လူ ဆိုတာဟာ အပေါင်းအသင်းအစုအဖွဲ့နဲ့မှ အသက်ရှင်နေထိုင်နိုင်တဲ့သတ္တဝါမျိုးပါ။ ဒါကြောင့်မို့ ကျွန်မတို့တစ်ဦးချင်းစီအတွက် ရင်ဖွင့် ရယ်မော တိုင်ပင် ဖို့ရန် မိတ်ဆွေအပေါင်းအသင်းများစွာ လိုပါတယ်။ ကျွန်မအထက်တန်းအရွယ်တုန်းက ကျွန်မနဲ့အတန်းတူ သူငယ်ချင်းညီအစ်မနှစ်ယောက်ကို အလွန်ခင်မိပါတယ်။နေ့တိုင်း အားတိုင်း သူတို့အိမ်သွားသွားနေလွန်းတော့ ကျွန်မရဲ့အစ်မလတ်ကကျွန်မကို ပြောတယ်။ “ညီမလေး အခုတွေ့နေရတဲ့သူငယ်ချင်းတွေထက်ခင်တာ တက္ကသိုလ်ကျရင်တွေ့လာရလိမ့်မယ်” တဲ့ ကျွန်မ လက်မခံခဲ့ပါဘူး။ငယ်ကချစ်အနှစ်တစ်ရာတဲ့ ငယ်သူငယ်ချင်းကမှအခင်ရဆုံးလို့ထင်မိတယ်။အမှန်တော့ သူတို့ညီအစ်မဟာ ကျွန်မရဲ့ မူလတန်းဘဝတည်းက သူငယ်ချင်းတွေမဟုတ်ပဲ မူလတန်းဘဝကသူငယ်ချင်းတွေကိုတောင်မေ့ပြီး သူတို့ကိုပိုခင်နေမိတာ ကိုယ့်ကိုယ်ကို သတိမပြုမိရှိနေခဲ့တာပါ။ ကျွန်မအစ်မပြောတဲ့စကားကသိပ်မှန်ပါတယ်။ ကျွန်မ ဥပဒေတက်နေရာက ခုနကပြောတဲ့ သူငယ်ချင်းညီအစ်မတက်နေတဲ့ သိပ္ပံတွဲကို ပြောင်းခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဝိဇ္ဖာ-သိပ္ပံ ကျောင်းတက်ချိန် မနက် နေ့လည် ကွာတာမို့ ခင်လွန်းတဲ့ကျွန်မ မေဂျာပြောင်းခဲ့မိတော့ ညီအစ်မနှစ်ယောက်ထဲက အငယ်မလေးနဲ့ကျွန်မ တစ်မေဂျာတည်း […]