Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှတ်မထားမိပေမယ့် မှတ်သားမိနေတဲ့ ပထမများ

မှတ်မထားမိပေမယ့် မှတ်သားမိနေတဲ့ ပထမများ

 

လူတိုင်းမှာ ပထမဆုံးဖြစ်ခဲ့တဲ့အရာပေါင်းများစွာရှိတတ်ပါတယ်။

နေ့စဉ်ဒိုင်ယာရီရေးလေ့ရှိသူများမှအပ ကျန်သူတို့မှာ မိမိတို့ရဲ့ပထမဆုံးတွေကို မှတ်မိချင်မှမှတ်မိပါလိမ့်မယ်။

ကျွန်မအတွက်ကတော့ ကျွန်မသိတတ်စအရွယ်မှာ ကိုယ်ပထမဆုံးသုံးဖြစ်တဲ့အရာတွေ၊ကိုယ့်အကြိုက်တွေရယ်

လို့အမှတ်တရမမှတ်သားပဲ အလိုလိုမှတ်မိနေသေးတဲ့ အကြောင်းအရာတွေများစွာရှိနေပါတယ်။

ထိုအကြောင်းအရာပေါင်းများစွာထဲက မိမိကိုစိတ်ကျေနပ်မှုပေးနိုင်တဲ့ ဝါသနာပါရာအကြောင်းအရာတွေထဲက

ပထမလေးတွေကို စီကာစဉ်ကာချရေးလိုက်မိပါတယ်။

 

 

-ပထမဆုံးကြိုက်မိတဲ့ရုပ်သံဇာတ်လမ်းတွဲ= Journey To The West

စကြိုက်မိတဲ့ကာလ=ငယ်လွန်းတာကြောင့်မမှတ်မိနိုင်တော့

 

-ပထမဆုံးကြိုက်မိတဲ့ ရုပ်ပြောင်ကာတွန်း=ကာတွန်းပိုးဇာရဲ့ မောင်မောင်ဇာနဲ့အမွှာညီအစ်မဇာတ်ကောင်

စတင်ကြိုက်မိတဲ့ကာလ=၁၉၉၂ခုနှစ်ဝန်းကျင်လို့ထင်ပါတယ်။

 

-ပထမဆုံးကြိုက်မိတဲ့မြန်မာမင်းသား=စိုးသူ

စကြိုက်မိတဲ့ကာလ=၁၉၉၂ ဝန်းကျင်

 

-ပထမဆုံးကြိုက်မိတဲ့အဆိုတော်=မိုက်ကယ်ဂျက်ဆင်

စကြိုက်မိတဲ့ကာလ=၁၉၉၃ ဝန်းကျင်

 

-ပထမဆုံးဝင်ဖြစ်သည့်အသင်းအဖွဲ့=ကျောင်းဘင်ခရာအဖွဲ့

စဝင်ဖြစ်သည့်ကာလ=၁၉၉၄ ခုနှစ်

 

-ပထမဆုံးစကြိုက်မိတဲ့နိုင်ငံခြားမင်းသား=ဂျက်လီ

စကြိုက်မိတဲ့ကာလ=၁၉၉ရ ခုနှစ်

 

-ပထမဆုံးစကြိုက်မိတဲ့ဝတ္ထု=ဆွေဆွေအောင်ရဲ့”ပိုင်”

စဖတ်မိတဲ့ကာလ=၁၉၉၈ ခုနှစ်

 

-ပထမဆုံးကွန်ပြူတာစသုံးစဉ် သုံးဖြစ်ခဲ့တဲ့ Window= Window98

စသုံးဖြစ်တဲ့ကာလ=၂၀၀ဝ ခုနှစ်

 

-ပထမဆုံးကြိုက်မိတဲ့ Software= Adobe Page Maker(စသုံးဖြစ်တဲ့ဗားရှင်း-6.1)

စသုံးဖြစ်တဲ့ကာလ=၂၀၀ဝ ခုနှစ်

 

-ပထမဆုံးအင်တာနက်နဲ့စတင်ထိတွေ့ရချိန်သုံးဖြစ်တာက= Google Search

စသုံးဖြစ်တဲ့ကာလ=၂၀၀၆ ခုနှစ်

 

-ပထမဆုံးသုံးဖြစ်တဲ့လူမုှကွန်ယက်ဝက်ဘ်ဆိုဒ်=Facebook

စသုံးဖြစ်တဲ့ကာလ=၂၀၁ဝ ခုနှစ်

 

-ပထမဆုံးသတင်းနဲ့သတင်းဓာတ်ပုံများပုံမှန်ဝင်ကြည့်ကူးယူသိမ်းဆည်းဖြစ်သည့်ဝက်ဘ်ဆိုဒ်=The Mandalay Gazette

စတင်ဝင်ကြည့်ဖြစ်တဲ့ကာလ=၂၀၁ဝ ခုနှစ်

 

-ပထမဆုံးစတင်နှစ်သက်မိသည့်(ning အခြေပြု)မြန်မာလူမှုကွန်ယက်ဆိုဒ်=အွန်လိုင်းပြတိုက်

စတင်မန်ဘာဝင်ဖြစ်တဲ့ကာလ=၂၀၁ဝ ခုနှစ်

 

ခေတ်ကာလတွေရွေ့လျားလာတာနဲ့အမျှ မိမိရဲ့အကြိုက်တွေ၊သုံးစွဲရတဲ့အရာတွေဟာ အမျိုးမျိုးပြောင်းလဲလာပေမယ့်

ပထမဆုံးသော အကြောင်းအရာများစွာထဲက အွန်လိုင်းမှာရှိတဲ့လူတော်တော်များများ စိတ်ဝင်စားလောက်စရာလေ; တွေကိုတော့

မမေ့နိုင်စွာဖြင့် စီကာစဉ်ကာမှတ်တမ်းတင်ထားချိန်ဖြင့်အဆုံးသတ်လိုက်ရပါတယ်။

 

 

 

38 comments

  • KZ

    September 22, 2013 at 11:45 am

    ဟိ။
    ရေးပေးဦးမှာ။
    နက်ဖြန်ပြန်လာမယ်။
    ပထမနေရာ အရင်လာဦး တာ။
    :mrgreen:

    • ဓါမျိုးဆိုဝါသနာကမနေသာတော့ဘူးပေါ့
      ညလေးတို့ငယ်တုန်းကလည်း ရေးပေးပါတွေ၊တနေ့တာတွေ တော်တော်အရူးထခဲ့တာမွားရဲ့
      :byee:

  • ရာမည

    September 22, 2013 at 1:38 pm

    ပထမဆုံးရီးစား…….. .?

  • ကိုရင်စည်သူ

    September 22, 2013 at 1:47 pm

    1992 လောက်ထဲက တီဗီကြည့်တတ်နေပီဆိုတော့ မနန်းတော်ရာသူက
    ကျော့်ထက် ဆယ်နှစ်လောက်ကြီးတာပေါ့.. ကျော်ဆို… ၉၂ လောက်ကဆို..
    အမေ့ဘိုက်ထဲ ခလောနေတာ… :mrgreen:

  • အလင်းဆက်

    September 22, 2013 at 5:54 pm

    မိုက်ကယ် တို ့
    ဂျက်လီ တို ့ ကြိုက်မိတာ တူတယ်ဗျို ့

    ကျွန်တော် ပထမဆုံး ဖတ်ဖြစ်တဲ့ ဝတ္ထုကတော့
    တာရာမင်းဝေ ရဲ့
    ကြယ်သီချင်းနှင့် လမင်းသံစဉ်

    အဲဒီ စာအုပ်ကို အငှားဆိုင်က ငှားဖတ်မိကတည်းက
    စာပေ ကို စိတ်ဝင်စားရာကနေ ချစ်သွားပါလေရော

    • တာရာမင်းဝေက အစ်မတို့ပထမနှစ်တက္ကသိုလ်ကျောင်းသူဘွမှ စဖတ်ဖြစ်တာအလင်းဆင်းရဲ့
      စဖတ်ဖြစ်တဲ့စာအုပ်က ပန်းခေတ်ကလမင်း လေ

  • TNA

    September 22, 2013 at 7:08 pm

    ပထမဆုံးကြိုက်တဲ့ဇာတ်လမ်းတွဲကတော့ Little House on the Parry ( စာလုံးပေါင်းမှားလောက်တယ် ) အဲဒါပထမဆုံးကြိုက်တဲ့ကားလေးပေါ့။ ပထမဆုံးကြိုက်တဲ့မင်းသားက ကျော်သူ အဆိုတော်က ဇော်ဝင်းထွတ် ပထမဆုံးဝတ္ထုကတော့ လမင်းမိုမိုရဲ့မောင်။ မှတ်မတာလေးတွေပေါ့လေ

    • မွသဲပြောတဲ့ဇာတ်လမ်းတွဲတော့မကြည့်ဖူးဘူး။လမင်းမိုမိုရဲ့ မောင် ကတော့အကြိုက်တွေထဲကတစ်ခုပဲ။
      လမင်းမိုမိုကိုစဖတ်ဖူးတာက “အနုံ”နဲ့လေ နောက်မှအဟောင်းတွေပြန်ရှာဖတ်မိတာ။

  • ခင် ခ

    September 22, 2013 at 8:06 pm

    ဒီရွာရဲ့ မန်ဘာတွေထဲက ရွာအပြင်မှာ ပထမဆုံး ဆက်သွယ်ခင်ဖြစ်ခဲ့တဲ့သူက ရွာသူ အိတုံ။
    ဒီရွာရဲ့ မန်ဘာတွေထဲက ရွာအပြင်မှာ လူကိုယ်တိုင် ပထမဆုံး တွေ့ဆုံဖြစ်သူက မန်းက ကိုပေါက်။
    ခင်ခ ပထမဆုံးပိုစ့်ရေးခဲ့တဲ့ အကြောင်းအရာက သမ္မတဦးသိန်းစိန် ကျန်းမာရေးနှင့်ပက်သက်သော သတင်း။

    • ဂေဇက်ကိုမဝင်ခင်ကတည်းကပထမဆုံးသတိပြုမိတာက “ကြောင်ပုစွန်မစားကြွပ်ကြွပ်အိတ်ဝါး”။
      မန်ဘာတွေထဲမှာပထမဆုံးခင်မင်ခဲ့တာက လုံမလေး၊

  • kyeemite

    September 23, 2013 at 10:11 am

    ဘဝမှာ ပထမဆုံး စာမေးပွဲကျဖူးတာက ၁ဝတန်း၊
    ရန်ကုန်ကို ပထမဆုံးရောက်ဖူးတာက ၁၉၇၅
    ပထမဆုံး ဖတ်ဖူးတဲ့ ဝတ္ထုတွေ ကာတွန်းတွေတော့ မှတ်မိတော့ဘူး 😀

    • လူကြီးတွေကတော့ငယ်ငယ်ကအကြောင်းတွေမှတ်မိခဲပါတယ်။အထူးသဖြင့်အမျိုုးသားတွေကပိုပြီးထင်လေ့ရှိတာက။မိန်းမတေကအရေးမပါတာတွေသိပ်ခေါင်းထဲထည့်တယ်ဆိုပြီးလေ။
      🙂
      .အရေးအကြီးဆုံးဆယ်တန်းကျတာကိုတော့မှတ်မိနေမှာပေါ့
      :hee:

  • KZ

    September 23, 2013 at 10:40 am

    -ပထမဆုံးကြိုက်မိတဲ့ရုပ်သံဇာတ်လမ်းတွဲ=

    စကြိုက်မိတဲ့ကာလ= ဘယ်တုန်းကတုန်းဆိုတော့ ၄ တန်းလားပဲ။ ဒါမဲ့ ဂျော်ဂျနီဒက်(ပ) ကို ချောမှန်းသိနေပြီ။ ခွိ။

    -ပထမဆုံးကြိုက်မိတဲ့ ရုပ်ပြောင်ကာတွန်း=ငထက်ဖျား

    စတင်ကြိုက်မိတဲ့ကာလ=မှတ်မိဘူးးးး သူ ဆွဲတဲ့ မိန်းခေးပုံလေးတွေ ကြိုက်တာ။

    -ပထမဆုံးကြိုက်မိတဲ့မြန်မာမင်းသား=ရဲအောင်

    စကြိုက်မိတဲ့ကာလ=၁၉၉၂ ဝန်းကျင်လောက်ပဲ

    -ပထမဆုံးကြိုက်မိတဲ့အဆိုတော်=မိုက်ကယ်ဂျက်ဆင်/စိုးသူ

    စကြိုက်မိတဲ့ကာလ=၁၉၉၃ ဝန်းကျင် (တူတူပဲ)

    -ပထမဆုံးဝင်ဖြစ်သည့်အသင်းအဖွဲ့=စာကြည့်တိုက်အဖွဲ့

    စဝင်ဖြစ်သည့်ကာလ=၁၉၉၂ ခုနှစ်

    -ပထမဆုံးစကြိုက်မိတဲ့နိုင်ငံခြားမင်းသား=ဂျော်နီဒက်(ပ) ပါဆို။ ဟိဟိ

    စကြိုက်မိတဲ့ကာလ=၁၉၉ဝ ခုနှစ်

    -ပထမဆုံးစကြိုက်မိတဲ့ဝတ္ထု= တက္ကသိုလ် ဘုန်းနိုင် “သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်”

    စဖတ်မိတဲ့ကာလ=၁၉၉၁ ခုနှစ် လောက်ထင်တာပဲ။

    -ပထမဆုံးကွန်ပြူတာစသုံးစဉ် သုံးဖြစ်ခဲ့တဲ့ Window= Window97

    စသုံးဖြစ်တဲ့ကာလ=၁၉၉၈ ခုနှစ်

    -ပထမဆုံးကြိုက်မိတဲ့ Software= မရှိ။

    စသုံးဖြစ်တဲ့ကာလ=မသိ

    -ပထမဆုံးအင်တာနက်နဲ့စတင်ထိတွေ့ရချိန်သုံးဖြစ်တာက= Google Search

    စသုံးဖြစ်တဲ့ကာလ=၂၀၀၅ ခုနှစ်

    -ပထမဆုံးသုံးဖြစ်တဲ့လူမုှကွန်ယက်ဝက်ဘ်ဆိုဒ်=Facebook

    စသုံးဖြစ်တဲ့ကာလ=၂၀၀၉ ခုနှစ်

    ဟိ။
    ကျန်တာတော့ မရှိလို့ မဖြေတော့ဘူးးးး
    သော်သော် ဖောမက် အတိုင်းပဲလိုက်လိုက်တယ်။

    😀

    • သိပ်မပြောချင်ရှာဘူး နာ့မွမွက
      :mrgreen:
      မွားနဲ့ညီမနဲ့ကအကြိုက်တွေတူနေတယ်။
      ညီမက စိုးသူနဲ့မိုက်ကယ်ဂျက်ဆင်ကိုကြိုက်တော့ ငယ်ငယ်လေးပဲရှိသေးတာ။
      :mrgreen:

  • Mr. MarGa

    September 23, 2013 at 12:58 pm

    ပထမဆုံးတွေကို ပြောတော့ ပြောချင်သား
    ဒါပေမင့် ပြောတော့ပါဘူးလေ
    မှတ်မှတ်ရရ
    ပထမဆုံး ကျတဲ့ စာမေးပွဲကတော့

    http://myanmargazette.net/158290

    :mrgreen:

    • ပထမဆုံးကျတဲ့စားမွဲကတော့သိဘာတယ် သိဘာတယ်။
      ဒီလောက်ကျော်ကြားတဲ့ ဆယ်လီဗျစ်တီရဲ့စားမွဲပဲဟာ
      :kwi:

  • အဘ ဖားသက်ပြင်း

    September 23, 2013 at 2:06 pm

    ထိပ်ဆုံးကြိုက်မိတဲ့မင်းသားက. မဲလ်ဂစ်ဆင် ဗျ. နောက်ပိုင်း တွမ်ဟန့်စ် ပိုကြိုက်သွားတယ်.
    ၂၀၀ဝ ပြည့်နှစ်ကျော်လာမှ ဂျောနီဒတ်ပ် ကြိုက်တာရယ်. အဲ့ ကြိုက်လွန်းလို့ ကိုစ့်ပြတ်အောင်
    လေ့လာဖြစ်သွားတယ်. ငိငိ. ဆံပင်တောင် သူ့ဇာတ်ကောင်ပုံစံအတိုင်းထားတဲ့အထိပါဆို.

    ထိပ်ဆုံးဖတ်တဲ့ ဝတ္ထုကတော့. စာရေးဆြာနာမည်မေ့နေပီ.
    သူကသူ့သမီးကို ဇာတ်လိုက်မင်းသမီးနေရာထားထားရေးတတ်တယ်
    ဇာတ်လိုက်မင်းသားခညာ. ဂွကျတာပေါ့ဗျာ. အတော်ပွေလီတဲ့စာရေးဆြာ.

    ဝူခုံးကြိုက်ခဲ့တာ ထိပ်ဆုံးကတော့တူသဗျ. ဒါပေသိ. နောက်ပိုင်း. ကောကျင့်ကိုပိုကြိုက်သွားတယ်
    ရင်းနှီးတဲ့ စီလုပ်အူးလေးတယောက်က. သံသေတ္တာကြီးနဲ့ထည့်ထားတဲ့ ဝတ္ထုတွေထုတ်ပေးတယ်လေ
    ကောကျင့် ဝမ်ခမ်းနဲ့ ယုံအော်ကို မျိုးချစ် မျိုးသစ် နဲ့ ကလျာ ဆိုတဲ့နာမည်တွေနဲ့ ဖတ်ဖူးသပေါ့ဗျာ.
    စီလုပ်သိုင်းဝတ္ထုကို ဗမာနာမယ်တွေနဲ့ထိပ်ဆုံးဖတ်ဖူးတာ ဆိုပါတော့
    အမှတ်မမှားရင် ဆြာ တက္ကသိုလ် ဘုန်းကြွယ် ထင်တယ်.
    ထိပ်ဆုံးစကြိုက်ဖူးတဲ့ မင်းသားတော့မသိဝူး.
    ထိပ်ဆုံး စကြိုက်ဖူးတဲ့ မင်းသမီးကတော့. သင်ချာကြီးပါ.
    ထိပ်ဆုံးစကြိုက်ဖူးတဲ့အဆိုတော်ကတော့ ဘိုထီးဖြစ်မယ် ထင်တယ်
    ထိပ်ဆုံးစကြိုက်တဲ့သီချင်းက. မြင်းလှည်းသမားလည်းအချစ်နဲ့ပါ. တဲ့.
    နောက်ပိုင်း ဦးစိုး(လွှမ်းမိုး) ကိုပိုကြိုက်ပီး. ကိုငှက် နဲ့ကိုညီထွဋ် ပိုကြိုက်သွားတယ်

    ထိပ်ဆုံး စကြိုက်မိတဲ့ ယဲဇားကတော့.

    မပြောတော့ပါဝူးဗျာ.
    (——–ရှိုက်သံများ———–)

    • ကျင့်ကိုကိုထက်ထိုက်ကျိသူရဲကောင်းကိုပိုကြိုက်တာ။
      မောင်ဂီ့နှယ်ကျုပ်လည်းပဲ သိုင်းဝတ္ထုတွေအတော်ဖတ်ခဲ့တာ
      ရအုပ်တွဲ၊၈အုပ်တွဲထိပဲ။နောက်မှ အချစ်ဘက်ကူးသွားတာ။
      😀

  • sorrow weaver

    September 23, 2013 at 5:06 pm

    ပထမဆုံးကြိုက်တဲ့ရည်းစား = ခြင်္သေ့ကျွန်းလေကြောင်းလိုင်းရဲ့လေယာဉ်မယ် အစုတ်ပလုတ်မကြီး
    ဒုတိယကြိုက်တဲ့ရည်းစား = လေကြောင်းလိုင်းစနစ်က လူဆိုးမကြီး
    တတိယကြိုက်တဲ့ရည်းစား နဲ့လက်ရှိရည်းစား = မြန့်ကျန့်ပြည်နယ် စီးပွားရေးမြို့တော်နာမည်နဲ့ လေကြောင်းလိုင်းက ကချင်မကြီး အာဟိ…

    ပထမဆုံးအလုပ် = ကုလားလေကြောင်းလိုင်း
    ( ငါ့နှယ့်..လေနဲ့ကိုမလွတ်နိုင်ဘူး…အာဟိ )
    ပထမဆုံးကြိုက်တဲ့မင်းသမီး = အီမာဝပ်ဆန်…
    ( ဟယ်ရီပေါ်တာကားစပေါ်တုန်းက ပိစိလေးရှိသေးတယ်…အဲ့ကတဲက ရန်လုပ်တာ အာဟိ )

    • အမလေး တူညားဒွေလိုပထမတင်မကဘူး။ဒုတိယ၊တတိယတွေပါအဆစ်ကြေငြာတွားတာ များလိုက်တဲ့ရဲဇားတွေ
      😀
      ပို့စ်ခေါင်းစဉ်ကသာ မိမိရဲ့အကြိုက်ပေါင်းများစွာဆိုရင် ဒိထက် ထပ်ထွက်လာဖို့ရှိရင်ရှိအုံးမယ်
      :mrgreen:

  • အရီးခင်

    September 23, 2013 at 5:14 pm

    ရွာမှာ ပထမဆုံး Post ရေးတော့ ပထမဆုံး မှတ်ချက်ပေးသူ က တော့
    ဒန့်ဒလန်လန် ………………..

    မီးကြိုက် သူ ကြိုက်မီး – ကြီးမိုက် ပါဗျား။ 😛

    • ရွာထဲပို့စ်တင်တော့ ပထမဆုံးအားပေးသူက ကိုပေနဲ့ကထူးဆန်း ဘူအရင်လဲတောင်မှတ်မိတော့ဘူး။
      💡

      • KZ

        September 23, 2013 at 7:47 pm

        သများက မှတ်မိတယ်။
        သများရဲ့ မောင်ဂလေး နှာဘူးလေး အရင် လာ ကော်မန့်ပေးတာ။။

        ဖဘမှာ ပထမဆုံး Add လိုက်တာက မောင်ဂလေး သဂျိုးလေးးးး

        :chit:

  • lele kyi

    September 23, 2013 at 7:37 pm

    မီး လည်း ဦးဖောကို အမှတ်ရတုန်းပဲ။ဟဲဟဲ။ ဦးဖောကသမီးလေးတွေအကြောင်းသိပ်ပြောတာကိုး။ နောက်တာပါ.. ဦးဖောရဲ့ ခရီးသွားပို့တွေရယ် နိုင်ငံရပ်ခြား ဗဟုသုတ တွေရယ်.အကျင့်စရိုက်နဲ့တွေးခေါ်ပုံတွေ ခြားနားတာတွေရယ်။ မှတ်မှတ်ရရ ညံ့ကြေးကို ရင်နာဆုံးပဲ။

    • အဘဖော Foreign Resident ကိုပြောတာလား
      အဘဖောကတော့ ရောက်ရောက်ချင်းသတင်းကြီးစေတာမို့ မမေ့နိုင်စရာပါပဲ
      😀

    • Foreign Resident

      September 26, 2013 at 5:46 am

      ဟဲ့ ပလုတ်တုတ် ။ ပထမ များဆိုပြီး အေးဆေး ဖတ်လာတာ ။
      ဘယ်လိုဖစ်ပြီး ၊ သာမီးလေးတွေ ရဲ့ ပထမ တွေကြားထဲ ၊
      ငါ့ နာမည်ကြီးက ကန့်လန့် ကန့်လန့် ပါလာပါလိမ့် ။ 😛
      ( ရင်ကို ခုန်သွားတာပဲ ။ ဟီ ဟိ ။ နောက်ထှာ )

      အဘ ရဲ့ မှတ်မိသလောက် ပထမ ကိုရေးရမယ် ဆိုရင်တော့ ။
      ပထမ ရည်းစား = အဘ ဘဝ ရဲ့ လက်ရှိ ပဲ့ကိုင်ရှင်ပါပဲ ။
      ( အဟိ ၊ ဒုတိယ ရည်းစား လဲ မရှိပါဘူးကွယ် )

  • Crystalline

    September 25, 2013 at 8:38 pm

    ရုပ်ရှင်ကတော့ Tom & Jerry
    ရုပ်ပြ.. မဖတ်ဖူးဘူး
    မင်းသား.. လင်းထင်.. ဟိုတနေ့ကမှကြည့်လိုက်ရတာ.. :mrgreenn:
    နိုင်ငံခြားမင်းသား.. ပထမဆုံးဂျိမ်းဘွန်းမင်းသားကြီးထင်တယ်.. မိုက်ဒလယ် 😉
    အဆိုတော်.. ကိုကြီးငဲ
    ဝတ်ထု.. ဝင်းဝင်းလတ်ရဲ့အချစ်၏နောက်ဆက်တွဲ နဲ့ နုနုရည်အင်းဝရဲ့ တောင်ပြုံးဇတ်လမ်း
    အင်တာနက်ကို MPT က လိုင်းဖုန်းနဲ့သုံးရတဲ့ Dial up စနစ်ကတည်းကစသုံးခဲ့ပါသည်။ ၂၀၀၃ ဝန်းကျင်ပေါ့.. အဲဒီအချိန်က ဖွင့်သမျှဆိုက်မပွင့်.. အနီရောင်နဲ့ access denied ဆိုတာပဲပေါ်တယ်..
    ပထမဆုံးကြိုက်မိသော ဘောလုံးသမား.. ဘက်ခမ်း :loll:

    • ွွှှTom & Jerry ကတော့ကြိုက်တယ်။လင်းထင်ဆိုတာကတော့ အခုမှပဲကြားဖူးတာ
      ဂျိမ်းစဘွန်းတွေကများတယ် ပီးယက်ဘရော့စ်နန် ကိုအကြိုက်ဆုံးပဲ။
      ပထမဆုံးကြိုက်မိတဲ့ဘောသမားကတော့ မျိုးလှိုင်ဝင်း
      😀

  • ဦးကြောင်ကြီး

    September 26, 2013 at 8:59 am

    အနော်ကြောင်ကြီးလည်း ပထမဆုံး ထုတာ ပြောဂျင်ဒယ်.. 😳 အဲဒုံးဂ အိမ်မှာ လူဂျီးဒွေ အရှိဗူး… မနက်စာ ပျားရည်ဆမ်း ကြက်ဥပူတင်းနဲ့ နွားနို့သောက်ထားတော့ အားသိပ်ရှိနေဒယ်.. ပီးတော့ ခလေးလည်း အဟုတ်တော့ဗူး.. ဆိုဒေါ့ ဟိုဟာစမ်းချင် ဒီဟာစမ်းချင် ကလိဂျင်နေဓာတ်ပီ… တိုတိုပေါရရင် လူမရှိဒုံး ထုကြည့်မဟဲဆိုပီး ရေချိုးခန်းဝင် ထုလိုက်တယ်…..။ ပထမဆုံးမို့ ပီးလည်းပီးရော လျှာထွက်ရောပဲ…။ အဲဒီနေ့တော တသက်မမေ့တော့ဗူးဗျာ… ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာတဲ့ ပထမဆုံး နေ့ဆို အမှားဗူး……. ဒဗဲ ဒဗဲ… ကြုံလို့ ဝင်ပေါဒါ… ခွေးလွှတ်ကြပါ…။ ……….
    …….
    ……………
    ……………
    ……………

    .. …………..
    ………….

    . ………………………………
    ဆောဒီး ကျန်သွားလို့.. အဲဒီ့ကျေးဇူး အခုကျနော် အိမ်ဆောက်တဲ့ ကန်ထရိုက်တာဂျီး ဖြစ်နေပီ… ဒါပေမဲ့ တူနဲ့တော့ မထင်နဲ့…. ပိုင်ရိုက်သွင်းနေဗီဂျ……။ ဝုန်း ဝုန်း… :mrgreen:

  • Paing Lay

    December 16, 2013 at 4:22 pm

    အနော် မှတ်မိတဲ့ ပထမဆုံးတွေကတော့ ဘုစုခရုက စပြောရမယ်ဆိုရင်-

    ပထမဆုံးစားဖူးတဲ့ သရေစာ- လျှာပေါ်ဝဲမုန့်
    ပထမဆုံးကြည့်ဖူးတဲ့ ကာတွန်းကား- Tom & Jerry
    ပထမဆုံးကြည့်ဖူးတဲ့ သိုင်းကား- Once Upon Time in China III(ငယ်ငယ်တုန်းကတော့ ဝမ်ဖေးဟုန်လို့ပဲ အလွတ်တကူသိကြတယ်) :mrgreenn:
    ပထမဆုံးကြည့်ဖူးတဲ့ Hollywood Movie: Speed
    ပထမဆုံး ခရီးထွက်ဖူးတဲ့ဒေသ : ပုဂံ(ဆယ်တန်းအောင်တုန်းက တစ်ခေါက် ထပ်ရောက်ဖြစ်တယ်)
    ပထမဆုံး ရည်းစားထားဖူးတဲ့ အချိန် : ရတန်း ကျောင်းသားဘဝတုန်းက သူများမြှောက်ပေးတာ လျှောက်လုပ်ရင်းနဲ့ ရည်းစားထားတတ်သွားခြင်း (သို့ပေသိ ခုချိန်ထိ လူအများရှေ့မှာ ဒါငါ့စော်ကွလို့ မကြွားနိုင်သေး) :mrgreen:
    ပထမဆုံး ကွန်ပျူတာနဲ့ စတင်ထိတွေ့ဖူးတဲ့ အချိန်: ၈တန်း ကျောင်းသားဘဝ နှစ်စ
    ပထမဆုံး အင်္ဂလိပ်စာ လေ့လာတဲ့ ခုနှစ် : ၆တန်း ကျောင်းသားဘဝ 2000 ခုနှစ် (Self study လုပ်ပြီး နာမည်တွေ ပေါင်းကြည့်တဲ့ အချိန်)
    ပထမဆုံး ချက်တင်ထိုင်ဖူးတဲ့ ခုနှစ် : QQ နဲ့ ချက်တင်စထိုင်ဖူးတဲ့ 2006 ခုနှစ်
    ပထမဆုံး G-talk ကို စတင်အသုံးပြုတဲ့နှစ် : 2010 ဒီဇင်ဘာ X’ mas မတိုင်ခင် စတင်အသုံးပြုသည်။
    ပထမဆုံး Facebook နဲ့စတင်ရင်းနှီးတဲ့ နှစ် : 2012 မတ်လ 11 ရက်နေ့ဖြစ်ပါသည် ခီညော်။
    တော်သေးဘီ ခွက်ဒစ်တူ အဘဖော် 😀 :boss:

    • ပထမဆုံးကြည့်ဖူးတဲ့ ကာတွန်းကား- Tom & Jerry
      ပထမဆုံးကြည့်ဖူးတဲ့ သိုင်းကား- Once Upon Time in China III(ငယ်ငယ်တုန်းကတော့ ဝမ်ဖေးဟုန်လို့ပဲ အလွတ်တကူသိကြတယ်) :mrgreenn:
      ပထမဆုံးကြည့်ဖူးတဲ့ Hollywood Movie: Speed

      အာ့တွေကြိုက်တာခြင်းတူတယ်
      🙂

Leave a Reply