သက်တူဖီလင်
စာရေးတာဟာ အကြိုက်ဆုံးဝါသနာဆိုတာလို့ဆိုရရင် တစ်ဝက်ပဲမှန်မယ်။
အမှန်က စိတ်ကူးထဲမှာရေးချင်တာတွေစီရတာကိုပိုကြိုက်ပြီး တကယ်တမ်းချရေးရမှာကိုတော်တော်လေးပျင်းတာပါ။
အခုနောက်ပိုင်း ပိုလို့တောင်စာရေးဆက်ခြားသွားတာက ရေးပြီးသားပို့စ်တွေမှာ reply မလုပ်နိုင်တာကြောင့်ပါ။
သို့ပေမယ့် ပေါ့ပေါ့ပါးပါးဖတ်ပြီး ပျော်ပျော်ရွှင်ရွှင်လိုက်မန့်နိုင်မယ့် ပို့စ်လေးတစ်ပုဒ်တော့ ရေးဖြစ်အောင်ရေးလိုက်မိတယ်။ 🙄
“သက်တူဖီလင်” :chit:
ငယ်ငယ်တည်းကနေအခုအချိန်ထိ ကိုယ်နဲ့သက်တူရွယ်တူ(သို့)အသက်မချင်းမတိမ်းမယိမ်းရှိတဲ့လူတွေဆို
အများကြီးကြားကနေထင်းနေအောင်သတိပြုမိတဲ့အကျင့်ရှိတယ်။
အတန်းထဲမှာ ခုနှစ်တူတွေချည်းဆိုတာတောင် လတူ၊မွေးနံတူတဲ့လူတွေဆို စိတ်ဝင်တစားရှိမိတယ်။
အနုပညာရှင်တွေကို ခရေဇီဖြစ်တတ်တဲ့အရွယ်လည်းကျရော ပိုဆိုးတော့တာပေါ့။
ကိုယ်နဲ့အသက်အရွယ်တူတဲ့ ဆယ်လီဗျစ်တီများရှိရင် ဝမ်းသာလုံးဆို့လို့။
Prince William
တစ်ကမာ္ဘလုံးကသိတဲ့ တော်ဝင်မင်းသားပါ။
ငယ်ငယ်က ရွှေအမြုတေမှာ မင်းသမီးဒိုင်ယာနာအကြောင်းအခန်းဆက်တွေဖော်ပြတိုင်း ပါနေကျဖြစ်တဲ့ မင်းသားဝီလျံ
သူ့အမေလို့ရီတတ်တဲ့ မင်းသားလေး ဟာ
ကိုယ်နဲ့ခုနှစ်သက္ကရာဇ်တစ်ခုတည်းပါလားလို့ တွေးမိတိုင်း မဆီမဆိုင် ဂုဏ်ယူသလိုလို၊ကြည်နူးသလို၊အရူးထသလိုလိုဖြစ်တတ်တယ်။
😀
နိုင်ငံရပ်ခြားအကြောင်းတွေ စိတ်မဝင်စားတဲ့သူငယ်ချင်းတွေရှေ့မှာလဲ အလိုက်ကန်းဆိုးမသိ ဝီလျံမင်းသားအကြောင်းထထပြောတတ်တယ်။စိတ်မဝင်စားကြပါဘူး။
၅တန်း၊၆တန်းအရွယ်တွေလောက်တည်းက မိန်းကလေးတွေစိတ်ဝင်စားတာ သူတို့ရဲ့အတန်းဖော်ကောင်လေးတွေကိုပါပဲ။
ဒီလိုနဲ့ တစ်ယောက်တည်း ဂုဏ်ယူ၊တစ်ယောက်တည်းအရူးထရင်း ဝီလျံဘယ်အရွယ်ရောက်လို့ ဘာတွေလုပ်နေပြီ သိရတိုင်း..
ငါတောင် ဒီအရွယ်ရောက်နေပါပြီလား….သူတော့ဘာတွေလုပ်နေပြီး
ငါတော့ဘာတွေလုပ်နေပြီ စသည်ဖြင့် အတန်မရာ
လှမ်းလှမ်းနုှိင်းယှဉ်မိတတ်တယ်။
😀
….
ဒီလိုနဲ့နှစ်ပေါင်းများစွာ
ကိုယ့်မှာလည်း ကိုယ့်လူမှုကိစ္စအဝဝနဲ့ ဘဝပစ်ချာမှာပုံဖော်နေချိန်ကာလတွေမို့ မင်းသားကိုမေ့နေခဲ့တာအတော်ကြာပါတယ်။
ကိုယ်ပြန်သတိပြုမိတဲ့အချိန်မှာ မင်းသားဟာ ကိတ်မစ်ဒယ်နဲ့တောင်လက်ထပ်တော့မတဲ့
လူပျိုပေါက်ဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ ဘာဘာညာညာလေးတွေ သိမိကြားမိတာတွေရှိပေမယ့် အရမ်းကြီး စိတ်ဝင်တစားမရှိနေခဲ့လိုက်တာ
ကိတ်မစ်ဒယ်ဆိုမှ ပြာပြာသလဲ
ဟင်း….ငါ့လောက်တောင်မလှဘူး
လို့ တွေးမိတယ်ဆိုရင် တစ်ကမာ္ဘလုံးများခဲနဲ့ဝိုင်းထုကြလေမလားးးးးး
အခုတော့…
သူတောင် မင်းသားကြီးတစ်ပါးနှယ်တိုင်းရေးပြည်ရာတွေမှာ အရာရောက်…တကယ့်လူကြီးလူကောင်းကြီးဖြစ်နေပြီ ငါကတော့
ကလေးလိုလို၊လူကြီးလိုလို၊ကိုယ့်ကလေးတွေနဲ့တောင် စိတ်ပြန်ကောက်ချင်ကောက်
အမျိုးမျိုးတွေ မတူမတန်လိုက်တွေးပြီး အားတောင်ငယ်မိလိုက်သေး
ကိုယ့်အတွေးတွေကိုလူတွေသာသိရင် ရယ်လိုက်မယ့်ဖြစ်ခြင်းဆိုပြီး အောင့်အီးထားတာကြာပါပြီ။
အခုတော့အခွက်ပြောင်ပြောင်ပဲဖော်ဖြစ်တာက
😀
ကိုယ်နဲ့သက်တူရွယ်တူ မင်းသားလေးက..ဒီလိုရုပ်ကြီးနဲ့ မင်းသားကြီးကိုဖြစ်လို့
ဟင် ..သူတောင်ဒီလိုပြောင်ပြောင် အိုအိုကြီးဖြစ်နေပြီဆိုတော့ ငါကကော
ကိုယ်ကတော့ သူ့လောက်ကြီး ပြောင်ပြောင်အိုအိုနဲ့ကိုယ့်ကိုယ်ကို သူ့လောက်ကြီးရင့်တယ်မထင်သေးတာမို့
အားတက်စွာပဲ ဖော်ပြဖွင့်ဟလိုက်ရပါတယ်…………
ကိုယ့်ထက်တစ်နှစ်ပဲကြီးတဲ့ အစ်ကိုကြီးHyun Bin 😀
ကိုယ့်ထက်တစ်နှစ်ကြီးတဲ့အစ်မကြီး Yoo Innaနဲ့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့မောင်လေး Ji Hyun Woo 😀
ဒါကတော့ အများသိ၊စားကြည့်၊အားရှိစေမယ့်(အဲလေ)ဖွဘုတ်သူငယ်ချင်းတော်တော်များများ မျက်စိနောက်စေတဲ့
သက်တူရွယ်လှ ကိုမိုက် ပါတဲ့
(အခုထည့်ကြေငြာသွားသူတွေကတော့ ကိုယ်ချစ်တဲ့အရွယ်မတိမ်းမယိမ်းတွေပါ။ဂဇက်မှာဆိုရင်တော့ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ ညီမလေးရွှေကြည်က ကိုယ့်အချစ်တွေကိုယူထားပါတယ်
😀 )
42 comments
alinsett
December 15, 2013 at 8:18 pm
Ji Hyun Woo ဆိုတာ..
ကျွန်တော်နဲ ့..အတော် တူသကိုးးးးး
:kwi:
•*¨နန်းတော်ရာသူ •*¨
December 15, 2013 at 8:20 pm
ပထမဆုရှင်လေးမို့ခွေးလွှတ်လိုက်ပါသီ….တော်တော့်ကိုတူပါသီ
အဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်ဟွတ်ဟွတ်
ဟွတ်
alinsett
December 15, 2013 at 8:27 pm
တိန်..
ပထမဆုရှင်က.. ချောင်းဆိုးပျောက်ဆေး..ပြန်ပေးခဲ့ရမှာရားဟင်….
:kwi:
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 5:14 am
😀
black chaw
December 16, 2013 at 6:28 am
ပေါ့ပေါ့ပါးပါး ဖတ်ပြီး…
ပျော်ပျော် ရွှင် ရွှင် မန် ့နိုင် တဲ့ ပို ့စ်…တွေ
များများရေးနိုင် ပါစေဗျာ…။
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 9:25 am
တခါတရံပဲရေးနိုင်ပါတယ်ဦးဘလက်ရေ
😀
ဦးကြောင်ကြီး
December 16, 2013 at 8:24 am
ငယ်ငယ်ဒုံးက အရွယ်တူတွေ့လို့ မေးလိုက်ရင် ကိုယ်နဲ့မွေးနှစ်တူ များဒယ်၊ အသက်နည်းနည်း ကြီးလာဒါ့ (၂၁နှစ်ထဲမှာ အခု) တန်းတူထင်လို့ မေးလိုက်ရင် ကိုယ့်ထက်ငယ်နေဂျဗျံရော.. တိုက်ဆိုင်မှုလား ကားဆိုင်မှုလား ဘာလားဒေါ့ တိဝူး.. ဆိတ်ထဲ ထူးဆန်းသလိုပ..။
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 9:27 am
အင် ဘူက၂၁နှစ်တုန်းးးးးဒက်ဒီကြောင့်မြေးအငယ်ဇုံးလေးလား
🙄
😀
kyeemite
December 16, 2013 at 9:32 am
ကိုယ့်ကိုကိုယ်တော့ လူငယ်လေးလိုထင်နေတုန်း…တချို့က အဘလို့တောင်ခေါ်နေပြီ
အဲလို “အဘ” လို့လာလာခေါ်ရင် သတ်ချင်တယ် 😀
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 9:56 am
ဦးမိုက်နဲ့ကိုမိုက်ဘူကငယ်သဒုံးးးးးးးး
😀
KZ
December 16, 2013 at 10:04 am
မိုက် ပုံ ဒီထက်လှတာအများဂျီးကို ဒီပုံသုံးရတယ်လို့ကွယ်။
သော် ကို စသိကာစ က ကိုယ်ကလည်း မိုက် ရဲ့ ကို ကြည့်ပြီးကာစ။
ပြီးတော့ သော်က ၂ ယောက်တွဲပုံလေး လုပ်ပေးသေးတယ်လေ။
ရွယ်တူ ကိစ္စတွေကတော့ ……………………
သူငယ်ချင်း သက်တူတွေနဲ့ တွေ့ရတာတော့ပျော်တယ်။ ပြောစရာ စကားတူလို့။
ကိုယ့်ကိုယ်ကို အသက်ကြီးပြီ မထင်ရလို့။
🙂
ဆယ်လီဗျစ်တီထဲတော့ သိဘူးတော့။ မစဉ်းစားဖူးဘူးးးး
ဒါမဲ့ ကြိုက်တဲ့ အရွယ်လေးတွေက ကိုယ့်သား အရွယ်ရောက်တော့မယ် လို့ တော့ သတိထားမိသားးးး။
ဟိ။
😀
ကိုယ့်ထက် အသက်ကြီးမှန်း သိသိကြီးနဲ့ အမလာခေါ်ရင် “သား” လို့ ပြန်ခေါ် သုံးနှုန်းပေးလိုက်တယ်။
နည်းနည်းမှ စိတ်ချမ်းသာသာ ရှိပါစေလေ ဆိုပြီးးးး
:kwi:
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 10:10 am
မိုက်ပုံလှတာလေးတင်ရင် ရွာသူတွေဝိုင်းလုမှာဆိုးလို့ပါမမ
😀
မမဂျီးနဲ့မိုက်မိုက်ပုံကိုသိမ်းထဲတုန်း ဒက်ဒီကြောင်တောင် အညှီရေလောင်းသေးတယ် ဟွင့်
👿
မင်းသားဝီလျံ၊မိုက်မိုက်အမြင် တခြားသက်တူရွယ်တူတွေဆယ်လီဗျစ်တီတွေလည်းရှိပါသေးတယ်။သိပ်အာရုံစိုက်မိတာ
:chit:
ညီမဆို ကိုယ့်ထက်တစ်နှစ်လောက်ပဲငယ်တဲ့ဆရာမတွေကိုတောင် လူကြီးယောင်ဆောင်ပြနေတာလေ
ဦးကျောက်ခဲ
December 16, 2013 at 1:29 pm
ဘာယဲ… အရွယ်မတူလို့ အပေါင်းအသင်း မလုပ်ချင်ဘူးလို့ ကြိုကန်တာလား…
အ ဟီး… စ တာပါ သာ မီးသော်… အတည်မန့်မယ်
ကိုရီးယား ဓာတ်ရှင်၊ TV ဇာတ်လမ်းတွဲ၊ ဘာမှမကြည့်တာမို့ ဘယ်သူ့ကိုမှ မသိ…
Prince William, Sandhurst စစ်တက္ကသိုလ် တက်တော့…
အတန်းဖော်တွေက ဦးခေါင်းကို ဝိုင်းပုတ်ကြသတဲ့…
တနေ့ ဘုရင်ဖြစ်မည့်ကောင်မို့ ခေါင်းကိုပုတ်ဖူးအောင်လို့တဲ့လေ…
😀
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 1:36 pm
ကိုးယားကားမကျိသူဒို့ရန်တူ(မွဆွိအားအဖော်ညှိတယ် 😀 )
သာမီးတို့ဆီမှာလည်းအာ့ဂလိုပဲ စိုးပြည့်သဇင် မင်းသမီးဖြစ်လုဖြစ်ခင် အိမ်ကညီမလေးရဲ့အတန်းဖော်တွေက စာအုပ်လုံးပြည့် အော်တိုတွေထိုးခိုင်းသတဲ့။ညီမလေးကတော့ စိတ်မဝင်စားတတ်သူဆိုတော့ နင့်လက်မှတ်ကမုန့်စားလို့မှမရတာ ဆိုပြီး ထိုင်ကြည့်နေသတဲ့
(တိုက်ဆိုင်တာပြောပြတာပါ)
မဟာရာဇာ အံစာတုံး
December 16, 2013 at 1:45 pm
အော် ..
သမီးဂလေးက အတော်ငယ်ရှာသေးတာပဲ …
အသက် မတူပေမယ့်
အသက်ကြီးသူမို့ အရိုအသေပုတဲ့ အနေနဲ့
ဘဘကြီးအံ ကို လာနှိပ်ပေးချမ်းဘာကွယ် …
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 3:50 pm
ဘဘကြီးအန်ကိုအသံကြားတာနဲ့ အီအီးပုံပြေးမြင်လို့ အနားမသီဝံ့ဘောင် 😀
Wow
December 16, 2013 at 2:10 pm
နာက နေတိုးနဲ့ မွေးလ မွေးရက်တူ… အသက်ကတော့ ဟီးးးးးးး မသိမသာလေး… နာငယ်တာပေါ့
ဦးကျောက်ခဲ
December 16, 2013 at 2:23 pm
ဟယ်… နီတိုးကြီးနဲ့ မွေးလ မွေးရက်တူသတဲ့လား…
(နီတိုး ဘယ်သူလဲဆိုတာ အသက် ၄ဝကျော်တန်းတွေ သိကြပါ၏)
အား ဟိ 😀
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 3:54 pm
နေတိုးကြီးကကြီးတာပေါ့ မွမွက ရှိလှ ဂျွန်ဖြိုးနဲ့မှမတိမ်းမယိမ်းလောက်ဟာ
😀
ဖေကျောက်ပြောတဲ့ နီတိုးက အီတိုးနဲ့ဘာတော်တုန်း 🙄
Wow
December 16, 2013 at 4:03 pm
ဟုတ်ပ သော်ကလေးရယ်… ပြောပလိုက် ဖေကျောက်စ်ကို … နီတိုးဆိုတာ ဘူမှန်းတောင်မသိ.. နေတိုးနဲ့မှ သူမသာ ကိုယ်အသုဘ… အဲလေ.. ရွယ်တူ တန်းတူ…
ဦးကျောက်ခဲ
December 17, 2013 at 7:50 am
ဟီ ဟိ ခေးတွေသိအောင် ဘကြီးကျောက်စ် ပြောပြမယ်…
ဦးကျောက်စ်တို့ ငယ်ငယ်က ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်မှာ…
လူဝံကြီး နီတိုး တို့၊ ဆင်မလေး မိုမို တို့ ရှိတယ်ကွယ့်…
ဟီ ဟိ 😀
•*¨နန်းတော်ရာသူ •*¨
December 18, 2013 at 6:42 pm
မိုမိုကြီးပဲသိတယ်။ခုထိရှိသေးလို့..ဒါနဲ့နီတိုးကြီးကဟောင်ကောင်ရောက်သွားတာလား
ဖေကျောက်စ်
😀
(ကန်တော့နော်..ဟီးးးး )
လုံမလေးမွန်မွန်
December 16, 2013 at 2:31 pm
သာမီးကတော့ တြောက်ဆိုတြောက် …
ဟိုး…ငယ်ငယ်ကတည်းက ဘေယောင်ဂျွန်းကို ကြိုက်လာတာ…အခုမှ… နည်းနည်းစိတ်လျော့သွားတာ…
သူ့အပြင် ဘယ်သူ့ကိုမှ ဟုတ်တိပတ်တိမကြိုက်…
ဒါနဲ့ ယောက်ခမ.. မိုက်မိုက် နဲ့ ကိုကြီး..ဘူ့ကို ပိုချစ်လဲ.. ဟီးဟီး
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 3:59 pm
ဆယ်တန်းတုန်းကတော့ အတဲဒုံးကြီးပေါ့ ဂုတော့ ဘေယွန်ဂျွန်းနဲ့တူတဲ့မှန်ယွန်ဂျွန်းကိုရထားပီလေ
😀
မိုက်မိုက်ကိုက အမွှာလိုခြစ်တာပါ အထင်မမွှားနဲ့လေ
😀
Mr. MarGa
December 16, 2013 at 4:48 pm
မင်းသားတွေ
တစ်ယောက်မှ စိတ်မဝင်စား
တစ်ယောက်မှ မကြိုက်မိပါကြောင်း……..
ပြောစမ်းပါဂျာ မော်ဒယ်လေးတွေအကြောင်းးး :mrgreenn:
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 5:52 pm
အီလက်ထျွန်ခြင်း၊ပရိုတွန်ခြင်းဆွဲငင်တာနီညင်ဖူးလားဟယ်
😀
ရွှေ ကြည်
December 16, 2013 at 6:17 pm
မနန်း ခေါ် ချစ်မသော်ရေ ဒီပို့စ်ထဲက မင်းသားတွေထဲမှာတော့ ကိုယ့်ဘာသာသိတာဆိုလို့ မင်းသားဝီလျံပဲရှိတယ် 😀
ရွှေကြည်ကလည်း ကိုယ့်ထက် အသက်တနှစ်ပဲကြီးပေမယ့်
ဝါအများကြီး ကြီးတဲ့ မသော်ကို ချစ်ပါကြောင်းးးးးးးးးးးးးးး
•*¨နန်းတော်ရာသူ •*¨
December 16, 2013 at 6:21 pm
ပေါ်တော်မူနနွင်းမကင်းတရဲလာခြောက်တယ်…….
😀
panpan
December 16, 2013 at 8:38 pm
အဟဲ
စိတ်ပျိုကိုယ်နုတဲ့
•*¨နန်းတော်ရာသူ •*¨
December 17, 2013 at 11:58 am
ပုရင်နုတယ်တဲ့ မမကြီးရှည်တော့ နုတော့ဘူးပေးကန်
😀
surmi
December 17, 2013 at 10:02 am
ကျုပ်ကိုလူတချို့ကမေးတယ်….
၅ဝ နဲ့မှဘယ်လောက်ကျော်ပြီလဲ တဲ့ …
အော်…အင်း ..အင်းးး …
လူတချို့ကမေးပြန်တယ်….
ခုထိ ကျန်းမာနေတုန်းနော်…တဲ့..
အော်… အင်း…အင်းးး ….
.
.
.
.
ဒီလိုနဲ့..ကျုပ်နဲ့မတိမ်းမယိမ်းတွေကိုပြန်ကြည့်လိုက်တာ……
ငယ်လို့
နုလို့
ပျိုမျစ်လို့
.
.
.
•*¨နန်းတော်ရာသူ •*¨
December 17, 2013 at 11:59 am
ဦးဆာက၅ဝရှိပြီလား ၄ဝလောက်ပဲထင်နေတာ
🙄
sorrow weaver
December 17, 2013 at 1:11 pm
အဲ့ကလိုပြောဂျေးဆို ..ကျော်နဲ့ ရွှေမှုန်ရတီလဲ သက်တူတူပဲ ..အာဟိ
•*¨နန်းတော်ရာသူ •*¨
December 17, 2013 at 6:47 pm
ဒါဖစ်ကျော်ကကိုးတန်းကျောင်းတားလေးပေါ့
နုထွားကြီးဟယ်..တဂျားနဲ့အလက်ဆင်းလောက်နီးနီးကိုထွားပြီး၊အံဇာ့လောက်နီးနီးဗလတောင့်တာပါလား
😀
padonmar
December 18, 2013 at 8:52 pm
အာတီဒုံကတော့ သူ့အမေ ဒိုင်ယာနာထက် ၁နှစ်ငယ်ပါတယ်။ဝီလျံလေးငယ်ငယ်က အမေတူပြီး တော်တော်ချစ်ဖို့ကောင်းပါတယ်။သူ့ညီလေးဟယ်ရီနဲ့တောင်မတူဘူး။ခုတော့ သူလည်း ပြောင်းကြီးဖြစ်နေရော။
ကိုယ်နဲ့ သက်တူရွယ်တူကတော့ မေဆွိပါ။
အန်တီလည်း ငယ်ငယ်တုံးက မေဆွိကတော့ သီချင်းဆိုပြီး နိုင်ငံကျော်နေပြီ၊ရုပ်ရှင်ရိုက်ပြီးနိုင်ငံကျော်နေပြီ။
ငါကတော့ ခုထိ ဘာမှ မဟုတ်သေးလို့ ဖြစ်မိတယ်။
ခုလည်းကိုယ်ကသာ အဖွားကြီးဖြစ်တာ၊ သူက ချောဆဲလှဆဲ၊
•*¨နန်းတော်ရာသူ •*¨
December 20, 2013 at 6:40 pm
လူတိုင်းကိုယ့်ဂုဏ်နဲ့ကိုယ်ရှိပြီးသားပါအန်တီရဲ့
…
ချောတာလှတာလဲ အချိန်တန်ရင် အဖွားကြီးဖြစ်ရမှာပဲ။
တူတို့က တင်းရင်းနေအောင် ပြန်ဆွဲတင်းထားလို့နေမှာပါ။
🙂
TNA
December 20, 2013 at 6:28 pm
ဘာများလဲလို့ ကိုရီးယားမင်းသားတွေကို သွားရေကျလာတာ နောက်ဆုံးတော့ကြော်ငြာဝင် တွားဒဂိုး။ တော်ပါပေတယ်။ အဲဒါကြောင့်လဲဆုရတာကိုး 😀
•*¨နန်းတော်ရာသူ •*¨
December 20, 2013 at 6:43 pm
တီသဲက အကင်းပါးသားပဲ…
လူကြီးတွေလဲ ခံဇားဂျက်တွေရှိတာထုတ်ပြကြနော်….
😀
တီသဲ အသဲတုံးကြီးက ဘေယွန်ဂျွန်းမှုတ်လား တိနေဒယ်လေ
😀
TNA
December 20, 2013 at 11:07 pm
အိဟိဟိ ဟုတ်ပါ့ အထုထိချစ်နေဒုန်းဘာအေ မွမွ ( ဘေယွန်ဂျွန်းကိုပေးဒါ )
•*¨နန်းတော်ရာသူ •*¨
December 21, 2013 at 12:54 pm
ပေးပြီးသားပဲတီသဲ..သူကြီးကိုကကြိုက်တော့ဘူး။
😀
Ma Ma
December 20, 2013 at 7:05 pm
မြတ်စွာဘုရားနဲ့ ကောသလမင်းကြီး တူ ဘယ်နှယ်တူ ရှိတယ်ဆိုလဲ သေချာမမှတ်မိပေမယ့်
ကောသလမင်းကြီးက မြတ်စွာဘုရားကို ကြည်ညိုတာထက် ချစ်တာလို့ ဆိုတယ်။
တကယ်တော့လည်း တူတာတွေများရင် ဟတ်ချင်းညှိလို့ရတော့ ပိုပြီးပွင့်ပွင့်လင်းလင်းဆက်ဆံခင်မင်လို့ရလို့ စိတ်မကျဉ်းကျပ်ပဲ ပျော်စရာချည်းပဲ။
အမွှာညီအမကိုလည်း (အသက်တူ၊ အလုပ်တူ၊ ဇာတိတူ၊ ဝါသနာတူ၊ အငယ်တူ၊ အပိုကြီးတူ) တူတာတွေများတာကြောင့်ပဲ ချစ်နေရတာ။
အဲဒါကြောင့် မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ မိန်းကလေးချင်းပေါင်းရတာ ပိုပြီးလွတ်လပ်ပေါ့ပါးလို့ သဘောကျတယ်။
ပြောရမယ်ဆိုရင် ကျောင်းတက်ကတည်းက ယောကျင်္ားလေးသူငယ်ချင်းတွေအများကြီးကိုလည်း မိန်းကလေးတွေလိုပဲ သဘောထားပြီး လွတ်လပ်ပေါ့ပါးစွာပဲ ဆက်ဆံတတ်ပြီး အတည်ပေါက်နဲ့ စတတ် နောက်တတ်လို့ ယောကျင်္ားလေးသူငယ်ချင်းတွေကလည်း ကိုယ့်ကိုဆိုရင် ဖြုံတယ်။ 😀
•*¨နန်းတော်ရာသူ •*¨
December 20, 2013 at 7:30 pm
ပြောရမယ်ဆိုရင် ကျောင်းတက်ကတည်းက ယောကျင်္ားလေးသူငယ်ချင်းတွေအများကြီးကိုလည်း မိန်းကလေးတွေလိုပဲ သဘောထားပြီး လွတ်လပ်ပေါ့ပါးစွာပဲ ဆက်ဆံတတ်ပြီး အတည်ပေါက်နဲ့ စတတ် နောက်တတ်လို့ ယောကျင်္ားလေးသူငယ်ချင်းတွေကလည်း ကိုယ့်ကိုဆိုရင် ဖြုံတယ်။
သမီးလည်းအတူတူပဲအန်တီမမရေ..ကျောင်းတုန်းကယောကျာ်းလေးအပေါင်းအသင်းများတယ်။
အသက်ကလေးရလာတော့ မိန်းကလေးတွေကို ပိုပိုချစ်လာတယ်။