Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၃၃) – ပါမောက္ခမျိုးကျော်မြင့်

kaiNovember 28, 20182min4631

အရင်လက Have, make , get စသည့် ကြိယာလေးများဖြင့် သုံးရတဲ့ structure လေးတွေကို ဖော်ပြခဲ့ပါတယ်။ ဒီ structure လေးတွေကို grammar စာအုပ်တွေမှာ causative လို့ ခေါ်ပါတယ်။ ဒီကြိယာသုံးခုကိုလည်း causative verbs လို့ လူသိများပါတယ်။ တစုံတယောက်ကို တစုံတယောက် ချော့ပြီးဖြစ်စေ၊ ခြောက်ပြီးဖြစ်စေ၊ တစုံတခု လုပ်ခိုင်းတယ် ပေါ့။ ဒီနေရာမှာ ဒုတိယ Noun လေးဟာ ပြုလုပ်သူ ဖြစ်ကိုဖြစ်ရမှာပါ။ လူမဟုတ်တဲ့ noun လေးတွေကို ဒီ structure မှာ ထည့်ပြီး သုံးလို့မရတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဥပမာ
“He got a book to show to his friends.”
အထက်ပါဝါကျလေးကို သာမာန်အားဖြင့် ကြည့်လိုက်ရင်တော့ Causative structure နဲ့ ခပ်ဆင်ဆင်ပေါ့။
N1 + get + N2 + Infinitive ဖြစ်နေတာကိုး။ ဒါပေမဲ့ ဒီဝါကျမှာ “got” ဟာ causative verb မဟုတ်ပါ။ သူက စာအုပ်ကို တစုံတခုလုပ်ခိုင်းတာ မဟုတ်ပါ။ ဒီဝါကျမှာ got ဟာ သာမန်ရသည်ဆိုတဲ့ အဓိပ္ပါယ်ပေါက်နေတဲ့ သာမန်ကြိယာလေးတခုပါ။ Causative structure ရဲ့ အဓိပ္ပါယ်က တစုံတယောက်က တစုံတယောက်ကို ချော့ပြီး ခိုင်းလိုက်တယ်ဆိုတဲ့သဘော ပါ။ structure အားဖြင့် ဆင်တူယိုးမှားရှိနေသော်လည်း အဓိပ္ပါယ်ခြင်း တခြားစီပါ။ ထို့ကြောင့် ဤ causative get ကို အသုံးပြုသည့်အခါ ဒုတိယ noun ကို လူနှင့်သာ သုံးလို့ရကြောင်း အထူးမှတ်သားထားစေလိုပါသည်။ အရင်လက ပြည့်ပြည့်စုံစုံဖော်ပြပြီးခဲ့သော်လည်း လေ့ကျင့်တဲ့အနေနဲ့ ဥပမာလေးတွေ ထပ်မံဖော်ပြလိုက်ပါရစေ။
She got her husband to buy her a new car.
She had him lift the heavy box.
She made him clean the backyard.
get ကိုသုံးရင် infinitive လိုက်ပြီး have တို့ make တို့ကို သုံးသည့်အခါ Base form လိုက်တာကိုလည်း အထူးသတိထားမိဖို့လိုပါသည်။ ဒီ causative verbs လေးတွေအနက် အထူးသဖြင့် get နဲ့ have တို့ကို Passive voice အဖြစ် သုံးပြီး ပြောလေ့၊ ရေးလေ့ရှိပါတယ်။ ဒီ structure လေးကို မတွေ့ဘူးသူ၊ မသုံးဘူးသူ၊ မသင်ယူရသေးသူများအတွက်တော့ ရုတ်တ ရက် နားလည်ဖို့ခက်တတ်ပါတယ်။ သင်ဖူးသူ၊ ကြားဖူးသူများအတွက်တော့ နားလည်ဖို့ မခဲယဉ်းလှပါ။ ဥပမာ – I got my hair cut today.ဆိုပါစို့။ ဟာ ဘယ်လိုကြီးပါလိမ့်။ ဝါကျတစ်ခုတည်း မှာ Got ရော cut ရော သုံးထားပြီး and တို့ but တို့လည်း မပါပါလား။ သဒ္ဒါစည်းမျဉ်းစည်းကမ်းတွေ အားလုံးချိုးဖေါက်ထားပါလားလို့ ထင်ယူစရာ ရှိပါတယ်။ ဒါပေမဲ့ ဒီဝါကျလေးရဲ့မူလဖြစ် တဲ့ active sentence လေးတွေလိုက်တဲ့အခါ သဘောပေါက်နားလည်းသွားပါလိမ့်မယ်။
I got the barber to cut my hair ဒီနေရာမှာ လူအများစုဟာ active voice ကို သုံးလေ့မရှိပါ။ ဆံပင်ညှပ်ပါတယ်ဆိုမှတော့ ဆံညှပ်သမားက ညှပ်မှာပေါ့။ အထူးဖော်ပြနေဖို့ မလို ပါ။ လူတိုင်းသိပြီး၊ နားလည်းပြီးသားပါ။
Thanksgiving ပါဆိုမှတော့ Turkey ပဲကျွေးမှာပေါ့။ အမဲသားတွေ ဝက်သားတွေမကျွေးသလိုပါဘဲ။ ဝါကျရဲ့ ပထမပိုင်း Noun 1 နဲ့ causative verb ကို မပြောင်းရပါ။ ဒုတိယ ပြုလုပ်သူဖြစ်တဲ့ Noun 2 ခေါ် ဒီဝါကျမှာ the barber ကိုတော့ လုံးဝဖြူတ်ပစ်လိုက်ပါတယ်။ ကံဖြစ်တဲ့ object ဖြစ်တဲ့ my hair ကိုရှေ့ကိုပို့လိုက်ပြီး cut ဆိုတဲ့ past verb ကို cut ဆိုတဲ့ past participle အဖြစ် ပြောင်းပေးလိုက်တဲ့အခါ I got my hair cut ဆိုတဲ့ passive ဝါကျလေးကို ရပါတယ်။ (အားလုံးမှတ်မိကြပါလိမ့်မယ်။ Passive မှာ နောက်ဆုံးကြိယာလေးဟာ အမြဲ တမ်း past participle သာ ဖြစ်ရပါတယ်။) ဖော်ပြပါ ဝါကျမှာ ဒုတိယပြုလုပ်သူဖြစ်တဲ့ the barber ဆိုတဲ့ noun 2 လေးကို by နဲ့တွဲပြီး ဖေါ်ပြချင်ရင် ဖေါ်ပြလို့ရပါတယ်။ ဒီဝါကျမှာတော့ မလို အပ်လို့ မဖေါ်ပြထားပါ။ ဆိုပါစို့ ။ ဆံညှပ်သမားဆီမှာ မသွားဘဲ ချစ်သူလေးက ချစ်စနိုးဆံပင်ညှပ်ပေးလိုက်တယ်ဆိုပါစို့။ ဒီလိုဆိုရင် by လေးသုံးပြီး Agent ကိုထည့်ပေးလို့ ရပါတယ်။ ဥပမာ
I got my hair cut by my girlfriend
အများအားဖြင့်တော့ get တို့ have တို့ကို ဒီလိုဝါကျမျိုးတွေမှာ by + agent မပါဘဲ ရေးလေ့သုံးလေ့ရှိပါတယ်။
ဥပမာ – I had my hair cut
I had my lawn mowed
I got my house painted
အထက်ဖော်ပြပါ ဝါကျလေးတွေကို Active voice တွင် I had the barber cut my hair
I had the gardener mow my lawn
I got the painter to paint my house စသဖြင့် တွေ့ရှိနိုင်သော်လည်း လက်တွေ့တွင် passive voice အဖြစ်သာ အသုံးများပါသည်။ ဆံပင်ညှပ်သည့်အခါ ၊ မြက်ရိတ်သည့်အခါ၊ ဆေးသုတ်သည့်အခါမျိုးတို့တွင် ပြုလုပ်သူကို အထူး ဖော်ပြနေဖို့မလိုပါ။ ဘယ်သူညှပ်ညှပ်၊ ဘယ်သူရိတ်ရိတ်၊ ဘယ်သူသုတ် သုတ် အဓိကကတော့ အလုပ်ပြီးသွားဖို့ပါပဲ။ ဒီလောက်ဆို causative လေးတွေအကြောင်း တော်တော်လေးပြီးပြည့်စုံသွားပါသဖြင့် ကြုံကြိုက်လို့လူသုံးများသော်လည်း အသုံးမှားနေတတ် တဲ့ ဝေါဟာရလေးတွေအကြောင်း ဆက်လက်ဖော်ပြလိုပါတယ်။ အထူး ဒုက္ခပေးတဲ့ ဝေါဟာရလေးကတော့ together ပါဘဲ။ မြန်မာလိုတော့ တော်တော်ကဗျာဆန်တဲ့ ဝေါဟာရလေးပေါ့။
သွားအတူ လာအတူ၊စားအတူဆိုတော့ ချစ်သူလေးတွေအထူး နှစ်သက်တဲ့ဝေါဟာရလေးပါ။ မလိုအပ်တဲ့နေရာမှာထည့်သုံးလိုက်တော့ ကဗျာဆန်နေရာကနေ မဟာအမှားကြီးဖြစ်သွားတတ် ပါတယ်။အသုံးလျှော့ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ဥပမာ- We went to the movie together,We had lunch together စသဖြင့် သုံးဖို့ရသော်လည်း အထက်ပါဝါကျများ၌ together ကို တကယ်မလိုအပ်လှပါ။ together မပါလည်း အဓိပ္ပါယ်က ရှင်းနေပါတယ်။ အဲ မလိုအပ်ဘဲ We were laughing together , We talked together for hours စသဖြင့် together ကို အလွန် အကျွံသုံးလိုက်သည့်အခါ ကြားရသူအတွက် ရယ်စရာကြီး ဖြစ်သွားတတ်ပါသည်။ together ကို မသုံးဘဲထားရင် အကောင်းဆုံးပါ။ သိပ်ကိုသုံးချင်ရင်တော့ လျှော့ပြီးသုံးဖို့ သတိပေးပါရစေ။
အလားတူ အသုံးမှားတတ်တဲ့ ဝေါဟာရလေးတခုကတော့ each other ပါ။ သိပ်ပြီးကဗျာဆန်တဲ့ ဝေါဟာရလေးဆိုတော့ သိပ်ပြီးသုံးစွဲချင်ကြတာပါ။
ဥပမာ – Mg Mg and Mya Mya love each other very much အထက်ပါ ဝါကျလေးက မှန်လည်းမှန်ပါတယ်။ အားလည်းအားကျစရာလေးပေါ့။ သိပ်ချစ်တဲ့ ချစ်သူနှစ်ယောက်ပေါ့နော်။
ဒါပေမဲ့ Mg Mg , Mya Mya and their two children are a model family. They all love each other very much. ဆိုရင် မှားသွားပါပြီး။ each other ကို နှစ်ယောက်တည်းရှိတဲ့အခါ သုံးရပါတယ်။ မိသားစုက လေးယောက်ရှိတာကို each other နဲ့ သုံးထားတော့ နှစ်ယောက်ကို သတ်ပြစ်လိုက်ရမှာလား၊ စွန့်ပြစ်လိုက်ရမှာလား ဝေခွဲဖို့ ခက်သွားပါပြီ။ တကယ်တော့ ဒီနေရာမှာ each otherအစားပိုတောင်းတဲ့ one anotherကိုသုံးရမှာပါ။
ဥပမာ – Mg Mg , Mya Mya and their two children are a model family. They all love one another very much.
ပိတ်ရက်တွေမှာ မိသားစုတွေအားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ၊ ပညာရေး၊ စီးပွားရေးတွေအားလုံး တိုးတက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

One comment

  • Thint Aye Yeik

    November 29, 2018 at 4:05 pm

    ပုံမှန် သင်ကြားပေးနေလို့ ကျေးဇူးပါဗျို့

    အဲ ပုံမှန် ဝင် မသင်ယူမိတာသာ အခက်
    :k:

    ဆရာ့ကို မေးပေးပါ
    ရေးသားခဲ့သမျှ သင်ခန်းစာတွေကို
    စာအုပ် စုထုတ်ဖို့ အစီအစဉ်… အကောင်အထည် မပေါ်သေးဘူးလားလို့…

Leave a Reply