Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘကြီးပြောပြသောရုပ်လက္ခဏာနှင့် သိကောင်းစရာများ-အပိုင်း(၅)

aye.kkNovember 11, 20121min57723

၆။ မျက်ခုံးနှစ်ဖက်တို ့ ထိစပ်လျှက် ဗွေပါရှိနေသည့်သူ ။

ဖော်ပြပါ ထိုရုပ်ရုပ်လက္ခဏာ ပါရှိလာသူ မိန်းကလေးသည် အိမ်ထောင်ပြုပြီးပါက မိမိခင်ပွန်းသည်ထံက မကောင်းသည့် အကျင့်စရိုက် တို ့ကူးစက်ခံရကာ ပျက်စီးသွားနိုင်ကြောင်း။ ထိုရုပ်လက္ခဏာပါရှိ်လာသော မိန်းကလေးမှန်က အိမ်ထောင်မပြုပါက အကောင်းဆုံး ဖြစ်သည်ဟုလည်း ဘကြီးပြောပြလို ့သိထားရပါတယ်။ ဗွေဖြစ်ပေါ်နေသည်ဟု ဆိုရာတွင် ။ မျက်ခုံးမွေးနှစ်ဖက် အကြားရှိ (ဝါ) မျက်ခုံးနှစ်ဖက်အကြားရှိ နှာခေါင်းရိုး အလယ်တည့်တည့်ပေါ်၌ မျက်ခုံးမွေးငယ်များနှစ်ဖက်
တို ့ထိစပ်လျှက်ရှိခါ ထိုမျက်ခုံးမွေးများတို ့ဝိုင်းစက်ခါ လည်ပြီး ဗွေအဖြစ်သို ့ဖြစ်ပေါ်နေလျှက် ရှိနေသည် ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

မိဘမျိုးရိုးကောင်းမွန်မှု ရှိပါသော်လည်း ။ ထိုရုပ်လက္ခဏာမျိုး ပါရှိလာသူ ဖြစ်ပါက အနှီထိုမိန်းကလေးသည် မိမိအိမ်ထောင်ဖက် (ခင်ပွန်းဖြစ်သူ)ကြောင့် မိမိဘဝ ပျက်စီးနိုင်ရကြောင်း မိတ်ဆွေဘကြီး ပြောပြထားသဖြင့် လွန်စွာစိတ်ဝင် စားခဲ့မိပါတယ်။
ထိုကဲ့သို ့ရုပ်လက္ခဏာ ပါရှိလာသူ မိန်းကလေးများမှာလည်း ကျမပတ်ဝန်းကျင်တွင် အတွေ ့ရ အလွန်နည်းပါးတာကို သတိပြုမိပါတယ်။ ဝါသနာအရ စိတ်ပါဝင်စား ခဲ့မှုအပေါ် လေ့လာစောင့်ကြည့် ချင်သည့်စိတ်က ကျမစိတ်မှာ အမြဲတစေ ဖြစ်ပေါ်နေခဲ့ပါတယ်။
၁၉၈၅ခုနှစ်ဦးပိုင်းလောက်က ကျမလက်ထပ်ပြီး မကြာမီ ခင်ပွန်းသည် ဖက်မှဆွေမျိုး မိတ်ဆွေများ လာလည်တော့ ထိုရုပ်လက္ခဏာမျိုး ပါရှိလာသည့် မိန်းကလေးကို ဆွေမျိုးတော်စပ်ရမည့် အနေထားဖြင့် ကျမတွေ ့မြင် ဆုံစည်းလိုက်ရခြင်းဘဲ ဖြစ်ပါတယ်။

အရမ်းလည်းအံ့အား သင့်မိပါတယ်။ ဆွေမျိုးတော်စပ် ရမှာကိုလည်း ကျမစိတ်က လန် ့မိခဲ့ပါတယ်။ သူမအတွက် စိတ်မကောင်းခြင်း များစွာလည်း ကျမရင်ထဲမှာ ခံစား ဖြစ်ပေါ်နေခဲ့ပါတယ် ။ မဆုံစည်းချင်လည်း ဆုံစည်းကြရမည်။ ရှေးပြုကံ ဝိပါက်ကြမ္မာ ပါလာပါက ကျမအနေဖြင့် ရှောင်လွှဲ၍ကား မရနိုင်ပါ ။ အဲဒီမိန်းကလေးအား သနားသည့်စိတ်က ကျမရင်ထဲမှာ တဖွားဖွား ဖြစ်ပေါ်ခံစား နေရပါတယ်။ ထိုမိန်းကလေးက လက်ထပ်ယူပြီးခါစ ပူပူနွေးနွေး ။ ကျမ၏စိတ်မှာ သူ ့ကိုပြောပြချင်သည့် စိတ်က
တားဆီးမရ ။ ပြောပြကလည်း မိမိအပေါ်မှာ အထင်မြင်လွဲမှား နိုင်တာမို ့။ စိတ်ကပြောပြ ထားရရင်ကောင်းမလား ဆိုတာချီတုံချတုံ ဖြစ်လို ့နေပါတယ်။
သူမအား ပြောပြရရင် ကောင်းမလား လို ့လည်းတွေးမိပါတယ်။ သူ ့အားကောင်းသော စကားမဟုတ်သဖြင့် မပြောပြချင်ပါ ။
ဟုတ်မှန်နေပါက လည်း သူမခံသာနိုင်သော စကားသာဖြစ်၍ လက်ခံနိုင်မည် မဟုတ်မှန်း စိတ်ကထင်နေမိပါတယ် ။
သို ့သော်လည်း သူမအား ရှောင်ကြဉ်တတ်ရန်နှင့် သိထားနိုင်စေရန် သတိပေးလိုသည့် စေတနာဖြင့် ပြောပြချင်နေမိပါတယ်။

သူမတို ့စုံတွဲမပြန်ခင် တရက်အလို သူမဘယ်ကနေ သတင်းကြားသည် မသိပါ။
ကျမ၏အစ်မ ဖြစ်သူသည် လက္ခဏာ မှန်သည်ကို သူမက သိထားကြောင်း ။
သူမလက္ခဏာ ကြည့်ချင်သဖြင့် ကျမ၏အစ်မဖြစ်သူ မကြီးကျယ်ထံ လိုက်ပို ့ပေးပါရန် ခွင့်တောင်းခံခဲ့ပါတယ် ။
ကျမကလည်း အစ်မမကြီးကျယ်ထံ ပို ့ရမည့်အရေး ခပ်လန် ့လန် ့ဖြစ်မိပါတယ် ။

အစ်မမကြီးကျယ်က လက္ခဏာပညာသာမက ရုပ်လက္ခဏာပါ ဖတ်တတ်ပါတယ် ။ လက္ခဏာပညာကို လည်း ကျွမ်းကျင်ပိုင်နိုင်စွာ ဟောပြောတတ်ပါတယ် ။ ကျမအပေါ် ဟောထားတာတွေလည်း သွေးထွက်အောင်မှန်ကန်နေလို ့ ခပ်လန် ့လန် ့ဖြစ်မိခဲ့ရပါတယ် ။ မတတ်သာသည့် အဆုံးသူမ တောင်းဆိုချက်အရ အစ်မဖြစ်သူထံ သူမအားပို ့ပေးခဲ့မိပါတယ်။
သူမကိုကျမနှင့်ဆွေမျိုး တော်စပ်မည်မှန်း မသိပါ ။ သူမကဖွင့်မပြောပြ ထားရန် အစ်မကြီးကျယ်အိမ်သို ့
မရောက်ခင် လမ်းမှာ၌ပင် ။ ကျမအား မှာကြားထားပါတယ် ။ ခင်ပွန်းဖြစ်သူ ဘက်ကဖြစ်၍ ကျမလည်းသူမ မသိစေချင်သည်ကို မပြောပြဘို ့စိတ်ကဆုံးဖြတ်ထား မိပါတယ်။

အစ်မကြီးကျယ်က သူမကို ဘယ်ကမှန်းမသိတော့ ကျမကိုလှမ်းပြီး အပြစ်တင် အပြစ်မြင်ပါတယ်။ သူမအရှေ့မှာ မို ့အတော်လေး မျက်နှာပူမိပါတယ် ။ အစ်မကြီးကျယ်က ကြီးကျယ်ပေမယ့် သူမလက်ဖဝါး လက္ခဏာ အားကြည့်ပေးခဲ့ပါတယ်။ အိမ်ထောင်ရှိလား လက်ထပ်တာ မကြာသေးဘူးလား လို ့လည်းမေးပါတယ် ။
ခင်ပွန်းဖြစ်သူရှိကြောင်း လက်ထပ်တာ ဘာမျှ မကြာသေးကြောင်း ပြောတော့ အစ်မက သူ ့ကိုယောက်ျားနဲ ့ကွဲခိုင်းပါတော့တယ် ။ အိမ်ထောင်ပြုပြီး သူ မဘဝပျက်စီး မှာကို အစ်မကကြိုတင် သိမြင်ပြီးတော့
ခင်ပွန်းသည်ကြောင့် မိမိဘဝ ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဟောလိုက်သည့်အပြင် လောင်းကစားသမား အဖြစ်သို ့ကျရောက်သွားနိုင်သည့် အကြောင်းပြောပြလို ့မှမဆုံးခင်မှာပင်။ သူမဆက်နားမထောင် နိုင်တော့ပဲ ။ အလွန်အမင်း စိတ်ဆိုးသွား ပါတော့တယ် ။ သူမ၏ ယောက်ျားတော်ကြောင်း ကောင်းကြောင်း သူမနေထိုင်သည့် တစ်မြို ့လုံးက အသိပင်ဖြစ်ကြောင်း ။ နှစ်ဖက်မိဘတို ့စေ့စပ်ပေးပြီးမှ လက်ထပ်ယူတာ ဖြစ်၍ အစ်မဟောချက်က တက်တက်စင်အောင် လွဲမှားကြောင်း ဘယ်လိုမှပင် မဖြစ်နိုင်ပါကြောင်း။ သူမက ကက်ကက်လန်အောင် ရန်တွေ ့ပြီး စိတ်ဆိုးလွန်းစွာနဲ ့ ရုတ်တရက်ကြီး ကောက်ကာငင်ခါ အစ်မကြီးကျယ်အိမ်ကနေ ထပြန်ပါတော့တယ်။
ကျမလည်း အစ်မမကြီးကျယ်ကို မျက်နှာပူတောင်းပန်ပြီး ပြန်လာခဲ့ရပါတယ် ။ အစ်မကြီးကျယ်က ကျမကို နောက်ကို အဲလိုမျိုးမခေါ်လာခဲ့နဲ ့ ငါကလက္ခဏာပညာ ဟောစားတဲ့သူမဟုတ်ဘူး ဆိုပြီး စိတ်ဆိုးစွာနဲ ့ပြောပါတော့တယ်။ ကျမလည်း သူမကိုပြန်ခေါ်လာခဲ့ပါတယ် ။ ကျမခင်ပွန်းနေတဲ့အိမ် ပြန်ရောက်လာတဲ့ အခါမှာတော့ သူမက ခင်ပွန်းဖြစ်သူဘက်က ဆွေမျိုးတွေကို ဟောတာမမှန်တဲ့အကြောင်း ။ ပြောပြီးအပြစ်မြင်ခါ အပြစ်တင်ပြောဆိုနေသည့် သူမ၏အသံ ညံစီနေတာကို ကျမ ကြားခဲ့ရပါတယ်။

ကျမသာသူမအား ပြောပြမိပါလျှင်…ဆိုသည့်အတွေး ဆက်မတွေးနိုင်တော့ ။ ရင်မှာပူလောင် ခံစားနေရတာအမှန်ပင် ။
အချိန်ကာလ တို ့ကား ။ ဘာမျှပင်မကြာလိုက်ပါ ။ သူမတစ်ယောက် နောင်(၇)နှစ်မျှအကြာ မှာတော့ မမျှော်လင့်ထားပါဘဲ ကျမနှင့်ခင်ပွန်းဖြစ်သူ နေထိုင်သည့်မြို ့ရွာသို ့ ပေါက်ချရောက်လာခဲ့ပါတယ်။ သူမက သူမ၏ညီအစ်ကိုမောင်နှမများနှင့် ခင်ပွန်းဖြစ်သူတို ့လက်မခံနိုင်သည့် အပြုအမူများ ပြုလုပ်ခဲ့သည့်အတွက် နှင်ချခံရကာ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။
ကျမနှင့်တော့ စကားမပြောပါ ။ သူမနှင့်ကျမက တွေ ့တွေ ့ခြင်း ဆောက်နဲ ့ထွင်း ဆိုသလို ။
သူမလက္ခဏာ ကြည့်မိတဲ့ကိစ္စနဲ ့အကြောင်းပြုပြီး ကျမကိုယ်၌ကလည်း သူမနှင့်အတတ်နိုင်ဆုံး မပတ်သက်မိအောင် နေခဲ့မိတာပါ ။
သူမနှင့်က ခပ်ကင်းကင်းရှင်းရှင်း လုံးဝအလျှင်းပါဘဲ လို ့ပြောရလောက်ထိအောင် နေထိုင်ခဲ့ပါတယ် ။
ကျမကြားသိနေရသမျှက သူမတစ်ယောက် လောင်းကစား သမားတစ်ယောက် လုံးလုံးဖြစ်သွားကာ ပျက်စီးခဲ့ခြင်းပဲဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူက သူမအားအရမ်းချစ်သည့်အတွက် အပျင်းပြေဖဲဆော့သည့် နေရာအထိ ခေါ်သွားကာ ဖဲဆော့တတ်သည့်အတွက် ။ သူမက ခင်ပွန်းဖြစ်သူ ဘေးမှနေ၍ ဖဲထိုးပေးရာမှ ဖဲကစားတတ်သွားပြီး မဆော့ရမနေနိုင် ဖြစ်သွားခဲ့ကြောင်း သိခဲ့ရပါတယ် ။
သူမဟာ လောင်းကစားသမား ဘဝအဖြစ်သို ့ လုံးလုံးလျားလျား ကျရောက်သွားခဲ့ပြီး ။ မိဘအမွေအနှစ်တွေ ကုန်အောင် ဖြုံးပစ်ပေါင်နှံမှုမျိုး ပြုလုပ်ခဲ့သည့်အတွက် ။ ညီအစ်ကိုမောင်နှမ ဆွေမျိုးတစ်စုတို ့လက်မခံနိုင်သည် အထိဖြစ်ပြီး မောင်းချခံခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူနေထိုင်သည့် မိသားစုအိမ်ကိုပါ မသိအောင်ပေါင်နှံရောင်းချပြီး ရှိသမျှကုန်ဆုံးသွားအောင် သူမပြုလုပ်ခဲ့ပါတယ်။

ထိုရုပ်လက္ခဏာမျိုး ပါရှိလာသူ မိန်းကလေးသည် မိမိ၏ခင်ပွန်းသည်ကြောင့် ဘဝပျက်စီးဆုံးရှုံးသွားနိုင်ရသည်ကိုု ကိုယ်တွေ ့မျက်မြင်သိရှိခဲ့ရမှုအပေါ် ဗဟုသုတအဖြစ် ပြန်လည် ပြောပြခြင်းသာလျှင်ဖြစ်ပါတယ်။။

23 comments

  • Hnin Hnin

    November 11, 2012 at 4:58 pm

    မျက်ခုံးမွေးနှစ်ခု ဆက်နေတာတော့ တွေ့ဖူးတယ်..
    ခုလိဗွေပါတာတော့ မတွေ့ဖူးသေးဘူး..

    သတိထားဆင်ခြင်စရာပဲနော်…တီကေ..
    သူ့ကံဇာတာကိုက ဒီလိုပဲဆိုတော့….’ဘယ်သူမပြု၊မိမိမှု’ လို့ ဆိုရတော့မလားဘဲ…

    ခုသီတင်းကျွတ် ဘကြီးသွားကန်တော့တုန်းက အစ်ကိုဝမ်းကွဲရဲ့ ၃နှစ်သမီးလေးမှာ
    လက်မောင်းနှစ်ဖက်(ပခုံးလက်ပြင်၊လက်မောင်းရင်းတစ်ဝိုက်မှာ)မှာ အမွေးထူတွေ
    အများကြီးပဲ..ကလေးမလေးက လက်ပြတ် ဝတ်ထားတော့ အမွေးတွေရှည်ပြီးထူနေတာ
    ထူးဆန်းလို့..မေးမိတော့..အစ်ကိုက ကျောမှာရော အမွေးတွေရှိတယ်..
    ဗွေတစ်လုံးတောင် ပါသေးတယ်လို့ ပြောတယ်…အဲ့ကလေးကျတော့ ဘယ်လိုများ
    ဖြစ်နိုင်မလဲမသိနော်…သူ့ကံဇာတာက…

    • aye.kk

      November 11, 2012 at 7:04 pm

      နှင်းနှင်းရေ။
      မျက်ခုံးမွေးနှစ်ခုဆက်သလိုဖြစ်နေရင် တစ်မြို ့ထဲနေ တစ်ရေထဲသောက်သော ဇာတိချက်မြုပ်တဲ့လူနဲ ့ညားပါတယ်။
      (၃)နှစ်သ္မီးက ငယ်ပါသေးတယ် ။ နည်းနည်းကြီးလာရင်တော့ ခန် ့မှန်းရတာ လွယ်ကူပါတယ် ။ ကိုယ်ခန္ဓာခြေလက်တွေမှာပါရှိတဲ့
      အမွေးအမြှင်က နှူးညံ့ပြီး အရောင်အသွေးတောက်ပတာ မတောက်ပတာ ။ အမွေးထူတာ မထူတာတွေ ခန် ့မှန်းလို ့မရနိုင်သေးတဲ့ အရွယ်ဖြစ်ပါတယ် ။ အမွေးအမြှင်ရှည်ပြီး ( နှူးညံ့မှုရှိနေရင် )အရောင်တောက်ပမှု (ရွှေရောင်ကဲ့သို ့) ရှိနေမယ်ဆိုရင်တော့ လူချစ်လူခင်ပေါများပါတယ်။ နောက်ကျောမှာ ဗွေပါတာမပါတာ အကျိုးအပြစ် ပြုနိုင်ခြင်းမရှိပါဘူး။

  • စိန်ဗိုက်ဗိုက်

    November 11, 2012 at 5:15 pm

    အန်တီရေ
    မျက်ခုံးမွေးဆက်ပြီး ဗွေပါဖို ့နေနေသာသာ မဆိုစလောက် ပေါက်တဲ ့ မျက်ခုံးမွှေးရှင်တွေအကြောင်းလဲ လုပ်ပါဦး
    🙂

  • aye.kk

    November 11, 2012 at 7:13 pm

    စိန်ဗိုက်ဗိုက်ရေ
    မျက်ခုံးနှစ်ဘက် အရှည်က(အရှည်အတို) မတူညီရင် အမိအဘနဲ ့သက်ရှည်စွာ စုံစုံလင်လင် မနေနိုင်ရတဲ့ အကျိုးအပြစ် ပေးပါတယ် ။ မိန်းကလေး မျက်ခုံးက လေးကိုင်းသဖွယ် အောက်ဖက်ကို ကွေးညွတ်နေရင် သနားကြင်နာစိတ် ရှိပါတယ် ။ ယောက်ျာလေးများ မျက်ခုံးမွေး နဖူးအပေါ်ဘက်သို ့ထောင်တက်နေရင် အတ္တလွန်စွာ ကြီးမားပြီး ရက်စက်နိုင်တဲ့ သတ္တိရှိပါတယ် ။ ကိုယ့်အကျိုး မရှိရင်သူတစ်ပါးအတွက် မစဉ်းစားတဲ့ တိရစ္ဆာန်လို လူစားမျိုးသာသာပါ ။

  • padonmar

    November 11, 2012 at 8:01 pm

    အေးကေကေ
    မှန်လိုက်တာနော်။
    အဲဒီလို မျက်ခုံးမျိုးနဲ့ မိန်းကလေးတွေ့ဖူးပါတယ်။သူ့ကြောင့်လား၊သူ့ယောကျင်္ားကြောင့်လားတော့မသိပေမယ့် အိမ်ထောင်ကျပြီး ၂ယောက်လုံး ပျက်စီးသွားပါတယ်။သူ့ယောကျာင်္းက အလုပ်ထဲမှာ ခိုးပါတယ်။နောက်တော့ မြို့ကနေပြောင်းသွားကြရပါတယ်။နောက်ပိုင်းသတင်းတော့မရတော့ပါ။

    • aye.kk

      November 12, 2012 at 4:03 am

      ဒေါက်တာ ပဒုမ္မာရေ
      ကျေးဇူးပါ။
      ပျက်စီးဘို ့အတွက်ကံဇာတာက ပါလာပြီးသား ဆိုရမှာပါ။
      ထိုမိန်းကလေးရဲ ့လက္ခဏာပါ ပင်ကိုယ်စိတ်ရင်းကြောင့်တော့ မဟုတ်ဘူးဆိုတာရယ် ။အစ်မကြီးကျယ်က သူမရဲ ့လက်ဖဝါးပြင်က လက္ခဏာနဲ ့သူမရဲ ့ဥပဓိရုပ်ကို ကြည့်မြင်ပြီး ဟောပါတယ်။အိမ်ထောင်ဘက်ကြောင့်သာ လောင်းကစားသမား အဖြစ်သို ့လုံးလုံးလျားလျား ကျရောက်သွား နိုင်လို ့ အိမ်ထောင်မပြုသင့်ကြောင်း ပြုပြီးပါကလည်း ကွာရှင်းသင့်ကြောင်း ပြောပါတယ်။

  • မောင်ပေ

    November 11, 2012 at 10:09 pm

    အခုပို ့စ်ပါအကြောင်းအရာတွေနဲ ့ပတ်သက်ပြီးတော့ မကြားဖူးသေးဘူးဗျ ၊ မကြားသေးဘူးဆို သိမှ မသိခဲ့တာ
    အန်တီအေးရေ… ဗဟုသုတပါပဲဗျို ့

  • aye.kk

    November 12, 2012 at 4:11 am

    ကိုပေ
    ဗဟုသုတရတယ်ဆိုလို ့
    ဝမ်းသာမိရပါတယ်ကွယ်။။

  • ဦးကြောင်ကြီး

    November 12, 2012 at 6:41 am

    တခုတော့ရှိသဗျ အန်တီအေး… အဲသလို ရုပ်ရည်ကြည့်တာ လက္ခဏာဖတ်တာ မျိုးဆိုတာ ရေရှည်စောင့်ကြည့်နေမှ ပြောနိုင်မဲ့အရာမျိုးလားလို့.. ဥပမာဗျာ ကျမ်းမှာပါသလို ပျက်စီးသွားပေမဲ့ နောင်တချိန်မှာ ဘာဖြစ်မလဲ မသိနိုင်ဘူးလေ။ ကိုယ်သိလိုက်တဲ့အချိန်မှာ မှန်နေပြီး နောက်ပိုင်းမဟုတ် ပြန်တော့ရင်ကော။ အလားတူပဲ ချမ်းသာနေပြန်တော့လည်း ကိုယ်နဲ့မတွေ့တော့မည် အနာဂတ်မှာ ပြန်ကျသွားရင်ကော။ ကျမ်းပါအတိုင်း ဟုတ်မဟုတ် လူတွေကို အမြဲတစေ စောင့်ကြည့် သုတေသန ပြုနေရင် ပိုခိုင်လုံမယ် ထင်တယ်။ လူ့ဘဝဆိုတာ တိုက်ပွဲပေါင်းများစွာ ပြည့်နှက်နေတဲ့ စစ်ပွဲဂျီးတပွဲ မဟုတ်လား (တယ်ဟုတ်တဲ့ ငါပါလား)
    ပညာရပ်တခုအနေနဲ့ ရှိပါမယ် သို့သော် ပုံသေကားထစ် ယူဆဖို့ကတော့ ဥပါဒန်ကြောင့် ဥပါဒ်ဖြစ်တာလည်း ရှိပြန်တော့…..

  • aye.kk

    November 12, 2012 at 7:05 am

    ကြောင်ကြီးရေ
    အန်တီမိတ်ဆွေဘကြီးကတော့ကျမ်းမှာပါတဲ့
    ရှေးပြုအတိတ်ကံကြောင့်ဖြစ်တည်ရှိလာတဲ့ရုပ်လက္ခဏာတွေရဲ ့
    ဖြစ်မှုပျက်မှုသဘောတရားတွေကိုရှင်းပြပြောဆိုသင်ပြထားခဲ့တာတွေက
    အန်တီငယ်ငယ်ထဲကနေကြီးပျင်းလာတဲ့အထိတိုင် အလျှင်းသင့်သလိုပြောဆိုပြခဲ့တာဘဲ။
    အန်တီတို ့ကိုလည်းမှန်မမှန်စောင့်ကြည့်လေ့လာနိုင်တဲ့အကြောင်းလည်းပြောပြတာဘဲ။
    အန်တီကဝါသနာပါခဲ့တော့ငယ်ငယ်ထဲကနေကြီးပျင်းလာတဲ့ဒီအရွယ်ထိတိုင်
    လေ့လာတွေ ့ရှိတဲ့အဖြစ်အပျက်ပေါင်းများစွာမှာ မှန်ကန်မှုရှိနေတာလက်တွေ ့သိမြင်ခဲ့ရတာဘဲ။
    အန်တီကတော့အကျယ်ရေးဘို ့အချိန်မရ၊အဆင်မပြေလို ့အန်တီကိုယ့်တွေ ့ဖြစ်ရပ်များထဲကနေ
    တစ်ခုနှစ်ခုလောက်ထုတ်နှုတ်ရေးပြရတာပါ။
    အန်တီကိုတောင်ယောဂီနဲ ့နေထိုင်သွားနိုင်တဲ့အကြောင်းမြင်လို ့မတတ်သာတဲ့အဆုံးမှသာနေထိုင်သွားဘို ့
    မှာခဲ့ထားတာ ကလေးဘဝထဲကဘဲ။ဥပါဒန်ကြောင့်ဥပါဒ်ရောက်နိုင်ပေမယ့်
    ဝိပဿာနာဉာဏ်ရှိရင်အမှန်သိတွေသိမြင်နိုင်မှာပါဘဲ။အားလုံးဟာအကြောင်းတရားရှိလို ့
    အကျိုးတရားဖြစ်ပေါ်ပြီးသံသရာဖြစ်နေကြရတာပါ။။

  • ရွာစားကျော်

    November 12, 2012 at 2:14 pm

    ကျနော့် မိန်းမလည်း မျက်ခုံးမွေးနှစ်ခု ဆက်နေတာဗျ..
    ဗွေဖြစ်နေတာက ဘယ်လိုလဲတော့မသိဘူး..
    ဒါပေမယ့် မပူပါဘူး.. သူ့ခင်ပွန်း ကျနော်ကိုယ်တိုင်က လူသူတော်ကောင်းလေး ဆိုတော့ ပျက်စီးစရာအကြောင်းမမြင်ပါဘူး.. 🙂

  • aye.kk

    November 12, 2012 at 2:31 pm

    ရွာစားကျော်
    အန်တီကမျက်ခုံးမွေးနှစ်ဖက်ဆက်တယ်ဗွေမပါဘူး။
    မျက်ခုံးမွေးနှစ်ဖက်ဆက်တာကဇာတိမွေးရပ်တူတာနဲ ့ညားတာပါ။
    အန်တီမယုံခဲ့ဘူး။အန်တီမွေးဇာတိချက်မြုပ်တဲ့နေရာရည်းစားလည်းမထားဖူးဘူး။
    အန်တီအစ်မကအန်တီကိုပေါ့နော်။ကိုယ့်မြို ့ကလူနဲ ့ညားမယ်လို ့ဟောကိန်းထုတ်ခံရတယ်။
    ရည်းစားမထားခဲ့တာလည်းအန်တီနေထိုင်ခဲ့တဲ့မြို ့ကလူတွေအားလုံးနီးပါးသိကြပါတယ်။
    တကယ်တန်းညားတော့ ကိုယ့်မြို ့ကလူနဲ ့ပဲ။ဖူးစာကရှောင်လွဲမရတဲ့။
    အန်တီအစ်မမကြီးကျယ်ဟောခဲ့တာ။သွေးထွက်အောင်မှန်တယ်။

  • aye.kk

    November 12, 2012 at 2:52 pm

    ကိုပေါက်
    ကျေးဇူးပါ။

  • Khaing Zar Win

    November 12, 2012 at 2:57 pm

    အန်တီအေး စာတွေ ဖတ်၊ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန်စစ်ရတာ အမောပဲ။ :mrgreen:
    ဗဟုသုတလည်းရပါတယ်။ ကျေးဇူးတင်ပါတယ်။ 🙂

  • pooch

    November 12, 2012 at 3:09 pm

    ငယ်ငယ်က ကျောင်းတက်တုန်းက သူငယ်ချင်းတယောက်လည်း အဲ့လို ဗွေပါတာ တွေ့ဖူးတယ် ။ ဒါပေမဲ့ သူက ယောက်ျားလေး။
    မိန်းကလေး သူငယ်ချင်းလည်း တွေ့ဖူးတယ် ။ ငယ်ငယ်ထဲက အဆက်သွယ်ပြတ်သွားတာဆိုတော့ ခုနေဘယ်လိုများ နေထိုင်နေတယ်တော့ မသိပါဘူး။

  • aye.kk

    November 12, 2012 at 3:09 pm

    ခိုင်ဇာဝင်း
    အားပေးဖတ်ရှူတာ၊အန်တီဝမ်းသာမိရပါတယ်ကွယ်။
    ——————————————————————————————————————————
    pooch,ရေ
    ကျေးဇူးတင်တယ်နော်။

  • jullies cezer

    November 12, 2012 at 3:15 pm

    ကောင်းကျိုးလေးတွေလဲ အလျဉ်းသင့်ရင်တင်ပေးစေချင်ပါတယ် ………

  • aye.kk

    November 12, 2012 at 3:22 pm

    jullies cezer
    တင်ပေးပါ့မယ်နော်။

  • Mon Kit

    November 12, 2012 at 3:28 pm

    အန်တီအေးရှင့်…
    အသိပညာ များစွာ ရပါတယ်..
    စိတ်ဝင်တစားဖြင့် ဆက်လက် အားပေးနေပါတယ်ရှင့်..

  • aye.kk

    November 12, 2012 at 3:38 pm

    Mon Kit,
    အသိပညာရတယ်ဆိုလို ့ကျေးဇူးတင်ဝမ်းသာမိပါတယ်။
    အန်တီရေးဘို ့အတွက်အားသစ်အင်သစ်ဖြစ်ရပါတယ်ကွယ်။။

  • လုံမလေးမွန်မွန်

    November 12, 2012 at 3:44 pm

    အန်တီအေးရေ…
    စာဖတ်ပြီးကာမှ ကိုယ့်မျက်ခုံးကိုယ် မဆက်မှန်းသိသိနဲ့ မှန်ကြည့်မိသေးတယ်… 🙂

    အန်တီ့စာတွေဖတ်ပြီး မွန်မွန်တော့ အိမ်မှာ ဟိုလူ့လိုက်ကြည့် ဒီလူ့လိုက်ကြည့်နဲ့… :mrgreen:

  • aye.kk

    November 12, 2012 at 4:00 pm

    လုံမလေးမွန်မွန်
    ဗဟုသုတအဖြစ်သာမှတ်ထားလိုက်ပါနော်။
    အရမ်းတော့ဝါဒီမဖြစ်စေချင်ဘူး။
    အန်တီကိုအားပေးနေတာကျေးဇူးတင်ဝမ်းသာမိတယ်နော်။။

Leave a Reply