တိမ်တွေကို ဝေ မယ်
ပထမဆုံး တနင်္ဂနွေလေတံခွန်ကို
ဘယ်လို လွှတ်တင်ရမယ်
အမြဲတမ်း လေထဲမှာ လွင့်ဝဲနေရမယ့်
အဓိပ္ပာယ်အတွက်
အတောင်တွေကို ပုံမှန်ထက်
ပိုမို ဆန့်ထုတ်နေရခြင်း လေးပုံတစ်ပုံ
ဖော်ပြပါ တနင်္ဂနွေမှာ
အသံထက်မြန်တဲ့ ဝံပုလွေဟာ
ယုံကြည်မှုရဲ့ ခန်းဆီးတွေကို သွယ်ဝိုက်နမ်းရှိုက်
သိုးကလေး၊ ယုန်ကလေးနဲ့
အမြဲလွင့်ဝဲနေရမယ့် တိမ်တွေကို ဝယ် မယ်…။
နိစ္စဓူဝဓမ္မ ဆက်တင်မှာ
ဤ ကံသုံးပါးထဲမှ
တပါးပါးသော ကံကို ဖောက်ဖျက်ကျူ းလွန်မိသည်ရှိသော်
နေကာမျက်မှန်တစ်လက် အမြန်
ဝယ်ယူတပ်ဆင်ဖို့ မမေ့ရန်နှင့်
ပူပြင်းခြောက်သွေ့သော နွေရာသီတွင်
အရက်ကို ချွေတာသောက်သုံးရန်
ထို့အပြင်
သူမရဲ့ ဗိုင်းကောင်းကျောက်ဖိ
မော်တော်ကားလေးကလည်း
ကြိုက်တဲ့လမ်းကို ရွေးဖို့
စိန်ခေါ်ခွင့်ပြုထားရင်းနဲ့
တိမ်တွေကို ဝယ် မယ်…။
တောင်ကလပ်မှာ ညို့နေတဲ့ နှင်းတွေကို ခွာကြည့်လိုက်
ရာသီမြစ်နဲ့ အလည်လိုက်လာတဲ့ ငှက်ကလေးတွေက
စာနာသိမ်ငယ်စွာနဲ့
တွေ့တိုင်း ခြေ အဆေးခံရတဲ့ အိုင်ကလေးက
မျက်ရည်စက်လက်
အရိုးပွန်းရှ တဲ့ အထိ တိမ်တွေကို ဝေ မယ်…။
ဓားကို လက်လွတ်စပယ်ရမ်းတာထက်
စကားကို လက်လွတ်စပယ်ရမ်းရင်း
တိမ်တွေကို ဝယ် ကြတယ်…။
အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်နေပေမဲ့
အဲဒီ … ဂျက်လေယာဉ်ကြီးတွေက ကွင်းမရွေးဘူး
အမြင့်ပေ တစ်သောင်းကနေ
တိမ်တွေကို ဝယ် ဖို့
ဝဲနေတဲ့
လူဝတ်ကြောင်တို့ရဲ့
ခုံးမောက်မောက် ကောင်းကင်အောက်
လူကောင်သေးတဲ့နိုင်ငံက တိမ်တွေကိုတော့
ခင်ဗျားတို့ ဘယ်တော့မှ ဝယ်လို့မရနိုင်ပေဘူး…။
ကိုယ့်ဘာသာ
စိတ်ရှိ လက်ရှိ တိမ်တွေကို ဝေ မယ်…။
ကမ်းဝေး
30.4.2014 ဗုဒ္ဒဟူး
9 comments
Mr. MarGa
May 1, 2014 at 3:21 pm
တိမ်တွေကို ဝယ် ပြီး
တိမ်တွေကို ပြန် ဝေ မယ် ဗျာ……..
marblecommet
May 1, 2014 at 3:29 pm
လျှင်ထှာ……
သကြားပီသပါတယ်
alinsett (gazette)
May 1, 2014 at 6:02 pm
နည်းနည်းလောက်
အဲဒိတိမ်တွေကို ခိုစီးပြီး
လမင်းနဲ့ နီးသည်ထက်နီးဖို့
ကြိူးစားကြည့်မလို့. . .
ကေဇီ
May 1, 2014 at 6:22 pm
တိမ်တွေ ဝေတာတော့ လာမယူတော့ဘူးးး
မုန့်တွေ ဝေမှပဲ လှမ်းခေါ်တော့။
:hint:
မဟာရာဇာ အံစာတုံး
May 1, 2014 at 6:25 pm
တိမ်တွေ လိုဂျင်ဘာဘူး ..
ကြက်သားဟင်း ခပ်စပ်စပ်လေး ချက်ကျွေးယင်ဒေါ့
လာစားဂျင်ဒယ် … ဒဂယ် .. ဒဂယ် ..
ko six
May 2, 2014 at 11:58 am
ရခိုင်ချက်ကလေးနဲ့ဆွဲလိုက်ချင်တာဟာဟာ
kyeemite
May 5, 2014 at 11:01 am
တိမ်တွေဝေမယ်ဆိုလည်း…မိုးတိမ်ပဲဝေဗျာ..ဒါမှမိုးရွာပြီး အားလုံးအေးချမ်းမှာ..ပူလှပီ 😀
ကိုပေါက်(မန္တလေး)
May 5, 2014 at 4:29 pm
ဝေ တဲ့ တိမ် တွေ ကို
ခဏ သိမ်းး ထား
ပြတ်သွား မှ
အမြတ် တင်
ရောင်း မယ်
black chaw
May 9, 2014 at 1:35 pm
တိမ်တွေ ဝေမယ်ဆိုလို့

တန်းစီထားပါတယ်ဗျာ…။
အရင်ဆုံးရချင်လို့…။