ခင်ရာဆွေမျိုး

လူ ဆိုတာဟာ အပေါင်းအသင်းအစုအဖွဲ့နဲ့မှ အသက်ရှင်နေထိုင်နိုင်တဲ့သတ္တဝါမျိုးပါ။

ဒါကြောင့်မို့ ကျွန်မတို့တစ်ဦးချင်းစီအတွက် ရင်ဖွင့် ရယ်မော တိုင်ပင် ဖို့ရန် မိတ်ဆွေအပေါင်းအသင်းများစွာ လိုပါတယ်။

 

ကျွန်မအထက်တန်းအရွယ်တုန်းက ကျွန်မနဲ့အတန်းတူ သူငယ်ချင်းညီအစ်မနှစ်ယောက်ကို အလွန်ခင်မိပါတယ်။နေ့တိုင်း အားတိုင်း သူတို့အိမ်သွားသွားနေလွန်းတော့ ကျွန်မရဲ့အစ်မလတ်ကကျွန်မကို ပြောတယ်။

“ညီမလေး အခုတွေ့နေရတဲ့သူငယ်ချင်းတွေထက်ခင်တာ တက္ကသိုလ်ကျရင်တွေ့လာရလိမ့်မယ်”

တဲ့ ကျွန်မ လက်မခံခဲ့ပါဘူး။ငယ်ကချစ်အနှစ်တစ်ရာတဲ့ ငယ်သူငယ်ချင်းကမှအခင်ရဆုံးလို့ထင်မိတယ်။အမှန်တော့ သူတို့ညီအစ်မဟာ ကျွန်မရဲ့ မူလတန်းဘဝတည်းက သူငယ်ချင်းတွေမဟုတ်ပဲ မူလတန်းဘဝကသူငယ်ချင်းတွေကိုတောင်မေ့ပြီး သူတို့ကိုပိုခင်နေမိတာ ကိုယ့်ကိုယ်ကို သတိမပြုမိရှိနေခဲ့တာပါ။

 

ကျွန်မအစ်မပြောတဲ့စကားကသိပ်မှန်ပါတယ်။

ကျွန်မ ဥပဒေတက်နေရာက ခုနကပြောတဲ့ သူငယ်ချင်းညီအစ်မတက်နေတဲ့ သိပ္ပံတွဲကို ပြောင်းခဲ့တယ်။

ဘာကြောင့်လဲဆိုတော့ ဝိဇ္ဖာ-သိပ္ပံ ကျောင်းတက်ချိန် မနက် နေ့လည် ကွာတာမို့ ခင်လွန်းတဲ့ကျွန်မ မေဂျာပြောင်းခဲ့မိတော့ ညီအစ်မနှစ်ယောက်ထဲက အငယ်မလေးနဲ့ကျွန်မ တစ်မေဂျာတည်း တစ်ခန်းတည်း သွားကျသလို၊အကြီးမနဲ့လည်း ကွန်ဘိုင်းချိန်တွေတွေ့ဆုံရတယ်။

 

မကြာပါဘူး ညီအစ်မနှစ်ယောက်လုံး ရည်းစားတွေရပြီး ကျွန်မနဲ့ မတွဲတော့ပါဘူး။ကိုယ်စီရည်းစားတွေနဲ့ သွားအတူ စားအတူလုပ်နေကြတော့တာမို့ ကျွန်မ အဖော်ကွဲခဲ့ရပါတယ်။ဝမ်းလည်းအရမ်းနည်းခဲ့ရတယ်။

သူတို့ရည်းစားတွေက ကျွန်မတို့ အထက်တန်းကျောင်းကပဲမို့ရင်းနှီးနေပေမယ့် ကျွန်မကြည့်မရဖြစ်ခဲ့ရတယ်။

ငါနဲ့နေကြပါလို့ မပြောထွက်ပေမယ့် သူတို့နဲ့သွားအတူ စားအတူရှိချင်နေမိသေးတယ်။

 

ဒီလိုနဲ့ကျွန်မဟာ မနက်တိုင်းကျွန်မတို့နဲ့အတူ ကျောင်းကားဂိတ်ကိုခြေကျင်လျှောက်နေကျ အကြီးမနဲ့မေဂျာတူ သူငယ်ချင်းနှစ်ယောက်နဲ့တွဲမိတော့တယ်။

အဲ့သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်က ကျွန်တို့အထက်တန်းကျောင်းကပါပဲ။ဒါပေမယ့် အခန်းမတူလို့ ကျွန်မနဲ့မရင်းနှီးခဲ့ဘူး။နောက်တစ်ယောက်ကတော့ ကျွန်မတို့လမ်းထိပ်ကအိမ်မှာနေပြီး ရွာဘက်ကလာတက်တာပါ။

ညီအစ်မနှစ်ယောက်က သူတို့ရည်းစားတွေရဲ့ဆိုင်ကယ်တွေနဲ့ ကျောင်းကိုလိုက်သွားချိန်မှာ ကျွန်မက အကြီးမရဲ့မေဂျာတူသူငယ်ချင်းနှစ်ယောက်နဲ့လမ်းဆက်လျျှောက်ရပါတယ်။ကျောင်းကားစီးရပါတယ်။

နောက်တော့ ကျွန်မမှာ သူတို့နဲ့ပဲ မေဂျာချိန်တွေကလွဲ တတွဲတွဲဖြစ်နေပါတော့တယ်။

တဖြည်းဖြည်း ကျွန်မတို့ သွားအတူ စားအတူ ကွန်ဘိုင်းချိန်တွေမှာ တပူးပူးဖြစ်လာပြီး ညီအစ်မနှစ်ယောက် ကို ကျွန်မ မေ့လာခဲ့ပါတယ်။

သူတို့အကြောင်းကိုအာရုံမစိုက်မိတော့သလို သူတို့ကလည်း သူတို့ရည်းစားတွေနဲ့ စိတ်ကောက်လိုက် လျှောက်လည်လိုက်နဲ့ မအားနိုင်တော့ပါဘူး။

 

နောက်ပိုင်း ကျွန်မအိမ်မှာ ကျူရှင်ဝိုင်းကြတော့ သိပ္ပံမေဂျာစုံသူငယ်ချင်းတွေရလာပါတယ်။သူတို့မေဂျာ်ဆရာမတွေဟာ ကျွန်မဆရာမရင်းတွေဖြစ်လာပြီး ကျွန်မမေဂျာကဆရာမတွေက ကျွန်မနဲ့ကင်းကွာလာတယ်။ဘောလီဘောပွဲဆို သူတို့မေဂျာကိုကျွန်မလိုက်အားပေးဖြစ်သလို ထရိန်နင်ဆိုလည်း ကျွန်မတို့လိုက်ကူညီကြတယ်။

အဲ့ဒီကာလတွေမှာ ကျွန်မအစ်မလတ်ရဲ့စကားကိုကျွန်မအမှတ်ရမိတယ်။

ဟုတ်ပါလား ငါ ဒီလူတွေအပေါ် အရင်လူတွေထက် ပိုခင်မိနေပါကော။ဒီလူတွေကမှ ငါအခင်ဆုံးတွေပါလားလို့ တွေးမိလာပြန်တယ်။

 

ဒီလိုနဲ့ ကျွန်မတို့ကျောင်းတွေပြီး ကိုယ်စီဘဝတွေလျှောက်ကြတော့ ကျွန်မအမျိုးသားတာဝန်ကျရာဌာနက ကျွန်မနဲ့အသက်အရွယ်တူ ဝန်ထမ်းတွေဟာ ကျွန်မသူငယ်ချင်းတွေဖြစ်လာတော့ပြန်တယ်။

တစ်ယောက်ကိစ္စအဝဝ တစ်ယောက်ကူညီကြ အတူသွားကြ၊အတူစားကြနဲ့ မိဘအုပ်ထိန်းမှုအောက်မဟုတ် တော့တဲ့အတွက် ခင်မင်မှုတွေက ပိုရင့်ကျက် ပိုရင်းနှီး ပိုခိုင်မာခဲ့ကြတယ်။

မိဘအိမ်မှာလို နေ့ည ခွဲစရာမလို နေ့နေ့ညည အတူစားသွားချစ်ခင်ရင်းနှီးကြတာ ငယ်ပေါင်းကြီးဖော်တွေလိုပါပဲ။

အဲ့ဒီကာလတွေရောက်ပြန်တော့ ဪ ဒီသူငယ်ချင်းတွေက ငါ့ဘဝအတွက် ပျော်ရွှင်မှုတွေအပေးနိုင်ဆုံး လူတွေပါလားလို့ တွေးမိပြန်ပါတယ်။

 

အခုဆိုရင် ကျွန်မရဲ့နောက်ဆုံးသူငယ်ချင်းတွေဟာ အလုပ်ထွက်၊ပြည်ပထွက်၊အပြင်ထွက်နဲ့ နေရာစုံ ဘဝစုံလျှောက်ကုန်တော့ ကျွန်မတို့ရဲ့အတိတ်ကပျော်ရွှင်ခြင်းတွေဟာ အိပ်မက်လေးတွေပမာ ဖြစ်သွားခဲ့ ပြန်တယ်။

 

အွန်လိုင်းမှာ၊လူမှုကွန်ယက်ဆိုဒ်တွေမှာ တွေ့ကြပေမယ့် အပြင်မှာတုန်းကလို ပျော်ရွှင်မှုမရတော့ဘူး။အပြင်ခင်မင်မှုနဲ့အွန်လိုင်းခင်မင်မှုက အရမ်းခြားနားနေတယ်။ မိသားစုကိုယ်စီဖြစ်နေတဲ့ သူတို့ဆက်ဆံရေးဟာ အရင်ကလောက်မနွေးထွေးတော့ဘူး။

 

ဒါကြောင့် အပြင်မှာဆုံဆည်းခွင့်မရတဲ့ သူငယ်ချင်းတွေကြောင့် အထီးကျန်ခဲ့တဲ့ကျွန်မ အွန်လိုင်းကသူငယ်ချင်းတွေအပေါ် ခင်ရာဆွေမျိုးလုပ်ခဲ့တယ်။

အထူးသဖြင့် မန်းဂဇက်မှာ ခင်မင်တဲ့ လူတွေကိုသာ ကျွန်မ ပွင့်လင်းရင်းနှီးစွာပေါင်းသင်းရဲခဲ့တယ်။

ဓာတ်ပုံတောင်မမြင်ဖူးတဲ့လူတွေကိုလည်း ချစ်ခင်နှစ်လိုခဲ့တယ်။

မောင်အရွယ်ဆို မောင်လိုစိတ်၊ညီမအရွယ်ဆို ညီမလိုစိတ်၊ဦးလေးအရွယ် အဖေအရွယ်၊အဒေါ်အရွယ်၊အမေအရွယ်၊အစ်ကိုအရွယ် အစ်မအရွယ် အားလုံးကို ညီအစ်ကိုမောင်နှမဆွေမျိုးတွေလို ခင်ခင်မင်မင်အကျွမ်းဝင်ခဲ့တယ်။

တိုင်ပင်ခဲ့တယ်၊ရင်ဖွင့်ခဲ့တယ်၊ အတူရယ်ခဲ့တယ်၊အတူဝမ်းနည်းခဲ့တယ်။

ဒါကြောင့် ကျွန်မအစဉ်အလာအရ ကျွန်မရဲ့နောက်ဆုံးလူတွေဟာ ကျွန်မအတွက်တော့ အရင်းနှီးဆုံးတွေ ဖြစ်နေခဲ့ပြန်တယ်။

 

ဒါပေမယ့် အရင်းနှီးဆုံးလူတွေဟာ ဘယ်နေ့ခွဲရမလဲ အမုန်းနဲ့လားအချစ်နဲ့လားဆိုတာတော့

 

 

21 comments

  • naywoon ni

    March 5, 2015 at 1:20 am

    လူ့စိတ်​ဆိုတာကလည်​းခက်​သား ။
    ဘယ်​​လောက်​အနစ်​နာခံပြီး သူငယ်​ချင်​း​တွေ အ​ပေါ် ​ပေါင်​းတတ်​တယ်​ ။ ​ကောင်​းခဲ့တယာဆို​ပေမဲ့ သူတို့ဆီက ကိုယ်​ ခင်​မင်​သလို ​ရောင်​ပြန်​ပြန်​မဟတ်​ဖူးဆိုရင်​ နဲနဲ​တော့ ကျွဲမြီးတိုချင်​တယ်​ ။ လက်​ရှိ ပစ္စုပ္ပန်​ တည်​့တည်​့မှာ ကိုယ်​နဲ့ အ​တွေးအ​ခေါ်တူ အယူအဆ တူတဲ့ သူနဲ့ပဲ ခင်​ချင်​ စကား ​ပြောချင်​​တော့တယ်​ ။ အငြင်​းအခုန်​ သိပ်​မလုပ်​ချင်​​တော့ဘူး ။

  • တောင်ပေါ်သား

    March 5, 2015 at 10:28 am

    same to your feeling …. Thaw

  • aye.kk

    March 5, 2015 at 11:55 am

    အချစ်နဲ့အမုန်းဟာ
    စိတ်၏အဆင်းရဲဆုံးဖြစ်တာ
    အသေအချာသိလာတဲ့တနေ့မှာ
    မေတ္တာပေမ-ဆိုတဲ့
    စိတ်၏အချမ်းသာဆုံးကိုရွေးချယ်နိုင်ပါလိမ့်မယ်။။

  • Alinsett@Maung Thura

    March 5, 2015 at 1:21 pm

    အမုန်းနဲ့ ဖြစ်ဖြစ် အချစ်နဲ့ဖြစ်ဖြစ်…
    ကိုယ်ချစ်တဲ့သူတွေကို ခွဲထားခဲ့ရမှာ တွေးမကြောက်ဘူး..
    ကိုယ်ချစ်တဲ့သူတွေက ခွဲထားခဲ့မှာကြောက်တာ…

    :buu:

  • pooch

    March 5, 2015 at 3:04 pm

    တွေ့ ဆုံ ကြုံ ခွဲခွာ ကြရတာ လူ့သဘာဝပါ
    နောက်ဆုံးတော့ ကိုယ့်နားမှာ လက်ရွေးစင်တွေပဲ ကျန်နေပါလိမ့်မယ်
    အချိန်က အဆုံးဖြတ်ပေးသွားမှာပေါ့

  • kai

    March 6, 2015 at 5:02 am

    ကျုပ်ကတော့.. မန်းဂဇက်ရွာသူားတွေကို.. ဆွေမျိုးတွေလိုပဲသဘောထားပါတယ်…။
    တော်တော်များများကို.. လူချင်းတိုက်ရိုက်သိတာ..တွေ့ဖူးတာတောင်မရှိ..။
    ဒါပေမယ့်..စာတွေကနေ.. စိတ်တွေလှမ်းဖမ်းလို့ရသမို့.. အကျင့်စရိုက်တွေကိုလည်းရင်းနှီး…

    လွန်ခဲ့တဲ့..နှစ်၁၀ဝလောက်က.. လူတွေများ.. အဲလိုအဖြစ်ကို စိတ်နဲ့တောင်တွေးမိမယ်မဟုတ်..။ အိပ်မက်ထဲတောင်ထည့်မက်တတ်မယ်မထင်..။
    အံ့ဩစရာ…။ :k:

    • ဦးကြောင်ကြီး

      March 6, 2015 at 10:13 am

      မွတ်မွတ်ခြင်း သဒင်းလွေ့လွေ့…

  • Wow

    March 6, 2015 at 11:16 am

    ဒီကမ္ဘာမှာ ဘယ်အရာတည်မြဲသလဲလို့တစ်ယောက်ထဲ တွေးမိတော့ ကိုယ်လိုချင်တာတွေ ယုံကြည်တာတွေ မရေရာဘူး ချစ်ရယ်… အလဂါးးးးးးး :byee:

  • Mike

    March 6, 2015 at 11:18 am

    .ရွာသူားတွေက အပြင်မှာတွေ့လည်း ဆွေမျိုးရင်းချာလို ရင်းနှီးခင်မင်ကြကြောင်း..လက်တွေ့ :))

  • ခင်ဇော်

    March 6, 2015 at 11:45 am

    စိုသောလက် မခြောက်အောင် ကြိုးစားခဲ့/ကြိုးစားနေ/ကြိုးစားမှာပါပဲ။

    :a:

    • Wow

      March 6, 2015 at 11:50 am

      အာ့ဒေါင် ဘာလို့ခြောက် ခြောက်သွားဂျတာလဲ……. တောက်စ် :mrgreen:

      • ခင်ဇော်

        March 6, 2015 at 11:51 am

        ရေသန့်ဘူးတွေ ကလည်း ဈေးကြီးတယ်လေ။
        နောက်ခါ အိုင် တွေ့ရင် ခြေမဆေးပဲ လက်ဆေးဂျဇို့

        :mrgreen:

    • Mr. MarGa

      March 6, 2015 at 3:31 pm

      ခြောက်သောလက်ကို စိုအောင်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ
      :mrgreenn:

      • ခင်ဇော်

        March 6, 2015 at 3:35 pm

        နာ့ ဆီမှာလေ ဟန်း ဒရိုင်ယာတွေ အများကြီး ရောင်းရန်ရှိ။

        :mrgreenn:

        • Mr. MarGa

          March 6, 2015 at 3:54 pm

          အမ်
          အဲ့လာဆို ပိုခြောက်သွားမှာပေါ့ ဂျီးဒေါ်ငဲ့
          ဒွတ်ခ…. :mrgreenn:

  • Ma Ma

    March 6, 2015 at 11:03 pm

    ရွာထဲမှာ ရေးကြဖတ်ကြရင်းနဲ့ ရွာသူားတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းရင်းနှီးလာကြရတယ်။

    ချစ်ချစ်ခင်ခင် စရင်းနောက်ရင်းနဲ့ ငယ်ပေါင်းကြီးဖော်တွေလို စိတ်ထဲထင်လာကြတယ်။

    လူချင်းတခါမှ မတွေ့ဖူးကြပါပဲနဲ့ တွေ့တာနဲ့ ချက်ခြင်းတသားတည်းဖြစ်သွားကြတယ်။

    အဲလို လူမှုအသိုင်းအဝိုင်းကျယ်ပြန့်လာအောင် မိတ်ဆွေအပေါင်းအသင်းတွေများလာစေတဲ့ ဆိုဒ်ကို တည်ထောင်ထားတဲ့ သဂျီးကိုလည်း ကျေးဇူးတင်မိတယ်။
    (နောက်တာ အတည်) :p:

  • မြစပဲရိုး

    March 7, 2015 at 3:42 am

    မနန်း ပြောနေတာ အရီး ဖြစ်ခဲ့ သလိုဘဲ။
    မူလတန်း မှာ ခင်တာ၊ အထက်တန်းကျောင်းမှာခင်တာ တွေ က အဆက်အသွယ် တောင် မရတော့ဘူး။
    တက္ကသိုလ်မှာ ခင်တဲ့ သူ တွေ နဲ့ ကတော့ ခင်တုန်း။
    အများစုက ခရိုနီ ကတော် ဖြစ်ရင်ဖြစ် မဟုတ်ရင် ဒေါ်လှစား တွေ ဖြစ် နေတော့ အခု ကိုယ်ပြောတာတွေ ကို သူတို့ ခံစား နိုင်မှာ မဟုတ်ဘူး။
    ကျောင်းတုန်း က အကြောင်း တွေ ပြန်ပြောရင်တော့ နွေးထွေးတုံးပါ။
    ဒါကလဲ ကျောင်းတုန်းက ရီးစားသနာ မရှိကြတာမို့လဲ ပါမှာပါ။
    ဘရုတ်ကျလွန်းလို့လဲ ပျော်စရာကျန်သေးတာ ဖြစ်နိုင်သေးတယ်။
    အခု လောလောဆယ်မှာတော့ ကိုယ်စိတ်ဝင်စား တာတွေ ကို ကိုယ့်အနားက ဘယ်သူငယ်ချင်းမ ကမှ စိတ်မဝင်စားဘူး။
    တစ်ယောက်ကဆို ဒီလို ပြောနေတာတွေ က အချိန်တွေဖြုန်းနေတာတဲ့။
    ဒါမျိုးလုပ်တာ အားနေလို့ လားတဲ့။
    မှန်ကြမှာပါ။ သူ့ဟာနဲ့ သူတော့။
    အချိန် က ငွေကို ဖန်တီးပေးတဲ့ စက် ပိုင်ရှင်များကိုး။ တစ်ခြားဟာတွေ ဘယ် ဂရုစိုက်မလဲ။
    ဒီလိုပါဘဲ။
    တစ်ချို့ နိုင်ငံရေးလုပ်တယ် ဆိုတာကလဲ နိုင်ငံ နဲ့ ဆင်းရဲသားတွေ ကို ချစ်လို့ မှ မဟုတ်တာ။
    သူတို့ အကျိုး ရဖို့ ဒါမှမဟုတ် အာဃာတ တွေ ထားနေလို့ ကိုး။
    ကိုယ့်မှာ သာ ဟိုဘက်မရောက်၊ ဒီဘက်မရောက်။
    ဟိုဘက်လှည့် အားမရလိုက်၊ ဒီဘက်လှည့် တွန်းလိုက် နဲ့။
    ပြောစရာ ရွာထဲ ဘဲ ရှိတော့။
    ကြားချင် မချင်ချင် ဒီ မိန်းမကြီး ကို အမျိုး တော်ထားပြီး မှ နားထောင်ကြပေရော့။
    lol:-)))))))))

    မနန်း ကိုလဲ ခင်တယ်။
    အရင်ပြောဘူး တဲ့ တောင်ငူ က အရုပ် တွေ အကြောင်း မရေးသေးတာလဲ သတိရတယ်။
    မအားလဲ ရပါတယ်။
    စကားတောင်စားလေးတွေ အကြောင်း မပြတ်ရေးပြ နေရင် ကျေနပ်ပါတယ်။ :))

  • black chaw

    March 7, 2015 at 12:17 pm

    တစ်ချိန်ချိန်မှာ ခွဲရမှာပဲ
    ဒီသင်္ခ ါရ တရားကို တွေးမိတယ်
    အိုကြေကွဲလွမ်းဆွတ်မှုများ…။
    (မောင်သစ်မင်းရေး…ကျော်ဟိန်းဆို)
    ဘယ်တော့မှ မမေ့ဘူးဟေ့
    ဘယ်တော့မှ မမေ့ဘူးဟေ့
    ဘယ်တော့မှ မမေ့ဘူးဟေ့…။

  • ရွှေ ကြည်

    March 8, 2015 at 12:24 pm

    ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းပေါ့ မနန်းရယ်
    ဖြတ်သန်းခဲ့တဲ့နှစ်တွေမှာ ခင်ခဲ့တာတွေမနည်းဘူး
    ရွှေကြည့်အကျင့်က
    မကျေနပ်တာတွေးမိရင်တောင် ကောင်းခဲ့တာလေးပြန်ရှာတွေးရင်းပြန်ခေါ်ချင်နေမိတာလေ
    စိတ်တူသဘောတူရှိခဲ့သူတွေဆိုရင်တော့ ပြောမနေနဲ့တော့
    အဆက်အသွယ်လုံးဝပြတ်နေရင်တောင် တသသပေါ့

  • Crystalline

    March 8, 2015 at 1:30 pm

    ငယ်ဘဝက တကသိုလ်ထိ သူငယ်ချင်းတွေပြန်စဉ်းစားတာ… နာမည်တွေတောင်..သိပ်မမှတ်မိချင်တော့.. သံယောဇဉ်ကြီးတတ်ပုံများ… :mrgreenn:
    ဂဇက်က အချို့ကိုတော့။ထူးထူးခြားခြား ကိုယ့်ဖက်က အတော်လေးရင်းနှီးစိတ်ဖြစ်မိသား… မယ်သော်တို့…စိန်တိုးတို့အပါအဝင်… လက်ငါးချောင်းစာမပြည့်တဲ့ သူတချို့ကိုတော့… အလကားနေရင်းကို.. အညင်ကကပ်နေမိပြန်ရော… :mrgreenn:

  • ဝိုင်းမန့်အားပေးထားတဲ့ ဂဇက်အမျိုးတွေကိုကော အနီအစိမ်းပေးထားသူတွေကိုကော
    ကျေးဇူးအထူးတင်ပါတယ်။တစ်ယောက်ချင်းစီပြန်မမန့်နိုင်တာခွင့်လွှတ်ပါ။
    🙂

Leave a Reply