စေတနာ-နေရာ
-အခုခေတ်ကာလတွင် ‘အစိုးရအားပြစ်တင်ရှုံ့ချနိုင်က သတင်းကောင်းဖြစ်၏ ‘ဟုသတင်းထောက်များ လက်ကိုင်ပြုထားကြသည်။
-လူအများပြစ်တင်ဝေဖန်သမှု အများပြုကြသည်ကို သိုင်းဝိုင်းချဲ့ထွင်လျက် နေရာယူကြ၏။
-သူတစ်ပါးအားအပုပ်ချခြင်းဖြင့် ဆရာသဘာ ယောင်ယောင် လေလုံးထွားကြ၏။
အများစု၏ရင်မှာ စေတနာစိတ်ထက် နေရာယူလိုစိတ်ကသာများပြားနေသည်မို့
ကိုယ်ချင်းစာစိတ်ဟူသည်မထားတတ်တော့
ကိုယ့်မျက်ချေးကိုမမြင်ရလေအောင် မှန်များပင်မကြည့်ချေတော့
ခွေးမျက်ချီး ကြောင်မျက်ချီးကအစ လိုက်ရှာနေတော့သည်
12 comments
alinsett (gazette)
May 1, 2014 at 11:48 am
ရှိသေးတယ်
အစိုးရကို ပယ်ပယ်နယ်နယ် သရော် ပြစ်တင် လှောင်ပြောင်ခြင်းကို
ဟာသ ရသ ထဲထည့်ပြီး လူရွှင်တော်တွေ လုပ်စားနေကြတာ
နိုင်ငံရေးသရော် လှောင်ပြောင်ပြီး
အစိုးရရဲ့ လုပ်ပုံတွေကို ပြစ်တင် ကဲ့ရဲ့မှ ဟာသဖြစ်တာလိုလိုနဲ့လေ
အဲ့လို ထိကပါးရိကပါးတွေ ပြောမှ ရယ်ရတာမျိုးထက်
ဟာသစစ်စစ်ကိုပဲ ရယ်ချင်တာ
အဟိ
TNA
May 3, 2014 at 2:20 pm
ဟယ် ဘုန်းကြီးတွေလဲ ပါတာပဲလေ။ တရားပွဲတွေမှာ အစိုးရကိုရှုပ်ချတဲ့ ဘုန်းကြီးဆို တရားပွဲတွေတန်းစီနေ တာပဲ။ တရားပွဲလား ဇာတ်ပွဲလားတောင်မသိရဘူး။ တကာမတွေ တဝါးဝါးတဟားဟားနဲ့
alinsett (gazette)
May 1, 2014 at 11:52 am
အဲ
မှန်ရှေ ့ ပြေးဦးမှ
•*¨နန်းတော်ရာသူ •*¨
May 1, 2014 at 12:07 pm
ဒီနေ့ပဲ fb page တစ်ခုမှာ အမြန်လမ်းကိုပြန်ပြုပြင်ခြင်းမပြုသေးတာဘာညာရေးထားတာဖတ်ပြီး ရေးတဲ့လူတွေအမြန်လမ်းတလျှောက်ကောသွားကြည့်ပြီးရဲ့လားတွေးမိနေတာပါ
ဟိုနေ့ကပဲအမြန်လမ်းကပြန်လာတာ လမ်းတလျှောက်တချို့နေရာတွေနဲ့မိုင်တိုင်၁၀၀ဝန်းကျင်မှာကတ္တရာတွေခင်းနေတာတွေ့ခဲ့ရလို့ဝမ်းတောင်သာနေတာ။စာရေးသူဟာ ပွင့်လင်းမြင်သာမှုမရှိဘူးအော်နေရအောင်
ပွင့်လင်းမြင်သာဖို့ အပြင်ကောထွက်ကြည့်ရဲ့လားလို့တွေးမိပါတယ်
🙁
Mr. MarGa
May 1, 2014 at 3:16 pm
စေတနာ – နေရာ
အင်း…. ငါလဲ ဘယ်နားမှာ ပါပါလိမ့်
တကယ့်တကယ် ကြောက်ရတဲ့သူတွေ ရှိသေးတယ်
ဘေးထိုင်ဘုပြော တွေနဲ့ ကျနော်တို့လို ဘေးထွက် ထိုင်ကြည့်နေတဲ့သူတွေ….
•*¨နန်းတော်ရာသူ •*¨
May 1, 2014 at 5:51 pm
ဘယ်ဘက်မှ အစွန်းမရောက်တာအကောင်းဆုံး
အခုခေတ်ကအလက်ဆင်းပြောသလိုပဲ
ဘာလုပ်လုပ် အစိုးရမကောင်းတာရေးသားပြောဆို ဟာသလုပ်မှ အရာဝင်တယ်ထင်တာ
ကိုယ်တိုင်က အစိုးရကိုကြိုက်နေလို့တော့မထင်နဲ့နော်
မဟာရာဇာ အံစာတုံး
May 1, 2014 at 6:22 pm
ဂလိုပါပဲ ယောက်ခမရယ် …
ဂလိုပါပဲ …..
ကေဇီ
May 1, 2014 at 6:26 pm
သူတို့ကပဲ ဟာသဖြစ်နေလို့မြန်းလားးး 🙄
😀
•*¨နန်းတော်ရာသူ •*¨
May 2, 2014 at 8:57 am
သူတို့ကလည်းဟာသဖြစ်နေတာအမှန်ပါ
သတင်းတွေကျတော့လည်း ဝေဖန်မယ့် အကြောင်းအရာအပေါ်သေသေချာချာလေ့လာပြီးမှရေးသင့်တယ်ထင်တာပဲ
sorrow
May 2, 2014 at 12:45 pm
စကားအတင်းစပ်………. CV ဖောင်ပို့ပါဗျ
•*¨နန်းတော်ရာသူ •*¨
May 2, 2014 at 5:46 pm
ကိုယ်တိုင်အင်တာဗျူးလာဖြေဘမယ် ဆြာဆော
😀
Wow
May 5, 2014 at 1:47 pm
ဝန်ကျီးဒွေကျတော့ ဟာသလုပ်ရပီး နာတို့ကျ မလုပ်ရဝူးလား သော်ကလေး