ကွာဟချက်တို့ကျဉ်းစေလို
မြန်မာပြည်မှာ ကျေးလက်နဲ့မြို့ပြရှိလူတွေရဲ့ ပညာရေးကအစပြုလို့ အတွေးအခေါ်၊အသိအမြင်၊ဗဟုသုတတွေဟာ ကွာခြားချက်အရမ်းကိုမြင့်မားလှပါတယ်။
အဓိကတရားခံကတော့ ဆင်းရဲကြလို့ပါ။ဆင်းရဲခြင်းရဲ့နောက်မှာ ထမင်းစားဖို့အရေးထက် ဘာကိုမှပိုအရေး မပေးနိုင်ကြတာပါပဲ။
၅နှစ်၊၆နှစ်အရွယ် အိမ်မှာထိန်းကျောင်းရလည်းသက်သာအောင် ကျောင်းကိုစပို့လိုက်ကြပေမယ့် ၈နှစ်ကျော် ၉နှစ်လောက်ကစလို့ ပိုက်ဆံရမယ့်အလုပ်တစ်ခုခုမှာကူစေချင်နေပြီ။ဒီလိုမှမဟုတ်ရင်တောင် အိမ်အလုပ်တွေမှာအားတစ်ခုအနေနဲ့ထည့်သွင်းအသုံးချဖို့တွေးလာပြီ။၁ဝနှစ်လောက်ကျော်ပြီဆိုတာနဲ့ ကလေးတွေကိုယ်တိုင်ပိုက်ဆံရှာပေးနိုင်မယ့်နေရာတစ်ခုခုကိုပို့ချင်လာကြပြီ။ပညာရေးဟာ ဝါဝါဝင်းဝင်းအရောင်တင်ထားတဲ့ ၁၃ပဲရည်ရွှေတိုရွှေစလေးတွေလောက်မက်စရာလို့မထင်နိုင်ကြဘူး။တရုတ် ဆိုင်ကယ်ကနေ ယိုးဒယားဆိုင်ကယ်ပြောင်းစီးနိုင်တာမှဘဝလို့ထင်နေကြရှာတယ်။
နောက်တစ်ချက် ကျေးလက်နေကလေးတွေဟာ ရှိရင်းစွဲမှတ်ဉာဏ်အားကြောင့် စာတွေမှာထက်မြတ်ထူးချွန် ရင်ထူးချွန်လာမယ် မြို့နေကလေးတွေအခြေခံကိုမမှီကြဘူး။
အခြေခံကတော့ နည်းပေးလမ်းညွှန်နိုင်မှုကွာခြားချက်ကြောင့်ပါပဲ။သင်ကြားပုံနည်းစနစ်မကောင်းတာရယ် ဆရာ၊ဆရာမတွေရဲ့ တတ်ကျွမ်းမှုအခြေခံမတူညီကြတာရယ်တွေကြောင့်ပါ။
တတ်ကျွမ်းမှုအခြေခံဆိုတာကလည်း မြို့မှာပညာသင်ကြားပြီး ဆရာဖြစ်လာသူတွေဟာ ကျောင်းပညာကစေ့စေ့ငှငှနားလည်မှုကိုမပေးစွမ်းနိုင်တောင် အပြင်ကျူရှင်ကောင်းကောင်းတွေ ကြောင့်အားသာအောင်ထောက်ပံ့ပေးနိုင်ပါတယ်။မြို့ကဆရာမတွေဟာကျေးလက်ကျောင်းလေးတွေမဆင်းချင် ကြပါဘူး။မဖြစ်မနေသွားရရင်တောင် မြို့ပေါ်ပြန်ရောက်အောင်ကြိုးစားယူတတ်ကြတယ်။
ဒီတော့ ကျေးလက်ကျောင်းလေးတွေရဲ့အမာခံဆရာတွေဟာ ရွာခံဆရာ၊ဆရာမတွေပဲဖြစ်နေတတ်တယ်။
သင်ကြားရည်မဝသေးတဲ့၊ကိုယ်တိုင်သိမြင်တတ်ကျွမ်းမှုအားနည်းသေးတဲ့၊ အဝေး့သင်လေးပြီးလို့ လူရိုသေရှင်ရိုသေအလုပ်ကလေးတစ်ခုရရင်တော်ပြီဆိုတဲ့ ဆရာ၊ဆရာမလေးတွေနဲ့သာနှစ်ပါး သွားရပါတော့တယ်။
မြန်မာပြည်မှာ ထူးချွန်ထက်မြတ်တယ်လို့သတ်မှတ်ခံရတဲ့လူတန်းစားဟာ ကျောင်းဆရာအလုပ်ကို လုပ်ဖို့စိတ်မကူးကြပါ။
မိဘကလည်း ငါ့သားသမီးကြီးလာရင်ထူးချွန်တဲ့ကျောင်းဆရာ၊ဆရာမဖြစ်ရမယ် ဆိုပြီးရည်မှန်းတာမျိုးတွေမရှိသလောက်ရှားလှပါတယ်။ဆယ်တန်းပွတ်ကာသီကာလေးအောင်ပြီး အလုပ်တစ်ဖက်နဲ့အဝေးသင်လေးပဲတက်နိုင်တဲ့အခြေအနေတွေမှသာ ဒီလမ်းကိုရွေးကြတာများပါတယ်။
တကယ်ထူးချွန် ရည်မှန်းချက်ကြီးလို့ ပညာရေးတက္ကသိုလ်တက်ခွင့်ရတဲ့လူတွေရှိပေမယ့် ထိုသူတွေရွေးချယ် မယ့်အရပ်က ကျေးလက်ကျောင်းလေးများဆီသို့မဟုတ်ပါ။
ဒီတော့ မြို့ပြနေကလေးတွေရဲ့ပညာရေးဟာ ကျောင်းတွင်းမှာတင် မြိုပြမှာအခြေခံရလာတဲ့ဆရာ၊ ဆရာမတွေရှိရုံမကအပြင်ကျူရှင်ကောင်း၊သင်တန်းကောင်းပေါင်းစုံနဲ့အရောင်တောက်သည ်ထက်တောက် နိုင်ကြပေမယ့်
ကျေးလက်နေကလေးတွေရဲ့ပညာရေးကတေ့ာ တကယ်သိ၊တကယ်တတ်ကျွမ်းပြီး၊ ဗဟုသုတအရာပြည့်ဝတဲ့ဆရာတွေနဲ့ဝေးသည်ထက်ဝေးနေပြီး သူတို့လိုပဲ တပိန်ပိန်တလိန်လိန်တက်လာ ရှာတဲ့ ဆရာ၊ဆရာမမျိုးလေးတွေနဲ့သာအများဆုံးထိတွေ့နေရတော့တာပါပဲ။
သင်ကြားလာရတဲ့အခြေခံမှာ ထိထိရောက်ရောက် တကယ်မသိ၊မတတ်လိုက်ရပဲ ဖတ်ကျက်ပြီးအတန်းတွေ တက်လာကြရတယ်။စာပေဗဟုသုတ၊အပြင်ဗဟုသုတပေါင်းစုံကိုလေ့လာဖို့အားနည်းပြီးအတန်းတွေကြီးလာကြရတယ်။ဒါကြောင့်မို့ကျေးလက်နေကလေးတွေဟာ ပင်ကိုဗီဇကိုက လေ့လာလိုက်စားလိုစိတ်ထက်သန်ရင်ထက်သန်၊ဒါမှမဟုတ် ပညာထူးချွန်ရင်းကအသက်မွေးဝမ်းကျောင်း တက္ကသိုလတစ်ခုခု်(သို့)လူတော်များရှိရာအသိုင်းအဝိုင်းတစ်ခုခုကြားသို့ရောက်ရင်ရောက်သွားမှသာှ သူတို့လေးတွေရဲ့အရောင်ဟာတစ်ဖြည်းဖြည်းပေါ်လွင်လာနိုင်လေ့ရှိပါတယ်။
ဘွဲ့ဝတ်စုံပေါ်ကကြိုးပြားအရောင်ကိုအဓိကထားခွဲခြားပြီး ပန်းတိုင်တစ်ခုလိုအရောက်လှမ်းဖို့ကြိုးစားနေကြတဲ့ တိုင်းပြည်ဖြစ်တာကြောင့် ဒီတိုင်းပြည်ထဲမှာတော့အသားကျနေကြဆဲပါ။သို့ပေမယ့် အတွေးအခေါ်၊ အသိအမြင်၊ဗဟုသုတအရာယှဉ်လာခဲ့ရင်တော့ ကျေးလက်နဲ့မြို့ပြအသိအမြင်ကွာခြားချက်က အရမ်းကိုကြီးမားလွန်းနေဆဲမို့ ပြုပြင်ဖို့နည်းလမ်းကောင်းတွေ စောင့်မျှော်နေရဆဲဖြစ်ပါတယ်။
နန်းတော်ရာသူ
5.3.2017
2:11
7 comments
ဦးကျောက်ခဲ
March 5, 2017 at 9:08 pm
စေ့စေ့ငုငု ပြန်တွက်ကြည့်ရင် လူ့အတ္တပါပဲ…
မြို့ပေါ်က ကျောင်းကောင်းမှာ ဘွဲ့ကောင်းကောင်းယူခဲ့သူတွေလည်း…
ပြည်ပကကျောင်းကောင်းတွေမှာ ပညာဆက်သင်ပြီး ပြည်ပမှာပဲ အခြေချကြတာ…
မန့်ရတာ စိတ်မလုံဘူး… ဟူး… ဟူး… :k:
•*¨နန်းတော်ရာသူ •*¨
March 5, 2017 at 10:58 pm
ရွာကျောင်းလေးတွေရဲ့အခြေအနေတွေက ရွာကျောင်းတွေမှာတက်ဖူးသူတွေဆီကမှသိရတာပါ။တစ်ချို့မြို့ကဆရာမတွေဆို လစာထုတ်ခါနီါ်တို့အရေးကြီးတဲ့အခါတို့မှရွာသြွးပြီး ကျန်တဲ့အရက်တွေ ရွာခံကလေးတစ်ချို့ကိုငှားထည့်ထားတာမျိုးတောင်ရှိသတဲ့။
သူတို့ဘက်ကကြည့်တော့လည်း တစ်ချို့ကျောင်းဆရာလေးတွေဆို ကျောင်းပိတ်ရက် ထော်လာဂျီလိုက်မောင်းရတာမျိုးတောင်ရှာစားရပါတယ်။မြို့ပေါ်လိုအပိုကျူရှင်မရှိကြောတ့လေ။
ဇီဇီ
March 6, 2017 at 1:06 pm
စဉ်းစားကျိရင် မြန်မာပြည်ရဲ့ ၆ဝ ရာနှုန်းက အာ့မိုးလေးတွေ။
မမဂျီးလည်း မန့်ရဒါ စိတ်မလုံဖူးး
အေးလေ။
ကိုယ်လုပ်လို့ ဖစ်တာမှ မဟုတ်တာလို့ပဲ စိတ်ဖြေရမှာပဲ။
အာ့ ဟို အဘဒေ မကောင်းခဲ့လို့။
ငိငိ
:a:
myat pearl phyu
March 6, 2017 at 2:08 pm
ဝင်ဖတ်သွားပါတယ်…တော်တန်ရုံ ကွန်မန့်ပြန်မရေးမိတာကလွဲလို့
ရွာထဲ ဝင်တာနဲ့ တင်ထားတာတွေထဲက စိတ်ဝင်တစားရှိသမျှ စာတွေ အဟောင်းကော အသစ်ကော လိုက်ဖတ်တတ်တာကတော့ အကျင့်ဖြစ်နေပါပြီ…။
မြို့ပြနဲ့ ကျေးလက်ကွာခြားချက်ကတော့ ရှိနေဦးမှာပါပဲ။
တိုင်းပြည်ကလည်း ပြည်သူတင်တဲ့ အစိုးရသစ်လက်ထက်မှာ ခုမှ အလဲလဲအကွဲကွဲကို မနည်းပြန်လည်တည်ဆောက်ယူနေရတုန်းမလား..။
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တွေလည်း ကူညီနေကြတယ်မဟုတ်လား..။ ပရဟိတအဖွဲ့အစည်းတွေကလည်း သူတို့တတ်နိုင်တဲ့ဘက်က ကြိုးစားနေကြပါတယ်..။ ကံပဲပေါ့…။ ကိုယ့်တုန်းကလည်း ကျောင်းပြီးလို့ ဆရာမလုပ်မလားဆိုတော့
နယ်က ကျောင်းအသစ်တွေ ကိုယ်ကတော့ GTC ထွက်ဆိုတော့ GTC ကျောင်းအသစ်တွေ သွားရမှာသိလို့ ဝင်မလုပ်ခဲ့ပါဘူး။
မြို ့က လူတွေ တော်တော်များများကလည်း ဝေးလံခေါင်ဖျား ရွာစွန်ရွာဖျားဆို မသွားချင်ကြဘူးလေ..။ တကယ်ဆရာမလုပ်ချင်ခဲ့တဲ့ စိတ်လည်း မရှိခဲ့လို့ဖြစ်ပါလိမ့်မယ်..။ ဒါပေမယ့် သင်တန်းဆရာမတော့ ဖြစ်ခဲ့ပါသေးတယ်။ ရခဲ့တဲ့ဘွဲ့နဲ့ လက်ရှိအလုပ်ဆိုတာကလည်း မတူညီခဲ့ပါဘူး..။ ခုဆို မြို့ပေါ်က အသက်မပြည့်အရွယ်မရောက်သေးတဲ့ ကလေးလုပ်သားလေးတွေ တောင်းစားနေတဲ့ အရွယ်လေးတွေဆိုလည်း သူတို့ ကျင်လည်ရာဘဝအလိုက် သူတို့ပျော်နေကြတာပါပဲ…။ ပညာကို လိုလာတဲ့ ကလေးကတော့ သူ့ကြိုးစားမှုနဲ့အတူ တစ်ချိန်မှာအောင်မြင်ထွန်းပေါက်သွားမယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်အတွက် အုတ်၁ချပ် သဲ၁ပွင့်အဖြစ် ကိုယ်ကျရာနေရာကနေ တာဝန်ကျေလိုက်ကြတာပေါ့ မနန်းတော်ရာသူရေ …။
Thint Aye Yeik
March 7, 2017 at 7:25 pm
နယ် ဘက်တွေ ခရီး ထွက်ဖြစ်တိုင်း မြင်တွေ့နေရတာက… အဲဒီ ဆင်းရဲမွဲတေမှု…။
ရန်ကုန်လို မြို့မှာ မသိသာလှပေမဲ့ တောနယ်တွေထဲက ရွာလေးတွေမှာ အတော် ချို့တဲ့ နွမ်းပါးကြပါတယ်။
ပြေလည်တယ် ဆိုတဲ့ ရွာသူဌေးကတောင်မှ ပြောင်ပြောင်ရောင်ရောင် မရှိတာ များပါတယ်။
ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်…. စိတ်ပိုင်းဆိုင်ရာပါ… နိမ့်ကျပြီး မဖွံ့ဖြိုးတာကို လေ့လာရေး ဆင်းတိုင်း မြင်တွေ့မှတ်သားနေရတော့
အဲဒီအကြောင်း မြို့ကလူတွေ ဖတ်ဖို့ဆိုပြီး…. စာတစ်ပုဒ် ရေးဖို့တောင် ကြံနေသေး။
———————-
အခုလို ဆန္ဒပြုစာ…တိုက်တွန်းစာတွေ ဖတ်ရတာ အဲ့ဒီလို ဒေသတွေအတွက်တော့ မျှော်လင့်ချက်ရောင်ခြည်တစ်စပါလေ…
hmee
March 15, 2017 at 8:44 pm
အမတို့ ရွာမှာဆို အစိုးရခန့် နဲ့ မလုံလောက်လို့ လခပေးဌါးထားတဲ့ ဆရာမတွေ သင်တယ်။ ဘယ်လောက် တတ်မယ်ထင်သလဲ။ ဆရာမတွေကို အရည်အချင်းထပ့်မှင့်ပေးသင့်တယ် ထင်တယ်။ စာပြီးရင်းစာ ဆိုတာလည်း မကြိုက်ဘူး။ ကလေးတွေ ဝန်ပိတယ်လို့ ။ စာကို တတ်သင့်တာလောက်ပဲသင်ပြီး ကျန်တာတွေကို လေ့ကျင့်ပေးသင့်တယ်။ team work လိုမျိုး။ ကလေးတွေကို စဉ်းစားချင်စိတ် လေ့လာ စူးစမ်းချင်စိတ်တွေကို ပျိုးထောင်ပေးတယ်။ ကိုယ်တွေဆီမှာ စာပြီးရင်းစာ ဖြစ်နေတာကို မကြိုက်ဘူး။ သားဆို့ဆို သူ့ရာသီနဲ့သူ လူ့လောကမှာ တတ်သင့်တတ်ထိုက်တာ အားလုံးကို ကျောင်းက သူ့အရွယ်နဲ့သူ သင်ပေးတာ သိပ်သဘောကျတာပဲ။ ကလေးတွေလည်း ပျော်တယ် ဉာဏ်ရွှင်တယ်။ ကိုယ်တွေဆမှာ အဲ့လို ဖြစ်စေချင်စိတ် တဖွားဖွား။ ပညာရေးအတွက် စိတ်ထဲမှာ ဘာဖိစီးမှု မှ မရှိဘူး ကောင်းချက်။ ကျောင်းတိုင်း အားလုံးတန်းတူ။ ကိုယ်တွေဆီ အဲ့လို ဘယ်တော့များမှ ဖြစ်နိုင်ပါ့။
သျှားသက်မာန်
March 23, 2017 at 1:29 pm
အမြဲတမ်းကွာဟချက်ကတော့ရှိနေမှာပါပဲ..