တွေးမိတာလေး ရေးပါရစေ
ရေးချင်တာလေးမရေးခင်မှာ စာပိုဒ်လေးကို အရင်ဘာသာပြန်ရရင်
“စားပွဲခုံနဲ့ကုလားထိုင်တို့ အပြန်အလှန်ပြောစကား”
ကျောင်းဆင်းပြီ။ကျောင်းသား/သူတွေအားလုံး အိမ်ပြန်ကုန်ကြပြီ။စားပွဲခုံနဲ့ကုလားထိုင်တို့လည်း အနားယူလို့ရပြီ။
“အိုက်”(အာမေဋိတ်အသံ)
ကုလားထိုင်တစ်လုံးက ခါးဆန့်လိုက်ကာ သူ့ဘေးက စားပွဲခုံကိုပြောလိုက်သည်။
“မင်းသိလား? ရှောင်မင် က နေ့တိုင်းငါ့ပေါ်မှာထိုင်ပြီး နှဲ့နှဲ့နေတယ်..ငါ့ပေါင်တွေဆိုတာ တကယ့်ကိုနာနေတာပဲ”
စားပွဲခုံက ခေါင်းတညိတ်ညိတ်နဲ့ပြောတယ်။
“ဟုတ်တယ်..သူက ဓားလေးကိုသုံးပြီး ငါ့မျက်နှာပေါ်မှာ လျှောက်ခြစ်တယ်..ငါ့မျက်နှာတစ်ခုလုံးအရမ်းကြည့်ရဆိုးကုန်ပြီ”
တစ်ခြားသော စားပွဲခုံနဲ့ကုလားထိုင်တွေကပြောတယ်
“ငါတို့ရဲ့ပိုင်ရှင်ကတော့အရမ်းကောင်းတယ်..ငါတို့ကိုအရမ်းတန်ဖိုးထားတယ်”
သင်ခန်းစာလေးက ဒါပါပဲ။ဒါလေးကိုဖတ်ခြင်းအားဖြင့် ၃တန်းအရွယ် ၉နှစ်ခန့် ကလေးတစ်ယောက်ရဲ့ဦးနှောက်ထဲကို ကုလားထိုင်တွေကိုမနှဲ့ရ၊စားပွဲတွေကို လျှောက်မခြစ်ရ၊ပစ္စည်းများကို တန်ဖိုးထားရမည်
အစရှိသည်ဖြင့် ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန် သင်ရိုးတွေနဲ့ အာဂုံဆောင် ရိုက်သွင်းနေမယ့်အစား
ယုတ္တိမရှိစေဦးတော့ သူတို့ဉာဏ်နဲ့လက်လှမ်းမီသလောက်သူတို့စိတ်ဝင်စားစေလောက်မယ့် ဒီလိုပုံတိုပတ်စ၊စာပိုဒ်လေးတွေကသာ ပိုထိရောက်မယ်ထင်ပါတယ်။
သူတို့ရဲ့စိတ်ဝင်စားမှုကနေမှတဆင့်
“ခုံလေးတွေ သနားပါတယ်..ငါနှဲ့ရင်ဖြင့် သူ့ခြေထောက်လေး နာလိမ့်မယ်..စားပွဲလေးသနားပါတယ် ငါလျှောက်ခြစ်လို့ ရုပ်ဆိုးသွားရှာမယ် “
ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးတွေကို အရင်မွေးယူစေဖို့လိုပါတယ်။ကလေးတစ်ယောက်အားတန်ဖိုးထားရမယ် ဆိုတဲ့ စည်းကမ်းကိုအရင်ဆုံးရိုက်သွင်းတာထက်ပိိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုိုုထိရောက်မယ်ထင်မိပါတယ်။
ဒါကြောင့်မို့လို့ ‘ငါးမမျှားရ၊ပန်းမခူးရ၊ကန်ပေါင်ပေါ်တွင် အဝတ်မလျှော်ရ အစရှိတဲ့ ဆောင်ပုဒ်ဆန်ဆန်၊အမိန့်ဆန်ဆန်လေးတွေအစားအခုလိုမျိုး သင်ခန်းစာလေးက ကလေးငယ်များသူ့အသိလေးနဲ.သူတို. ပိုလိုက်နာစေမယ်လို့တွေးမိတာလေး ချရေးမိရပါတယ်။
13 comments
Shar Thet Man
November 30, 2018 at 4:16 pm
yes!!!
ဦးကြောင်ကြီး
December 3, 2018 at 9:38 am
ဝါးချဉ်တည်ရှား
•*¨နန်းတော်ရာသူ •*¨
February 16, 2019 at 11:13 am
ဦးကြောင်ကြီး
December 3, 2018 at 9:37 am
နင့်လင်ခိုကျီး နှာကောင်းကောင်း တော်လားဟက်
kai
December 13, 2018 at 5:50 pm
စိတ်ပညာပေါ့..
အထူးသဖြင့်.. ကလေးတွေအတွက်က.. အဲဒီလိုပရိုတန်း စိတ်ပညာရှင်တွေ လိုပါတယ်…။
•*¨နန်းတော်ရာသူ •*¨
February 16, 2019 at 11:15 am
ကိုယ့်နိုင်ငံမှာက မူလတန်းဆို သူတို့ကိုယ်တိုင်တောင် ဝေဝေဝါးဝါးဆရာမလေးတွေလောက်ထိုးထည့်ထားခဲ့တာတာ။အခုအစိုးရလက်ထက်မှာတော့ တဖြည်းဖြည်းအားတက်စရာကောင်းလာပါပြီ
manawphyulay
January 25, 2019 at 2:44 pm
အမှန်ပဲ သဂျီးရေ…
မနောလည်း သမီးလေးကို ခုကျောင်းစထားဖို့ စဉ်းစားနေတာ အဲဒါတွေ အဓိကပေါ့… အများနဲ့ လိုက်လျောညီစွာ နေတတ်ဖို့နှင့် ကိုယ်ချင်းစာစိတ်ရှိဖို့ ဒါတွေ အရင်ဆုံး သမီးလေး သိထားဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်…
Thint Aye Yeik
January 28, 2019 at 7:19 pm
ကောင်းလိုက်တဲ့ သင်ရိုးလေးတွေနော်။
အခုတလော အမေစုတစ်ယောက်
မြို့ရော နယ်ရော ကျောင်းတွေ တော်တော်များများကို
ပတ်သွားနေတာ တွေ့ရတယ်။
ကျောင်းသူားလေးတွေနဲ့လည်း ရောက်တဲ့ နေရာတိုင်း
တွေ့ဖြစ်အောင် ကြိုးစားပြီး အနာဂတ်မျိုးဆက်ကလေးတွေရဲ့ ရှေ့ရေးအတွက် လေ့လာအားထုတ်ဖို့
စိတ်အားထက်သန်စွာ အစပြုနေတာ တွေ့ရတယ်။
ဆိုတော့
နောင် လာမယ့် နှစ်တွေမှာ. . .
တစ်ခုခုတော့. . . ပြောင်းလာနိုင်ကောင်းရဲ့
အဆင့်တစ်ခုခုတော့ မြင့်သွားနိုင်လိမ့်မယ် ထင်ရဲ့
•*¨နန်းတော်ရာသူ •*¨
February 16, 2019 at 11:17 am
ဟုတ်တယ်..အခုအခြေခံပညာကျောင်းတွေရဲ့သင်ကြားမှုပုံစံက အရင်လို စာဖိသင်၊စာမေးပွဲံးအတွက်အသည်းအသန်ကျက်ခေတ်မဟုတ်တော့ဘူး။
ဇီဇီ
January 30, 2019 at 2:01 pm
ကလေးတွေကို ချဉ်းကပ်နည်း က အမျိုးမျိုးရှိသတဲ့။
ကောင်းကောင်းမွန်မွန် ပျိုးထောင်ခံရတဲ့ နောက်မျိုးဆက်ရှိမှ အခြေအနေက တဆင့်မြင့်မှာ။
<3
•*¨နန်းတော်ရာသူ •*¨
February 16, 2019 at 11:18 am
ပညာရေးက အမေစုအစိုးရအောက်ဆက်ရှိနေဦးမယ်ဆိုရင်တော့ နိုင်ငံတကာကိုရင်ဘောင်တန်းလာနိုင်မယ်လို့မြင်မိတယ်
ဦး လေး မန်း
February 2, 2019 at 7:38 am
ဒါလဲပြည်သူ့နီတိတမျိုးပေါ့၊ ဟိုတုန်းကတော့ကျောင်းတွေမှာဒါမျိုးတွေသင်ပေးတာဘဲ၊
အခုတော့ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပီပေါ့၊
•*¨နန်းတော်ရာသူ •*¨
February 16, 2019 at 11:20 am
အဲဒါကြောင့် ဟိုးတုန်းက လူတွေကမှတကယ်ပညာတတ်လို့ခေါ်ထိုက်တာ။
အခုခေတ်လည်း့ပေါ်ကလေးတွေကတော့ အားသားချက်ရှိပါတယ်။ကျောင်းကမဟုတ်တောင် အပြင်ပညာရေးကမိဘပံ့ပိုးနိုင်သလောက်ရတယ်။
တောနေကလေးတွေသာ သနားဖို့ကောင်းတာ