တရုတ်စာသင်ရိုး ၃တန်း ပထမနှစ်ဝက် ဖတ်စာအုပ်ထဲမှ စာပိုဒ်လေးတစ်တစ်ခုကို ဖတ်မိရာက ရေးစရာလေးတွေပေါ်ထွက်လာပါတယ်။ ရေးချင်တာလေးမရေးခင်မှာ စာပိုဒ်လေးကို အရင်ဘာသာပြန်ရရင် “စားပွဲခုံနဲ့ကုလားထိုင်တို့ အပြန်အလှန်ပြောစကား” ကျောင်းဆင်းပြီ။ကျောင်းသား/သူတွေအားလုံး အိမ်ပြန်ကုန်ကြပြီ။စားပွဲခုံနဲ့ကုလားထိုင်တို့လည်း အနားယူလို့ရပြီ။ “အိုက်”(အာမေဋိတ်အသံ) ကုလားထိုင်တစ်လုံးက ခါးဆန့်လိုက်ကာ သူ့ဘေးက စားပွဲခုံကိုပြောလိုက်သည်။ “မင်းသိလား? ရှောင်မင် က နေ့တိုင်းငါ့ပေါ်မှာထိုင်ပြီး နှဲ့နှဲ့နေတယ်..ငါ့ပေါင်တွေဆိုတာ တကယ့်ကိုနာနေတာပဲ” စားပွဲခုံက ခေါင်းတညိတ်ညိတ်နဲ့ပြောတယ်။ “ဟုတ်တယ်..သူက ဓားလေးကိုသုံးပြီး ငါ့မျက်နှာပေါ်မှာ လျှောက်ခြစ်တယ်..ငါ့မျက်နှာတစ်ခုလုံးအရမ်းကြည့်ရဆိုးကုန်ပြီ” တစ်ခြားသော စားပွဲခုံနဲ့ကုလားထိုင်တွေကပြောတယ် “ငါတို့ရဲ့ပိုင်ရှင်ကတော့အရမ်းကောင်းတယ်..ငါတို့ကိုအရမ်းတန်ဖိုးထားတယ်” သင်ခန်းစာလေးက ဒါပါပဲ။ဒါလေးကိုဖတ်ခြင်းအားဖြင့် ၃တန်းအရွယ် ၉နှစ်ခန့် ကလေးတစ်ယောက်ရဲ့ဦးနှောက်ထဲကို ကုလားထိုင်တွေကိုမနှဲ့ရ၊စားပွဲတွေကို လျှောက်မခြစ်ရ၊ပစ္စည်းများကို တန်ဖိုးထားရမည်အစရှိသည်ဖြင့် ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန် သင်ရိုးတွေနဲ့ အာဂုံဆောင် ရိုက်သွင်းနေမယ့်အစားယုတ္တိမရှိစေဦးတော့ သူတို့ဉာဏ်နဲ့လက်လှမ်းမီသလောက်သူတို့စိတ်ဝင်စားစေလောက်မယ့် ဒီလိုပုံတိုပတ်စ၊စာပိုဒ်လေးတွေကသာ ပိုထိရောက်မယ်ထင်ပါတယ်။သူတို့ရဲ့စိတ်ဝင်စားမှုကနေမှတဆင့် “ခုံလေးတွေ သနားပါတယ်..ငါနှဲ့ရင်ဖြင့် သူ့ခြေထောက်လေး နာလိမ့်မယ်..စားပွဲလေးသနားပါတယ် ငါလျှောက်ခြစ်လို့ ရုပ်ဆိုးသွားရှာမယ် […]