Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နောင်ရိုးတည်နေရာနှင့် ပတ်သက်၍….

htet wayNovember 9, 20121min58415

နောင်ရိုးတိုက်ပွဲနှင့်ပတ်သက်၍ အိမ်မဲမြို့သို့သမိုင်းသုတေသနကအရာရှိနှစ်ဦးရောက်လာခဲ့သည်။သူတို့က အမျိုးသားပြတိုုက်နှင့်ကမ္မည်းကျောက်စာဌာနခွဲရှေးဟောင်းသုုတေသန၊
စာကြည့်တိုက်ဦးစီးဌာနက လာတယ်တွေ့ချင် နေကြတယ် ဆိုတော့ အစကတော့
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာစောင့်မည်ထင်မိခဲ့သည်။တွေ့ချင်သည်ဆို၍မိမိကရှာလိုက်သည့်အခါ မြိုစွန်ချောင်းဝပိုင်းတံတားထိပ်ကတံတားဆောက်လုပ်ရေးမှာစောင့်ဆိုင်းနေ၍ထိုနေရာ၌ပင် စကားပြောခဲ့ကြသည်။သူတို့နှင့်ပါလာသူကဓါတ်ပုံတွေရိုက်ကြ၊ဆွေးနွေးပြောဆိုကြပြီး သမိုင်းဝင် ရှင်ပင်ချမ်းသာ ဘုရားကြီးကိုဖူးချင်သည်ဆို၍အိမ်မဲမြို့နယ်အသင်းကဦးခေတ်ဟုတ်ကလိုက်ပို့ပေးသည်။ ညပိုင်းနန်းထိုက်တည်းခိုခန်းရဲ့ဧည့်ခန်းဆောင်မှာထိုင်ပြီးဆွေးနွေးဖြစ်ခဲ့ကြတယ်။
သူတို့ကကျွန်တော်ရေးတဲ့နောင်ရိုးတိုက်ပွဲဆိုသောထိုအရပ်ဆောင်းပါးကိုထုတ်ပြလို့၊
“အိမ်မဲမြို့နယ်ထဲတွင်နောင်ပါသော၊ရိုးပါသောအမည်ပါ
ရွာတွေအမြောက်အများရှိသည်။ရွာဆူရိုး၊ဖိုးလှာ်ရိုး၊အကယ်ရိုး၊ရိုးကြီး
၊ငရံရိုး၊ကန်သင်းရိုး..စသဖြင့်ရိုးပါသောရွာတွေရှိသည်။နောင်ပါသောနောင်
အန်းတမိတ်(ယခုအင်းတမိ)ဆိုတာရှိသည်။နောက်ဆင်ကူး၊ဆင်ဆိပ်ဆိုတာတွေလည်းရှိသည်။
သမိုင်းပညာရှင်ဒေါက်တာတိုးလှက(၁.ရ.၂၀၁၂)ရက်နေ့တွင်အိမ်မဲမြို့နယ်
အသင်းနှင့်ဆင်ကူးဆင်ဆိပ်ကိုသမိုင်းဆိုင်ရာအထောက်အထား
သွားရောက်လေ့လာရန်သွားခဲ့သည်။အပြန်မှာအိမ်မဲမြို့ထိပ်
ကရွှေအိမ်ရတနာဘိုးဘွားရိပ်သာမှာဆွေးနွှေးပွဲလေးတစ်ခုပြုလုပ်ရသည်။ကံအားလျှော်စွာ
မိမိလည်းတက်ခွင့်ရလိုက်သည်။ဆွေးနွှေးပွဲမှာပညာရေးမှူးအငြိမ်းစား
တစ်ဦးကနောင်ပါသောရွာများ၊ရိုးပါသောရွာများအကြောင်းပြောရင်း
နောင်ရို့ဆိုသည်မှာယခင်ကမွန်ကရင်များနေထိုင်ရာမှ၎င်းတို့စကား
နက်ရှိုင်းသောအင်းဟူအေဓိပါယ်ရကြောင်းပြောခဲ့သည်။ဝေါဟရဖွင့်ဆိုချက်မှာ
နီးစပ်မူရှိသည်ကိုတွေ့ရသည်။”
ဆောင်းပါးပါ အချက်များကို မေးမြန်းကြသည်။ကျွန်တော်ကလည်း ကျယ်ကျယ်ပြန့်ပြန့် သိသလောက်ကို ရှင်းပြ ပြောပြ ခဲ့သည်။
သတင်းထောက်ဇာ်ထက်အိ်မ်မဲရေးတဲ့(၁.၇.၂၀၁၂)ပါကြေးမုံသတင်းစာမှာပါတဲ့စာရေးဆရာထက်ဝေးက
ကျေးရွာတစ်ရွာ၌ရှေ့ဟောင်းလောင်းလှေကြီးတစ်စီးတူးဖေါ်ရရှိသည်ကိုတင်ပြဆွေးနွေးဟူသောကိစ္စကိုလည်း
မေးမြန်းသည်။ကိုယ်ကလည်းသိတာကိုရှင်းပြခဲ့ရသည်။အိမ်မဲမြို့နယ်
အင်းတမိကျေးရွာ၌၁၉၇၄ခုနှစ်ကရေတွင်းတူးရင်းလှေပဲ့ပိုင်းပျဉ်ချပ်ကြီးရကြောင်းကို
သေချာရှင်းပြပြောပြခဲ့သည်။
အိမ်မဲမြို့နယ်မှာလည်းပါးစပ်ရွာရာဇဝင်ဖြစ်နေခဲ့သည်နောင်ရိုးတိုက်ပွဲသည်အိမ်မဲမြို့နယ်တွင်းမှာဖြစ်ခဲ့သည်။အခုလာရောက်သောအဖွဲ့ကညောင်တုန်းမြို့နယ်တွင်လေ့လာရေးကွင်းဆင်းအုံးမည်။သူတို့က
ထန်းတစ်ပင်အနီးကရွာတစ်ရွာကိုစိတ်ဝင်စားသည်။အင်္ဂပူရမြို့ဟောင်းရှိမှနောင်ရိုးတိုက်ပွဲဖြစ်တဲ့နေရာဟ
ယုံကြည်ချင်ပုံရသည်။အင်းမျောကျွန်းတိုက်ပွဲနှင့်ပတ်သက်သောနေရာဆိုတာကိုတွေ့ချင်သည်။သုရှင်တကာရွတ်ပိနတ်ရွာစံစဉ်အရိုးအိုးနှင့်စေတီတည်ထားသည့်နေရာကိုတွေ့ပါမှနောင်ရိုးတိုက်ပွဲ ဖြစ်သည့်နေရာဟုလက်ခံချင်ပုံရသည်။ဒါကသူတို့ အပိုင်းဖြစ်သည်။
ဆရာဒါရိုက်တာအောင်စိုးဦးကလည်းဖုန်းဖြင့်သူတို့ကို
ရိုးကြီးရိုးလေးဘက်လိုက်ပြဖို့ပြောသည်။ခက်သည်ကသုတေသနအဖွဲ့ကနက်ဖြန်
နေပြည်တော်ရောက်အောင်သွားရမည်ဆို၍ အချိန်မရတော့။တစ်ညအိပ်သာနေ၍
အိမ်မဲမြို့နယ်အသင်းက အိမ်မဲမြို့နယ်ဇရပ်ဆိပ်ကိုသာလိုက်ပို့လိုက်ရသည်။အဆိုုပါအဖွဲ့မှမြေပြင်အနေအထား
များကိုGPSဖြင့်မှတ်တမ်းတင်ရိုက်ကူးကြသည်။ဘုရင့်နောင်မင်းတရာကြီးတည်ထားကိုးကွယ်ခဲ့သည်ဆိုသော
အိမ်မဲမြို့သမိုင်းဝင်ရွှဘုံသာဘုရားတန်ဆောင်းကိုလည်းလေ့လာခဲ့ကြသည်။အိမ်မဲမြို့က စာရေးဆရာကြီးများရေးသားထားသော နောင်ရိုးနှင့်ပတ်သက်သော စာတမ်းများကိုတောင်း သော်လည်း မိမိမှာ မပေးနိုင်ခဲ့။စာရေးဆရာ အသင်းကို ခေါ်ပေးပါ ဆို၍ ခေါ်ပေးခဲ့ရသေးသည်။
ဦးမြင့်စော(သမိုင်းပါမောက္ခ၊ပုသိမ်တက္ကသိုလ်)က
မင်္ဂလာမောင်မယ်၂၀၁၀-ခုမေလတွင်နောင်ရိုးတည်နေရာနှင့်ပတ်သက်လို့ရေးသားထားတာကိုဖတ်မိသည်။
နောင်ရိုးတိုက်ပွဲသည်သမိုင်းတွင်ထင်ရှားခဲ့သော်လည်းနောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍တိတိကျကျမရှိလ
ှချေ။အချု့ိလည်းနောင်ရိုးသည်ပြည်မြို့အနီးတွင်ရှိသည်ဟုမှန်းဆကြသည်။
ရာဇဝင်များတွင်တွေ့ရှိရသောတောင်ငူတပ်များစစ်ချီလမ်းကြောင်းကို
လေ့လာကြည့်သောအခါသုရှင်တကာရွတ်ပိသည်နောင်ရိုးပျက်သောအခါပန်းမတီဝ၌မနေဝံ့သဖြင့်အင်္ဂပူအထိဆုတ်ခွါသွားသည်ဟုသိရပါသည်။ဧရာဝတီမြစ်ဝကျွန်းပေါ်၏အနော်ရထာဘက်ခြမ်းတွင်ပုသိမ်နှင့်မြောင်းမြ၏
အကြား၌ပန်းမတီမြစ်ဟုရှိသည်။ရာဇဝင်များတွင်ပန်းမဝတီဟုမှားယွင်ဖော်ပြခြင်းဖြစ်မည်ဟုယူဆရသည်။ပန်းမဝတီနှင့်အိမ်မဲချောင်းနှစ်မြွှာမကွဲမီချောင်းတရိုးတည်းရှိ၍မင်းမနိုင်ချောင်းဟုခေါ်ကြောင်း
သိရပါသည်။ထို့ကြောင့်ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ဖောင်ဖွဲ့၍ကူးသောနေရာသည်ယခုအိမ်မဲဝန်းကျင်၌ရှိနိုင်သည်။နောင်ရိုးအရပ်မှာလည်း
ဒါးကမြစ်နှင့်မင်းမနိုင်ချောင်းအကြားတွင်တည်ရှိသောနယ်မြေပင်
ဖြစ်နိုင်စရာရှိပါသည်။အိမ်မဲအနောက်ဘက်ကမ်းတွင်ရှိသည်ဟုဆိုကပို၍
သင့်တော်မည်ဖြစ်ပါသည်။ဒါးကမြစ်တောင်ဘက်ကမ်း၌ရှိသော
ဒေါင့်ကြီးအနီးဝန်းကျင်၌ရှိမည်ဟုလည်းမှန်းဆနိုင်ပါသည်။ အိမ်မဲမြို့နယ်အသင်း(ရန်ကုန်)က ဦးဆောင်ကျင်းပသော
(၁-၇-၂၀၁၂)တွင်အိမ်မဲမြို့ရွှေအိမ်ရတနာဘိုးဘွားရိပ်သာတွင်အိမ်မဲမြို့နယ်အသင်းမှဦးဆောင်၍
မြို့နယ်တာဝန်ရှိပုဂ္ဂိုလ်များ၊သမိုင်းကော်မရှင်ဒုတိယဥက္ကဌဒေါက်တာတိုးလှ၊ဒါရိုက်တာအောင်စိုးဦးတို့နှင့်
စိတ်ပါဝင်စားသူမြိုခံပြည်သူများပူးပေါင်းပြီးနောင်ရိုးတိုက်ပွဲအထိမ်းအမှတ်
ကျောက်စာတိုင်နှင့်ဘုရင့်နောင်ကြေးရုပ်သွန်းလုပ်နိုင်ရေးအစည်းအဝေး
တရပ်ကျင်းပခဲ့ဖူးပါသည်။ထိုအခမ်းအနားတွင် သမိုင်းပညာရှင်ဒေါက်တာတိုးလှ
(သမိုင်းကော်မရှင်ဒုတိယဥက္ကဋ္ဌ)က
“ကျွန်တော်ဘုရင့်နောင်နဲ့
ပတ်သက်ပြီးစာအုပ်နှစ်အုပ်ရေးဖူးတယ်။နောင်ရိုးကိုမသိလို့မဖြစ်ဘူး။
မသိလို့လည်းမရပါဘူး၂၀၀၅ခုနှစ်မှာဆရာကြီးဒေါက်တာသန်းထွန်းကစစ်မြေပုံတွေ
ဆွဲတယ်။ရှေ့းမြန်မာမြေပုံဟောင်းတွေကူး၊ဆရာကဒီနေရာဟာဘုရင့်နောင်ရဲ့
နောင်ရိုးတိုက်ပွဲနေရာလို့ပြောပြလို့ကျွန်တော်အံဩတယ်။အဲ့ဒီမှာပမ္မထီး
မြစ်ကိုထောက်ပြပြီးဘုရင်နောင်ဟာဒီပန်းမဝတီမြစ်ကို
ဖြတ်ပြီးမှတိုက်ရမယ်ဒါနောင်ရိုးတိုက်ပွဲနေရာပဲလို့ထောက်ပြတယ်။
ဒီနေရာဟာဘုရင့်နောင်ဘွဲ့ကိုမွေးဖွားပေးရာနေရာ၊အောင်မြင်မူကိုမွေးဖွားပေးရာနေရာလို့ဆိုရမယ်။
မြန်မာနိုင်ငံအနာဂါတ်ကြီးတစ်ခုလုံးကိုမွေးဖွားပေးတာပအရှေ့တောင်အာရှမှာ
အအောင်မြင်ဆုံးဟာဘုရင့်နောင်ပါပဲ။”လို့ပြောခဲ့သည်ကိုလည်း
မှတ်သားရပါသည်။ အခုနောင်ရိုးတိုက်ပွဲအထိမ်းအမှတ်ကျောက်စာတိုင်နှင့်ကြေးရုပ်သွန်းလုပ်ရန်
အိမ်မဲမြို့နယ်အသင်းနှင့်အိမ်မဲနေပြည်သူများကစိတ်ဝင်စားနေကြသည်။ရန်ကုန်မြို့တွင်လည်း စာတမ်းဖတ်ပွဲကို ကျင်းပကြပေတော့ မည်။

15 comments

  • kai

    November 9, 2012 at 3:53 pm

    ဆရာဒေါက်တာသန်းထွန်းစာအုပ်..”မြန်မာ့သမိုင်းမြေပုံများ” စာမျက်နှာ ၆၉ ကပုံလေး… ကူးတင်ပေးလိုက်ပါတယ်..။
    နောင်ရိုးတည်နေရာမှန်းဆချက် တဲ့…။

  • MaMa

    November 9, 2012 at 4:14 pm

    နောင်ရိုးကို ပြည် နားမှာလို့ပဲ ကြားဖူးထားတာ။
    အိမ်မဲမြို့နယ်ထဲမှာ ဆိုတော့ အံ့ဩလို့ စိတ်ဝင်စားမိတယ်။

  • htet way

    November 9, 2012 at 6:03 pm

    သူကြီးမင်း ခင်ဗျား
    ကျွန်တော် က ဒီမြေပုံကို တနေ့ သုတေသန အဖွဲ့ဆီက ကူးယူထားပါတယ်။
    သို့သော် ကော်နက်ရှင် အရ တင် လိုက်တာ ကြာနေလို့ ကိစ္စကလည်းရှိနေတော့ ဆောင်းပါးမှာ မြေပုံမပါတော့ပါ။ကျေးဇူးတင်ပါတယ် သူကြီး မင်းခင်ဗျား။
    ဆရာမ ..မမ ခင်ဗျား
    ၁၈ရက်နေ့ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားနားက ဧရာဝတီဆောင် လို့ပြောပါတယ်
    အဲ့ဒီမှာစာတမ်း ဖတ်ပါ့မယ်။ကျွန်တော် ့ဆီကိုတော့ ဖိတ်စာပေးလိုက် ပီ လို့ ရန်ကုန်က ဖုန်း
    လှမ်းဆက်လို့ ကြားပါတယ်။
    ကျွန်တော် မြို့က ဦးဆောင်သူတွေက ကျွန်တော် ့ လက်ထဲတော့ မထည့်သေးပါ ခင်ဗျား။
    ဆရာမ စိတ်ဝင်စားလို့ အားမယ်ဆို အခမ်းအနားကို တက်ပါလို့။အိမ်မဲမြို့နယ် အသင်းကလုပ်တာပါ။

  • အရီးခင်လတ်

    November 9, 2012 at 8:11 pm

    ဆရာထက် ရေ

    “အင်အားကြီးတဲ့ ရန်သူတွေ နဲ့ တိုက်တာမှာ နိုင်ကိုနိုင်ရမယ်လို့ ယုံကြည်မှုအပြည့်ရှိ လို့လား၊ မနိုင်ရင် သေတာမှ မြတ်သေးတယ်လို့ သဘောထားလို့လား” …
    စိတ်ဓာတ်အင်အားကို သုံးပြီး ဘုရင့်နောင်ဖောင်ဖျက်ပြီး တိုက်တာ နောင်ရိုး တိုက်ပွဲ လို့ သိဖူးခဲပေမဲ့ နောင်ရိုး ဆိုတာ ဘယ်အရပ်လို့ မလေ့လာခဲ့မိပါဘူး။
    ဆရာထက် ကို ရော၊ မြေပုံ တင်ပေးသူ သူကြီး ကိုပါ ကျေးဇူးပါရှင်။

  • ရာဇဝင်လူဆိုး

    November 9, 2012 at 8:42 pm

    ဒီနေ့ဒီအချိန်ထိ ဘုရင်နောင် ဖောင်ဖျက်တိုက်သလို ဆိုတဲ့ စကားက ကျနော့် အတွက်တော့ မဖြစ်ဖြစ်အောင် လုပ်ရမယ်၊ လုပ်မှဖြစ်မယ်၊ အောင်မြင်ရမယ် ဆိုတဲ့ အတွေးနဲ့ စိတ်ဓာတ်ခွန်အား ရစေပေမယ့် ဘုရင့်နောင် တိုက်ခဲ့တဲ့ နောင်ရိုး တိုက်ပွဲ ဘယ်နေရာမှာ တိုက်ခဲ့တယ်ဆိုတာ တကယ်ကို မသိခဲ့တာ။ အစ ဆွဲထုတ်ပေးတဲ့ ဆရာထက်ရေ..ကျေးဇူး ဗျာ။

  • Mobile

    November 9, 2012 at 9:03 pm

    ဘုရင့်နောင်ကျော်ထင်နော်ရထာ ရဲ့နောင်ရိုးတိုက်ပွဲကို ကြားဖူးခဲ့တာတော့ ငယ်ငယ်ကတည်းကပါ
    ဒါပေမယ့် နောင်ရိုးကဘယ်နားမှာရှိတယ်ဆိုတာတော့ သတိမထားမိခဲ့သလို ဘယ်သူကိုမှလည်း
    မေးမကြည့်ခဲ့ဖူးပါဘူး အခုလိုသိခွင့်ရတော့ ဗဟုသုတ ဧကန်ဖြစ်ရတာပေါ့ဗျာ ဒီပို့စ်ကို ရေးတဲ့ကိုထက်ဝေ
    ကိုရော မြေပုံတင်ပေးတဲ့ ဥက္ကဌ (ယခုရပ်ကွပ်အုပ်ချုပ်ရေးမှူ) ကိုပါမကျန် ကျေးဇူးတင်ထိုက် သူအားလုံးကို
    အထူးကျေးဇူးတင်မိပါကြောင်း။
    ဘုရင့်နောင် ဖောင်ဖျက်တာနဲ့ပတ်သတ်လို့ အရမ်းလေးစားမိပါတယ်။
    Nothing is impossible!

  • Foreign Resident

    November 10, 2012 at 3:57 am

    ကိုထက်ဝေးရေ ။
    အားပေးနေပါတယ် ။

  • kyeemite

    November 10, 2012 at 11:02 am

    “ဘုရင်နောင် ဖောင်ဖျက်တိုက်သလို ”
    “သေရင်မြေကြီး ရှင်ရင်ရွှေထီး”…ဆိုတဲ့ စကားတွေ ကြားဖူးခဲ့
    သုံးဖူးခဲ့ပါတယ်..နောက်ကြောင်းပြန်မလှည့်စတမ်း…လို့ဆိုရမှာပေါ့…
    အခုလည်း လက်ရှိအစိုးရအနေနဲ့ နောက်ပြန်မလှည့်ဘူး
    ဆိုပြီး သွားနေတာပဲ…ဒါပေမဲ့…သူတို့ကျတော့
    “ဖေါင်ဖျက်မထားဘူး”ဆိုတာသတိပြုမိတယ်…
    ဘာရယ်မဟုတ်..ကိုထက်ဝေး စာလေးဖတ်ရင်းအတွေးဝင်လာမိတာပါ… :bar:

  • မိုချို

    November 10, 2012 at 12:13 pm

    အပေါ် ကလူတွေ ပြောခဲ့ ကြသလို ပါပဲ ။ ဘုရင့် နောင် ဖောင်ဖျက် ဆိုတဲ့ စကား ကို တွင်တွင် သုံး ဖူး ပေမယ့် အဲ့ဒီ အဖြစ်ရဲ့ ဇစ်မြစ် အစ နောင်ရိုး တိုက် ပွဲ ရှိ ရာ အရပ် ကို အမှု မဲ့ အမှတ်မဲ့ ဖြစ်ခဲ့ တယ်။ ပြည်နားတဝိုက် လို့ ပဲထင်ထား မိတာ။ဘုရင့် နောင်တို့ ဖောင် ဖွဲ့ ပြီး ကူးတဲ့ မြစ် လည်း ခုမှ ပဲ သိတော့ တယ်။

  • htet way

    November 10, 2012 at 7:49 pm

    အခုလို အားပေးကြတဲ့ ဆရာတွေ ၊ ဆရာမတွေ ကိုလေးစား ကျေးဇူးတင်ပါတယ်။
    ကျွန်တော် တို့ကတော့ ဇာတိမာန် အရရော၊ သမိုင်း အထောက်အထားရရော
    မလျှော့နိုင်ပါဘူး။
    နောင်ရိုးတိုက်ပွဲ ဆိုတာ အိမ်မဲမှာ ဖြစ်တာတော့ သေချာနေပါတယ်။

    • kai

      November 11, 2012 at 2:40 am

      အိမ်မဲကို.. နောင်ရိုးလို့..အမည်ပြောင်းပေးဖို့.. ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ဆီ တောင်းသင့်ပါတယ်..
      လူတွေက. ဘယ်နားမှန်းမသိဖြစ်ကုန်လို့…။

      ကဲ..
      “နောင်ရိုးဇာတိနွယ်.. . အိမ်မဲသားတွေအတွက်.. ဂုဏ်ယူပါကြောင်း..။”

      • ကထူးဆန်း

        November 11, 2012 at 8:00 am

        အိမ်မဲ ဆိုတာ ဘယ်လိုဖြစ်လာတယ် ဆိုတဲ့ ရာဇဝင်လည်း ပြန်လှန်ဖို့ လိုမယ်ထင်ပါသည်။ နောင်ရိုးဖြစ်ချင်တာနဲ့ အိမ်မဲ ရာဇဝင် ရှိခဲ့ရင် ပျက်သွားဦးမယ်..

  • htet way

    November 11, 2012 at 1:27 pm

    ဆရာကထူးဆန်း ခင်ဗျာ
    အိမ်မဲရာဇဝင်ကိုလည်းသေချာပြုစုပြီးရေးဖို့ ရှိပါတယ်။သို့သော်
    အိ်မ်မဲစာရေးဆရာ အသင်းကြီးကဒီ တာဝန်ရှိပါတယ် သူတို့တွေ ရေးကြပါလိမ့်မယ်
    ကျွန်တော်လို ကချိကချောက် က ရေးရင် မသင့်တော်သေးလို့ ဆရာကြီးတွေ
    ရေးတာစောင့်နေတာပါ။

  • nature

    November 11, 2012 at 4:56 pm

    ဘုရင့်နောင်ဖောင်ဖျက်ဆိုတဲ့စကားလေးက ငယ်ငယ်ကတည်းက ကြားဖူးခဲ့တဲ့စိတ်ဓါက်စစ်ဆင်ရေး စကားလုံးလေးပါပဲ။ အင်မတန်ပြင်းထန်တဲ့ အသေခံ စိတ်ဓါက်စစ်ဆင်ရေး တခုဖြစ်ပြီး ဒီစိတ်ဓါက်စစ်ဆင်ရေးနဲ့ မျိုးချစ်စိတ်ဓါက်ကို နှိုးဆွပေးလိုက်တဲ့အခါ ကိုယ်ထက်အင်အားအဆများစွာကြီးတဲ့သူတွေကို အနိုင်တိုင်နိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းမှာ ထင်ရှားခဲ့ပါတယ်။

    ဒီနေရာမှ တခုသတိထားမိတာက စိတ်ဓါက်စစ်ဆင်ရေးတခုတည်းနဲ့ပဲ နိုင်နိုင်မလားဆိုတာပါပဲ ။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် မြန်မာနိုင်ငံလက်ရွေးစင်အသင်းကို ဒီလိုစိတ်ဓါက်မျိုး သွင်းပေးပြီး ပရီးမီးယားလိ အသင်းတွေနဲ့ကစားရင်နိုင်နိုင်မလား ???

    နောင်ရိုးတိုက်ပွဲအောင်မြင်ခြင်းဟာ ဘုရင့်နောင်ရဲ့ စစ်သည်များရဲ့ training ဟာ လည်း ရန်သူတွေထက် သေချာပေါက် သာမယ် ထင်ပါတယ်။ ဒါကြောင့်စစ်ရေးစွမ်းရည်ပြည့်ဝနေတဲ့ စစ်သည်များကို မနိုင်ရင်အသေခံမယ်ဆိုတဲ့ မျိုးချစ်စိတ်ဓါက်နဲ့ ကီ သွင်းပေးလိုက်တဲ့အခါမှာတော့ အင်အားများစွာသာတဲ့ရန်သူကို အောင်မြင်ခဲ့တယ် လို့ထင်ပါတယ်။

    ဒါကြောင့်မို့ သမိုင်းမှတ်တမ်းတွေမှာ နောင်ရိုးတိုက်ပွဲ အောင်မြင်ရခြင်းဟာ ဘုရင့်နောင်ရဲ့ ုစစ်ရေးစွမ်းရည်ကို လစ်လျှူရှူ့ ပြီး စိတ်ဓါက် စစ်ဆင်ရေး နဲ့ပဲအောင်မြင်ခဲ့ သလိုမျိုးများဖော်ပြထားလေသလားလို့ထင်မိတယ်။

  • nature

    November 11, 2012 at 4:59 pm

    နောက်တခုက နောင်ရိုးတိုက်ပွဲဆိုတာကို တောင်ငူဘက်နားမှာပဲလို့ ထင်ထားခဲ့တာ။ အိမ်မဲနားမှာဆိုတော့ တော်တော်လေးအံ့ဩသွားတယ်။

Leave a Reply