အတူတူပါပဲ
အတူတူပါပဲ
ရန်ကုန်မြို့လမ်းမများ၏ မြင်ကွင်းတွေကိုအားလုံးပဲမြင်ဖူးကျပါလိမ့်မယ်။ ယခင့်ယခင် ကတော့ ရန်ကုန်မြို့ရဲ့ ကားလမ်းတွေပေါ်မှာ မော်တော် ယဉ်ပေါင်းမျိုးစုံကိုမျက်စိနောက် ဖွယ်မြင်နေရပေမယ့် သက်တန်းရင့် ယဉ်အအိုအဟောင်းများကို ကားသစ်များနှင့်လဲလှယ်ခွင့်ပြုပြီး သည့် အခုနှစ်ဆန်းပိုင်း (၂၀၁၂ခုနှစ်)လောက်ကစပြီး လမ်းမပေါ်မှာ ကားတွေကို ပိုပြီး မျက်စိနောက်လောက်အောင်မြင်ခဲ့ရသည်။ ကားတွေများလာတာနဲ့အမျှ ယဉ်ကျောပိတ် ဆို့မှုဆိုတာ ကလည်း နေရာတိုင်းလိုလိုပင်။ ဒါတွေကိုဖြေရှင်းပေးရန်အတွက်ရန်ကုန်မြို့ရဲ့အချက်အချာလမ်း စုံနေရာ၊ယဉ်ကျောပိတ်ဆို့မှုအများဆုံးဖြစ်ပေါ် တက်သောနေရာကြီးလေးနေရာတွင်လည်း ဂုံးတံတားကြီးလေးစဉ်းကိုတည်ဆောက်ပေးဖို့ လေးလပဲအချိန်ယူမည်ဟု တာဝန်ရှိပုဂ္ဂိုလ်များက အတိအ လင်းကြေညာထားခဲ့သည်ကိုလည်း အားလုံးသိပြီးသား၊ ကားအသစ်များ၊ကားအကောင်း စားကြီးများနှင့်တန်အောင် လမ်းများကိုလည်း အကောင်းဆုံးဖြစ် အောင်ပြုပြင်ပေးနေခဲ့သည်ကို လည်း အားလုံးသိပြီးသားဖြစ်မည်။
ဒါတွေကအရေးမဟုတ်။ ယခုကျွန်ုပ်ပြောပြချင်သည်က ဒီလိုကားအကောင်းစားကြီးတွေ ၊ဖြူးနေတဲ့လမ်းတွေ၊အဆင့်မြင့်ဂုံးကျော်တံတားကြီး တွေ မြင်ရတော့မည့်အရေးကို တွေးမိခဲ့တဲ့အချိန် ကျွန်ုပ်စိတ်ထဲတွင်ပေါ်လာသည့်အတွေးလေးတစ်ခု၊အဖြစ်အပြက်လေးတစ်ခုကြောင်းကို တင်ပြလိုခြင်း ပင်။အဲ့ဒီ့အတွေးကို ကျွန်ုပ်စတင်ရရှိခဲ့သည်ကတော့ ယမန်နှစ် ကျွန်ုပ်၏ မိသားစုနှင့် အတူ ထိုင်းနိုင်ငံမှပြန်ရောက်စတုန်းကရခဲ့သည့်တွေးပေ။
အများသိကျသည့်အတိုင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ဆိုတာ အလွန်တရာမှလှပသည့်မြို့ ကြီး၊လမ်းများ၊တိုက်တာအိမ်ခြေများ၊ ကစားကွင်း များ၊ ရှော့ပင်းမောလ်များနှင့် ပြည့်ကြပ်နေ သည့် မြို့ကြီးပင်။ ထိုမြို့ကြီးကိုရောက်တော့ ကျွန်ုပ်မှာ တောရွာဇနပုတ်မှ မြို့ကြီးပြကြီးကို စရောက်စသူငယ်နှပ်စား ကလေးများလိုဖြစ်ခဲ့ရသည်ကိုတော့ မရှက်တန်းအရင်ဆုံးဝင်ခံရမည်ပေါ့။ ထားဦးတော့ ဒါတွေကစကားစပ်မိ၍ပြောလိုက်ခြင်း။ ကျွန်ုပ်အဓိကပြောလိုသည် က ကျွန်ုပ်၏ အမိမြန်မာနိုင်ငံနှင့် တိုင်းတစ်ပါးထိုင်းနိုင်ငံတို့ အများကြီးကွားခြားသည်ဟု အဆိုးမြင်သမားတွေ အပျက်သဘောဆောင်ကာ ရှုံ့ချနေခြင်းကို ညင်းဆန်လိုခြင်းကအဓိကပါ။ နေနှင့်ဦး စာဖတ်သူ။ ကျွန်ုပ်ကို အပြစ်မတင်လေနှင့်ဦး။ ကျွန်ုပ်ပြောဦးမည်။ ကျွန်ုပ်၏ကိုယ်တွေ့ဖြစ်ရပ်ကိုရှင်းဦးမည်။
ကျွန်ုပ်တို့မိသားစု ဘန်ကောက်မြို့နှင့်အခြားမြို့များသို့အလည်သွားခဲ့ခြင်း၊ဘယ်အရာတွေ ကို ဘယ်လိုတွေ့ခဲ့ရခြင်းကိုတော့ စာလေးမည်စိုး သည်ကတစ်ကြောင်း၊အမြင်မတူသူတစ်ချို့မှ ဒီသကောင့်သား သတ်သတ်မဲ့ကြွားနေသည်ဟုထင်သွားမည်စိုးသည်ကတစ်ကြောင်းတို့ကြောင့် ကျွန်ုပ် မပြောလိုတော့။ယခုကျွန်ုပ်ပြောချင်သည်က ထိုင်းနိုင်ငံမှအမိမြန်မာပြည်သို့အပြန်ခရီး အကြောင်း။
အရှေ့တောင်အာရှ၏ အကြီးဆုံးသောလေဆိပ်များတွင်တစ်ခုအပါအဝင်ဖြစ်သည့် ထိုင်းနိုင်ငံရှိ သုဝဏ္ဏဘူမိလေဆိပ်ကြီး၏ခန်းနားပုံမှာ ဆိုဖွယ် ရာမရှိတော့။ဒါကိုလည်းချန်ခဲ့ဦး။ ဒီလိုဒီလို သူများနိုင်ငံ၏ ခန်းနားပုံမျိုးကို တစ်ပတ်လောက်မြင်ခဲ့တွေ့ခဲ့ရသော ကျွန်ုပ် လေယဉ်ကြီး ကိုစီးကာ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကိုရောက်ခဲ့လေပြီ။ကျွန်ုပ်မျက်စိပဲမှောက်သွား သည်လား၊လေယဉ်စီးခဲ့ရ၍ ခေါင်းပဲမူးနေခဲ့၍လားတော့မသိ။ လေယဉ်ပေါ်မှ ဆင်း၊ tunnel (လူသွားလှိုင်ခေါင်း)ကြီးကိုဖြတ်ကာ လေဆိပ်ပရဝုဏ်ထဲဝင်၊ပထမထပ်မှ မြေညီထပ်သို့သွားရန် စက်လှေကား(escalator)ကိုစီးနေစဉ် အချိန်၌ ကျွန်ုပ်၏စိတ်ထဲဇဝေဇဝါဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ နှစ်နိုင်ငံအကြား လေယဉ်မောင်းနှင်ချိန်သည် လေးဆယ့်ငါးမိနစ်ကျော်သာကြာ မြင့်သည်ကတစ်ကြောင်း၊ကျွန်ုပ်ရောက်နေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့်သုဝဏ္ဏဘူမိလေဆိပ်တို့၏ ကြီးမားပုံ၊ခန်းနားပုံတို့က မခြားနား သည်ကတစ်ကြောင်း ကျွန်ုပ်မှာ မြန်မာနိုင်ငံသို့ပြန်ရောက်နေပြီလား ထိုင်းနိုင်ငံတွင်ပဲ ရှိနေသေးသည်လားကို ဝေခွဲမရဖြစ်နေမိ၏။ ကျွန်ုပ်ပိုသည်မထင် နှင့်မိတ်ဆွေ။ ရန်ကုန်အပြည်ပြည်လေဆိပ်၏ကြီးကျယ်ပုံနှင့်သုဝဏ္ဏဘူမိလေဆိပ်၏ခန်းနားပုံတို့မှာ သိပ်ပြီးမကွာခြား။ ဥပမာဆိုရသော် ကြေးရေတက်လူ တန်းစားများ၏အိမ်မှ မီးဖိုချောင်နှင့် ဆင်းရဲသားလူတန်းများ၏အိမ်မှ မီးဖိုချောင်တို့လောက်သာကွာခြားသည်။
ဒီလိုနှင့် ပြည်ဝင်ခွင့်ပြရန် အကောက်ခွန်မှတာဝန်ရှိသူများ၏ စစ်ဆေးချက်ကို ရယူဖို့ တန်းစီဆောင့်ဆိုင်းခဲ့ရသည်ဆိုပါစို့။ ဒီနေရာမှာလည်း ကျွန်ုပ်ထပ်ပြီး ဇဝေဇဝါဖြစ်သွားပြန်သည်။ အသင်တို့သိသည့်အတိုင် ထိုင်းနိုင်ငံသူ၊နိုင်ငံသားများ၏ရုပ်ရည်နှင့်မြန်မာနိုင်ငံသူနိုင်ငံသားများ ၏ရုပ်ရည်မှာ သိပ်ပြီးမကွာခြားလှ။ ပြီးတော့ အကောင်ခွန်မှတာဝန်ရှိသူများ၏ ဖေါ်ရွေမှုမှာလည်း သိပ်ပြီးမကွာတော့ ကျွန်ုပ်တွေ့နေရသည့်ပုဂ္ဂိုလ်များမှာ မြန်မာနိုင်ငံ သားများလော၊ ထိုင်းနိုင်ငံသားများလောဟု ကျွန်ုပ်ဒုတိယအကြိမ် ဝေခွဲမရဖြစ်သွားခြင်းသည်ကပိုဖွယ် ရာတော့မရှိနိုင်(ယူနီဖေါင်းကွားခြားချက်ကို သတိမမူ မိခြင်းကတော့ ကျွန်ုပ်၏အားနည်းချက်ဖြစ်နိုင်သည်)။ တစ်ကယ်ပါ ဖေါ်ရွေမှုတွေ့ကသိပ်မကွာဆို မုန့်မစားရသောကလေးမျက်နှာနှင့် မုန်စားရသော ကလေး၏မျက်နှာလောက်သာကွာခြားသည်။
ထို့နောက် လေဆိပ်အဆောက်အဦးတွင်းမှထွက်ကာ ယဉ်ရပ်နားရာနေသို့ ကျွန်ုပ်ရောက်ခဲ့လေပြီ။ဒီနေရာမှာလည်း ကျွန်ုပ်ဇဝေဇဝါဖြစ်ခဲ့ရပြန်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်မျက်စိရှေ့တွင်မြင်နေရာသော၊ အစီအရီရပ်ထားသော၊မြောက်များလှသည့်ကားများ ကိုမြင်တွေ့ခဲ့ရချိန်တွင် သုဝဏ္ဏဘူမိ လေဆိပ်တွင်တွေ့ခဲ့ရသော ပေါများလှသည့်ကားများနှင့် ယခုကျွန်ုပ်မြင်နေရသော မြောက်များလှသည့်ကားများမှာသိပ်ပြီးမကွာခြားတော့ ထိုင်းနိုင်ငံမှာပဲ ရှိနေသေးသည်ဟု ကျွန်ုပ်တတိယံပိ ဝေခွဲမရဖြစ်ခဲ့ပြန်၏။ဟုတ်တယ်လေ ကျွန်ုပ်အခုမြင်နေရတဲ့ ကားတွေရဲ့ တောက်ပြောင်မှုနဲ့ ထိုင်းနိုင်ငံကကားများ ၏သစ်လွင်မှုတို့ကကွာလှတယ် ဆိုကျေးလက်မှာအသုံးပြုသည့်ခရီးသွားယဉ်နှင့်မြို့ကြီးပြကြီးများမှာအသုံးပြုသည့်ခရီးသွားယဉ်လောက်ပဲကွာခြားတာကိုး။
သို့ပေမယ့် ကျွန်ုပ်သိလိုက်ပါပြီ။ ကျွန်ုပ်အမိမြေကိုပြန်ရောက်နေမှန်းကျွန်ုပ်သိလိုက် ပါပြီ။ လေဆိပ်ကြီးကို ကျောခိုင်းကာ အိမ်အပြန်လမ်းသို့ ကျွန်ုပ်၏ကားလေး တစ်သိမ့်သိမ့် လှုပ်ခါရင်း သွားနေသည့်အချိန်တွင်မတော့ ကျွန်ုပ်သည် မွေးရပ်မြေသို့ရောက်နေပြီဖြစ်ကြောင်းကို ကျွန်ုပ်ကောင်းကောင်း ကြီးကိုသိလိုက်ပါလေပြီ။ ။
too much,
so much,
very much,
thanks.
C.O
9 comments
kyeemite
November 18, 2012 at 5:45 am
အတူတူပါပဲ…တဲ့လား
ရေးပါအုံးလေ..ဖတ်ပါ့မယ်။
လုံမလေးမွန်မွန်
November 18, 2012 at 12:39 pm
လမ်းကြမ်းကြမ်းကိုတွေ့မှပဲ မြန်မာနိုင်ငံမှန်း သိသွားတယ်ပေါ့…
ဒါဆို ကျန်တာတွေက ထိုင်းနဲ့ မကွာဘူးပေါ့နော်… ဂုဏ်ယူရလေမလားပဲ… 🙂
Mလုလင်
November 18, 2012 at 1:19 pm
ဒီလိုမျိုး ဝေဖန် တာက လွယ် (ရိုးအီ) လွန်း ပါတယ် လေ … ဒီလို အခြေအနေ က ဘယ်လို ရုန်းထွက် မလဲ ဆိုတာ နဲ့ နိုင်ငံတော် ရဲ့ ကုန်ကျငွေ၊ ပေးရမယ့် ကြွေးမြှီ၊ လိုအပ်တဲ့ နည်းပညာ၊ နိုင်ငံသား တိုင်းရဲ့ အခြေခံ ဝင်ငွေ စတဲ့ ကိစ္စ လေးတွေ ထပ်ဖြည့် ပြီး စဉ်းစားကြရအောင် .. လား ပိုစ့် ပိုင်ရှင် ရေ ..။
Courage
November 18, 2012 at 6:15 pm
ကျေးဇူးတင်ပါတယ် Mလုလင်။ ကျွန်တော်အရမ်းကို စိတ်ဝင်စားနေတဲ့ အခြေခံလစာဆိုတာနဲ့ပတ်သက် ပြီးအကြံပေးခဲ့တဲ့အတွက် အားလည်းရှိသွားပါတယ်။ ကျွန်တော့ဒီအကြောင့် နဲ့ပတ်သက်ပြီး essay ရေးထားတာလေး တင်ပေးပါဦးမယ်။
Mလုလင်
November 19, 2012 at 1:44 am
စောင့်မျှော် နေတယ် ဆိုတာလေး သိစေချင်ပါကြောင်း ………………..။
Foreign Resident
November 18, 2012 at 1:43 pm
ပြန်ရင်လည်း ပြည်လမ်းက မေါင်းပြန်ပေါ့ကွယ် ။
ပြည်လမ်းက လမ်း ကောင်းပါတယ် ၊ သိပ်မလူးပါဘူး ။ 😛
ကိုပေါက်(မန္တလေး)
November 18, 2012 at 3:56 pm
ပြည်ပတော့မရောက်ဘူးလို့မသိပါဘူး။
လမ်းသလားနေတဲ့လူတစ်ယောက်အတွေ့အကြုံကိုပြောရရင်
1992-3 ကမြန်မာပြည်ကလမ်းတွေနဲ့ အခုခေတ်လမ်း အများကြီးကွာသွားတာတော့အမှန်ပါဘဲ။
နောက်တော့ အရင်က ခရီးသွားရတာလေးရေးပါဦးမယ်နော်။
လမ်းဆိုးဆိုး ကျဥ်းကျဥ်းလေးတွေအကြောင်း
jullies cezer
November 19, 2012 at 4:10 pm
ဘန်ကောက်ကိုမှီနေပြီလေ ယာဉ်ကျောပိတ်ဆို့တဲ့နေရာမှာ ……
အလင်းဆက်
November 19, 2012 at 8:30 pm
ဟုတ်ပါ့ ။
ဒီနေ ့တော့… အိုဘားမား..လာလို ့ရှင်းလင်းနေတာပဲ ။