Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝါးများကို ခြောက်ပြန်ဆက်ပြီး တည်ထားသောဘုရား

Mon LayNovember 30, 20185min141114

ဝါးများကို ခြောက်ပြန်ဆက်ပြီး တည်ထားသောဘုရားကို ဘယ်လိုခေါ်လဲ..သိကြပါလား။ ❓

သိတဲ့သူလည်းသိကြမှာပါ။ မသိလည်းကိစ္စမရှိပါ။ မွန်လေးရဲ့ပို့စ်လေးကိုဖတ်လိုက်ရင်ဘယ်ဘုရားလဲသိသွားကြမှာပါ။ 😁

ဘုရားများတည်တဲ့အခါမှာ ဝါးတွေကို အဆင့်ဆင့်ငြမ်းဆင်ပြီး တည်ကြရပါတယ်။ အဲလိုငြမ်းဆင်ရပြီး ဝါးများကို ခြောက်ပြန်

ဆက်ပြီး တည်ထားသောဘုရားကို “ခြောက်ထပ်ကြီးဘုရား”လို့ခေါ်ပါတယ်တဲ့။🙏

လူတွေကသာ ခြောက်ထပ်ကြီးဘုရားဆိုပြီး အတိုကောက်အဲလောက်နဲ့ခေါ်နေကြတာ..အမှန်တကယ်က ခြောက်ထပ်ကြီး.

.နောက်မှာ ရွှေသာလျောင်းဆိုတာလေးပါပါတယ်။အပြည့်အစုံက ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားပါ။

မွန်လေး ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကို ဟိုးငယ်ငယ်ကလေးဘဝကတုန်းကခဏခဏရောက်ဖြစ်ခဲ့ပါတယ်။ ဘာလို့ဆို အဲတုန်းက အမေက ကိုးနဝင်းဝင်တယ်လေ။ အဲတော့ ငါးထပ်ကြီးဘုရားရယ်၊ ခြောက်ထပ်ကြီးဘုရားရယ်၊ ကိုးထပ်ကြီးဘုရား

တို့ကိုတစ်ပတ်တစ်ခါပုံမှန်သွားပါတယ်။ အမေကလည်းခေါ်ခေါ်သွားတော့ မျက်လုံးထဲမှာ လျောင်းတော်မူနေတဲ့ ဘုရားကြီးဆိုပြီး အမြဲမှတ်မိနေခဲ့တာပေါ့။ ခုအသက်တွေကြီးလာ၊ လုပ်ငန်းခွင်ဝင်နေရတော့ ၁နှစ်မှာ ၁ခေါက်တောင်မရောက်ဖြစ်တော့ဘူး။ 😔ဟိုတလောကမှ ဘုရားကို ကိစ္စတစ်ခုနဲ့လာတော့မှပဲ ရောက်ဖြစ်ခဲ့တော့တယ်။

#တည်နေရာ

တာမွေဘက်က ဘတ်စ်ကားနဲ့လာမယ်ဆိုရင်တာမွေအဝိုင်းထိပ်အကျော် ခြောက်ထပ်ကြီးဘုရားမှတ်တိုင်မှာဆင်းလို့ရသလို

ရွှေဂုံတိုင်ဘက်ကလာမယ်ဆိုရင်လည်း ရွှေဂုံတိုင်အထူးကုဆေးရုံရှေ့ ခြောက်ထပ်ကြီးမှတ်တိုင်မှာ ဆင်း ပြီးလှေကားစောင်း

တန်းလေးပေါ်တက်ပြီးရှေ့ဆက်သွားရင်ဘယ်ဘက်ခြမ်းမှာ ဘုရားရှိပါတယ်။ ကားနဲ့ဆို ခြောက်ထပ်ကြီးဘုရားမှတ်တိုင်

မရောက်ခင် မုခ်ဦးရှိပါတယ်။ အဲ့မုခ်ဦးထဲဝင်ပြီး ဘယ်ဘက်မှာ ကားဝင်းရှိပါတယ်။ပြည်တွင်းဘုရားဖူးတွေရော၊ နိုင်ငံခြားသား

ဘုရားဖူးတွေနဲ့ပါ အမြဲမပြတ်စည်ကားနေတဲ့ ခြောက်ထပ်ကြီးဘုရားကရှေ့တည့်တည့်မှာပါပဲ။

#ဘုရားသမိုင်း📖

✔️ခြောက်ထပ်ကြီးဘုရားကို စပါးပွဲစားကြီး ဆာဘိုးသာနဲ့ ဒေါ်စိန်ရင်တို့မှ တည်ထားခဲ့တာဖြစ်ပြီး ဘုရားကြီးတည်ထားဖို့မြေ

နေရာအတွက် ငါးထပ်ကြီးဘုရားဒါယိကာ ဦးဘိုးအောင်၊ ဒေါ်စိန်ရင်တို့ဆီက မြေ ၄.၂၅ ဧက ခန့်ကို ခေတ်ကာလ တန်ဖိုး ၁၄,၂၀ဝ ကျပ်နဲ့ ဝယ်ယူခဲ့ပြီး ၁၉၀ရ ခုနှစ်မှာ တည်ထားမှု ပြီးစီးခဲ့ပါတယ်။ ဘုရားကြီးကို ၅ နှစ်ခန့်ကြာအောင် တည်ထားခဲ့ရပါတယ်။ ငါးထပ်ကြီးဘုရားဒကာ ဦင်္းဘိုးအောင်နှင့် ဆာဦးဘိုးသာတို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ ဆာဦး
ဘိုးသာသည် ဦးဘိုးအောင် ကိုအားကျပြီး ခြောက်ထပ်ကြီးဘုရားကို တည်ခဲ့ခြင်းဖြစ်သည်။ ဘုရားဖူးများသည် ငါးထပ်ကြီးဘုရား၏အရှေ့မြောက်ဘက်ရှိ တောင်ကုန်းပေါ်တွင် ထီးထီးမားမားတည်ရှိသော လျောင်းတော်မူရုပ်ပွားတော်ကြီးကို
လှမ်းမျှော်ဖူးမြင်ရင်း “ဒီငါးထပ်ကြီးဘုရားကနေပြီးဖူးမြင်ရတဲ့ရုပ်ပွားတော်ကြီးကတော့ ခြောက်ထပ်ကြီးဘုရားပေါ့” ဟူပြီးပြောဆို
လေ့ရှိသည်။ ယင်းသို့ပြောဆိုခြင်းကိုအကြောင်းပြုပြီး ခြောက်ထပ်ကြီးဘုရား ဟူသောဘွဲ့အမည်တော်ဖြစ်ပေါ်လာခဲ့သည်။ တစ်နည်းအားဖြင့် ကုန်းမြေမြင့် ခြောက်ထပ်၊ ခြောက်ဆင့်ပေါ်မှာ တည်ထားသဖြင့် ခြောက်ထပ်ကြီးဘုရားဟု လည်း

အမည်တွင်သေးတာဖြစ်တယ်လို့ မှတ်သားရပါတယ်။ ထို့ပြင် ဝါးများကို ခြောက်ပြန်ဆက်ပြီး တည်ထားသောဘုရားကြောင့်လည်း

ခေါ်တွင်ပါသေးတယ်။

✔️မူလခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားရဲ့ ဉာဏ်တော်အမြင့်ကတော့ ၁၀၁ ပေ၊ ဉာဏ်တော်အလျား ၂၃၅ ပေ ရှိခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့ ဘုရားကြီးမှာ ပျက်စီးယိုယွင်းလာတာကြောင့် အသစ်ပြန်လည်ပြင်ဆင်ရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ၁၉၅ရ စက်တင်ဘာလ (၂) ရက်နေ့တွင် အသစ်ပြန်လည်တည်ဆောက်ရန်အတွက် မူလဘုရားကြီးအား ခြေတော်ရင်းမှစတင် ဖြိုဖျက်ခဲ့ပါတယ်။ ဘုရားကြီးဖြိုဖျက်မှု ပြီးစီးသွားတဲ့အခါ ပြန်လည်မတည်ဆောက်မီ သံတန်ဆောင်းတော်ကြီး တည်ဆောက်ရန် သဘောတူညီခဲ့ကြပြီး ၁၉၅၈ ခုနှစ် ဇူလိုင်လ ၃၁ ရက် မှာတန်ဆောင်းကြီး အုတ်မြစ်ချမင်္ဂလာအခမ်းအနားကိုကျင်းပကာ ဝန်ကြီးချုပ်ဦးနုမှ အင်္ဂါထောင့်တွင် အုတ်မြစ်ချပေးခဲ့တယ်လို့ သိရပါတယ်။

✔️ပြန်လည်ပြင်ဆင်တည်ထားခဲ့တဲ့ ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးရဲ့ပုံတော်မှာ ဘုရားရှင်ကိုယ်တော်မြတ် မဟာကရုဏာတော်နဲ့ သရဏီယကထာ၊ သမ္မောဒနီယကထာတိုု့ကို ဟောကြားရင်း ပရိသတ်လေးပါးအား ဧည့်ခံနေတဲ့

ပုံတော်ဖြစ်ပြီး လက်မောင်းထောက်တဲ့နေရာနဲ့ ကိုယ်အလေးချိန်နဲ့ဖိထားတဲ့ ချိုင်းအောက်မှ ခေါင်းအုံးတော်နေရာမှာကွန်ကရစ်

တိုင်အလုံး ၂ဝ ရိုက်သွင်း တည်ဆောက်ခဲ့ရပါတယ်။ ခြောက်ထပ်ကြီး ရွှေသာလျောင်းရဲ့ထူးခြားချက်ကတော့ မျက်လုံးတော်

ပဲဖြစ်ပါတယ်။ မျက်လုံးတော်မှာ အလျား ၅ ပေ ရ လက်မ၊ အနံ ၁ ပေ ၉ လက်မခန့်ရှိပြီး မူလကဖန်မျက်လုံးတပ်ဆင်ရန် ကြိုးပမ်း

ရာမှာ အခက်အခဲများ တွေ့ကြုံ ခဲ့ရပါတယ်။ ထိုအချိန် ရွှေဂုံတိုင်လမ်း၊ ဖောင်တော်ဦးကျောင်းဆရာတော် အကူအညီနဲ့ နဂါးဖန်

ချက်စက်ရုံမှ ဦးမြကျော်နဲ့အလုပ်သမားများက နိုင်ငံခြားမှတင်သွင်းလာတဲ့ မှန်ပြားများကိုအပူပေးပြီး မှန်ပြားခုံးများဖြစ်အောင် ခက်ခက်ခဲခဲပြုလုပ်ခဲ့ရပါတယ်။ ရလာတဲ့မှန်ပြားခုံးများပေါ်မှာ မျက်လုံးတော်နဲ့တူအောင် မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေ

တဲ့ တရုတ်အမျိုးသားပန်းချီဆရာက ဆေးရေးချယ်ခဲ့တာဖြစ်ပါတယ်။ ခြောက်ထပ်ကြီးဘုရားကတော့ ၆၅မီတာရှည်တဲ့ လဲလျောင်းနေတဲ့ ဘုရားဆင်းတုတော်ကြောင့် ကျော်ကြားပါတယ်။

✔️ပြန်လည်ပြင်ဆင်တည်ထားခဲ့တဲ့ ခြောက်ထပ်ကြီးဘုရား အနေကဇာတင် ဗုဒ္ဓဘိသေကမင်္ဂလာသဘင်ကို ၁၉၇၄ ခုနှစ် မေလ ၁၃ ရက် နံနက်အာရုဏ်တက်မှာ သံဃာတော် အပါး ၁၁၀ဝ နဲ့ အနေကဇာတင်တော်မူပါတယ်။ နောက်ဆုံးပိတ် ဌာပနာပိတ်ပွဲကို ၁၉၇ရ ခုနှစ် နိုဝင်ဘာလ ၂၅  ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာမို့ ပြန်လည်ပြင်ဆင်ချိန်အစအဆုံး နှစ်ပေါင်း ၂၆ နှစ်ကြာမြင့်ခဲ့

တယ်လို့ မှတ်သားရပါတယ်။

#credit

🙏ကြည်ညိုသပ္ပာယ်ဖွယ်ရာကောင်းတဲ့ ဉာဏ်တော်အရှည် ၂၁၆ ပေ၊ ဉာဏ်တော်အမြင့် ၅၈ ပေ ရှိတဲ့ ရွှေသာလျောင်း

ဘုရားကြီးကို ပန်း၊ ဆီးမီးများ ကပ်လှူပူဇော်ကုသိုလ်နိုင်သလို သရက္ခန်ဘုရားများ၊ ဗုဒ္ဓဝင်ရုပ်ကြွပန်းချီကားများကိုလည်း ဖူးမြော်လေ့လာနိုင်ပါတယ်။ နိုင်ငံခြားမှလာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးများထဲမှာ ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ပြင်သစ်၊ ဂျာမနီနိုင်ငံများမှ ဘုရားဖူးများကိုလည်း လာရောက်ဖူးမြော်တာကို မြင်တွေ့ရပါတယ်။

🙏မွန်လေးသွားဖူးတဲ့နေ့ကဆို..ထိုင်းလူမျိုးတွေက ဘုရားကြီးကိုရွှေသင်္ကန်းတွေဝယ်ကပ်၊အဲ့ ရွှေသင်္ကန်းတွေကိုကြိုးလှည်းလေး

ပေါ်မှာထည့်ပြီး ငြမ်းဆင်ထားတဲ့ဘုရားကြီးဆီရောက်အောင်ကြိုးနဲ့ဆွဲကြ၊ အဲ့ ကြိုးလှည်းလေးပြန်ကျလာအောင်ကြိုးကိုတခါပြန်

ဆွဲ၊ကျလာတာတဲ့အခါ ‘သာဓု..သာဓု..သာဓု’ဆိုပြီး အော်ကြတာများ..တကယ်ကိုကြည်ညိုစရာကောင်းပါတယ်။🙇‍♀️🙇

🙏ခြောက်ထပ်ကြီး ရွှေသာလျောင်းဘုရားကြီးဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ယဉ်ကျးမှုဝန်ကြီးဌာန၊

ရှေးဟောင်းသုတေသနဌာန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရှေးဟောင်းအဆောက်အအုံ

တည်ရှိရာဇုန်မှာ ပါဝင်သတ်မှတ်ထားတဲ့ စေတီ၊ ဘုရား (၁၆) ဆူအနက် တစ်ဆူအပါအဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မွန်လေးတို့ တိုးစီစဉ်တဲ့အခါ ခြောက်ထပ်ကြီးဘုရားကို အမြဲထည့်ဆွဲပြီး နိုင်ငံခြား

သားများကို ဖူးမျှော်လို့ရအောင်လုပ်ပေးပါတယ်။ နိုင်ငံခြားသားတွေအတွက်လည်း ဝင်ကြေးမရှိတော့လို့ ပိုအဆင်ပြေတာပေါ့။

အထူးသတိပြုချက်

လျောင်းတော်မူဘုရားကြီး လို လဲလျောင်းပြီးဓါတ်ပုံမရိုက်ကြဖို့တော့ အထူးသတိပေးချင်ပါတယ်။ ဘုရားကဆင်းတုပါ..လက်အုပ်

ချီဖို့သာဖြစ်ပါတယ်..ဘန်ကောက်တို့ကလို Madame Tussaud ဖယောင်းရုပ်ထုမဟုတ်တဲ့အတွက်ကြောင့် လဲနဲ့ထောက်ပြီး ပဲများတာမျိုးတွေမလုပ်စေချင်ပါ။ ဘုရားဝန်းထဲမှာလည်း ဆိုင်းဘုတ်ကို ဘာသာ၄မျိုးနဲ့ရေးထားပါတယ်။ Please do not perform

like the Buddha Image while taking photos and videos. ဂိုက်တွေကလည်း မိမိဧည့်သည်တွေကို သေချာလေးရှင်းပြစေ

ချင်ပါတယ်။

ဘုရားကြီးရဲ့အနောက်ဘက်ခြမ်းမှာလည်းရရက်သားသမီးများ ရေသပ္ပါယ်လို့ရအောင်လုပ်ပေးထားပါတယ်။

ဘုရားဖူးပြီးအပြန် စောင်းတန်းတစ်လျှောက်မှာလည်း ဘုရားဆင်းတုတော်များ၊ မြန်မာ့အနုပညာလက်ရာ အမှတ်တရပစ္စည်းများ၊ ကလေးကစားစရာပစ္စည်းများ၊ ပန်းပုလက်ရာများကိုလည်း အမှတ်တရ ဝယ်ယူနိုင်ပါတယ်။ 🎉🎏⚱⚖🏺📿🎠🐥🦆🐨⚽️

ပြီးတော့ ဟိုးငယ်ငယ်လေးထဲကနေ ခုချိန်ထိလက်ပတ်နာရီပတ်လေ့မရှိတော့ ခြောက်ထပ်ကြီးမှတ်တိုင်ရောက်ရင် ဘယ်နှစ်နာရီထိုးပြီလဲဆိုပြီး အဆင်ပြေရင် လှမ်းလှမ်းကြည့်တတ်တာကတော့ ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားဝန်းထဲက တိုင်ကပ်နာရီကြီးပါပဲ..အချိန်မှန်တယ်လေ။

နောက်ထပ်လည်း နေရာများစွာသွားပြီး ပြန်ရှယ်ပေးပါဦးမယ်။

14 comments

  • ksein

    December 6, 2018 at 1:06 pm

    ကလေးမရေ – ဗုဒ္ဓရုပ်တု က ဘယ်လိုကြောင့် ဘုရား ဖြစ်သွားတာလဲ။ ဗုဒ္ဓဝါဒ မှာ ဘုရား မှ မပါတာ။

  • Shar Thet Man

    December 6, 2018 at 1:39 pm

    ဗုဒ္ဓရုပ်တု ကိုလည်း ဘုရားလို့လည်းခေါ်တယ်လေ..အာ့ဆို ခြောက်ထပ်ကြီးဘုရားလို့မခေါ်ဘဲ..အဘ Ksein က ခြောက်ထပ်
    ကြီးရုပ်ထုလို့ခေါ်နေတာလား…

    • ksein

      December 7, 2018 at 5:50 am

      ခြောက်ထပ်ကြီးစေတီလို့ ခေါ်ကြပါတယ်။ ဘုရား ဆိုတဲ့ စကားလုံးက ပေါတောတောနှင့် နေရာတကာမှာသုံးနေကြတာ သာမန်လူသားက ဘုရားမဖြစ်နိုင်ဘူးကို လူတိုင်းသိပါတယ်။ အရှင်ဂေါတမက ဘုရား မဖြစ်လို့ အများက သရောလုပ်ပြီး နောက်ပြောင်လောင် ဗုဒ္ဓဘုရား ပြောနေကြကနေ စေတီ၊ ရုပ်တု နှင့် တချို့က ဗုဒ္ဓရဟန်းတွေကိုပါ အရှင်ဘုရားဆိုပြီး ပေါက်တက်ကရ တွေ ဖြစ်ကုန်ကြသွားသလား။ မိဘ တွေကော မသင်ပေးကြဘူးလား။
      ဗုဒ္ဓဝါဒ ကို မသရောကြလျှင် အကောင်းဆုံးပါ။

    • ksein

      December 9, 2018 at 3:38 am

      ကလေးမလေးတွေ အမြင်ကျယ် ဗဟုသုတတိုးစေဖို့ ဒီ စာမျက်နှာ လုပ်ထားပုံ ရ၏။ https://www.facebook.com/theedsay

      တစောက်ကန်း အနေကတော့ ဘယ်တော့မှ မကောင်းပါ။

      • Courage

        December 17, 2018 at 12:11 pm

        ksein ရေ
        ဦးလေးပြောတဲ့ ခြောက်ထပ်ကြီးစေတီဆိုတဲ့ နေရာမှာကိုက
        ‘ခြောက်ထပ်ကြီးရွှေသာလျောင်းရုပ်ရှင်တော်မြတ်ဘုရားကြီး’ လို့ရေးထားတော့
        မွန်လေးနဲ့ အလကားအချိန်ကုန်ခံငြင်းနေမယ့်အစား
        ဘုရားဂေါပကကို ဦးလေးရဲ့အယူအဆချပြပီး အမှားကိုပြင်ပေးသင့်ပါတယ်လို့

  • Shar Thet Man

    December 13, 2018 at 2:26 pm

    Ksein…မွန်လေးက စာမဖတ်ဘဲရေးတာ တစ်လုံးမှ မပါပါဘူး..မဟုတ်တာတွေရေးထားတယ်ဆိုအရင်ကရေးထားခဲ့တဲ့လူတွေပဲသွားပြောပါ…မိဘနဲ့နှိုင်းပြီးပြောတာတော့မကောင်းဘူးထင်တယ်။သူများစာကို ဝေဖန်ရလောက်အောင် Ksein ကကော ဘယ်လောက်ရေးတတ်လို့လဲ.

  • Shar Thet Man

    December 13, 2018 at 2:31 pm

    point အမှတ်ကဖြင့် ဘယ်လောက်မှ မရှိသေးဘဲ..ဖင်ကောင်းလာကျယ်နေ..Ksein ရေ….ရှင်သာ ဗဟုသုတရအောင် စာများများဖတ်..

  • Shar Thet Man

    December 13, 2018 at 2:33 pm

    ksein ရေးတဲ့စာတွေဖတ်ကြည့်ချင်ပါတယ်….ဘယ်လိုမိဘကဘယ်လိုသင်ပြီးရေးနေလဲဆိုတာ

  • Shar Thet Man

    December 13, 2018 at 2:37 pm

    စာမျက်နှာတွေသာ ..၃ဝ ၄ဝကျော်သွားတယ် Ksein ပို့စ်တွေမတွေ့..ဟဟဟဟဟဟ…စာဆိုတာ ဗဟုသုတရှိမှ ရေးလို့ရတာ
    ..များများလေးဖတ်လိုက်ဦးသလား……ကြယ် ၁ပွင့်နဲ့ လာချေမနေနဲ့

  • kai

    December 13, 2018 at 5:55 pm

    ထေရဝါဒဗုဒ္ဓဘာသာ ဘုရားရှင်အကြောင်

    ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅ဝကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလဝတ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေဝီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလဝတ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။ ယင်းနိမိတ်လေးပါးမှာ- (၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို) (၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ) (၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ) (၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း) ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။ ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအဝတ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။

  • Courage

    December 17, 2018 at 12:15 pm

    မွန်လေးရဲ့ပို့စ်လေးကိုဖတ်လိုက်တော့ ဘယ်ဘုရားလဲဆိုတာသိသွားပါပြီ။
    ဒနဲ့လေ ခြောက်ပြန်ဆက်တယ်ဆိုတာက
    ခြောက်ဆင့်ဆက်တာလား
    ခြောက်ထပ်ဆက်တာလား
    ချည်ရက်သလို့ ခြောက်ကြိမ်လွန်းထိုးဆက်တာလား
    အလင်းပြပေးပါ
    🙂

  • Shar Thet Man

    December 17, 2018 at 1:32 pm

    မွနေ်လးဖတ်ဖူးတဲ့စာမှာတော့ ဝါးခြောက်ခုစီကို ထပ်ပြီးငြမ်းဆင်ရတယ်လို့ရေးထားတာတွေ့ပါတယ်။

    • Courage

      December 17, 2018 at 8:28 pm

      ဗဟုသုတလေးတွေ မျှပေးလို့ ကျေးဇူးပါ။

  • Shar Thet Man

    December 18, 2018 at 4:11 pm

    ဟုတ်ကဲ့ နောက်လည်း အားပေးသည်ဖြစ်စေ မအားပေးသည်ဖြစ်စေ..ချစ်သည်ဖြစ်စေ..မချစ်သည်ဖြစ်စေ..ဆက်တင်ပေးသွားပါ
    မယ်.

Leave a Reply