Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခရမ်းချဉ်သီးအသုံးဝင်ပုံ

ခင္ခNovember 12, 20121min85633

ခရမ်းချဉ်သီးအသုံးဝင်ပုံ

 

ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံး

မှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။

Antioxidant ပါရှိမှု

 

ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။

ရောဂါတိုက်ဖျက်မှု

ဆီးအိတ်ကင်ဆာ

လေ့လာချက်တွေအရ ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်း တာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

နှလုံးရောဂါ

ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာ ရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ
လျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ လျော့နည်း စေတာကိုပါ တွေ့ရပါတယ်။

မျက်စိကျန်းမာရေး

လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။

အမျိုးသမီးများဆိုင်ရာ

အမျိုးသမီးများ သားအိမ်၌ဖြစ်တတ်သောရောဂါတွေဖြစ်တဲ့ အသားလုံး၊ သွေးလုံး စတာတွေ တည်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

နေရောင်ကာကွယ်မှု

နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

ခရမ်းချဉ်သီးဝယ်ရာတွင်

ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။

ခရမ်းချဉ်သီး သိုလှောင်ခြင်း

ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရုက္ခဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ ရှိခဲ့တာပါ။

 

ဖတ်ဖူးတဲ့စာပေစုထဲက ဗဟုသုတအဖြစ်သိရှိစေရန်ရည်ရွယ်လို့ မျှဝေရေးပေးလိုက်တာပါ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ၊

ကိုခင်ခ

 

33 comments

  • လုံမလေးမွန်မွန်

    November 12, 2012 at 11:11 am

    ခရမ်းချဉ်သီး သရဲ ပါရှင့်… :mrgreen:
    ဟင်းချက်ဖို့ ခရမ်းချဉ်သီးလှီးတိုင်း ပါးစပ်ထဲပဲထည့်နေလို့ အိမ်ကလူတွေကတောင် “ချက်မနေပါနဲ့တော့..ထိုင်စားလိုက်ပါတော့” လို့ ပြောရတဲ့အထိပဲ..

    ကော်ဖီသောက်တာများတာရယ် လေးဘက်နာဖြစ်ချင်တာရယ်ကြောင့် နှလုံးရောဂါဖြစ်မှာကြောက်နေတာ…
    တပ်ထားတဲ့မျက်မှန် ပါဝါတက်မှာကြောက်နေတာ…
    မိန်းကလေးပီပီ ဟိုအလုံးဒီအလုံးတွေကိုကြောက်နေတာ..

    ခရမ်းချဉ်သီးစားရင် အားလုံးအိုကေတယ်ဆိုတော့… တစ်သေတ္တာလောက် ပို့လိုက်ပါလားဟင်…
    :kwi:

    • kai

      November 12, 2012 at 3:12 pm

      အဲလိုလေးလား..


      တကယ်တော့… ခရမ်းချဉ်သီးက.. ပစ်ပေါက်ကစားလို့လည်း.. ကောင်းပုံရတယ်ဗျ… :kwi:

      • လုံမလေးမွန်မွန်

        November 12, 2012 at 3:30 pm

        သဂျီး..
        အဲ့ဒါ ကစားနေတာလား..ရေချိုးနေတာလားဟင်…
        ခရမ်းချဉ်သီးက အသားလှတယ်ဆိုတော့ အနော်တောင် စိတ်ဝင်စားတွားဒယ်…
        :mrgreen:

        • kai

          November 13, 2012 at 1:17 am

          ပွဲတော်ပါဗျာ..
          La Tomatina တဲ့..
          တနာရီထဲမှာ ခရမ်းချဉ်သီး.. အလုံး၁သိန်းခွဲသုံးတယ်ဆိုပဲ..။ တန်ချိန်၄ဝလောက်တဲ့..

          La Tomatina 2013 Is …...

          La Tomatina is a food fight festival held on the last Wednesday of August each year in the town of Bunol near to Valencia in Spain. Thousands upon thousands of people make their way from all corners of the world to fight in this ‘World’s Biggest Food Fight’ where more than one hundred metric tons of over-ripe tomatoes are thrown in the streets.

          The week-long festival features music, parades, dancing, and fireworks. On the night before the tomato fight, participants of the festival compete in a paella cooking contest.

          Anywhere from 40,000 to 50,000 (reported to be 50,000 in 2012) people come to this huge tomato fight, greatly expanding Bunol’s normal 9,000 person population. There is limited accommodation for people who come to La Tomatina, so many people take the easier option of staying in nearby Valencia just 38km to Bunol by bus or train. In preparation for the dirty mess that will ensue, shopkeepers use huge plastic covers on their storefronts in order to protect them from the carnage.

          http://en.wikipedia.org/wiki/Tomatina

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 11:26 am

    ဦးဆုံးကွန်မန့် အတွက်ကျေးဇူးပါ လုံမလေးမွန်မွန်ရေ။ ခရမ်းချဉ်သီး တစ်သေတ္တာတန်ဖိုးထက် မန်း-ရန်ကုန် ပို့တဲ့ တန်ဆာခရယ်၊ ပစ္စည်းရွေးရတဲ့အခရယ်၊ သယ်ယူတဲ့ ကားခရယ် ပေါင်းရင် ဈေးထဲဝယ်လိုက်တဲ့ အခက ပိုသက်သာနိုင်မယ်ထင်တယ်နော် ပြီးတော့ စိတ်ကြိုက်လည်းရွေးရမယ်လေ။ ခုနရန်ကုန် ဘက်က ကုန်ကျနိုင်ဖွယ်တွေ ကျခံနိုင်မယ်ဆိုရင် ပို့ပေးမယ်လေ။

  • Khaing Zar Win

    November 12, 2012 at 11:31 am

    ခရမ်းချဉ်သီး အနှစ်ကို ဝက်ခြံတို့ရင် အဲ့ ဝက်ခြံချပ်သွားတယ်ဆိုလား ကြားဖူးတယ်။
    ဟုတ်လား ကိုခ။ 🙂

    • အင်္ဂ ါZ

      November 12, 2012 at 12:31 pm

      အဲ့လာတော့မသိ…
      လက်မနဲ့ လက်ညှိုး ပူးပေါင်း တိုက်စစ်ဆင်ရင်တော့ ဝက်ခြံချပ်သွားတာ ကိုယ်တွေ့ဗျ…

      ဟိ

      :kwi:

      • Khaing Zar Win

        November 12, 2012 at 12:38 pm

        ဟမ်။ လာပြောပြန်ပြီ။
        အဲဒါတော့ ရှင် ပြောမှလား။
        ဒါပေမဲ့ လက်တော့ စင်စင်ဆေးပေါ့ကွယ်။
        အဲလိုမှ မဟုတ် အန်တိုနီယိုထက် ရုပ်ကြမ်းသွားနိုင်တယ်။
        (နဂို ကြမ်းပြီးသားလားမသိ။ ရုပ်ချောမင်းသားတွေ လိုက်တိုက်ခိုက်နေပုံထောက်တော့) :harr:

        • အင်္ဂ ါZ

          November 12, 2012 at 12:51 pm

          အေးဗျာ ..အဲ့လိုဖစ်ရင်လည်း ကောင်းတာပါပဲ
          ခုများ စိတ်ဓါတ်တော်တော်ကျရတယ်..
          မှန်ကြည့်လိုက်တိုင်း လူချောကြီးတယောက် ထွက်ထွက်လာပြီး ပြုံးပြုံးပြနေလို့ရယ်..
          ဟီဟိ…

          လိမ့်ဘီ ပိုစ့်ပိုင်ရှင် ကိုခင်ခ ရေ့…

          ဒက်ဂလောက်…ဒက်ဂလောက်…

  • jullies cezer

    November 12, 2012 at 12:35 pm

    ကျေးဇူးပါ ကိုသရီးကေရေ ………..

  • Hnin Hnin

    November 12, 2012 at 12:38 pm

    ခရမ်းချဉ်သီးကို ဆီးကျိတ်ကင်ဆာ ကာကွယ်တယ်ဆိုတာလောက်ပဲ သိထားတာ..

    အခုမှ..စုံနေတာပဲ..သရီးကေရေ…
    ဝယ်နည်း၊သိုလှောင်ထိန်းသိမ်းနည်းတောင် ပါလိုက်သေး 🙂

    ခရမ်းချဉ်သီးကတော့ဝယ်ရင် အမြဲ အလုံး လေးလေး၊မာမာ၊ရဲရဲကို ဝယ်တာပါပဲ..
    အလုံးဝါနုရဲ ဆိုရင်အလုံးက ပေါ့ရွှတ်ရွှတ်ဖြစ်နေတတ်ပြီး ဆေးအုပ်ထားတာ၊သိပ်မရင့်မှည့်
    သေးတာ၊အထဲ အနှစ်မပါတာလည်းဖြစ်တတ်လို့ မဝယ်ပါဘူး…

    ခရမ်းချဉ်သီးကတော့ အရမ်းကြိုက်….ချက်ရင် Lycopene ဓာတ် ပိုထွက်တယ်ဆိုလို့
    ပိုချက်စားဖြစ်တယ်…
    သက်သတ်လွတ်နေ့တွေဆို ကိုယ်ပဲစားတာဆိုတော့ ကြော်ရင်ပဲဖြစ်ဖြစ်၊ချက်ရင်ပဲဖြစ်ဖြစ်
    ဘယ်အရွက်၊အသီးထဲမဆို စားချင်ရင်၊အာရုံရလာရင်ခရမ်းချဉ်သီးထည့်ကြော်၊ချက်ပစ်လိုက်
    တာပဲ..သမရိုးကျကနေ ခွဲထွက်သွားတဲ့ ကိုယ်ကြိုက်တဲ့ ဟင်းတစ်ခွက်တော့ ရလာတာပဲ..
    အရူးဟင်းလို့ပဲပြောပြော… 🙂

  • Ko Khin Kha ( သရီးကေ )

    November 12, 2012 at 1:43 pm

    မနှင်းနှင်းပြောတဲ့ အရူးဟင်းက ခရမ်းချဉ်သီးဦးစားပေးဟင်းမို့ စားကောင်းမယ်ထင်ပါတယ်၊
    ကျွန်တော်ကတော့ ခရမ်းချဉ်သီးကို ကြက်ဥနဲ့ရောခေါက်ပြီး ကြော်စားရတာကြိုက်တယ်လေ။

  • pooch

    November 12, 2012 at 2:15 pm

    ဂေါက်ရောဂါ ရှိတဲ့သူတွေ ဆိုရင်တော့ နီတဲ့ အရာမှန်သမျှ အကုန်ရှောင်ရမယ် ခရမ်းချဉ်သီး ကအစလို့ ပြောသံကြားဖူးတယ်။
    ခရမ်းချဉ်သီးဖျော်ရည်ပါ လုပ်သောက်တဲ့ သူငယ်ချင်းကို တွေ့ဖူးတယ်။ ကိုယ်တိုင်တော့ မသောက်ဖူးသေးဘူး။
    ဒီပုံတိုင်းဆို သောက်တတ်အောင် အကျင့်လုပ်ရမယ် ထင်တယ်။ ကျန်းမာရေးအတွက် ကောင်းတယ် ဆိုတော့ လေ။

    • အင်္ဂ ါZ

      November 12, 2012 at 2:19 pm

      ဆီးကလည်း ဆေးဘက်ဝင်သတဲ့ ….
      အကျင့်လုပ်ပြီး သောက်ကြည့်ပါလားဟင်…
      မယုံဝူးလား.. ရော့ရော့…
      http://en.wikipedia.org/wiki/Urine_therapy

    • လုံမလေးမွန်မွန်

      November 12, 2012 at 3:38 pm

      ခရမ်းချဉ်သီးဖျော်ရည်ကို အရမ်းကြိုက်တယ်ရှင့်… မစ်ရှိတ်ပေါ့နော်..
      လှည်းတန်းမှာဆို ဦးထွန်းလင်းခြံလမ်းထဲက ရွှေ ဆိုင်မှာ အမြဲသောက်ဖြစ်ပါတယ်…
      ကောင်းတယ် သိလား အစ်မ.. အကျင့်ကိုရအောင်လုပ်နော်…အနော်ပါ ဝိုင်းသောက်ပေးရမလား… :kwi:

    • Ko Khin Kha ( သရီးကေ )

      November 13, 2012 at 1:42 pm

      မမယ်ပုရေ ဂေါက်ရောဂါဟာ ဖောလစ်အက်စစ်လွန်ကယ်များလို့ဖြစ်တာမို့ ယေဘူယျအားဖြင့်တော့
      အနီရောင်သန်းသော အသီးတွေနဲ့ အသားတွေဟာ ဖောလစ်အက်စစ်များတတ်တယ်ဗျ။ ဒါကြောင့် အသားနဲ့ အတွင်းကလီဇာပါ ဂေါက်ရောဂါရှိသူတွေ ရှောင်သင့်တယ်လေ။ တစ်ခုတော့ရှိတယ် အားလူးက မနီပေမယ့် ဂေါက်ရောဂါရှိသူတွေမတည့်ဘူးလေ။

  • ရွှေရိုး (ရွှေမန်း-ဒိုင်အို)

    November 12, 2012 at 2:22 pm

    ဂွတ်ထ ဂွတ်ထ…မဟေသီရပါက ခရမ်းချဉ်သီးကို အမျိုးမျိုးချက်ခိုင်းတော့အံ့….

    • သီတင်းကျွတ်ပြီးတာတောင် ကြော်ငြာဝင်သူတွေ မနည်းဘူးနော်။

      ကျနော်ကတော့ ဂျင်းကြက်သွန်နီဖြူ ဆီသတ် ခရမ်းချဉ်သီးကို ကြေအောင်မွှေ အနှစ်ရအောင်လုပ်ချက်တာကိုကြိုက်တယ်။.
      ပြီးရင် ငရုတ်သီးလေးနဲ့ နံနံပင်အုပ်ပြီးချလိုက်။
      ဆလတ်ရွက်အတို့အမြုပ် ဒိန်ညင်းသီးပြုတ်နဲ့သိပ်လို်က်ပေါ့။

      ခရမ်းချဉ်သီးပန်တွေဖျော်လည်းကြိုက်တယ်။
      ခရမ်းချဉ်သီးကို မီးဖုတ်။
      အခွံတွေဖယ်။
      ကြက်သွန်နီ ပါးပါးလှီး။
      ငရုတ်သီးရိပ်ရိပ်လေးလှီး။
      နံနံပင်လေးအုပ်။.
      သိပ်အရသာရှိသပေါ့
      ရှလွတ်……………………………

  • Khaing Khaing

    November 12, 2012 at 2:56 pm

    လေးခရေ … အခုလိုပို့စ်လေးတွေတင်ပြီး ရှယ်ပေးတာ ကျေးဇူးပါ ……

    ဖြစ်နိုင်ရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန် ရှောင်ရန် ဘယ်လိုနေထိုင်စားသုံးရမလဲလေးများ စာအုပ်တွေ ဘာတွေ ဖတ်ဖူးရင် ပို့စ်မတင်ရင်တောင် နံမည်လေးပေးပြီးရှယ်ပေးပါနော် ………..

    • Ko Khin Kha ( သရီးကေ )

      November 12, 2012 at 3:48 pm

      အမျိုးသမီးတွေနဲ့ပက်သက်တဲ့ ကျန်းမာရေးအကြောင်းတွေလည်း ကျွန်တော်မှာ မဒမ်ရှိတော့ ဖတ်ဖြစ်ပါတယ်၊ ရွာထဲကိုအဲလိုအကြောင်းတွေ မရေးဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန် ရှောင်ရန်ကို မမခိုင်အတွက် ဖတ်ဖူးတဲ့စာအုပ်တွေထဲက ကောက်နုတ်ပြီး တင်ပေးလိုက်ပါမယ့်၊ အားပေးခြင်းအတွက် ကျေးဇူးပါ။

  • etone

    November 12, 2012 at 4:51 pm

    အန်ကယ် ထရစ်ပယ်ကေရေ …
    ခရမ်းချဉ်သီးက ကျန်းမာရေးအတွက်အထောက်ကူပြုရုံမကဘူး … အလှဆင်ပန်းအိုးအနေနဲ့ ခရမ်းချဉ်သီးပင်လေးတွေ စိုက်ထားကြတာလည်းတွေ့ဖူးတယ် …. ။

    • Ko Khin Kha ( သရီးကေ )

      November 12, 2012 at 9:38 pm

      ဟုတ်တယ် သမီးအိတုံရေ အလှပင်အဖြစ်စိုက်ထားပြီး အသီးရဲရဲလေးတွေ သီးနေတာဆို အရမ်းသဘောကျ တယ်ဗျ။ တစ်ချို့ဆိုင်တွေမှာ တွေ့ဘူးတယ်လေ။

  • မိုချို

    November 12, 2012 at 5:18 pm

    ခရမ်း ချဉ်သီး ငပိချက် စားချင်လာပြီ။ အချဉ် ပိုစူးတဲ့ ကိုင်း ခရမ်း ချဉ်သီး လေး တွေ သတိရလိုက်တာ။ ဒီမှာလည်း ချယ်ရီ ခရမ်း ချဉ် သီးသေးသေးလေးတွေ က ချစ်စရာကောင်း သလို စားလို့ လည်း ကောင်းတယ်။ ဟင်း ရွက်သုတ် တွေ၊ နဲ့ ဟင်းပွဲ တွေ အလှ ဆင်ရာမှာလည်း အလုံးလိုက် လေး တွေ သုံးကြတယ်။

  • အရီးခင်လတ်

    November 12, 2012 at 6:00 pm

    အင်းလေးမှာ ချင်းချဉ် သီးလို့ ခေါ်သလားလို့။
    ဒီမှာတော့ ခရမ်းချဉ်သီး က ပေါတယ် ဆိုရမှာဘဲ။
    လပ်လပ်ဆပ်ဆပ်လဲ ရ၊ တင်ဗူးတွေ နဲ့ရ၊
    စပါကတီ အနှစ်မှာလဲ ခရမ်းချဉ်သီးက အဓိက ဆိုတော့ အမြဲတမ်း စားဖြစ်နေတယ် ဆိုရမယ်။
    ခရမ်းချဉ်သီးက ချက်လိုက်မှ သူ့အစွမ်းက ရတာ ဆိုတာရော ဟုတ်လား ကိုခင်ခ ရှင့်။
    ယောက္ခမကြီးက သင်ပေးဘူးလို့။ 😆

    ဒီလို ဗဟုသုတလေးများ အတွက် ကျေးဇူးပါ။

  • ရွှေ ကြည်

    November 12, 2012 at 6:27 pm

    စားမယ် စားဖြစ်အောင်စားရမယ် အခန်းမှာ ပခုက္ကူဘက်ကသူငယ်ချင်းတွေရှိတယ် သူတို့ကဘာချက်ချက်ခရမ်းချဉ်သီးနည်းနည်းတော့ထည့်ချက်ရမှ…။

    • Ko Khin Kha ( သရီးကေ )

      November 12, 2012 at 9:47 pm

      အရီးရေ ခရမ်းချဉ်သီးက အထဲကအနှစ်က ပိုပြီးကျန်းမာရေးအထောက်အကူပြုတာမို့ အစိမ်းထက် ချက်တာက ပိုအစွမ်းထက်တာမှန်ပါတယ်၊ ကြက်သွန်ဖြူလည်း ဒီအတိုင်းဘဲ အစိမ်းကို နှစ်ခြမ်းခွဲလိုက်မှ ပိုစွမ်းတာလေ။

      မရွှေကြည်ရေ စားသင့်ပါတယ်နော်။ အထက်ဖက်က သူတွေက ခရမ်းချဉ်သီး အစားများလို့ဖြစ်မယ်
      နေပူထဲသွားပေမယ့် သူတို့အသားလေးတွေ ခြောက်ကပ်တာမျိုးမဖြစ်ဘဲ အသားအရည်စိုပြေနေတယ်လေ။

  • ကိုခ မျက်နှာလိုက်တယ်
    ကျနော်မန်းတာတော့ပြန်မဖြေဘူး
    တော်ဘီ နောက်တစ်ခါ ခရမ်းချဉ်သီးချက်ရင် ကိုခကိုမကျွေးဘူးဗျာ

  • Hnin Hnin

    November 13, 2012 at 11:12 am

    ‘လေးပေါက် စိတ်ဆိုး၊ ကိုခ့ ထိပ်ထိုး
    ကိုခ အကြောင်းပြန်၊ လေးပေါက်စိတ်သန်
    ပေးပါတော့ နောက်တစ်မျိုး
    ချက်နည်းရယ်က မရိုး’

    ပန်ထွေဖျော် မီးဖုတ်ရသည်ဟု(နော်က ပြုတ်ပဲပြုတ်တာ) ဟင်းချက်နည်း မှတ်သားသွားသူမှ
    ကိုခကိုယ်စား စိတ်ဖြည် လက်တန်းကဗျာလေး ပေးလိုက်ပါသည်…စိတ်ချည့်ပဲ…ဟီဟိ.. :kwi:

  • Ko Khin Kha ( သရီးကေ )

    November 13, 2012 at 2:26 pm

    မနှင်းနှင်းရေ ထိပ်ထိုး လို့ပြင်ပေးလိုက်ပြီနော်။ ဝင်ရောက်ကွန်မန့်ခြင်း အတွက်လည်းကျေးဇူးပါ။
    ကိုပေါက် စိတ်ဆိုး၊ လဘက်ရည်ဖိုး သကာခံ၊
    ခင်ခ သောက်ရပြန်တဲ့။
    မနှင်းနှင်းရေ။

  • မောင်ပေ

    November 13, 2012 at 8:01 pm

    ရင်တွေပူနေတယ်ဗျာ
    ကိုရီးယားခရမ်းချဉ်သီးလေး တစ်လုံးလောက် ပြေးစားလိုက်ဦးမယ်

  • မဟာရာဇာ အံစာတုံး

    November 13, 2012 at 11:19 pm

    တစ်လုံးဆို တော်ပီလား …
    နှစ်လုံးဆို ပိုမကောင်းဘူးလား …
    ++++++++++

    ဦးခင်ခကြီး …

    ကျုပ်ကတော့ ခရမ်းချဉ်သီး ကြိုက်ဖူးရယ် …
    သို့ပေသိ ..
    ဗဟုသုတ အဖြစ် ဖတ်ရှုသွားပါတယ် ..
    ပတ်ဝန်းကျင်က ခရမ်းချဉ်သီး စားတဲ့လူတွေကို
    ပြန် ပြောနိုင်အောင်ပေါ့ဗျာ …

  • Ko Khin Kha ( သရီးကေ )

    November 14, 2012 at 10:03 am

    ခရမ်းချဉ်သီး ပြေးစားသူ ဆရာပေနဲ့ မကြိုက်သော်လည်း ပြန်ကာပြောဖို့ ဖတ်သွားသူ ကိုအံစာတုံးကို ကျေးဇူးပါဗျာ။

Leave a Reply