မတူကွဲပြားပေမယ့် အလှတရားကိုယ်စီရှိကြသည်
Pakistan သွားရမယ် ဆိုတဲ.order ရချိန်မှာ ဝမ်းသာမိတယ်။
Google ခေါက်ထားတာမို့ Pakistan ဟာ သိပ်လှတာ သိနေလို့ပါ။
စက်ာပူလို၊ထိုင်းလို ရုပ်အသားပေးနိုင်ငံတွေထက် တောတောင်ကုန်းမြင့် သဘာဝအလှအပရှိတဲ့နိုင်ငံ၊လူတိုင်းသွားနေကျမဟုတ်တဲ့နိုင်ငံတွေကို သဘောပိုကျမိတယ်။
သို့ပေမယ့်
မြန်မာဆိုတော့ မြန်မာပီပီအာရှအလယ်ပိုင်းနိုင်ငံတွေကို လန့်မိတာတော့ငြင်းမရ။
မုတ်ဆိတ်မြင်တာနဲ့ အလာ့ဂျစ်ထတတ်တဲ့လူတွေထဲမပါပေမယ့် အတွေးပေါင်းများစွာကြောင့် အပူတွေဖြစ်ခဲ့ရတာတော့အမှန်။
ထိုင်းထရန်စစ်ကနေ လေယာဉ်ကူးသွားလောက်ပြီ ဆိုတဲ့အချိန်တည်းက အိပ်မရနိုင်ပဲ Islamabad ရောက်လို့ internet သုံးပြီးပြန်ဆက်သွယ်မယ့် reply message မရမချင်း မအိပ်ချင်။
ဒါပေမယ့် အိပ်ပျော်သွားခဲ့ပါတယ်။
မနက်စောစောမှာ ပြည်ပမှာအခြေချနေတဲ့
မြန်မာအဖော်တစ်ယောက်နဲ.hotel မှာဆုံဆည်းမိတယ် ဆိုတဲ့ စာ၊ဓာတ်ပုံတင်မက Video file ပါ မြင်တွေ့ရမှ စိတ်ချလက်ချဖြစ်ခဲ့ရတယ်။
အစည်းအဝေးအချိန်ဇယားတွေမှာနိုင်ငံစုံမှဖိတ်ကြားခံတွေနဲ့အတူ ပြုံးပြုံးရွှင်ရွှင်မြင်တွေ့ရမှကျေနပ်ခဲ့ရတယ်။
လေ့လာရေးအချိန်ဇယားတွေထဲက ရေမြေသဘာဝအလှအပတွေမြင်မှ ကိုယ်မျှော်မှန်းတဲ့အတိုင်း အတည်ပြုမိရတယ်။
လူမျိုးခြားတာ၊ဘာသာခြားတာနဲ့ နိုင်ငံကို စိုးရိမ်မကင်းဖြစ်ခဲ့မိတဲ့စိတ်ကို ရှက်မိပါတယ်။
My name is Khan Bollywood movie ထဲကလို ပြောချင်တာက
လူမှာ လူဆိုးနဲ့လူကောင်း ဆိုပြီး ၂မျိုးပဲရှိပါတယ်။
8 comments
ကထူးဆန်း
August 30, 2017 at 4:03 pm
ငယ်ငယ် က ကရာချိ မြို့ကြိးထဲ ထမင်းငတ် ရေပြတ်ဖူးတယ် …. သူတို့ ဥပုသ်လ သဘောင်္နဲ့ရောက်တုန်းမသိဘဲအောက်ဆင်းလည်မိတာ….အဟီး သူတို့လို ဥပုသ်စောင့်လိုက်ရတယ် …ဘယ်မှာမှ ဘယ်ဆိုင်မှ အစားအသောက်ဝယ်လို့မရ ရေဝယ်မရ ။။ နေဝင်မှ စားလို့ ဝယ်လို့ ရတော့တယ် …
အဲ့လို ဘာသာရေးကိုင်းရိူင်းကြတာ …..
သူတို့ ဘာသာအရ အရက်ကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားတယ် ။။ ကရာချိ ကမ်းကပ်ရင် အခန်းထဲမှာ ဘားဖွင့်ထားတယ် .. သောက်တဲ့ သူတွေက သူတို့ custom officer တွေနဲ့ ဆြာကြီးတွေ ။။ ဂေ ျာ်နီလမ်းလေ ျာက် ပုလင်းတစ်ဝက်လောက်ကို ရေမရော ဘာမှမရော တစ်ဂွက်ဂွက်မော့သောက် နုတ်ခမ်းလေးသတ် ပြီး က ျန်တဲ့ တစ်ဝက်ကို သူတို့ အက ျီ် ဖြူ ဖြူ ဖားဖား ကြီးအောက် ထိုးထည့်ပြီး မော်တော်ဆိုင်ကယ်လေး မောင်းထွက်သွားတာဘဲ …ဆေးခြောက် ဘိန်းဖြူ ပြန်သယ်သွားမလား လာစပ်တာလဲ သူတို့ဘဲ …
အဲလို အဲလို … 🙂 🙂 သတိရသွားလို့ …
•*¨နန်းတော်ရာသူ •*¨
August 30, 2017 at 4:31 pm
ကထူးဆန်းရေ ရွာထဲဝင်စကနေခုထိ ပြန်မဆုံတာကြာပြီ။
ဝင်မန့်ပေးတာဝမ်းသာမိပါတယ်။
ဘဝအတွေ့အကြုံတစ်ခုကိုလည်း စိတ်ဝင်တစားပြန်ဖတ်လိုက်ရတာပေါ့။
မတူကွဲပြားသူတို့ရဲ့အရပ် ၊လူနေမှုနဲ့အလေ့အထတွေကို စိတ်ဝင်တစားရှိတယ်လေ။
ဘာသာတရားတိုင်းရဲ့အဆုံးအမခံထားသူတိုင်းမှာ သိမ်မွေ့မှုကိုယ်စီရှိကြပါတယ်။
အစွန်းရောက်သွားရင်တော့ ဘယ်ဘာသာဝင်မှမကောင်းတော့ပါ။
ဦးကျောက်ခဲ
August 30, 2017 at 5:31 pm
ကိုယ်တွေကတော့ အငတ်မခံနိုင်လို့ အရေးပေါ် လှေခါးကြားမှာ …
ထမင်းခိုးစား ရေခိုးသောက် စီးကရက်လေးဖွာ …
အရက်အကြောင်းပြောရရင်တော့ အရှည်ကြီး … ဟီး ဟီး :k:
ဦးကျောက်ခဲ
August 30, 2017 at 5:27 pm
ဟီ ဟိ… ကိုယ်တွေတော့ မုတ်ဆိတ်တွေကြားထဲ အနေကြာခဲ့လို့လားတော့မသိ …
မုတ်ဆိတ်မြင်ရင် အလာဂျီရှိတယ် … သူတို့အနား နီးနီးကပ်ကပ် မနေရဲ …
ငါကလေး မြန်တျန့်မှန်းသိရင် ထဝုန်းမလားမသိဆိုပြီး …
အသားလွတ် တွေးပူခဲ့ရတဲ့ နေ့ရက်တွေကို မေ့မရဘူး … :k:
•*¨နန်းတော်ရာသူ •*¨
August 30, 2017 at 9:04 pm
ကိုယ်တွေလဲ အဓိကရုန်းကိုမျက်မြင်ကြုံခဲ့ရတာမို့ အမျိုးမျိုးကိုတွေးပူတော့တာပေါ့။
သို့ပေမယ့် ရှောင်လွှဲမရပေမို့ ရင်တမမပဲ။ ရှုခင်းတွေကိုကတော့ သဘောကျနေခဲ့တာ။
အခုဟာက ဖိလစ်ပိုင်က ဦးဆောင်ကျင်းပတဲ့ပွဲမို့ နိုင်ငံအစုံအဖော်ရှိနေတော့ တော်သေးတာပ။
၈၈ကတော့ ရောက်လေရာမှာ လူချစ်လူခင်ပေါပါတယ်။
ပြောင်းသွားရင်တောင် လိုက်လိုက်လာကြလို့ခက်နေတာ 😆
aye.kk
August 30, 2017 at 9:47 pm
မှန်ပါတယ်
လူမှာ
လူဆိုးနဲ ့လူကောင်းနှစ်မျိုးပဲရှိတယ်။
လူမှာ
ကုသိုလ်နဲ ့အကုသိုလ်နှစ်မျိုးပဲရှိတယ်။
manawphyulay
September 6, 2017 at 4:22 pm
သွားပြီးရင်လည်း အတွေ့အကြုံ ဗဟုသုတလေးတွေ ပုံလေးတွေနဲ့ ဖော်ပြပေးဦးနော်… ဒါမှ မနောတို့လည်း မရောက်ဖူးပေမယ့် သရေကျလို့ရတာပေါ့နော်
Shar Thet Man
September 21, 2017 at 10:18 am
မွန်လေးလည်းသွားချင်လိုက်တာ