ကျွန်တော်တို ့( ဖတ်သူတွေ)ရဲ့ ရင်ထဲ
    ဒိန်းခနဲ ဖြစ်သွားစေတယ်လေ။

    ဒါဒါဝါအကြောင်း အကျယ်တဝင့် ဆွေးနွေးချင်ပါသေးတယ်။
    အခုတော့ အချိန်မရသေးလို ့
    အခု ဒီကဗျာကို ဝေဖန်ခံစားတာဟာ
    ကျွန်တော့်တစ်ယောက်အမြင်နဲ့ပြောတာပါ။
    မှားတာပါရင် ပြင်ပေးပါဗျို ့
    =============
    ဒီကဗျာဟာ
    ကျွန်တော် အလွန့်အလွန် စိတ်ဝင်စားမိတဲ့ ကဗျာ ပါပဲဗျာ

    ==============

    ကဲ
    ပေါက်ကရလေးဆယ်တွေ ဝင် ဝင်ပြောတာ
    စိတ်မရှိပါနဲ့နော့

    လေးစားခင်မင်လျက်

Leave a Reply