မျှော်လေတိုင်းဝေး
မိန်းမသားမို့မလေးစားကြတာလား။
အရုပ်ကြီးထင်ပြီး လိုရာကစားနေကြတာလား။
ပြည်သူကိုလှည့်စားနေတာတွေ ရပ်ကြပါတော့လား။
ရာစုနှစ်ဝက်စာရိက္ခာတွေနဲ့ဆယ်ဘဝစားကြပါတော့လား။
စတေးခံရတဲ့ငယ်သားတွေနဲ့ပြည်ထောင်စုဖွားတွေအစား
သင်တို့သားငယ်လေးဓားရှရင်တောင်ခံစားရက်ရဲ့လား။
အလိုရှိရှိရာအထုပ်တွေပိုက်ပြီးသွားကြပါတော့။
ပြည်ထောင်စုအတွက်တစ်ခုပဲထားခဲ့ပေးပါ
ငြိမ်းချမ်းရေးဂျိုးကူသံသာ……
9 comments
ဂျစ်စူ
March 7, 2017 at 9:41 pm
ဝမ်းဒေးပေါ့ဗျာ
အဲ့ ဝမ်းဒေးက ကျုပ်တော့မီမယ်မထင်
Thint Aye Yeik
March 8, 2017 at 12:28 am
အမေစု ဝဋ်နာကံနာ ထိနေတာ မကြည့်ရက်စရာ
kai
March 8, 2017 at 6:10 am
ဗိသုကာပညာမှာ.. ခေါင်မိုးအခုံးဆောက်ရင်.. ကီးစတုန်း(ထောက်ပံ့ကူကျောက်တုံး) ဆိုတာရှိတယ်..။
အဲဒါဖြုတ်လိုက်ရင်.. အကုန်ပြိုပဲ..။
ဆိုတော့..။
ဒီခေတ်ရဲ့ မြန်မာ့ ငြိမ်းချမ်းရေး၊ စီးပွားရေး အခြေအနေမယ်.. ကီးစတုန်းကိုရှာရမယ်တွေးတယ်..။
ဒေါ်စုအစိုးရက မရှာတတ်သေးဘူးလို့ထင်တယ်….။
အစိုးရတရပ်ဟာ.. အချိန်အတိုင်းအတာတခုအတွင်း… တိုင်းပြည်ကို သိသိသာသာ.. တိုးတက်အောင်မြင်အောင် မလုပ်နိုင်ရင်.. ဘယ်သူ့ကိုမှလက်ညိုးလိုက်ထိုး.. လွှဲချနေလို့မရ..။ လွှဲချခွင့်မရှိ..။
ဘယ်သူမပြုမိမိမှု..၊
ကိုယ့်အပြစ်..။
ကိုယ့်ချို့ယွင်းချက်.. ကိုယ်ရှာသင့်…။
•*¨နန်းတော်ရာသူ •*¨
March 8, 2017 at 9:01 am
သူဂျီး Key Stone က အဘတွေဖြစ်နေရင်ကော။
အဖက်ဖက်ကတံခါးတိုင်းရဲ့Keyမှန်သမျှသူတို့လက်ထဲမှာလိုဖြစ်နေသလိုပဲ။
ဇီဇီ
March 8, 2017 at 8:29 am
အဟွာ! ဟိုလိုလုပ်လည်းရဒါဖဲ!
ငြိမ်းချမ်းရေးစာချုပ်လက်မှတ်မထိုးချင်တဲ့ ခေါင်းဆောင်တေ တစ်ယောက်ချင်း စီးချင်းထိုးဂျဘာ့လား!
ကြားက အပြစ်မဲ့ ပြည်သူတွေ စစ်သားလေးတွေ လူ့ အသက်တေ အများဂျီး ဖြုန်းတီးရာမရောက်တော့ဖုပေါ့! ?
ဂလောက်တောင် လက်နက်ကိုင်ဖြေရှင်းချင်နေတဲ့ သတ္တိရှင်ခေါင်းဆောင်တေ အကုန်လုုံးကိုပြောဒါ! ငိငိ!
??
ကွင်းပြောင်ပြောင်မယ် စီးချင်းထိုးဂျ! ဒါမှ မုန့် ကျောချင်းကပ် ခွာ သေနတ်ပစ်ပြိုင်ပွဲ လုပ်ကြ!! ?
ဦးဦးပါလေရာ
March 13, 2017 at 11:41 pm
မျှော်လေတိုင်းဝေး ဆိုတာက
ငြိမ်းချမ်းရေးကို ဆိုချင်တာ ဆိုရင်တော့
ကျုပ်အမြင်အရ –
ဒီနိုင်ငံမှာ တကယ့်ငြိမ်းချမ်းရေးရဖို့
မဖြစ်နိုင်သေးပါဘူး..
သိပ်မငြိမ်းချမ်းပဲနဲ့ အဆင်ပြေအောင် ရှေ့ဆက်သွားနိုင်ဖို့သာ
မျှော်လင့်နိုင်တယ်ထင်တာပဲ..
လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ငြိမ်းချမ်းဖို့ဆိုတာက
အဲသည်အဖွဲ့အစည်းအတွင်းကလူတွေ
တကယ်ငြိမ်းချမ်းချင်စိတ် အရင်ရှိဖို့လိုပါတယ်….
ကျုပ်တို့တွေကြားမှာက
ကိုက်ချင်စိတ်တွေပဲများနေတယ်..
သျှားသက်မာန်
March 15, 2017 at 11:49 am
ဟုတ်တယ် ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုပြီးခုထိအရိပ်တောင်မတွေ ့သေးပါ..သင်္ကြန်ပိတ်ရက်လည်း5ရက်ပဲ ရတော့တယ်
ဦးကြောင်ကြီး
March 19, 2017 at 12:46 pm
ကွင်ဘုံတုမ နင်သိပ်သိထင်ရင် ကမိုးတီးနက် စကားရည်လုရဲလား
ဝင့်ပြုံးမြင့်
March 19, 2017 at 8:17 pm
အာဏာသိမ်းတယ် ဆိုတာ တကယ်တော့ လွယ်လွယ်လေး။ အဲဒီလွယ်လွယ်လေးကို လက်ဦးမှု အရင်ယူပြီး သိမ်းလိုက်ရုံ။ ခြေဥကို ရေဒီယိုကနေ တီဗီကနေ ကြေငြာချက်လေး ထုတ်ပြီး ဖျက်လိုက်ပါပြီဆို ပြီးတာပဲ။ (သူတို့သာဆို အဲဒီလို လုပ်မယ်လို့ ပြောတာပါ)