နံရံထက်ကပန်းချီနဲ့ ရုပ်လုံးကြွ အနုပညာ(အာလိန်ငါးဆင့်အောက်က နံရံ-သမ္ဗုဒ္ဓေစေတီ-မုံရွာ)















“နံရံပေါ်မှရုပ်လုံးကြွ”
မြန်မာ့မူ့လက်ရာ ပန်းဆယ်မျိုး ထဲမှာအပါအဝင်ဖြစ်တဲ့ အင်္ဂတေရုပ်ကြွ သစ်သားရုပ်ကြွတွေကို
ဘုရားအတော်များများမှာမြင်ရလေ့ရှိပါတယ်။
မန်းလေးက ရွှေကျီးမြင် အိမ်တော်ရာစေတီတွေရဲ့ နံ့ရံတွေမှာတွေ့နိုင်ပါတယ်။
မိုးညှင်းသမ္ဗုဒ္ဓေရောက်တဲ့အခါ အာလိန်ငါးဆင့်ကတက်ပြီး အဆင်းအောက်ခြေနံရံမှာ
ဒီလိုရုပ်ကြွတွေ တွေ့ရတာပါဘဲ။
တစ်ခုကတော့ စန္ဒကိန္နရီဇာတ်ထုတ်က ဇာတ်ဝင်ခန်း။
ကျန်တာကတော့ ကျနော်မသိ။
မန်းလေးသကျသီဟဘုရားမှာလဲ ဒိလိုရုပ်ကြွတွေရှိပါတယ်။
တစ်ရက်တော့ လက်ဆော့တင်ပေးလိုက်ပါအုံးမယ်
ကိုပေါက်လမ်းသလားနေသည်
14-11-2012
14 comments
ကိုပေါက်(မန္တလေး)
November 18, 2012 at 11:48 am
မြန်မာပြည်ဘုရားတန်ဆောင်းတွေနံရံတွေမှာ ဒီလိုရုပ်ကြွတွေအများကြီး တွေ့မြင်နိုင်ပါ၏။
သို့သော် ထိန်းသိမ်းသူမဲ့သောကြောင့် ပျက်စီးသွားတာ များပါ၏
လုံမလေးမွန်မွန်
November 18, 2012 at 12:32 pm
သမီးတို့မြို့က ဘုရားတန်ဆောင်းမှာလည်းရှိတယ်… အရမ်းစိတ်ဝင်စားတာပဲ… ဘယ်လိုများထုထားလေသလဲပေါ့နော်… အောက်က ဇာတ်တွေက သမ္ဘူလ နဲ့ မဒ္ဒီဒေဝီ ဇာတ်လို့ ထင်ပါတယ်…
လေးပေါက်ရေ..အပေါ်မှာ အမရာလို့ ရေးလိုက်တယ်..ကွန်မန့်ထပ်သွားရင် ဖျက်ပေးပါဦး…
တူမ
မွန်မွန်
Hnin Hnin
November 18, 2012 at 2:59 pm
လေးပေါက်ရေ….အဲ့ ရုပ်လုံးကြွတွေ မတွေ့ခဲ့ပြန်ဘူးတော့…..
အာလိန်ငါးဆင့် ဆိုတာတောင်မှ မသိလိုက်တာဆိုတော့… 🙁
နေရာတစ်နေရာ ရောက်လိုက်ရက်သားနဲ့ စုံစုံ မလည်၊မဖူးလိုက်ရရင် စိတ်ကိုမကောင်းတော့ဘူး။
နံပါတ်(၅) ပုံကိုကြည့်ပြီး ထုထားတာ သရုပ်ပါလွန်းလို့ ရင်ထဲမှာတောင် မချိဖြစ်သွားတယ်….
ရွှေ ကြည်
November 18, 2012 at 3:36 pm
လေးပေါက်ရေ တော်လေးဝဝင် ရာဇဝင်ကိုပုံဖေါ်ထားတယ်ထင်တယ်။
နေဦး နာမည်ခွဲမရဘူးဖြစ်နေတယ် အမရာ ကိန္နရီ မဒ္ဒီ သမ္ဗူလ ဆိုပြီးရှိတာ အရင်ကအကုန်ပုံဖေါ်ထားတာဖြစ်နိုင်တယ်အခုတချို့မရှိတော့တာထင်တယ်။
တခုက နူနာရောဂါသည်မင်းသားကိုဖခမည်းတော်ကနန်းကနှင်
တော့ မိဖုရားကလိုက်သွားပြုစု တောထဲသွားသစ်သီးရှာဘီလူးကစွဲလို့အပြန်နောက်ကျတော့
မင်းသားကစွပ်စွဲတော့သစ္စာပြုပြီး ရောဂါပျောက်ကင်းစေတာလေ အဲဒါ လို့ ထင်တယ်..။
ထင်တယ် ထင်တယ်………ထင်တယ်တွေများသွားပြီ 😆
ကိုပေါက်(မန္တလေး)
November 18, 2012 at 4:29 pm
မျှားနဲ့ခွင်းတာက စန္ဒကိန္နရီဇာတ်ထုတ်ပါ
ရွှေ ကြည်
November 18, 2012 at 5:52 pm
အဲ ဟုတ်ပ လေးပေါက်ရေ ရောကုန်ပြီ
မောင်ပေ
November 18, 2012 at 7:08 pm
သကျသီဟ ဘုရားထဲမှာ
ကျုပ်တို ့ငယ်ငယ်တုန်းက ၊ အကြွေစေ့ထည့်လိုက်ရင် ၊ အရုပ်လေးတွေထွက်လာပြီး ဟိုပြေး ဒီပြေး လုပ်ပြတဲ့ မှန်ဗီရို နဲ ့ဟာကြီး(စက်လားမသိ) ဆော့ခဲ့ဖူးတယ်ဗျ
ပြီးခဲ့တဲ့နှစ်က ဘုရားထဲရောက်တော့ မတွေ ့တော့ဘူး ။
Mobile
November 18, 2012 at 7:51 pm
ကိုပေါက် ကအခုတစ်လော ကျနော် တို့မုံရွာ ဖက်ကို ခြေဦးလှည့်နေပါလား
မုံရွာမှာရှိတဲ့ ဘော်ဒါတွေကိုတော့ သတိပေးထားရဦးမယ် အခုတစ်လော လမ်းပေါ်မှာ
သိပ်ပြီးဘာမှ ဆန်းဆန်းပြားပြား မလုပ်ကြပါနဲ့လို့ တော်ကြာနေ ထူးခြားတာလေးတွေတွေ့ရင်
ကိုပေါက် လက်ချက်မိသွားမှာစိုးလို့ပါ။
ကိုပေါက် ဒီပုံတွေကိုရိုက်ခဲ့ပေမယ့် ဒီပုံတွေထဲမှာ ထူးခြားမှုရှိတဲ့ဟာလေးတစ်ခုကိုတော့
မတွေ့ခဲ့မိဘူးထင်တယ်ဗျ။ ဒီပုံတွေထဲမှာ သူဌေးတစ်ယောက်နဲ့ သူဌေးကတော် ဘုရားရှေမှာ
လက်အုပ်ချီထားတဲ့ပုံဗျ ။ အဲ့ဒီ သူဌေးရဲ့ အင်္ကျ ီအိပ်ထောင်ထဲမှာ စီးကရက်ဘူးတစ်ဘူး ထည့်ထားတာ
တွေ့ရတယ်။ စီကရက်နာမည်တော့ မမှတ်မိတော့ဘူး။ ပန်ရံဆရာ လက်ဆော့ထာတာနဲ့တူပါတယ်
နောက်များမှာ ကြုံကြိုတ်လို့ရှိရင် အဲဒီပုံလေးကို ပါအောင်တင်ပေးပါဦး။
ကိုပေါက်(မန္တလေး)
November 18, 2012 at 9:47 pm
ဟုတ်ပါ ကိုမိုဘိုင်းရေ
မတွေ့ခဲ့ဘူးဗျ
ကျနော်ဒီပုံတွေရိုက်ကောင်းနေတုန်း ရွှေတောင်ဦးဘက်ကို ဆက်ကူးမယ်ဆိုတော့
ရိုက်ရင်းတန်းလန်းနဲ့ပြေးခဲ့ရတာ မစုံဘူး။
နောက်မြောက်ဘက်ရေကန်နံရံမှာရှိတဲ့ရုပ်လုံးကြွတွေလဲမရိုက်ခဲ့ရဘူး။
နောက်တစ်ခေါက်……………………
မပူပါနဲ့မုံရွာကပြန်လာတာကြာပေါ့။
လမ်းဘေးဈေးသည်တော့ရိုက်ခဲ့ပါသေးတယ်.
ဦးကြောင်ကြီး
November 18, 2012 at 8:23 pm
ဓာတ်ပုံဆြာဂျီးဦးပေါက်
မှတ်ယုံရှာဖြီးဗူးဖောက်
ရပ်စုံခွာနီးဒူးထောက်
အပ်ထုံသာစီးဖူးမောက်…။
ကိုပေါက်(မန္တလေး)
November 18, 2012 at 9:52 pm
ဖူးမောက်တာ အထုးိခံထားရလို့
ဒူးထောက်တာကတော့ချစ်ခွင့်ပန်ဘို့
ဗူးဖောက်တာကတော့ ကော်ဖီသောက်ချင်လို့
ဦးပေါက်ကတော့ တော်ပြီနောက်တစ်ခါ မမန်းချင်တော့ဘူးနော်
မောင်ပေ
November 18, 2012 at 10:01 pm
ဦးပေါက် မူးသောက် ရှူးပေါက် စူးနောက်
ကိုပေါက်(မန္တလေး)
November 18, 2012 at 10:22 pm
ှုဦးပေါက် က မသောက်
တော့ မမူးဘူး။
ရှူးပေါက်တာက အနံ့တွေစူး
တောတွင်းပျော်
November 20, 2012 at 2:16 am
တစ်ပုံချင်းစီ ပေးထားတဲ ့နာမည်ကြည် ့လာရင်း နံပါတ်၉ပုံကိုပေးထားတာ
ဖတ်မိတော ့ ပြုံးမိလိုက်တယ်။
အနားကပ်မလာနဲ့ နော် အော်လိုက်မယ်